ကျနော့်မှာ ရှေးသရောအခါက ငယ်သူငယ်ချင်း ၃ ယောက်ရှိတယ်။ သူတို့ ၃ ယောက်စလုံးက ၁၀ တန်းအောင်နဲ့ ဘွဲ့ရပြီးတာနဲ့ စစ်တပ်ထဲဝင်ကာ စစ်ဗိုလ်ဖြစ်သွားကြတယ်။ သူတို့ ၃ ဦးစလုံး မိသားစု ကျောထောက် နောက်ခံမကောင်းတာကြောင့် သူတို့ဘဝ အရာရှိအဖြစ်နဲ့ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ စစ်ထဲဝင်ခြင်းတစ်နည်းသာရှိတော့တယ်လို့ ပြောကြတယ်။
အမှန်တကယ်လည်း ၁၉၉၀ ပြည့်နှစ်လွန်ကာလ မိသားစုကျောထောက်နောက်ခံမရှိတဲ့ ၁၀ တန်း အောင်နဲ့ ဘွဲ့ရလူငယ်တွေအတွက် နှစ်တော်တော်ကြာ ရုန်းဟယ်ကန်ဟယ်တောင် လူတစ်လုံးသူတစ်လုံးဖြစ် ဖို့ဆိုတာ မလွယ်။ သူတို့ ၃ ဦးစလုံးမှာ နိုင်ငံရေးအမြင်လည်း ဟောင်းလောင်းမို့ ဒီလမ်းကြောင်းကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်တယ်။
သူတို့ ၃ ဦး ရန်ကုန်မှာဆုံခိုက် သူတို့ရဲ့သူငယ်ချင်း နိုင်ငံရေးထောင်ထွက်ဆီ လာတွေ့ကြတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးထောင်ထွက်ဆိုတာကို ဖယ်ထားပြီး ငယ်သူငယ်ချင်းစိတ်နဲ့ ကျနော့်ဆီ သူတို့လာတွေ့တဲ့ အပေါ် ဝမ်းသာရတယ်။
၁၉၉၅ ခုနှစ်ဝန်းကျင် သူတို့ ၃ ဦးစလုံး စစ်ဗိုလ်ဖြစ်တဲ့အချိန် ကျနော်ကလည်း နိုင်ငံရေး ထောင်ထွက်ဖြစ်လို့နေပြီ။ သူတို့ ၃ ဦး ရန်ကုန်မှာဆုံခိုက် သူတို့ရဲ့သူငယ်ချင်း နိုင်ငံရေးထောင်ထွက်ဆီ လာတွေ့ကြတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးထောင်ထွက်ဆိုတာကို ဖယ်ထားပြီး ငယ်သူငယ်ချင်းစိတ်နဲ့ ကျနော့်ဆီ သူတို့လာတွေ့တဲ့ အပေါ် ဝမ်းသာရတယ်။
လက်ဖက်ရည်ဆိုင်ရောက်တော့ ကျနော့်ရဲ့နိုင်ငံရေးအမြင်ကို ကောင်းသည်၊ ဆိုးသည် မဝေဖန်။ ကျနော့်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို သူတို့ မမေး။ ကျနော်ကလည်း သူတို့စစ်တပ်ကို ဆန့်ကျင်တဲ့စကားတွေမပြော၊ ငယ်ဘဝ ရောက်တတ်ရာရာတွေကိုသာ ပြန်လွမ်းကြတာမို့ အိုကေ။
မင်းစော်ထက်ငါ့စော် ပိုမိုက်တယ်ဆိုတာမျိုး မင်းအဘထက် ငါ့အဘက ပိုပြတ်တယ်ဆိုတဲ့ ပြိုင်ပွဲ။ ကပစ စစ်ဗိုလ်သူငယ်ချင်းရဲ့ အဘကြီး ပြတ် သားချက်က ကြောက်စရာမို့ ကျနော် ဒီနေ့ထိမမေ့။
လက်ဖက်ရည်ဝိုင်းက နည်းနည်းကြာလာတော့ ကျနော်ရှိနေတာကို သူတို့မေ့ကာ သူတို့အဘတွေရဲ့ ပြတ်သားခြင်းအဖုံဖုံကို ချီးမွမ်းခန်းဖွင့်တော့တယ်။ မင်းစော်ထက်ငါ့စော် ပိုမိုက်တယ်ဆိုတာမျိုး မင်းအဘထက် ငါ့အဘက ပိုပြတ်တယ်ဆိုတဲ့ ပြိုင်ပွဲ။ ကပစ စစ်ဗိုလ်သူငယ်ချင်းရဲ့ အဘကြီး ပြတ် သားချက်က ကြောက်စရာမို့ ကျနော် ဒီနေ့ထိမမေ့။
“ငါတို့တပ်မှူးက အဘကြီးဆီကို သေနတ်အသစ်ထုတ်ထားတာ သွားပြတာ။ အဘကြီးရုံးရှေ့မှာ သွားစောင့်နေတာ။ အဘကြီး ကားပေါ်ကဆင်းလာတာနဲ့ သေနတ်ကိုပြလိုက်တာ၊ အဘကြီးက တစ်ချက်ကြည့်ပြီး အဲသေနတ်ကို သူမကြိုက်တော့ ဘောင်းဘီဇစ်ဆွဲချပြီး သေနတ်ကို သေးကော့ပန်းပစ်လိုက်တာ”လို့ ကပစစစ်ဗိုလ်က ဆိုတယ်။ ကျန်စစ်ဗိုလ် ၂ ဦးက ပြတ်သားလှတဲ့ အဘကြီးဆိုပြီး ပါးစပ်အဟောင်းသား။
ကျနော်က ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး အဲဒါပြတ်သားတာမဟုတ်၊ လူကြီးလူကောင်းမဆန်တာ၊ ရိုင်းစင်းတာလို့ ဝင်ပြောတော့ “ငါတို့တပ်အကြောင်း မင်းမသိပါဘူးကွာ”တဲ့။ ၃ ယောက်စလုံးက အဲဒီ လိုတညီတညွတ်တည်း။ ဆဲဆိုရိုင်းစိုင်းမှုမရှိဘဲ တစ်သက်တာယဉ်ကျေးမှုရှိစွာ ကြီးပြင်းလာတဲ့ ကျနော့်သူငယ်ချင်း ၃ ယောက်စလုံးကို ၅ နှစ်ဆိုတဲ့အချိန်တိုတစ်ခုအတွင်း စစ်တပ်က ဖျက်ဆီးပစ်ခဲ့နိုင်တာ ကျနော်အံ့ဩမိတယ်။
နောက်ထပ် ၁၀ နှစ်လောက်အကြာ သူငယ်ချင်း ၃ ယောက်စလုံး စစ်တပ်ထဲမှာ ကြီးပွားနေကြောင်း သတင်းကြားရတယ်။ သူငယ်ချင်းတစ်ယောက်ဆို ဗိုလ်မှူုးဘဝနဲ့ တစ်လသိန်းသုံး၊ လေးဆယ်အကြံအဖန်ဂွင်ရပြီး ထောနေကြောင်းလည်း ကြားရတယ်။
အဲဒီနောက်ပိုင်း သူတို့နဲ့တွေ့ချင်စိတ်မရှိတော့တာကြောင့် သူတို့ရန်ကုန်ရောက်လို့ ကျနော့်ကို ချိန်း တိုင်း ကျနော်ငြင်းဆိုလေ့ရှိတယ်။ နောက်ထပ် ၁၀ နှစ်လောက်အကြာ သူငယ်ချင်း ၃ ယောက်စလုံး စစ်တပ်ထဲမှာ ကြီးပွားနေကြောင်း သတင်းကြားရတယ်။ သူငယ်ချင်းတစ်ယောက်ဆို ဗိုလ်မှူုးဘဝနဲ့ တစ်လသိန်းသုံး၊ လေးဆယ်အကြံအဖန်ဂွင်ရပြီး ထောနေကြောင်းလည်း ကြားရတယ်။
