Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မဲဆောက်လမ်းမများပေါ်က အသက်ရှူသံတွေ (Opinion)

မဲဆောက်ရဲ့ ချောင်ကျကျ လမ်းချိုးကွေ့တစ်ခုကို ကျော်တာနဲ့ သူမသွားရမယ့်အိမ်ကို ရောက်ပြီ။ လမ်းထောင့်ချိုး တစ်နေရာမှာ ခပ်ငိုက်ငိုက် အထီးတည်း ထိုင်နေတဲ့ အုတ်တပ်ပျဉ်ထောင်နှစ်ထပ်အိမ်လုံးချင်းရဲ့ ခြံတံခါးကို မခင်ခင်ဝေ တွန်းဖွင့်ဝင်လိုက်တော့ ဘယ်ကမှန်းမသိတဲ့ အနံ့တမျိုးကို ရလိုက်တယ်။ 

 

အိမ်ထဲကနေ မျက်နှာမှာ ဝမ်းနည်းရိပ်သန်းနေတဲ့သူတစ်ယောက်ရောက်လာတယ်။ “ရောက်ပြီလား၊ ညီမ အဓိက သန့်ရှင်းရေးလုပ်ရမယ့်အခန်းက အောက်ထပ်က ဟိုးအနောက်ဘက်အခန်းပဲ၊ အထဲက ပစ္စည်းတွေ သေချာရှင်းလင်း၊ ဟောင်းနေတာတွေ အမှိုက်ပုံကို တစ်ခါတည်း လွှင့်ပစ်၊ အဝတ်အစားတွေကိုတော့ မီးရှို့ပစ်ဖို့ အထုတ်တွေထဲ ထည့်ထားလိုက်။ ကြမ်းပြင်ကိုလည်း သေချာဆေးကြောနော်။ လိုအပ်တာတွေ အနောက်ဘက် ရေချိုးခန်းထဲမှာ ရှိတယ်” လို့ အဲဒီလူက ပြောတယ်။ အဲဒီနောက်တော့ သူမ ဘာမှ စောဒက မတက်တော့ဘဲ အလုပ်ကို စတင်ဖို့ အိမ်အောက်ထပ်ရဲ့ အနောက်ဘက် အခန်းဆီ ဦးတည်လိုက်တော့တယ်။ 

 

သူမအလုပ်က အသုဘအိမ်မှာ သန့်ရှင်းရေးလာလုပ်တာ။ အချိန်ပိုင်း တစ်နာရီခွဲ၊ နှစ်နာရီလောက်ကို ဘတ် ၅၀၀ ရတယ်။ တကယ်တော့ ဒီလိုအလုပ်မျိုး ဘယ်သူမှ  မလုပ်ချင်တာကပဲ မခင်ခင်ဝေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။

 

လက်ရှိ သူမအလုပ်က အသုဘအိမ်မှာ သန့်ရှင်းရေးလာလုပ်တာ။ အချိန်ပိုင်း တစ်နာရီခွဲ၊ နှစ်နာရီလောက်ကို ဘတ် ၅၀၀ ရတယ်။ တကယ်တော့ ဒီလိုအလုပ်မျိုး ဘယ်သူမှ  မလုပ်ချင်တာကပဲ မခင်ခင်ဝေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ ဒါပေမဲ့ ဘယ်သူကရော လုပ်ချင်မလဲ။ သူမအနေနဲ့ကတော့ လုပ်ချင် မလုပ်ချင် ရှည်ရှည်ဝေးဝေး စဉ်းစားမနေ။ ဒီနေ့အတွက် ဘတ် ၅၀၀ ရရင် ပြီးရော ။ မဲဆောက်မှာ သမာအာဇီဝအလုပ် ဘယ်အလုပ်မဆို သူမအတွက် အဆင်ပြေရင် နှစ်ခါပြန်မစဉ်းစားအား။ နှစ်ခါစဉ်းစားဖို့လည်း အခွင့်အရေး မရှိ။ ၃ နှစ်အရွယ် သမီးငယ်ကို အသိမိတ်ဆွေအိမ်မှာ ထားခဲ့ပြီး ရရာ နေ့စားအလုပ်တွေ လိုက်လုပ်ရတယ်။ မဲဆောက်မှာ ရဲကတ်လောက်သာရှိပြီး ကလေးငယ်နဲ့မို့ လခစား အလုပ်ဝင်လုပ်ဖို့က မလွယ်။ 

