Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိုင်ငံရေးက လူတိုင်းရဲ့ အိမ်ပေါက် တံခါးလာခေါက်ပြီ (OPINION)

ပြီးခဲ့တဲ့ လပိုင်းအတွင်း ပဲခူးတိုင်းထဲက ကျနော့်မိတ်ဆွေနေတဲ့ ဇာတိမြို့လေးမှာ ၁၆ နှစ်ကျော်လူငယ် တွေကို စစ်တပ်က ဖမ်းဆီးတယ်။ ဘာ့ကြောင့် ဖမ်းဆီးသလဲဆိုတော့ ရေရာတဲ့ အကြောင်းပြချက်မရှိ။ ညဦးပိုင်း မှာတင် စစ်တပ်နဲ့ရဲတို့ ဧည့်စာရင်း လိုက်စစ်ရာမှာ လူငယ်လေးတစ်ဦးက မထီမဲ့မြင်လုပ်လို့ဆိုပြီး ဖမ်းဆီးရင်းနဲ့ အဲဒီလူငယ်လေးနဲ့ ဆက်စပ်တဲ့သူတွေကိုပါ အကုန်လျှောက်ဖမ်းတော့တယ်။စစချင်း အဆွဲခံရတဲ့ လူငယ်လေးရဲ့ ဖုန်းကိုစစ်တယ်။

 

လောလောလတ်လတ် သူနဲ့ မက်ဆင်ဂျာမှာ စကားပြောထားတဲ့သူတွေထဲက တစ်မြို့တည်းသားတွေကို အကုန်လျှောက်ဖမ်းတယ်ဆိုတော့ သူတို့မြို့ရဲ့အ ချုပ်ခန်းထဲမှာ ၁၆နှစ်ကျော် လူငယ်တွေမနည်း။ အုပ်စုလိုက် ဂိမ်းကစားတဲ့လူငယ်တွေကို PDF ဂိမ်းကစား တယ်လို့ စွပ်စွဲတယ်။ ကျောင်းမတက်တော့တဲ့ လူငယ်လေးတွေကိုကျတော့ CDM လုပ်တယ်လို့စွပ်စွဲ ကာ ထောင်ထဲ ထည့်မယ်လို့ ခြိမ်းခြောက်တယ်။ နိုင်ငံရေးပို့စ်တွေတင်ထား၊ရှဲထားတဲ့ လူငယ်တွေကျတော့ပြင်းပြင်း ထန်ထန် ရိုက်နှက်ကာ PDF နဲ့ အဆက်အသွယ်ရှိကြောင်း ဝန်ခံခိုင်းတယ်။ ဘာပြစ်ချက်မှမရှိတဲ့ လူငယ်တွေကျတော့ မိဘနောက်ကြောင်းရာဇဝင် ခြိမ်းခြောက်ရိုက်နှက်ပြီး မေး၊တစ်ခုမဟုတ် တစ်ခု အကြောင်းရှာအမှုဆွဲကပ်။

 

ဘယ်သူ့ကို အားကိုးရမလဲ၊ အားကိုးစရာ လိုက်ရှာကြပေမဲ့ ၃ ရက်လောက်ကြာတဲ့အထိ ဘာဖြစ်လို့ဖြစ်နေမှန်း မသိ၊ ရဲစခန်းအချုပ်ထဲမှာ ရှိနေတာကလွဲလို့ ဘာသတင်းအစအနမှ မရလေတော့ ဆောက်တည်ရာမရ သွေးပျက်ကြရ။

 

၁၆ နှစ်ကျော်၊ ၂၀ ဝန်းကျင်အရွယ် လူငယ်လေးတွေ သူတို့ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အချုပ်ထဲ‌ ရုတ် တရက် ရောက်သွားပြီး အကြောင်းမဲ့ ရိုက်နှက်ညှင်းပန်းခံနေရတော့ အချုပ်ထဲမှာ ကမ္ဘာပျက်နေကြသလို အပြင်မှာရှိတဲ့ မိ ဘတွေကလည်း ကိုယ့်သား ငယ်ငယ်ရွယ်ရွယ် အချုပ်ထဲရောက်နေပြီဆိုတော့ ခြေမကိုင်မိလက်မကိုင်မိ။ ဘယ်သူ့ကို အားကိုးရမလဲ၊ အားကိုးစရာ လိုက်ရှာကြပေမဲ့ ၃ ရက်လောက်ကြာတဲ့အထိ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ရဲစခန်းအချုပ်ထဲမှာ ရှိနေတာကလွဲလို့ ဘာသတင်းအစအနမှ မရလေတော့ ဆောက်တည်ရာမရ သွေးပျက်ကြရ။