“မတွေ့တာပဲကောင်းတယ်။ ငါတစ်ခေါက် ဒီကောင်စစ်ဗိုလ် ၂ ကောင်နဲ့ ကြုံကြိုက်လို့ ဘီယာဆိုင်ထိုင်မိတာ ငါတို့တပ်မတော်ဆိုတာ ပါးစပ်ဖျားက မချဘူး။ ပြီးတော့ သူတို့အခုလို အကြံအဖန်ဂွင်ကောင်းနေတာ သူတို့ ရသင့်ရထိုက်တဲ့ တရားဝင်အခွင့်အရေးပုံစံမျိုး ပြောနေကြတာ”လို့ အရပ်သားငယ်သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။
အဂတိလိုက်စားမှုနဲ့ထောနေတဲ့ စစ်ဗိုလ်တိုင်းက လာဘ်စားမှုကို သူတို့ရဲ့ တရားဝင်အခွင့်အရေးလို့ ရှု မြင်ကြတာဆိုတော့ သူတို့စစ်တပ်ကပဲ အဲဒီလို သင်ကြားပေးလိုက်တဲ့ပုံ။ စစ်တပ်ထဲမှာလည်း ရတဲ့နေရာ၊ ရတဲ့အပေါက်ကနေ အဂတိလိုက်စား။ စစ်တပ်ကနေ အရပ်ဘက်ပြောင်းတော့လည်း စစ်ဗိုလ်တွေရဲ့ အဂတိလိုက်စားချက်က ကြောက်မက်ဖွယ်။
စစ်တပ်ကသာ ထွက်လာတာ ငါတို့ တပ်မတော်ကြီးဆိုတာ တစ်ပြားမှမလျှော့။ ငါတို့ တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် အခုလိုလာဘ်စားခွင့်ရတယ်လို့ ယူဆနေတဲ့ပုံ။
တစ်ချိန်က ရန်ကုန်မြို့တော်ဝန်တစ်ဦးဆို စစ်တပ်ထဲကနေ တပ်မမှူးဘဝနဲ့ ထွက်လာတုန်းက ဝဲတွေ သာ စုမိဆောင်းမိခဲ့တဲ့ပုံ။ ရန်ကုန်မြို့တော်ဝန်ဘဝ စစချင်း ၆ လတာ လာဘ်စားတယ်လို့ အထင်မခံနိုင်လို့ သူ့ လက်အောက်ငယ်သား စည်ပင်ဌာနမှူးတွေတိုက်တဲ့ ရေသန့်တစ်ခွက်ကိုပင်မသောက်။ မနက်အစောကြီးထ လုပ်ငန်းခွင်တွေလိုက်စစ် အလုပ်တွေကျုံးလုပ်ပြနေတာမှ လွန်ရော။ ၆ လရဲ့ ဟိုဘက်လည်းရောက်ရော သူ့အရင် ရောက်နှင့်နေပြီးသား စစ်ဗိုလ်ထွက် စည်ပင်အရာရှိတွေက တဖြည်းဖြည်းသိမ်းသွင်းခဲ့ရာကနေ ၁ နှစ်ကျော် ၂ နှစ်လောက်ကြာတော့ စားလိုက်တဲ့လာဘ်က ငွေမမြင်ဖူးသလို။ ပြီးတော့ စစ်တပ်ကသာ ထွက်လာတာ ငါတို့ တပ်မတော်ကြီးဆိုတာ တစ်ပြားမှမလျှော့။ ငါတို့ တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် အခုလိုလာဘ်စားခွင့်ရတယ်လို့ ယူဆနေတဲ့ပုံ။
