မြန်မာနိုင်ငံမှာ စစ်တပ်က ရူးမိုက်စွာ အာဏာသိမ်းခဲ့တာ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။
အာဏာရူးများကို အပြင်းအထန် ခုခံခဲ့တဲ့ ပြည်သူတွေရဲ့ ခုခံစစ်ဟာ ဒီသုံးနှစ်ကာလအတွင်း မရှိရာက ရှိလာတာ အင်အားနည်းရာက အင်အားကြီးလာတာ လက်နက်အင်အား အလွန်ချို့တဲ့ရာက အတော်များများ တပ်ဆင်လာနိုင်တာနဲ့ ပြောက်ကျားပစ် မိုင်းဆွဲတဲ့အဆင့်ကနေ စခန်းသိမ်း တိုက်ပွဲများ တိုက်နိုင်တဲ့အထိ တိုးတက် မြင့်မားလာတာ ဖြစ်ပါတယ်။
ဗမာလူမျိုးကြီးဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဒေသက ပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ စစ်ရေးပေါင်းစပ်မှုက အာဏာရူးများကို ကောင်းကောင်း အထိနာစေခဲ့တာ ဖြစ်တယ်။
ဗမာလူမျိုးကြီးဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဒေသက ပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ စစ်ရေးပေါင်းစပ်မှုက အာဏာရူးများကို ကောင်းကောင်း အထိနာစေခဲ့တာ ဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသားညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်လာချိန်မှာတော့ စစ်တပ်ရဲ့ သရုပ်မှန်က ရှင်းရှင်းကြီး ပေါ်ထွက်လာတာပါပဲ။
စစ်တပ်ဟာ ကိုးကန့်ဒေသနဲ့ ပလောင်ဒေသ အားလုံးကို လက်လွှတ်ခဲ့ရပြီး လားရှိုးပါ ဝိုင်းပတ် ခံထားရချိန်မှာ တဘက်နိုင်ငံရဲ့ ကြားဝင် ဟန့်တားမှုကြောင့် စစ်ရှိန် ရပ်တန့်ခဲ့ရတာ ဖြစ်တယ်။ ဒီအခြေအနေကို ပါးနပ်စွာ ကျော်ဖြတ်ဖို့ ကြိုးပမ်းကြရတဲ့ အချိန်မှာ စစ်ဦးဟာ စစ်ကိုင်း၊ မကွေးဘက်ကို လှည့်လာတာ ဖြစ်တယ်။
တပြိုင်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပေါ်ထွက်လာနေတာပါ။ ဒီနေရာမှာ ဘာမဆို လုပ်ရဲတဲ့ စစ်တပ်ဟာ ဘယ်နိုင်ငံမဆို ထွက်ပြေးရဲတာလည်း တွေ့ကြရမှာပါ။ အခု ဘဂ်လားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်သား ၃၀၀ ကျော် ရှိပြီလို့ သတင်းများအရ သိရပါတယ်။
ကုလ လူ့အခွင့်ရေးကော်မရှင်က တွမ်အင်ဒရူး ကတော့ စစ်အုပ်စုအပေါ် အမှန်ကန်ဆုံး မြင်နိုင်သူတစ်ဦး ဖြစ်ပြီး မြန်မာ့အရေးကို သူ တတ်နိုင်သရွေ့ ကူညီနေတာ တွေ့ပါတယ်။ ဒါပေမဲ့လည်း သူ့အသံကို အင်အားကြီးတွေကတော့ လျစ်လျူရှု ထားဆဲပါပဲ။
အကြမ်းဖက် စစ်ကောင်စီအတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ပြီး ကောင်းကောင်းကြီး အထိနာစေခဲ့တဲ့ ၁၀၂၇ စီမံကိန်း ယာယီ ရပ်တန့်နေချိန်မှာ စစ်ရေး လှုပ်ရှားမှုတွေက မြန်မာဘက်ကို ကြည့်မယ် ဆိုရင် ဝုန်းဒိုင်းနဲ့ တိုက်ခတ်လိုက်တဲ့ အရှေ့လေနီကြမ်းက ရုတ်တရက် ငြိမ်သွားချိန်မှာ အနောက်လေက ထုံးစံအတိုင်း ရွက်လွှင့်လို့ မရလောက်အောင် ဖြေးညှင်းစွာပဲ တိုက်ခတ်နေတာ ဖြစ်ပါတယ်။
ကုလမှာတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၉ နိုင်ငံက ကြေညာချက် ထုတ်ပြီး စစ်အစိုးရကို ရှုံ့ချ ကန့်ကွက်တာက လွဲလို့ ကုလအစည်းဝေးတွေ ထုံးစံအတိုင်း ထူးမခြားနားဆိုတာ တွေ့ရမှာပါ။