 

ပြီးတော့မှ စစ်တပ်နဲ့ ရဲတို့ရဲ့ ပွဲစားတွေက ကယ်တင်ရှင်ကြီးပမာ ဖမ်းဆီးခံလူငယ်တွေရဲ့ မိဘ သို့မ ဟုတ် နီးစပ်သူတွေဆီ သတင်းစကားပေးပို့သလိုနဲ့ ရောက်ချလာတယ်။ ပွဲစားတွေက စစ်တပ်၊ရဲ တို့နဲ့ နီးစပ်တဲ့ အုပ်ကြီးတွေ၊ အုပ်ချုပ်ရေးရုံးစာရေးတွေနဲ့ ဝန်ထမ်းတချို့ လို့ဆိုတယ်။

 

ငွေပေးရတာကို အပြင်မှာ ပြန်ပြောရင် လူကြီးရော လူငယ်ရော အကုန်ပြန်ဖမ်းမယ်လို့ ခြိမ်းခြောက် ခံရသေးတော့ ဘယ်သူမှ ပေးရတဲ့ငွေ အမောင့် ဘယ်လောက်လဲဆိုတာ မပြောရဲကြဘူး။

 

 အဲဒီပွဲစားတွေက ထောင်ကျနိုင်တဲ့ အခြေအနေရှိကြောင်း ဖြဲခြောက်တယ်။ဒါပေမဲ့၊ပြန်လွတ်လာနိုင်တဲ့ လမ်း ကြောင်း ရှိကြောင်းလည်း ဆိုတယ်။ပြန်လွတ်မယ့်တစ်ခုတည်းသော လမ်းကြောင်း ကတော့ ငွေ။ အာဏာ သိမ်းပြီးကတည်းက သူဌေးကအစ ဟိုး…အောက်ခြေအထိ အဆင်မပြေမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့အ ချိန် မှာ ကိုယ့်တူကိုယ့်သား ထောင်မကျစေရေးအတွက် မရှိမဲ့ရှိမဲ့တွေ ပေါင်နှံရောင်းချကာ ငွေပေးတာတောင် တောင်းပန်တိုးလျှိုး မျက်လွှာ အောက်ချ။

 

 “ငွေပေးရတာကို အပြင်မှာ ပြန်ပြောရင် လူကြီးရော လူငယ်ရော အကုန်ပြန်ဖမ်းမယ်လို့ ခြိမ်းခြောက် ခံရသေးတော့ ဘယ်သူမှ ပေးရတဲ့ငွေ အမောင့် ဘယ်လောက်လဲဆိုတာ မပြောရဲကြဘူး။ ငွေပေးရတာတောင် ကိုယ့်ဆွေမျိုးအရင်းကြား တိုးတိုးတိတ်တိတ်ပြောရဲကြတယ်။ကျနော်တို့မြို့ပေါ်မှာ ခန့်မှန်းကြတာက အဲဒီ လူဖမ်းပွဲမှာ စစ်တပ်နဲ့ရဲ သိန်း ၃၀၀ ကျော် ရလိုက်တယ်ဆိုတာပဲ”လို့ မိတ်ဆွေကြီးက ပြောပြတယ်။

 

အခုတော့သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တဲ့ နိုင်ငံရေးဆိုတာ သူတို့ရဲ့ အိမ်ပေါက်ဝတင်မက အိမ်ထဲအထိ ရောက်လာကာ စစ်တပ်ရဲ့ မတရားဒုက္ခပေးခြင်းဒဏ် နေရင်းထိုင်းရင်း ခံလိုက်ရလေခြင်းပါပဲ။

 

 ကျနော့်မိတ်ဆွေကြီးရဲ့ သားက အဖမ်းမခံလိုက်ရပေမဲ့ သူ့သူငယ်ချင်း ၃ယောက်က ပါသွားတာမို့ ချက် ချင်းဆိုသလို တခြားမြို့သို့ ပြောင်းရွှေ့နေထိုင်ရ။သူလို ပြေးကြရတဲ့ လူငယ်လေးတွေလည်း မနည်း တစ်မြို့လုံး ဖုန်တထောင်းထောင်းထလို့။

 