ကျနော့်သူငယ်ချင်းတွေကတော့ စစ်တပ်ထဲမှာနေရင်း လာဘ်စားခွင့်ရတဲ့ စစ်ဗိုလ်တွေ။ ရန်ကုန်မြို့ပေါ် ရောက်လာရင် ရွှေရောင်ရေဘင်မျက်မှန်နဲ့ ပိုက်ဆံအိတ် ခပ်ကြီးကြီး ချိုင်းကြားညှပ်ကာ ဘီယာဆိုင်ထိုင်၊ကေတီဗီသွား၊ ကောင်မလေးတွေနဲ့ ကြည်နူးနေပေမဲ့ အခုလို ပိုက်ဆံတွေသုံး ဖြုန်းခွင့်ပြုနေတဲ့ တပ်မတော်ရဲ့ ကျေးဇူးကိုလည်း မမေ့။ ပြောလိုက်ရင် ကိုယ်တို့ တပ်မတော်ကြီးဆိုတာက ….လို့ အစချီကာ တပ်မတော်ကြီးကို ပါးစပ်ဖျားက မချ။
ဒါပေမဲ့၊သူတို့ ၃ ဦးစလုံးက ၂၀၁၀ ပြည့်နှစ်အလွန်မှာ စစ်တပ်ကနေ ပင်စင်ယူလိုက်ရတယ်။ သူတို့ တပ် ထုံးစံလားမပြောတတ်။ သတ်မှတ်ကာလမှာ ရာထူးဆက်မတက်တော့တာကြောင့် ပင်စင်ယူလိုက်ရတာတဲ့။ တစ်ယောက်က စစ်တပ်ကသင်ပေးလိုက်တဲ့ပညာနဲ့ အပြင်မှာ ဆက်လက်လုပ်ကိုင်ခဲ့ရာ အဆင်ပြေနေတဲ့ပုံ။ သူ့ ဆီကို ကျနော် ဖေ့ဘွတ်ခ်ကနေ လှမ်းချိတ်တော့ လက်မခံ။
နောက် ၂ ယောက်ကတော့ စစ်တပ်ကနေထွက်ပြီးနောက် တပ်မတော်ကြီးရဲ့ကျေးဇူးနဲ့ ဦးပိုင်မှာ အလုပ်ပြန်ရကြတယ်။သူတို့ ၂ ဦးက ဖေ့ဘွတ်ခ်ကနေ လာချိတ်တာကြောင့် ရံဖန်ရံခါ ပင့်ကူမျှင်အွန်လိုင်းကွန်ရက်ပေါ် ကနေ စကားပြောဖြစ်။
“အလကားကွာ၊ လစာလေး နှစ်ပဲခြောက်ပြားနဲ့ တစ်နယ်တကျေးမှာ သွားဒုက္ခခံပြီး လုပ်နေရတယ်။ ဘာဂွင်မှ ရှိတာမဟုတ်ဘူး။ ဦးပိုင်ဆိုတိုင်းလည်း ဂွင်ကောင်းတာ မဟုတ်ဘူး။ သူတို့ပတ်သက်ရာပတ်သက် ကြောင်းတွေပဲ ဂွင်ကောင်းတဲ့နေရာရတာ”
“အလကားကွာ၊ လစာလေး နှစ်ပဲခြောက်ပြားနဲ့ တစ်နယ်တကျေးမှာ သွားဒုက္ခခံပြီး လုပ်နေရတယ်။ ဘာဂွင်မှ ရှိတာမဟုတ်ဘူး။ ဦးပိုင်ဆိုတိုင်းလည်း ဂွင်ကောင်းတာ မဟုတ်ဘူး။ သူတို့ပတ်သက်ရာပတ်သက် ကြောင်းတွေပဲ ဂွင်ကောင်းတဲ့နေရာရတာ”လို့ စစ်ဗိုလ်ထွက်သူငယ်ချင်းတစ်ဦးက ပြောပြတယ်။
နောက်တစ်ယောက်ကလည်း ထိုနည်း၎င်း။ ရန်ကုန်မှာ လူနေမှုစရိတ်ကကြီးကြီး၊ ပညာသင်အရွယ် သားသမီးက ၂ ယောက်နဲ့ အလုပ်လက်မဲ့မိန်းမ။ ရတဲ့လစာနဲ့ ပင်စင်ငွေက မလောက်ဌ။ ရေရှည်မှာ အကြံအဖန် ဂွင်မရှိရင် တော်တော် ယောက်ယက်ခတ်ရမယ်လို့ ဆိုရဲ့။ သူတို့ ၂ ဦးစလုံးရဲ့ လေယူလေသိမ်းတွေက တညီတည်း။ သူတို့တဖွဖွ ရေရွတ်ခဲ့တဲ့ တပ်မတော်ကြီးကို သိပ်မကြည်လင်တော့။
၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာလည်း သိမ်းလိုက်ရော စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ထင်သလို ရေးနေတဲ့ ကျနော့်ဖေ့စ်ဘွတ်ခ်ကို သူတို့ ၂ ဦးစလုံး အန်ဖရန့် လုပ်လိုက် ကြတယ်။ သူတို့နဲ့အဆက်အသွယ်ရှိသေးတဲ့ ငယ်သူငယ်ချင်းတောသားတစ်ယောက်ရဲ့ ပြောကြားချက်က သူတို့ ၂ ဦးစလုံး အာဏာသိမ်းမှုကို ထောက်ခံကာ သူတို့အိမ်ထဲကနေ တိုးတိုးတိတ်တိတ် လက်သီးလက်မောင်းတန်းနေပြန်။ စစ်တပ်ဆိုတာ နိုင်ငံရေးသမားတွေ လက်အောက် ဘယ်တော့မှ အရောက်မခံဘူးလို့လည်း ကြုံးဝါးနေကြသတဲ့။
သူငယ်ချင်း စစ်ဗိုလ်ဟောင်းတစ်ဦးက PDF ပတ်လည်ရှိနေတဲ့ နယ်မြို့တစ်မြို့က ဦးပိုင်ကုမ္ပဏီတစ်ခုမှာ တာဝန်ကျနေတာမို့ အပြင်လည်းမထွက်ရဲ အရက်ကိုသာ နင်းကန်ခွသောက်။ PDF တွေကို ဆဲလိုက်၊ မင်းအောင်လှိုင်ကို ဆဲလိုက်၊ ကိုယ့်ဘဝကိုယ် ဆဲလိုက်။
အဲဒီနောက် သူတို့ကို ကျနော်မေ့သွားလိုက်တာ အခု ၂၀၂၄ ခုနှစ် ရောက်မှပဲ ငယ်သူငယ်ချင်းတောသားရဲ့ ဆက်သွယ်ပြောကြားချက်ကြောင့် ပြန်အမှတ်ရတော့တယ်။ သူငယ်ချင်း စစ်ဗိုလ်ဟောင်းတစ်ဦးက PDF ပတ်လည်ရှိနေတဲ့ နယ်မြို့တစ်မြို့က ဦးပိုင်ကုမ္ပဏီတစ်ခုမှာ တာဝန်ကျနေတာမို့ အပြင်လည်းမထွက်ရဲ အရက်ကိုသာ နင်းကန်ခွသောက်။ PDF တွေကို ဆဲလိုက်၊ မင်းအောင်လှိုင်ကို ဆဲလိုက်၊ ကိုယ့်ဘဝကိုယ် ဆဲလိုက်။
နောက်တစ်ဦးကတော့ ရန်ကုန်မြို့မှာပဲ ရုံးသွားရုံးပြန် ဦးပိုင်မှာ လုပ်နေတာမှန်း ပတ်ဝန်ကျင်မသိ အောင် လျှို့လျှို့ဝှက်ဝှက်။ အလုပ်ထဲမှာလည်း အကြံအဖန်ဂွင်မရ၊ ကုန်ဈေးနှုန်းတွေက ကြောက်မက်ဖွယ်ထိုး တက်ခြင်းဒဏ် လိမ့်နေအောင်ခံရ၊ သူသည်လည်း ပြေးစရာမြေမရှိ ကြိတ်မှိတ်မြိုချနေရ။