ကုလ လူ့အခွင့်ရေးကော်မရှင်က တွမ်အင်ဒရူး ကတော့ စစ်အုပ်စုအပေါ် အမှန်ကန်ဆုံး မြင်နိုင်သူတစ်ဦး ဖြစ်ပြီး မြန်မာ့အရေးကို သူ တတ်နိုင်သရွေ့ ကူညီနေတာ တွေ့ပါတယ်။ ဒါပေမဲ့လည်း သူ့အသံကို အင်အားကြီးတွေကတော့ လျစ်လျူရှု ထားဆဲပါပဲ။
မြန်မာ့နိုင်ငံရေးမှာ “ဘက်တဘက်က လုံးဝ အသာစီးရမှာကို တရုတ်က မလိုလားဘူး” ဆိုတာပါပဲ။ ဒီစကားရဲ့ အဓိပ္ပါယ်ကိုတော့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။
ဒီမိုကရက် အစိုးရ လုပ်ပုံကိုင်ပုံကို အားမရလို့ ပါတီကြီးနှစ်ခု ပူးပေါင်းပါဝင်တဲ့ Caucus တစ်ခု ဖွဲ့လိုက်တော့ အားတက်ရမလို ပြောပြန်ပါတယ်။ ဒါပေမဲ့ အဆင့်ဆင့် ဖြတ်သန်းရမယ့် ဗျူရိုကရေစီ ယန္တရားတွေ အောက်မှာ ထူးမခြားနား တေးသွားကိုပဲ မြင်ရစရာ ရှိနေပါတယ်။ နောက်ဆုံး ဘန်ကောက် အစည်းအဝေးမှာ ဂျိတ်ဆူလီဗန်၊ ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံရာမှာ ဂျိတ်ရဲ့ အသံကို သိပ်မကြားရဘဲ ဝမ်ယိရဲ့ပြောစကားကသာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ အဲဒါကတော့ မြန်မာ့နိုင်ငံရေးမှာ “ဘက်တဘက်က လုံးဝ အသာစီးရမှာကို တရုတ်က မလိုလားဘူး” ဆိုတာပါပဲ။ ဒီစကားရဲ့ အဓိပ္ပါယ်ကိုတော့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။
အဲဒီတော့ ပြောနေကျ စကားများအတိုင်း လုပ်ဆောင်နေကျ အလုပ်တွေအတိုင်း ကိုယ့်အားကိုယ်ကိုး ဆက်သွား ကြရမှာကတော့ ရှင်းနေပါတယ်။ ၁၀၂၇ အရှိန်ကလေးနဲ့ ဆက်ပြီး တွန်းကြရမှာက သေချာတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ဒီတလော တွေ့နေရတဲ့ AA စစ်ဦးစီးချုပ်ရဲ့ အင်တာဗျူးမှာ ပြဿနာတွေအပေါ် အမြင်ကျယ်ကျယ် သုံးသပ်သွားတာ တွေ့ရတယ်။ အရှေ့လေနီကြမ်းကို ပါးပါးနပ်နပ် ကျော်လွှားနေကြရတဲ့အတွက် NUG အစိုးရနဲ့ K3C ကြေညာချက်မှာ ညီနောင်သုံးဖွဲ့ ပါဝင်ဖို့ မဖြစ်နိုင်တာလည်း နားလည်ကြရမှာပါပဲ။
စစ်တပ်အကြောင်းကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေက အသိဆုံးပါ။ သူတို့ဟာ ဘယ်တော့မှ မသေချာ မရေရာတဲ့ လမ်းကြောင်း၊ ဝေဝါးတဲ့ လမ်းကြောင်းမျိုးကို ရွေးမှာ မဟုတ်ပါဘူး။
KIA တောင်မှ နောက်မှ ပါဝင်လာရတာဟာ နယ်စပ်နိုင်ငံရေးများရဲ့ အတိမ်အနက်ကြောင့်ပဲလို့ မှတ်ယူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်အကြောင်းကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေက အသိဆုံးပါ။ သူတို့ဟာ ဘယ်တော့မှ မသေချာ မရေရာတဲ့ လမ်းကြောင်း၊ ဝေဝါးတဲ့ လမ်းကြောင်းမျိုးကို ရွေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်ပ ပယောဂတွေ ပါဝင်ပတ်သက်မှုတွေ မည်သို့ပင် ရှိစေကာမူ ပြည်သူ ရွေးချယ်သော လမ်းသည်သာ အမှန်ကန်ဆုံးလို့ ယူဆကြရမှာပဲ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။