 “တစ်လလောက်ကြာတယ်။ ပြေးလိုက်ရတာ။ ဖမ်းထားတဲ့ လူငယ်တော်တော်များများကို ပြန်လွှတ် ပြီး နည်းနည်းကြာမှ ပြန်လာရဲကြတယ်။ အဖမ်းခံရတဲ့ လူငယ်တွေထဲက ၃ ယောက်လောက် ထောင်ထဲရောက်သွား တယ်”လို့ သူကဆက်ပြောတယ်။

 

 အဲဒီမြို့လေးဟာ နိုင်ငံရေးကလည်း ခပ်လေးလေး၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ခပ်ဝေးဝေးမို့ မြန်မာနိုင်ငံတစ်ဝန်း မီးဟုန်းဟုန်းတောက်နေပေမဲ့ ဒီမြို့လေးနဲ့ ဘာမှမဆိုင်သလို မြို့ခံတွေက အနေအေး အေး။ အခုတော့သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တဲ့ နိုင်ငံရေးဆိုတာ သူတို့ရဲ့ အိမ်ပေါက်ဝတင်မက အိမ်ထဲအထိ ရောက်လာကာ စစ်တပ်ရဲ့ မတရားဒုက္ခပေးခြင်းဒဏ် နေရင်းထိုင်းရင်း ခံလိုက်ရလေခြင်းပါပဲ။

 

တစ်ရွာကို မဖြစ်မနေ လူငယ် ဘယ်နှစ်ယောက် ဆိုတဲ့ သေနတ်ထောက်ထားတဲ့ စာ ရောက်ရှိလာလို့ ဘယ်လိုမှ ပျူစောထီးမ လုပ်နိုင်တဲ့ လူငယ်တွေ မြို့တက်ပြေးကြရပြန်တယ်။

 

သူတို့မြို့လေး ပြန်တည်ငြိမ်ပြီး ၁၅ ရက်လောက်ကြာတော့ သူတို့မြို့နယ်ထဲက ကျေးလက်မှာ မုန်တိုင်း ဝင်ပြန်ကာ ကျေးလက်က လူငယ်တွေ ဝရုန်းသုန်းကား ထွက်ပြေးရပြန်တယ်။စစ်တပ်က ရွာထဲက လူငယ်တွေ အကုန်ထွက်၊ရွာထဲက လူငယ်တွေ မဲနှိုက်ပြီး ပြည်သူ့စစ်လို့ ဆိုတဲ့ ပျူစောထီးသင်တန်းတက်။ တစ်ရွာကို မဖြစ်မနေ လူငယ် ဘယ်နှစ်ယောက် ဆိုတဲ့ သေနတ်ထောက်ထားတဲ့ စာ ရောက်ရှိလာလို့ ဘယ်လိုမှ ပျူစောထီးမ လုပ်နိုင်တဲ့ လူငယ်တွေ မြို့တက်ပြေးကြရပြန်တယ်။

 

 “သားက ပြေးပြီးပြန်လာတာ မကြာသေးဘူး။ ရွာဘက်က တူတွေ ထပ်ပြေးရတာ။ ကိုယ့်အိမ်မှာထားရင် ဧည့်စာရင်းဘာညာနဲ့ ပြဿနာတက်မှာစိုးလို့ ကိုယ်နဲ့ တော်တော်ရင်းတဲ့ ဘုန်းကြီးကျောင်းပို့ရတယ်။ အခု ဘုန်းကြီးကျောင်းမှာ နေတာ ၁ လလောက်ကြာပြီဆိုတော့ ဘုန်းကြီးကိုလည်း အားနာနေရပြီ။ ရွာကိုလည်း ပြန် လို့မရတော့ ဘယ်ကို ဆက်ပို့မလဲ စဉ်းစားနေရတယ်”လို့ မိတ်ဆွေကြီးက ဆိုတယ်။

 

ပဲခူးတိုင်း၊ တချို့မြို့တွေဆို ပျူစောထီးသင်တန်းမတက်နိုင်လို့ ထွက်ပြေးရင် ကျန်ခဲ့တဲ့မိသားစုတွေကို ဖမ်းဆီးတာမျိုး လုပ်တာမို့ အိမ်ရှိလူအကုန်ထွက်ပြေးကြရ။

 

