Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်ကြရုံ ရှိတာပ (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ..ရေ။ ခုတော့ဖြင့် မင်းတို့အကြမ်းဖက်အုပ်စုတတွေ "ကိုင်း အခု ဘယ်နှယ်လုပ်ကြမယ်" ဆိုတဲ့ကိန်းကို ဆိုက်နေပြီ မဟုတ်ပါလား။ တရုတ်ကြီးကလည်း အကြွေးတောင်း၊ ရုရှားကလည်း အကြွေးတောင်း။ တရုတ်ကြီးအကြွေးကတော့ မပေးနိုင်လည်း အတိုးပေါ်အတိုး ဆင့်လိုက်ကြရုံပေါ့။ ရုရှားအကြွေးကတော့ မပေးနိုင်ဘူးဆိုရင် မင်းခိုးပြီး ကဲ့အပ်ထားတဲ့ငွေတွေကို ပြန်လည်ထုတ်မပေးဘဲ ဆိုင်းငံ့ထားရလိမ့်မယ်ဆိုပါလား။ သူခိုးလက်က သူဝှက်လုဆိုတာ ဒါမျိုးပြောတာ။ ပြီးတော့ အခြေအနေမလှရင် ရုရှားထွက်ပြေးမယ်ဆိုတဲ့စီမံကိန်းလည်း မရေရာသလို ဖြစ်သွားပြီလေ။

 

ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုတာလို သီရိပျံချီဘွဲ့ထူးတောင် ချီးမြှင့်ပေးထားတဲ့ စောချစ်သူက တစ်စခန်းထလာပြန်တယ်။ ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်ချင်တော့လို့ သူတို့ထောက်ပံ့ထားတဲ့ လစာ၊ ရိက္ခာကိုမယူတော့ဘဲ သီးခြားရပ်တည်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကိုသာ ဆောင်ရွက်တော့မယ်တဲ့။ 


မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ အပစ်အခတ်ရပ်စဲထားနိုင်ရင် အကျပ်အတည်းကနေ အတန်အတင့်လျော့ကျလွတ်မြောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ။ ဒါကြောင့် တရုတ်ကြီးဆီကို ဆီပုလင်းခါးချိတ် သွားခဲ့တာပေါ့။ ဒါပေမဲ့ KIA က ထ၊ AA က ကြွနဲ့ဆိုတော့ အကျပ်အတည်းက ရှိနေမြဲ။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုတာလို သီရိပျံချီဘွဲ့ထူးတောင် ချီးမြှင့်ပေးထားတဲ့ စောချစ်သူက တစ်စခန်းထလာပြန်တယ်။ ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်ချင်တော့လို့ သူတို့ထောက်ပံ့ထားတဲ့ လစာ၊ ရိက္ခာကိုမယူတော့ဘဲ သီးခြားရပ်တည်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကိုသာ ဆောင်ရွက်တော့မယ်တဲ့။ ပုံမှန်အနေအထားဆိုရင်တော့ အဲဒီလိုကောင်မျိုးကို အမှုန့်ကြိတ်ပစ်လိုက်ပါရဲ့။

 

 ဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်မှူးချင့်အဆင့် တိုးမြှင့်ပေးလိုက်။ ပြီးတော့ ဒေသဆိုင်ရာ ဒစက အဖြစ်လည်း ခန့်ထားလိုက်။ အဲဒီကောင် ရာထူးငါးမျှားချိတ်ကို မဟပ်ဘဲ နေနိုင်ရိုးလား။ ကိုယ်နဲ့နှိုင်းပြီး တွက်ချက်ခန့်မှန်းလိုက်တာပါပဲ။


ခုတော့ ကိုယ့်အနေအထားကလည်း မျောက်မီးခဲကိုင်ထားမိသလို ဖြစ်နေလေတော့ ကျောသပ် ချော့မော့ကြည့်ရတော့မယ်။ နေပြည်တော်ကိုလာရောက်ဖို့ ဆင့်ခေါ်လိုက်တယ်။ မလာရောက်နိုင်ဘူးဆိုတော့ ဒုချုပ်လွှတ်ပြီး ဘားအံမှာ ဆွေးနွေးခိုင်းရတယ်။ ဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်မှူးချင့်အဆင့် တိုးမြှင့်ပေးလိုက်။ ပြီးတော့ ဒေသဆိုင်ရာ ဒစက အဖြစ်လည်း ခန့်ထားလိုက်။ အဲဒီကောင် ရာထူးငါးမျှားချိတ်ကို မဟပ်ဘဲ နေနိုင်ရိုးလား။ ကိုယ်နဲ့နှိုင်းပြီး တွက်ချက်ခန့်မှန်းလိုက်တာပါပဲ။