 

“ကျမ နေ့စားနဲ့ ဒီလိုအလုပ်တွေလည်း ရရင် လုပ်တယ်။ စားသောက်ဆိုင်မှာ ပန်ကန်ဆေး တာ၊ အထည်ဆိုင်မှာ အဝတ်ခေါက်တာ ဘာရရ သမာအာဇီဝအလုပ် အကုန်လုပ်တယ်”  သူမက ပြောတယ်။

 

 ပြည်တွင်းမှာ ၅၀၅ နဲ့ ထောင်ထဲမှာ ၁ နှစ်‌ကျော် ကုန်ဆုံးခဲ့စဉ်က ငယ်ရွယ်လွန်းတဲ့ သမီးငယ်လေးပါ နို့မပြတ်သေးတာကြောင့် ထောင်ထဲ အတူဖြတ်သန်းခဲ့ရတယ်။ ဒီအကြောင်းတွေ သူမ ပြန်မတွေးချင်။

 

မခင်ခင်ဝေ မဲဆောက်ကိုရောက်တာ တစ်နှစ်ကျော်ပြီ။ တကယ်တော့ သူမက မြန်မာပြည် နယ်မြို့တစ်နေရာက သူနာပြု စီဒီအမ်။ ပြည်တွင်းမှာ ၅၀၅ နဲ့ ထောင်ထဲမှာ ၁ နှစ်‌ကျော် ကုန်ဆုံးခဲ့စဉ်က ငယ်ရွယ်လွန်းတဲ့ သမီးငယ်လေးပါ နို့မပြတ်သေးတာကြောင့် ထောင်ထဲ အတူဖြတ်သန်းခဲ့ရတယ်။ ဒီအကြောင်းတွေ သူမ ပြန်မတွေးချင်။ ဒါပေမဲ့၊ လက်ရှိအချိန်ထိ သူမနားမှာ အမြဲရှိနေတဲ့ သမီးငယ်ကြောင့်ပဲ သူမအတွက် ဆက်လက်ရုန်းကန်ဖို့ ခွန်အားတွေ ဖြစ်ခဲ့တယ်။

 

မဲဆောက်မှာက တရားမဝင်နေထိုင်သူတွေအဖို့ အလုပ်အကိုင်ကောင်းတစ်ခုရဖို့ မလွယ်သလို နေထိုင်စားသောက်စရိတ်ကလည်း ကြီးတယ်။ မူလက သာမန်ရွှေ့ပြောင်း အလုပ်လုပ်သူတွေနဲ့ ကိုဗစ်ရောဂါကြောင့် ခြောက်ကပ်နေတဲ့ မဲဆောက်ဟာ မြန်မာဒုက္ခသည်တွေနဲ့ ပြန်လည်စည်ကားလာတယ်။ ကုန်စျေးနှုန်းကြီးမြင့်သလို အိမ်ငှားစရိတ်တွေကလည်း မထောင်းသာလှ။ နဂို အိပ်ခန်း၊ မီးဖိုခန်းနဲ့ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့ တန်းလျားအခန်းလေးတွေက ၁၅၀၀ လောက်ကနေ ၂၅၀၀ တက်လာတယ်။ အိပ်ခန်းမပါတဲ့ အခန်းကျဉ်းတွေက မူလ ၆၀၀ လောက်ကနေ ၁၅၀၀ တက်လာတယ်။ တော်လှန်ရေးလုပ်ရင်း မဲဆောက်စရောက်သူတွေအဖို့ သက်ဆိုင်ရာကူညီပေးတဲ့ အဖွဲ့ တွေမှာ safe house လျှောက်ပြီး နေထိုင်နိုင်ပေမယ့် ၃ လကနေ အများဆုံး ၆ လထိပဲ နေထိုင်ခွင့်ရှိတယ်။ ကိုယ့်ထက် ခက်ခဲနေသူတွေနဲ့ ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ထပ်ဦးစားပေးရတော့ အချိန်တန်ရင် ကိုယ့်ဘာသာ ရပ်တည်နေထိုင်နိုင်ဖို့ ကြိုးစားရတယ်။ 