အခုနောက်ဆုံးပေါ် သူတို့စစ်ဗိုလ်ဟောင်းရပ်ကွက်ထဲ ပျံ့နှံ့လာတဲ့ သတင်းက သူတို့ရဲ့ဒေါသကို အ ချောင်းလိုက် ထွက်လာစေသတဲ့။ အဲဒီသတင်းက သူတို့ စစ်ဗိုလ်ဟောင်းတွေကို လိုအပ်ရင် စစ်မှုပြန်ထမ်းခိုင်း မယ်ဆိုလား။
“ငါတို့ သူငယ်ချင်း ၂ ယောက်စလုံးက တပ်မတော်ကြီးကို ဘယ်လောက်ချစ်သလဲဆို တကယ်စစ်မှု ပြန်ထမ်းခိုင်းရင် လွတ်ရာကျွတ်ရာကို ထွက်ပြေးကြမယ်တဲ့။ CDM လုပ်တာမဟုတ်ဘူး။ သူတို့နည်းသူတို့ဟန်နဲ့ ရှောင်ကြမှာ။ မင်းအောင်လှိုင်အတွက် အသေမခံနိုင်ဘူးလို့လည်း ပြောနေတယ်”
“ငါတို့ သူငယ်ချင်း ၂ ယောက်စလုံးက တပ်မတော်ကြီးကို ဘယ်လောက်ချစ်သလဲဆို တကယ်စစ်မှု ပြန်ထမ်းခိုင်းရင် လွတ်ရာကျွတ်ရာကို ထွက်ပြေးကြမယ်တဲ့။ CDM လုပ်တာမဟုတ်ဘူး။ သူတို့နည်းသူတို့ဟန်နဲ့ ရှောင်ကြမှာ။ မင်းအောင်လှိုင်အတွက် အသေမခံနိုင်ဘူးလို့လည်း ပြောနေတယ်”လို့ ငယ်သူငယ်ချင်းတောသားက ပြောပြတယ်။
စစ်ထဲပြန်မဝင်နိုင်ဘူးဆိုတာက ကျနော့်တို့သူငယ်ချင်း ၂ ယောက်မှမဟုတ်။ သူတို့ စစ်ဗိုလ်ထွက်အ သိုင်းအဝိုင်းအားလုံးနီးပါး။ စစ်တိုက်တယ်ဆိုတာ အသက်နဲ့ရင်းရတဲ့အလုပ်မှန်းသူတို့ သိကြတယ်။ ပြီးတော့ တိုက်ပွဲတွေထဲကနေ သူတို့အမြဲမပြတ်ရှာနေတဲ့ အကြံအဖန်ဂွင်တွေမရှိမှန်း သူတို့ သေချာသိကြတယ်။ စစ်တပ်ကနေ သူတို့လိုချင်တာက သူတို့အကျိုးစီးပွားရှိရေး။ စစ်တပ်အတွက် အနာခံဖို့၊ အာဏာရှင်တွေ သက်ဆိုးရှည်ရေးအတွက် သူတို့ကိုယ်သူတို့ ချကျွေးဖို့ရာ လုံးဝမဖြစ်နိုင်။ ပြီးတော့ အခုလို တိုက်တိုင်းရှုံးနေပြီး စစ်အာဏာရှင်တွေ အခြေအနေမဟန်တော့တဲ့ကာလ အာဏာရှင်ဗိုလ်ချုပ်တွေနဲ့အတူ ဘယ်လိုအကြောင်းနဲ့မှ အမှုတွဲအဖြစ် မခံနိုင်တာလည်း သူတို့ရဲ့ အရေးတကြီးဆန္ဒ။
“အခု စစ်တပ်က တိုက်တိုင်းရှုံးနေတာလည်း မပြောနဲ့။ စစ်သားတွေအကုန်လုံးနီးပါးက ဘာဂွင်ရမလဲပဲ ချောင်းနေကြတာကိုး”တဲ့။ ငယ်သူငယ်ချင်းတောသားကြီးက သူ့အာလုတ်သံကြီးနဲ့ သူနားလည်သလို ပြောလိုက်တဲ့ကောက်ချက်က မင်းအောင်လှိုင်စစ်တပ်ရဲ့ အတွင်းသားအမှန်ကို ကိုယ်စားပြုနေတာ အသေအချာပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။