ယခုဆိုလျှင် “နွေဦးတော်လှန်ရေး” ဟာ သုံးနှစ်အရွယ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ထားရှိမှု သဘောထားတွေဟာလည်း “ရေစစ်ချိန်” ရောက်ပြီလို့ဆိုရပါမယ်။ အဘယ်ကြောင့်ဆိုသော် ဒီလိုလုပ်လျှင် ဒီလိုအောင်ပွဲရနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေကို တွေ့နေရပြီ ဖြစ်သောကြောင့်ပင်။ ဒါပေမဲ့ ရှမ်းမြောက်ရဲ့ ခရာတွတ်သံဟာ အခြားသော ပြည်နယ်များဆီကို တပ်လှန့်သံအဖြစ် ရောက်ရှိသွားသော်ငြားလည်း ပြည်မမှာတော့ အဆင်သင့်ဖြစ်နေမှုကို ထင်ထင်ရှားရှား မတွေ့ရပါဘူး။ ပြည်မဆီထိပါ တဆက်တစပ်တည်း ဖြစ်စေအောင် စွမ်းဆောင်နိုင်မှုကတော့ အားနည်းနေသေးတယ်လို့ တွက်ဆမိတယ်။ NUG, MoD ၏ အားနည်းချက်ကြောင့်ပေလော၊ ဒေသခံတော်လှန်ရေးအင်အားစုများရဲ့ စုစည်းနိုင်မှု အားနည်းချက်ကြောင့်ပေလော ဆိုတာကို ဆန်းစစ်ကြည့်ကြရန်လည်း လိုအပ်ပေမယ်။ တစ်လှိုင်းပြီးတစ်လှိုင်းဆိုတဲ့ ကြွေးကြော်သံနောက်ကို ပြည်မက တော်လှန်လူငယ်တွေ လိုက်လှုပ်ဖို့ရာမှာ စွန့်လွှတ်ဝံ့တဲ့ အသက်ပဲရှိပြီး ကျည်ဆန်မရှိတဲ့ အဖြစ်ပေလားလို့လည်း တွေးဆဆင်ခြင်မိပါတယ်။ ဒီနေရာမှာ ၃ နှစ်တာ တောင့်ခံထားနိုင်တဲ့ ပြည်သူလူထုရဲ့ ခံနိုင်ရည်စွမ်းပကားကိုလည်း မမေ့မလျော့ ထည့်တွက်ချင့်ချိန်ဖို့ လိုအပ်လာပြီလို့ ယူဆမိပါတယ်။
“ငါတို့က ပြည်ထောင်စုအစိုးရ၊ ငါ့အောက်ကို လာဝင်ကြ” ဆိုတဲ့မူက ဖက်ဒရယ်ဆီသွားမယ့် စိတ်အရင်း ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ကြမှာပါပဲ။ တကယ်တမ်းက ပြည်မဟာ တစ်ပြည်လုံးထဲက အစိတ်အပိုင်းတစ်ခုမျှပဲ ဖြစ်ပါတယ်။
ERO တွေနဲ့ NUG MoD ရဲ့ CoC ဖြစ်မလာသေးတဲ့ အကြောင်းတရားကို ဆန်းစစ်သင့်ကြပါပြီ။ “ငါတို့က ပြည်ထောင်စုအစိုးရ၊ ငါ့အောက်ကို လာဝင်ကြ” ဆိုတဲ့မူက ဖက်ဒရယ်ဆီသွားမယ့် စိတ်အရင်း ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ကြမှာပါပဲ။ တကယ်တမ်းက ပြည်မဟာ တစ်ပြည်လုံးထဲက အစိတ်အပိုင်းတစ်ခုမျှပဲ ဖြစ်ပါတယ်။ ငါတို့က လူများလို့ အင်အားကြီးလို့ ငါတို့ကပဲ ဦးဆောင်မှုနေရာက နေရမယ်ဆိုတာဟာ တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင်အဖဆိုတဲ့ ဖက်ဆစ်တပ် ကိုင်ဆွဲထားတဲ့ မူ ဖြစ်ပါတယ်။ ဖက်ဒရယ်မူသဘော မဟုတ်ပါဘူး။ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်နီ စသဖြင့် တိုင်းရင်းသား အခြေပြုဒေသတွေကို ဖယ်ကြည့်လိုက်ရင် ပြည်မတစ်ခုပဲ ကွက်ကျန်နေမှာပါ။ တိုင်းရင်းသားဒေသတွေက သူ့လက်နက်ကိုင်အဖွဲ့နဲ့ သူ့နိုင်ငံရေးယုံကြည်ချက်နဲ့ ရှိနှင့်နေနိုင်ပါတယ်။ ဒီအခါမှာ NUG ဟာ ပြည်မတစ်ခုတည်းကိုပဲ ကိုယ်စားပြုနိုင်တဲ့ အနေအထားပဲ ရှိနေတော့မှာ ဖြစ်ပါတယ်။ သည်တော့ NUG ဟာ ERO တွေကို ငါ့အောက်လာကြလို့ လုပ်လို့မရနိုင်ဘူးလို့ ယူဆပါတယ်။ တစ်တိုင်းပြည်လုံးအနှံ့ကနေ တက်ညီလက်ညီ စစ်ဆင်ရေးပြုနိုင်ဖို့က တပ်ပေါင်းစုသဏ္ဌာန်နဲ့ပဲ သွားမှ ဖြစ်နိုင်ပါ မယ်။ နောက်တစ်ချက် NUG MoD က တစ်တိုင်းပြည်လုံးရဲ့ CoC ကို ကိုင်တွယ်ရလောက်အောင် စစ်ရေးအတွေ့အကြုံကို လွှတ်တော်ထဲက သင်ပေးလိုက်တာလားလို့ ရယ်သွမ်းသွေးရပေတော့မယ်။ တော်လှန်ရေးတစ်စုံလုံးရဲ့ အရွေ့အရှားကို ဖြစ်စေမယ့်အခင်းအကျင်းက တပ်ပေါင်းစုခေါင်းဆောင်များရဲ့ ဗျူဟာနဲ့ပဲ သွားမှ ရနိုင်မှာ ဖြစ်ပါတယ်။
အခွင့်သာခိုက် ငါ့နယ်မြေလေးငါ သတ်သတ်မှတ်မှတ်ဖြစ်အောင် လက်ဦးထားမှဆိုတဲ့ စိတ်ကူးလောက်နဲ့ အတွေးမတိမ်သင့်ကြပါဘူး။ ဖက်ဆစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနဲ့ နိုင်ငံရေးဆန္ဒတွေကို ကြံဆောင်ဆွေးနွေးသင့်ပါတယ်။
တိုင်းရင်းသားအဖွဲ့တွေဘက်ကိုလည်း ပြောချင်ပါသေးတယ်။ အခွင့်သာခိုက် ငါ့နယ်မြေလေးငါ သတ်သတ်မှတ်မှတ်ဖြစ်အောင် လက်ဦးထားမှဆိုတဲ့ စိတ်ကူးလောက်နဲ့ အတွေးမတိမ်သင့်ကြပါဘူး။ ဖက်ဆစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနဲ့ နိုင်ငံရေးဆန္ဒတွေကို ကြံဆောင်ဆွေးနွေးသင့်ပါတယ်။ ဘုံရန်သူ ပြိုပျက်ပြီးသွားရင် ကျန်ကိစ္စရပ်များဟာ ရိုးသားပွင့်လင်းလွယ်ကူစွာ ဆွေးဆွေးနွေးနွေး ပြောဆိုနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖက်ဆစ်တပ်ကပေးတဲ့ ဒီမိုကရေစီတို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆိုတာတွေဟာ ကျောက်ခဲ ရေပေါ်၊ နေ့မြင်ညပျောက်သလို ဖြစ်တတ်တာကို သမိုင်းသင်ခန်းစာတွေအပြင် လက်တွေ့အဖြစ်အပျက်တွေက သက်သေပြထားပြီး ဖြစ်ပါတယ်။ ဖက်ဆစ်တပ်က အချိုသတ်လိုက်လို့ ဖက်ဒရယ်ယုံကြည်ချက်တွေကို ရလိမ့်မယ်လို့ မထင်အပ်ပါဘူး။ ဖက်ဆစ်အုပ်စုရဲ့ မရိုးနိုင်တဲ့ လုပ်နည်းလုပ်ဟန် သွေးခွဲရုံသက်သက်မျှ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ဟာ သူမွေးထုတ်ထားပြီး သူနဲ့အကျိုးတူဖြစ်တဲ့ ကိုးကန့်က ပယ်ဆောက်ချိန်တို့လို ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကိုတောင် သူ အကျပ်အတည်းဆိုက်လာတော့ တရုတ်လက်ထိုးအပ်လိုက်တာပဲ မဟုတ်ပါလား။
အခုအချိန်ဟာ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ သပ္ပူရိသအပေါင်းအတွက် ပြည်ထောင်စုသစ် ဖန်တီးနိုင်ခွင့်ကို ပေးလိုက်တဲ့ အချိန်အခါကောင်း ဖြစ်ပါတယ်။ ဒီအချိန်အခါကောင်းကို မိမိရရ ဆုပ်ကိုင်ပြီး နှစ်ပေါင်း ခုနစ်ဆယ်လောက် တိုင်းပြည် နစ်မွန်းစေခဲ့တဲ့ ဖက်ဆစ်အုပ်စုကို အပြီးတိုင် အမြစ်ကနုတ် ဖယ်ရှားပစ်ပြီး