ပဲခူးတိုင်း၊ တချို့မြို့တွေဆို ပျူစောထီးသင်တန်းမတက်နိုင်လို့ ထွက်ပြေးရင် ကျန်ခဲ့တဲ့မိသားစုတွေကို ဖမ်းဆီးတာမျိုး လုပ်တာမို့ အိမ်ရှိလူအကုန်ထွက်ပြေးကြရ။ ကျောထောက်နောက်ခံရှိသူတွေကတော့ မြို့ကြီးပြ ကြီးလိုနေရာမျိုးတက်ကာ ပြောင်းရွှေ့အခြေချနိုင်ပေမဲ့ သူတို့လည်း အလုပ်လက်မဲ့ဘဝ ၁ နှစ်ကျော်ကြာလာရင် ရှေ့ရေးကို မစဉ်းစားရဲတဲ့အထိ ဖြစ်လာကြ။ကျောထောက်နောက်ခံမရှိသူတွေကတော့ လေး၊ငါးလပင် မခံနိုင်၊ ပြာယာခတ်ရ။

 

“အခုဘုန်းကြီးကျောင်းရောက်နေတဲ့ ကျနော့်တူ ၂ ယောက်ကို ပဲခူးမြို့ပေါ်နဲ့ ရန်ကုန်မှာ အလုပ် လေး တစ်ခုရဖို့ လိုက်ရှာနေရတယ်။ အလုပ်တွေကလည်း ရှားတော့ အခုထိမရသေးဘူး။ အလုပ်မရှိဘဲ သူတို့ကို ဘယ် သူမှ ရေရှည်တင်မကျွေးထားနိုင်ဘူး။ နိုင်ငံခြားအလုပ်သွားလုပ်ဖို့အထိလည်း အဆင်မပြေဘူး”လို့ သူကဆို တယ်။

 

သူတို့ဒေသကို တော်လှန်ရေးတပ်တွေ မသိမ်းမချင်း နိုင်ငံပတ်မွှေဒုက္ခပေးနေတဲ့ မင်းအောင်လှိုင်တပ် မပြုတ်မချင်း ရွာပြန်ဖို့ မလွယ်တော့ဘူးလို့ အဖြစ်မှန်အတိုင်း ရဲရဲတွေးလိုက်ရင် တုန်လှုပ်ကြရတယ်။

 

မိတ်ဆွေကြီးရဲ့ တူ၂ ယောက်တည်း မဟုတ်။ပျူစောထီးသင်တန်းမတက်နိုင်လို့ ရပ်ရွာစွန့်ခွာ ထွက် ပြေးကြသူတွေက မနည်းလှ။ သူတို့အားလုံးဟာ ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ ထွက်ပြေးခဲ့ကြရတာဆိုတော့ ဘယ်လိုရှေ့ဆက်ရမယ်မှန်းမသိ ဗလောင်ဆူနေကြရ။ သူတို့ဒေသကို တော်လှန်ရေးတပ်တွေ မသိမ်းမချင်း နိုင်ငံပတ်မွှေဒုက္ခပေးနေတဲ့ မင်းအောင်လှိုင်တပ် မပြုတ်မချင်း ရွာပြန်ဖို့ မလွယ်တော့ဘူးလို့ အဖြစ်မှန်အတိုင်း ရဲရဲတွေးလိုက်ရင် တုန်လှုပ်ကြရတယ်။

 

 “အရင်တုန်းကတော့ စစ်ဖြစ်နေတဲ့ဒေသက ပြည်သူတွေလောက်ပဲ စစ်ကြောင်းလာရင် ပြေးရလွှားရ ပြီး အိမ်မီးရှို့ခံရတာ၊အသတ်ခံရတာတွေနဲ့ မင်းအောင်လှိုင်ဒဏ်ကိုခံကြရတာ။အခုကတော့ စစ်နဲ့ဝေးတဲ့ဒေသ တွေက ပြည်သူတွေပါ မင်းအောင်လှိုင်ဒဏ် ခံရတာပေါ့။ပြီးတော့ ဘယ်သူကမှ မမျှော်လင့်ထားတော့ ဘာမှမ ပြင်ဆင်ထားဘူး။အဲဒါကြောင့် ပိုအထိနာသလိုဖြစ်တာ”လို့ ပဲခူးတိုင်းအတွင်းရှိ PDF လူငယ်တစ်ဦးက ဆိုပါတယ်။

 

နိုင်ငံရေးက ကိုယ်က ပြေးလည်း ကိုယ့်ကိုလိုက်နေတယ်။ကိုယ်က ဘယ်လောက်ပြေးပြေး ကိုယ့် နောက်ဆက်လိုက်နေဦးမယ့်သဘော။