 

လက်ရှိအချိန်ထိတော့ မဲဆောက်မှာ ဘာလုပ်လုပ် စျေးတက်မယ်ချည်း။ အိမ်လခတက်သလို မဲဆောက်မှာ ထမင်းနဲ့ သာမန်ဟင်းတစ်ပွဲကို တစ်နပ်စားရင် အနည်းဆုံး ၃၀ လောက် ကုန်ကျ။ 

 

မဲဆောက်မှာ မြို့ထဲလမ်းမတွေကို ကြည့်လိုက်ရင် အိမ်ကြီးအိမ်ကောင်းတွေ၊ လုံးချင်းအိမ်တွေနဲ့ သပ်ရပ်သန့်ရှင်းနေပေမယ့် လမ်းသွယ်တချို့နဲ့ လမ်းကြားအတော်များများမှာတော့ ကျပ်ညှပ်နေတဲ့ အခန်းကျဉ်းတန်းလျားလေး‌တွေက ရန်ကုန် တိုးချဲ့ကျူးကျော်ရပ်ကွက်တွေလို ပွစိရိုက်နေတယ်။ မြန်မာအများစုကတော့ အဲဒီနေရာတွေက စျေးသက်သာတော့ ကျောတစ်ခင်းစာရှိလည်း ရသလို ခြစ်ကုတ်နေကြရတယ်။ 

 

လက်ရှိအချိန်ထိတော့ မဲဆောက်မှာ ဘာလုပ်လုပ် စျေးတက်မယ်ချည်း။ အိမ်လခတက်သလို မဲဆောက်မှာ ထမင်းနဲ့ သာမန်ဟင်းတစ်ပွဲကို တစ်နပ်စားရင် အနည်းဆုံး ၃၀ လောက် ကုန်ကျ။ 

 

မဲဆောက်မှာ စျေးရောင်းအကူ၊ ကုန်ထမ်း၊ ငရုတ်သီးခြွေ၊ ပုစွန်ခေါင်းခြွေ၊ ဂေါ်ဖီခုတ်၊ သစ်ပင်ခုတ်၊ ပန်းရန်အလုပ်ကြမ်း၊ အိမ်ဖော် စတဲ့အောက်ခြေသိမ်းအလုပ်တွေမှာ မြန်မာတွေများတယ်။ တစ်ရက် လုပ်အားခ ၂၀၀ ဝန်းကျင်ရတယ်။ ဒါတောင် တချို့ကျောက်စီပန်းချီလုပ်ငန်းတွေမှာဆိုရင် မိုးလင်းမိုးချုပ် တစ်ရက်ကို ဘတ် ၁၃၀ ပဲ ရတယ်။ ဘတ် ၃၀ ရှိမှ ထမင်းတစ်နပ်ဝနိုင်မယ့် မြန်မာတွေအဖို့ တစ်ရက် ၁၃၀ ဆိုတာ မိသားစုမရှိဘဲ တစ်ယောက်တည်းသမားအဖို့တောင် အိမ်လခ၊ ရေဖိုးမီး ဖိုး၊ ဝိုင်ဖိုင်ဖိုးနဲ့ မလောက်ငှ။ ဒီကြားထဲ ကျန်းမာရေး၊ ကလေးပညာရေးနဲ့ တခြား ဗာရီရ အသုံးစရိတ်တွေ မပါ။ 

 

 မခင်ခင်ဝေတို့လို မိသားစုရှိသူတွေဆို အကြွေးပတ်လည် မဝိုင်းအောင်နဲ့ ထမင်းနပ်မှန်ဖို့ မနည်းရုန်းကန်ကြရတယ်။ မဲဆောက်မှာ ငွေတိုးချေးစားသူအချို့ကလည်း ခက်ခဲနေကြသူတွေကိုမှ အားမနာ။ ဘတ် ၁၀၀၀ ချေးယူရင် အတိုးက တလ ၂၀၀။ ၁၀၀၀၀ ယူမိရင် အတိုးက ၂၀၀၀။ ရာခိုင် နှုန်း ၂၀  အတိုး။ ယူချင်ယူ မယူချင်နေ ခပ်မာမာပဲ။ တချို့ဆို အတိုးပြန်ဆပ်နေရတာနဲ့ အရင်းကို တော်တော်နဲ့ ဆပ်ဖို့မလွယ်။ အကြွေးထဲ နွံနစ်နေကြသူတွေ ဒုနဲ့ဒေး။ 