ရှေ့ခရီးကို ဆက်ကြရမှာ ဖြစ်ပါတယ်။ CRPH က အမတ်မင်းများကလည်း လက်နက်ကိုင်တော်လှန်ရေးပြီးရင် အုပ်ချုပ်ရေး အသင့်ဝင်နိုင်အောင်ဆိုတဲ့ စိတ်နဲ့ ဇွန်းမီတင်တွေချည်း သိပ်ထိုင်မနေကြပါနဲ့အုံးလို့ အသိပေးလိုက်ချင်ပါတယ်။ ဇွန်းမီတင်စရိတ်တွေကို ကျည်ဆန်ဖိုးအဖြစ် မျှသုံးစေချင်ပါတယ်။ ဦးနှောက်တွေကိုလည်း စစ်နိုင်ရေးဗျူဟာအတွက် မျှသုံးကြစေချင်ပါတယ်။ ရှေ့တန်းမှာ လူငယ်တွေ အသေခံချနေကြသလို၊ ငါတို့က ကုလားထိုင် "သ" နေကြတယ်ဆိုတာကတော့ မလုပ်ကောင်းပါဘူး။ ပြည်ပရောက်နေကြသူတွေက ထားပါတော့၊ ပြည်မမှာ ကျန်ရှိနေသူတွေက စစ်မြေပြင်က ဒေသခံပြည်သူလူထုကို နိုင်ငံရေးအသိ နိုင်ငံရေးသတိတွေ မျှဝေတာမျိုးတွေ လုပ်သင့်ကြပါတယ်။
နွေဦးတော်လှန်ရေးမှာ NUG ရဲ့ ပါဝင်နေမှုအခန်းကဏ္ဍဟာ ဇာတ်ရုပ်ကာရိုက်တာအားဖြင့် တဖြည်းဖြည်း မှိန်ဖျော့လာတယ်လို့ ခံစားနေရပါတယ်။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ NUG ဟာ ဘေးရောက်သွားနိုင်ပါတယ်။
နွေဦးတော်လှန်ရေးမှာ NUG ရဲ့ ပါဝင်နေမှုအခန်းကဏ္ဍဟာ ဇာတ်ရုပ်ကာရိုက်တာအားဖြင့် တဖြည်းဖြည်း မှိန်ဖျော့လာတယ်လို့ ခံစားနေရပါတယ်။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ NUG ဟာ ဘေးရောက်သွားနိုင်ပါတယ်။ သည်တော့ ငါတို့ဟာ (One of the part) တစ်ခုလုံးရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်ဆိုတာကို ကြည်ကြည်လင်လင် လက်ခံသင့်တယ်လို့ ယူဆပါတယ်။ ဒါမှ ပြည်မကို ဗျူဟာကျကျနဲ့ ရုန်းကန်နိုင်မယ်လို့ ထင်ပါတယ်။
CNF, KNPP, KNU, ABSDF, NUG ပေါင်းစည်းမှုဟာ တောင်ပိုင်းမှာ မကြာမီ ပုံပေါ်လာမယ်လို့လည်း မျှော်လင့်မိပါတယ်။ တောင်ပိုင်း ပုံပေါ်လာရင် ရခိုင်နဲ့ မြောက်ပိုင်းတစ်ခွင်ကလည်း တစ်ခုလုံးအတွက် အားဖြည့်ပါဝင်လာမယ်လို့ ထင်ပါတယ်။ စစ်ရေးမှာ လက်တွေ့ဆန်ဖို့ပဲ ပိုလိုအပ်တယ်လို့ ယုံကြည်ပါတယ်။
NUG ရဲ့ ဘုံသဘောထားရပ်တည်ချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ရပ်တည်ချက်အပိုဒ် (ဂ) မှာ -
"၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန် ဖြစ်သည်။
ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေးနှင့် စနစ်ပြောင်းနိုင်ငံရေးတည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ်တည်ဆောက်သွားရန် ဖြစ်သည်။" ဆိုပြီးပါပါတယ်။ အဆိုပါအချက်ဟာ အောက်ခြေမြေပြင်ထိ ကျေကျေလည်လည် နားလည်သိရှိကြဖို့ သိပ်အရေးကြီးပါတယ်။