 

ဒါပေမဲ့ အဲဒီကောင်က လစာနဲ့ရိက္ခာယူထားရင် ခိုင်းစေတာ လုပ်ကိုင်ပေးနေရမှာတဲ့။ နှစ် ၃၀ လုံးလည်း လုပ်ကိုင်ပေးပြီးပါပြီတဲ့။ သူလုပ်ကိုင်နေတာလည်း ရာထူးမက်လို့ မဟုတ်ပါဘူးတဲ့။ ပြီးတော့ ကိုယ့်လူမျိုးအချင်းချင်း မတိုက်ခိုက်ချင်တော့ဘူး။ လစာနဲ့ရိက္ခာမယူတော့ ကိုယ်လုပ်ချင်ရာ လုပ်ကိုင်လို့ရသတဲ့လေ။

 

ဒီမှာ။ တရုတ်ကြီးက ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး လောက်ကိုင်က ပယ်ဆောက်ချိန်တို့မိသားစုကို တောင်းခံလာတယ်။ ဘယ် ပေးအပ်နိုင်ပါ့မလဲ။ ပယ်ဆောက်ချိန်ဆိုတာ ကိုယ်က ခန့်အပ်ထားတဲ့သူ။ အကာအကွယ်ပေးရမှာပေါ့။ ဒီတော့ ပြည်ပအားကိုးပုဆိန်ရိုး မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက်လာတော့ ရှမ်းမြောက်တခွင်က ရာချီတဲ့ဗျူဟာကုန်းတွေ လက်လွှတ်လိုက်ရတယ်။ ဒါကို နားမလည်ပါးမလည်ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာဖြစ်ကြလို့။

 

 ဒါကို နိုင်ငံရေးနားမလည်တဲ့ စောချစ်သူက ဘာမှ သိရှိဟန်မတူဘူး။ လစာနဲ့ရိက္ခာမယူဘဲ သီးခြားရပ်တည်မယ်တဲ့လေ။

 

ခုလည်း ထိုင်းက စောချစ်သူတို့ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုရ်ကို ဖြိုခွင်းဖို့ လာရောက်ဆွေးနွေးပြန်တယ်။ စောချစ်သူက ကိုယ်ခန့်အပ်ထားတဲ့ လူတစ်ယောက်ပဲ။ အကာအကွယ်ပေးရမှာပေါ့။ ဒါကို နိုင်ငံရေးနားမလည်တဲ့ စောချစ်သူက ဘာမှ သိရှိဟန်မတူဘူး။ လစာနဲ့ရိက္ခာမယူဘဲ သီးခြားရပ်တည်မယ်တဲ့လေ။ မတတ်နိုင်ဘူး။ စစ်မျက်နှာအသစ် ဖွင့်ရတော့မှာပဲ။ ဒီမှာ ကိုယ့်ကောင်တွေလည်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်နဲ့ ရခိုင်မှာ တာဝန်ထမ်းဆောင်ရတာ သုံးနှစ်ရှိပြီ။ အနားမပေးနိုင်သေးဘူး။ မတတ်နိုင်ဘူး။ နိုင်ငံတည်ငြိမ်ဖို့အတွက် ပေးအပ်တဲ့တာဝန် ထမ်းဆောင်ရမှာပဲ။ လက်နက်ချမယ် စိတ်မကူးနဲ့။ ဗိုလ်မှူးချုပ် သုံးကောင်တောင် သေမိန့်ချမှတ်ထားတယ်ဆိုတာ နားလည်ထားကြ။

 