 

 မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ စတင်လိုက်ပြီးနောက် တစ် နှစ်မပြည့်တဲ့အချိန်မှာပင် အဆင်မပြေတဲ့ စီးပွားရေးပြဿနာကို ပြည်သူကိုယ်စီ နင့်နေအောင်ခံစားလာရတာ ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဒင်းတို့ကြောင့် တို့တတွေ အနာဂတ်ပျောက်သွားကြတာလို့ ဒင်းတို့ကို ရဲရဲတွေး သေနတ်ဆွဲတော်လှန် ကိုယ့်အနာဂတ် ကိုယ့်အသက်သွေးနဲ့ ရင်းလို့ ပြန်လည်ရှာဖွေနေကြသလို အံ တင်းတင်းကြိတ် ခေါင်းငိုက်စိုက် အမှောင်ထုထဲ ကိုယ့်အနာဂတ်ကိုယ်ပြန်တွေးနိုး စမ်းတဝါးဝါးရှာနေသူ လူ ငယ်တွေလည်း မနည်းလှ။

 

“အခုကျနော်တို့မြို့နယ်ထဲက အဖမ်းခံရတဲ့လူငယ်တွေနဲ့ ထွက်ပြေးကြရတဲ့ လူငယ် တော်တော်များ များ ကျနော့်သားတွေ တူတွေအပါအဝင်ပေါ့။သူတို့ကတော့ နိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ သူတို့နဲ့မဆိုင်ဘူး လို့ ခံယူထားကြသူတွေများတယ်။ဒါပေမဲ့၊အခုကတော့ သူတို့မဆိုင်ဘူးလို့ထင်ထားတာ သူတို့ကို လာဆိုင်နေပြီ “လို့ ကျနော့်ရဲ့ မိတ်ဆွေကြီးက ကောက်ချက်ချတယ်။

 

နိုင်ငံရေးက ကိုယ်က ပြေးလည်း ကိုယ့်ကိုလိုက်နေတယ်။ ကိုယ်က ဘယ်လောက်ပြေးပြေး ကိုယ့် နောက်ဆက်လိုက်နေဦးမယ့်သဘော။ အခု မင်းအောင်လှိုင်ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံရေးနဲ့ကိုယ် ဘာမှမဆိုင်ဘူးလို့ ထင်နေတဲ့ လူငယ်တွေအပေါ် အားပြင်းပြင်းနဲ့ ဖြတ်ရိုက်လိုက်သလိုမျိုး။

 

မင်းအောင်လှိုင်က နိုင်ငံရေးနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေသူအားလုံးကိုပါ တည့်တည့်ကြီး စိန်ခေါ်လိုက်ခြင်းပါပဲ။

 

မင်းအောင်လှိုင်က နိုင်ငံရေးနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေသူအားလုံးကိုပါ တည့်တည့်ကြီး စိန်ခေါ်လိုက်ခြင်းပါပဲ။ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာတွေက ဘယ်ပြည်သူကိုမဆို သက်ရောက်မှု ရှိကို ရှိရမယ်လို့ ကြုံးဝါးပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 

ကျနော်တို့ နောက်ဆုတ်လို့မရ၊ ကျနော်တို့ ဒီအတိုင်း ရပ်နေလို့လည်းမရ၊ ကျနော်တို့ ရှောင်ပြေးနေလို့ လည်းမရ၊ ကျနော်တို့ ရွေးချယ်စရာ ရှေ့ဆက်တက်ဖို့ရာ တစ်လမ်းတည်း။ ဓားတောင်ဆိုလည်း ကျော်ရမှာပဲ၊ မီးပင်လယ်ဆိုလည်း ဖြတ်ရမှာပဲ။နောက်ပြန်ဆုတ်ရင်လည်း ငရဲ၊ ရပ်နေရင်လည်း ငရဲမို့ ဒီတောင်ကိုကျော်တဲ့ လမ်းဟာ ငရဲလမ်းဆိုပေမဲ့ ရအောင်ကျော်မှသာ ဒီတောင်ရဲ့ ဟိုဘက် ဒီမိုကရေစီမုခ်ဦးဆီ ရောက်ရှိ။လူလိုသူ လို ဘဝတစ်ခုဆီ ကျနော်တို့ ရောက်ရှိမှာ သေချာရဲ့။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။