ပြောရရင် တော်လှန်ရေးအစိုးရနေရာကို ယူထားတဲ့ NUG ဟာ မိမိရဲ့ နိုင်ငံခြားရေးရာပေါ်လစီကို သေသေချာချာ ထုတ်ဖော်ပြသဖို့ လိုလာပြီလို့ ပြောလိုရင်းဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့ တစ်ချက်က လက်ရှိအခြေအနေမှာ နွေဦးတော်လှန်ရေးအင်အားစုများဟာ တရုတ်ရဲ့ ဖိအားပေးနိုင်စွမ်းကိုလည်း ထည့်တွက်ဖို့ အရေးတကြီး လိုလာပြီ ဖြစ်ပါတယ်။ တရုတ်မြေအောက်ဂိုဏ်း ကျားဖြန့်ရဲ့လက်တံကလည်း ကရင်ပြည်နယ် ရွှေကုက္ကိုပါမက ထိုင်းနိုင်ငံထိပါ လက်ကျဲကြီးနဲ့ သွားနေတယ်လို့တောင် ယူဆစရာရှိပါတယ်။ ရှမ်းမြောက် ၃ ဖွဲ့ အပါအဝင် မြန်မာပြည်အပေါ် တရုတ်ရဲ့ တရား၀င် လွှမ်းမိုးထားတဲ့ စီးပွားရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာတွင်ပါမက သမိုင်းကြောင်းတွေကိုလည်း ဆက်စပ်စဥ်းစားသင့်ပါတယ်။ ပြောရရင် တော်လှန်ရေးအစိုးရနေရာကို ယူထားတဲ့ NUG ဟာ မိမိရဲ့ နိုင်ငံခြားရေးရာပေါ်လစီကို သေသေချာချာ ထုတ်ဖော်ပြသဖို့ လိုလာပြီလို့ ပြောလိုရင်းဖြစ်ပါတယ်။ ၂၀၂၄ နှစ်ဦးပိုင်းက ထုတ်ပြန်လိုက်တဲ့ NUG ရဲ့ တရုတ်နိုင်ငံအပေါ်သဘောထား ၁၀ ချက်ဟာ စကစရဲ့ သဘောထားနဲ့ ထူးလှတဲ့ကွာခြားချက် မပါပါဘူး။ အင်အားကြီးတဲ့ အိမ်နီးနားချင်းရဲ့ သဘောနောက် မှေးလိုက်ရုံအဆင့်မျှသာပဲ ရှိပါတယ်။ ကိုယ့်မူကိုယ့်ဟန်၊ ကိုယ့်သဘောထား ပီပီပြင်ပြင် ပြသဖို့လိုမယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ပိုင်အစွမ်းကို "ငါတို့ မြန်မာပြည်ရဲ့ သဘောထားရပ်တည် ချက်က ဒီလိုရှိတယ်" ဆိုတာမျိုး ပြတ်ပြတ်သားသား ပြသထားရမယ်လို့ ထင်ပါတယ်။ နဂို ခေတ်အဆက်ဆက်က ရှိခဲ့ဖူးတဲ့ မြန်မာအစိုးရများရဲ့ ပေါ်လစီအတိုင်း "ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ" ဖြစ်မယ့် ဘက်မလိုက်မူတို့ ဘာတို့ ဆိုတာတွေဟာ ယနေ့ခေတ်နဲ့ လျော်ညီသေးရဲ့လား ဆိုတာကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားက ဒီလိုရှိတယ်၊ ဒါကြောင့် တိုင်းပြည်ကို ဦးဆောင်ရမယ့် အစိုးရရဲ့ သဘောထားကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ဒီလိုထားရှိတယ်။ စသဖြင့် "တိကျပြတ်သားတဲ့ မူ" ရှိရပါမယ်။ အိမ်နီးချင်း နိုင်ငံလည်း ဖြစ်တယ်၊ အင်အားကြီး နိုင်ငံ လည်း ဖြစ်တယ် ဆိုပြီး သူ့သဘောထားနောက် "မှေးလိုက်တဲ့ မူ" မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
လက်တွေ့ကျတဲ့ စစ်ရေးချိန်ခွင်လျှာ ယိမ်းမှု တိမ်းမှုအပေါ် မူတည်ပြီးမှသာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုအလှုပ်အခတ်ဟာ အသက်ဝင်လာတတ်တယ်ဆိုတာကိုလည်း အထူးသတိပြုအပ်ပါတယ်။ လက်တွေ့ကျတဲ့ "တော်လှန်အတွေး တော်လှန်အဓိပ္ပာယ်" ကို ဖော်ဆောင်နိုင်ခြင်းဖြင့်သာ ခေတ်ပြောင်းတော်လှန်ရေးဟာ ပန်းတိုင်ဆီ ရောက်ရှိမှာ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။