 

မဲဆောက်မှာ ဘာကြောင့်မှန်း မသိ အလကားနေရင်း ဘားဆိုင်ထိုင် လေဖုတ်နေသူတွေ၊ သိန်းကျော်တန် ဆိုင်ကယ်တွေ၊ ကားတွေ တဝီဝီ မောင်းသူတွေက သပ်သပ်တစ်ဖွဲ့ရှိသလို အများစုကတော့ တော်လှန်ရေးမှာ အနည်းဆုံး ထောက်ပို့အဖြစ် တစ်တောင့်တစ်နေရာက နိုင်သလောက် ပါဝင်နိုင်ဖို့နဲ့ စားဝတ်နေရေး ပူပန်နေရသူတွေက များတယ်။ 

 

နဂိုက စီးပွားရေးအနည်းငယ် အဆင်ပြေသူပင် မဲဆောက်မှာ အလုပ်မရှိဘဲ ကြာကြာ ရပ်တည်လို့မရ။ ရရာအလုပ်တွေကို ကြံဖန်ဖျစ်ညှစ်လုပ်ကိုင်ရတယ်။ မဲဆောက်မှာ ဘာကြောင့်မှန်း မသိ အလကားနေရင်း ဘားဆိုင်ထိုင် လေဖုတ်နေသူတွေ၊ သိန်းကျော်တန် ဆိုင်ကယ်တွေ၊ ကားတွေ တဝီဝီ မောင်းသူတွေက သပ်သပ်တစ်ဖွဲ့ရှိသလို အများစုကတော့ တော်လှန်ရေးမှာ အနည်းဆုံး ထောက်ပို့အဖြစ် တစ်တောင့်တစ်နေရာက နိုင်သလောက် ပါဝင်နိုင်ဖို့နဲ့ စားဝတ်နေရေး ပူပန်နေရသူတွေက များတယ်။ ဒါကြောင့် မဲဆောက်မှာ အချင်းချင်း ကူညီနိုင်ဖို့ သိပ်မလွယ်။ ကိုယ့်အခြေအနေနဲ့ကိုယ် ကျပ်ခဲနေကြသူတွေ ခပ်များများ။

 

“ကျမ မိတ်ဆွေတစ်ယောက်ဆို နေ့ပိုင်းမှာ Migrant ကျောင်းမှာ စာသင်ပြီး ညနေပိုင်းဆို ရုပ်ဖျက်ပြီး ပလုံ (အမှိုက်) လိုက်ကောက်တယ်”

 

“ကျမ မိတ်ဆွေတစ်ယောက်ဆို နေ့ပိုင်းမှာ Migrant ကျောင်းမှာ စာသင်ပြီး ညနေပိုင်းဆို ရုပ်ဖျက်ပြီး ပလုံ (အမှိုက်) လိုက်ကောက်တယ်”လို့ စကစကို တော်လှန်ရင်း မဲဆောက် ရောက်လာတဲ့ ရှေ့နေတစ်ယောက်က ပြောတယ်။ 

 

တချို့စီဒီအမ်တွေက တလ ၃၀၀၀ ပဲရတဲ့ အိမ်ဖော်အလုပ်တွေ လုပ်ရပြီး  တချို့ကတော့ တရက် ၂၀၀ ပဲရတဲ့ စပါးရိတ်၊ ကြံခုတ်တာတွေ လုပ်ရတယ်။ ကိုယ်တိုင်အလုပ်ရှာဖို့ ခက်ခဲနေသူတွေဆို ကြားလူကို  စမတ်ကြေးပေးပြီး ချိတ်ခိုင်းရတယ်။ မဲဆောက်မှာ လောက်ငှဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြတ်သန်းကြတယ်။ ကံကောင်းသွားတယ်ဆိုတာ မရှိ။ တစ်ရက်အလုပ် မလုပ်ရင် တစ်ရက် ငတ်ရမယ့် အခြေအနေ။