တကယ်လို့များ စောချစ်သူက KNU နဲ့ပူးပေါင်းသွားလို့ ရှမ်းမြောက်ကို လက်လွှတ်လိုက်ရသလို ကရင်ပြည်နယ်ကိုလည်း လက်လွှတ်လိုက်ရရင်ဖြင့်။ တကယ်ပါပဲ၊ ဒုချုပ်ကအစ ဗိုလ်ချုပ်ကြီးရာထူးတွေယူထားတဲ့ ကောင်တွေကလည်း တစ်ကောင်မှ အားကိုးမဖြစ်ဘူး။ ခိုင်းတာပဲ လုပ်ကိုင်တတ်ကြတယ်။ အကြံဥာဏ်မပေးနိုင်ကြဘူး။ အလကား နွားတွေ။ ဒင်းတို့ပဲ အာဏာသိမ်းမယ်လို့ ပြောဆိုတုန်းက သိမ်းသာသိမ်း၊ မဖြစ်နိုင်စရာ ဘာမှမရှိဘူးဆို။ ခုတော့ သုံးနှစ်ကာလသာ ရောက်ရှိလာတယ်။ နိုင်ငံတည်ငြိမ်ဖို့နေနေသာ ရှိတဲ့ဗျူဟာကုန်းတွေဆုံး၊ နယ်မြေတွေဆုံးနဲ့။ မပြောလိုက်ချင်ဘူး။ ခေါင်းဖြတ်၊ အမြီးဖြတ်နဲ့ လမွတ်ပဲကျန်တော့တယ်ဆိုတဲ့ ကိန်း။

 

 

ငြိမ်သက်နေတဲ့ ရှမ်းတောင်ကို မီးသွားရှို့လိုက်ကြပြန်ပြီ။ ကိုယ့်လက်ထက် ငြိမ်းချမ်းရေး NCA လက်မှတ်ထိုး နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာတဲ့ PNLO အဖွဲ့ကို ပြည်သူ့စစ် PNO က တိုက်ခိုက်လိုက်သတဲ့လေ။ 

 

အခုလည်း ကြည့်။ ငြိမ်သက်နေတဲ့ ရှမ်းတောင်ကို မီးသွားရှို့လိုက်ကြပြန်ပြီ။ ကိုယ့်လက်ထက် ငြိမ်းချမ်းရေး NCA လက်မှတ်ထိုး နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာတဲ့ PNLO အဖွဲ့ကို ပြည်သူ့စစ် PNO က တိုက်ခိုက်လိုက်သတဲ့လေ။ သူတို့အပြောတော့ PNLO အဖွဲ့က လက်နက်တွေ သယ်ယူစုဆောင်းနေလို့တဲ့လေ။ ဒါတော့ ဟုတ်တယ်၊ ခွင့်မလွှတ်နိုင်ဘူး။ ဒါပေမဲ့ PNLO ရဲ့  ရွာတစ်ရွာကို ဘာကြောင့် မီးရှို့ကြရတာလဲ။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွာတွေကို မီးရှို့ဖျက်ဆီးလို့ တို့တပ်မတော်အဖွဲ့အစည်းကြီးကို အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး ပြည်သူတရပ်လုံးက တညီတညွတ်တည်း သတ်မှတ်ထားကြတာ။ ငါ့ကောင်တွေ မသိနားမလည်လေရော့သလား။

 


ဟော အခု PNLO က ဆီဆိုင်မြို့ကိုဝင်တိုက်ပြီး ဌာနဆိုင်ရာမှာရှိတဲ့ တို့အလံတွေဖြုတ်ချ၊ သူတို့အလံတွေ လွှင့်ထူလိုက်ကြတယ်။ ဒါကိုတော့ လုံးဝ လက်မခံနိုင်ဘူး။ တို့အနေနဲ့ စစ်သည်အင်အားကလည်း မလုံလောက်တော့ မြေပြင်စစ်ဆင်ရေး မထိုးနိုင်ဘူး။ တို့ စွမ်းဆောင်နိုင်တာကတော့ လေကောင်းပစ်ကူပဲ ရှိတော့တယ်။ ဗုံးကြဲတိုက်ခိုက်ရုံ ရှိတော့တာပ။ ပြည်သူ့အိုးအိမ်ဆိုတာတွေ ဆုံးရှုံးမှာကို ထည့်တွက်နိုင်တော့ဘူး။ နဂါးမှန်းသိအောင်တော့ အမောက်ထောင်ပြရတော့မှာပဲ။

 

ဒီမှာ၊ ပြည်သူလူထုကလည်း လူထုမဟုတ်ဘဲ လဒူတွေဖြစ်ကုန်ကြပြီထင်ပါရဲ့။ တို့ရဲ့စေတနာကို နားမလည်ကြဘူး။ နိုင်ငံရေးလည်း နားမလည်ကြဘူး။ တကယ်တော့ တို့က အာဏာသိမ်းချင်လို့ သိမ်းတာမှမဟုတ်တာ။ နိုင်ငံတော်ရဲ့အာဏာကို သူတို့က မရိုးမသား မဲမသမာမှုလုပ်ပြီး မောင်ပိုင်စီးချင်လို့သာ သိမ်းယူလိုက်ရတာ။ တိမ်းစောင်းသွားတဲ့ ဒီမိုကရေစီကို တည့်မည့်အောင် ပြုပြင်ပေးချင်တဲ့ စေတနာတွေနဲ့ပါကွာ။ ပြီးတော့ သူတို့က နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်တော်လှန်တဲ့အကြမ်းဖက်နည်းနဲ့ ​ဖြေရှင်းလာကြတယ်။ နိုင်ငံရေးနားမလည်ကြတာ ပညာမတတ်ကြလို့ပါပဲ။ ဒါကြောင့် တို့အနေနဲ့ အ-သုံးလုံးသင်ကြားရမယ်ဆိုပြီး လမ်းညွှန်မှုပေးခဲ့ရတာပေါ့။

 

စစ်အာဏာရှင်ဆိုတော့ကာ စစ်အာဏာရှင်ပီပီ ထင်ရာကို လုပ်တော့မှာပဲ။ မနာခံရင် တစ်နိုင်ငံလုံး မီးလောင်တိုက်သွင်းပြစ်လိုက်မယ်။ 

 

ခုဆို သက်တမ်းခြောက်လ ပြည့်သွားပြန်ပြီ။ နိုင်ငံက မတည်ငြိမ်နိုင်သေးတဲ့အပြင် မြို့တွေကိုတောင် သိမ်းပိုက်လာနေကြပြီ။ ဒီတော့ နောက်ထပ်သက်တမ်းခြောက်လတော့ မလွဲမသွေ အာဏာရယူထားရဦးတော့မယ်။ အဲဒီမှာ ၂၀၀၈ ခြေဥနဲ့ညီရဲ့လား။ နောက်ထပ်သက်တမ်းခြောက်လအတွင်း နိုင်ငံက တည်ငြိမ်သွားမှာတဲ့လားဆိုတာတွေ လာပြီးမပြောနေနဲ့။ ခင်ဗျားတို့ပဲ ပြောတာလေ။ စစ်အာဏာရှင်တွေဆိုပြီးတော့။ ဟုတ်တယ်မဟုတ်လား။ စစ်အာဏာရှင်ဆိုတော့ကာ စစ်အာဏာရှင်ပီပီ ထင်ရာကို လုပ်တော့မှာပဲ။ မနာခံရင် တစ်နိုင်ငံလုံး မီးလောင်တိုက်သွင်းပြစ်လိုက်မယ်။ ဒါပဲ။

 

ဒီမှာ ကျုပ်က SME လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင်၊ စိုက်ပျိုးရေးသီးနှံတွေ ပေါကြွယ်တိုးတက်အောင် လုံ့လစိုက်ကြိုးပမ်းပေးနေတယ်။ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တာ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတာ။ အဲဒါတွေက တစ်ပိုင်း။ လာပြီး မရောထွေးနဲ့။ ခုဆို ကျုပ်သားကလည်း တစ်နိုင်ငံလုံး လျှပ်စစ်တွေ ပြည့်လျှံနေအောင် ဆိုလာပြားတွေ တင်သွင်းနေတယ်။ ကျုပ်သမီးကလည်း ခေတ်မီနိုင်ငံတော်သစ်ဖြစ်အောင် လျှပ်စစ် ကား၊ လျှပ်စစ် ဆိုင်ကယ်တွေကို အားကြိုးမာန်တက် တင်သွင်းနေတယ်။ ကျုပ်တို့မိသားစုရဲ့ နိုင်ငံအပေါ် ထားရှိကြတဲ့စေတနာကို အသိအမှတ်ပြုသင့်ကြတယ်။

 

ခုတော့ ပြည်သူတရပ်လုံးက တိုင်းပြည်ဖျက်၊ နိုင်ငံဖျက်နေတဲ့ မီဒီယာတွေရဲ့သတင်းတွေကို နားယောင်နေကြတယ်။ ဒါကြောင့်ပြောတာပေါ့။ စေတနာသည် လူတိုင်းနဲ့မထိုက်တန်ဆိုတာ။

 

မင်းအာဏာသိမ်းခဲ့တာ ကာချုပ်ရာထူးက ဆင်းပေးရတော့မှာမို့ မင်းကိုယ်ကျိုးအတွက် သိမ်းခဲ့တာပါကွာ။ ပြီးတော့ ပြည်သူကို အကြောက်တရားသွပ်သွင်းပြီး ငြိမ်သက်သွားအောင်၊ အုပ်ချုပ်လို့ရအောင် လူသတ်ပြ၊ ရွာတွေကိုမီးရှို့ပြနဲ့ နိုင့်ထက်စီးနင်း ယုတ်မာခဲ့တာမဟုတ်လား။ 

 

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ။ မင်း ထင်ရာတွေ၊ မဟုတ်တမ်းတရားတွေ လျှောက်ပြောမနေနဲ့။ မင်းအာဏာသိမ်းခဲ့တာ ကာချုပ်ရာထူးက ဆင်းပေးရတော့မှာမို့ မင်းကိုယ်ကျိုးအတွက် သိမ်းခဲ့တာပါကွာ။ ပြီးတော့ ပြည်သူကို အကြောက်တရားသွပ်သွင်းပြီး ငြိမ်သက်သွားအောင်၊ အုပ်ချုပ်လို့ရအောင် လူသတ်ပြ၊ ရွာတွေကိုမီးရှို့ပြနဲ့ နိုင့်ထက်စီးနင်း ယုတ်မာခဲ့တာမဟုတ်လား။ ခုတော့ အရူးမီးဝိုင်းသလို ဖြစ်နေပြီမဟုတ်ပါလား။ ကိုယ်စိုက်ပျိုးတဲ့သီးနှံ ကိုယ်တိုင်ရိတ်သိမ်းရမယ်ဆိုတဲ့စကား အရှိသားပဲ။ ထူးခြားလှတယ်လို့တော့ မဟုတ်ပါဘူး။

 

ခုတော့ မင်းက သန်းခေါင်စာရင်းကောက်မယ်လို့ဆိုတယ်။ အောက်တိုဘာ ၁ ရက်လို့ပြောပြီး နိုဝင်ဘာ ၁ ရက် ဖြစ်သွားပြန်ပြီ။ တစ်လ နောက်ဆုတ်သွားပေါ့။ ပြီးတော့ ရွေးကောက်ပွဲပြုလုပ်ပြီး အာဏာလွှဲပြောင်းပေးအပ်သွားမယ်ပေါ့။ တကယ်တော့ အဲဒါတွေက ဆောင်းညအိပ်မက် ကယောက်ကယက်ဆိုတာလို မင်းရဲ့ စိတ်ကူးယဥ်မရေမရာ အိပ်မက်ကြီးပါပဲကွာ။ ခုဆို BGF စောချစ်သူကလည်း လက်တွဲဖြုတ်လိုက်ပြီ။ PNLA ကလည်း နွေဦးတော်လှန်ရေးနဲ့အတူ မင်းတို့ကို အမြစ်ပြတ်သည်ထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာလိုက်ပြီ။

 

ရှုံးနိမ့်ရင် ရုရှားထွက်ပြေးရုံပေါ့ဆိုတာကလည်း မှေးမှိန်စပြုနေပြီဆိုတော့ မင်းအနေနဲ့ ကိုင်း ဘယ့်နှယ်လုပ်ကြမလဲ။

 

နွေဦးတော်လှန်ရေး မုချအောင်တော့မယ်။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။