 

 မဲဆောက်မှာ အလုပ်ရှာနေသူတွေ အွန်လိုင်းပေါ်မှာရော လမ်းမတွေပေါ်မှာပါ ခြေချင်း လိမ်နေကြတယ်။ “အလုပ်လိုချင်လို့ပါ၊ အလုပ်လိုချင်လို့ပါ” အသံတွေ ညံနေကြတယ်။

 

မြန်မာဒုက္ခသည် သိန်းချီရှိနေတဲ့ မဲဆောက်မှာ အလုပ်လိုအပ်ချက်က နည်းပြီး အလုပ်လုပ်မယ့် လူဦးရေက များနေတယ်။ ဒါကြောင့် နေဖို့အိမ်ငှားတာပဲဖြစ်ဖြစ် အလုပ်သမား အလိုရှိတယ်ဆိုတာပဲဖြစ်ဖြစ် ချက်ချင်း ဆုံးဖြတ်၊ ချက်ချင်းလျှောက်။ စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်တာနဲ့ နောက်လူက ဦးသွားတော့တာ။ မဲဆောက်မှာ အလုပ်ရှာနေသူတွေ အွန်လိုင်းပေါ်မှာရော လမ်းမတွေပေါ်မှာပါ ခြေချင်း လိမ်နေကြတယ်။ “အလုပ်လိုချင်လို့ပါ၊ အလုပ်လိုချင်လို့ပါ” အသံတွေ ညံနေကြတယ်။ ပိုက်ဆံတတ်နိုင်သူတွေက ငွေကို ငွေနဲ့လိုက်နိုင်ကြပေမယ့် တော်လှန်ရေးကြောင့်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေ အဖို့တော့ ငွေကို လုပ်အားနဲ့ သဲကြီးမဲကြီး လိုက်ဆယ်နေရတယ်။

 

အနေကြာ မြန်မာလူမျိုးတချို့နဲ့ အခြားဒေသခံအချို့ကတော့ “ပန်းရောင်ကတ် လုပ်လိုက်လေ၊ အဆင်ပြေသွားတာပေါ့” စကားကို လွယ်လွယ်ပြောကြတယ်။ တကယ်က ပန်းရောင်ကတ် လုပ်ဖို့ဆိုတာ မလွယ်။ ပန်းရောင်ကတ်နဲ့ work permit ဆိုတာ ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်။ ဒါတောင် မပြီးသေး CI စာအုပ်ဆိုတာ ထပ်လုပ်ရတယ်။

 

 “ပန်းရောင်ကတ်နဲ့ work permit လုပ်ရင် စလုပ်တာနဲ့ ဘတ် ၃၀၀၀ အရင် ပေးရ၊ လက်ဗွေ နှိပ်ပြီးပြီဆိုရင် ၉၀၀၀ ထပ်ပေးရတယ်။ ပြီးရင် CI စာအုပ်ထပ်လုပ်ရဦးမှာမို့ အဲဒီအတွက် ထပ်ကုန်ဦးမှာ၊ ကျနော်တောင် မနိုင်လို့ ချေးငှားပြီး လုပ်ရတာ” လို့ CDM လုပ်လာတဲ့ သူနာပြုအရာရှိတစ်ဦး က ပြောတယ်။

 

တစိမ်းနိုင်ငံမှာ တရားဝင် ကတ်တွေလုပ်ဖို့နေနေသာသာ နားလည်မှုနဲ့ နေထိုင်လို့ရတဲ့ ရဲကတ်အတွက် ဘတ် ၃၀၀ တောင် အများစုက နပ်မမှန်ချင်။ 

 

မဲဆောက်မှာ တရားဝင် ဘာကတ် ညာကတ်ရှိရင် အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခလစာ တရက် ဘတ် ၃၃၀ ကို အပြည့်အဝ ရနိုင်တယ်ဆိုပေမယ့် သူများနိုင်ငံမှာ ဘာသာစကားတတ်ကျွမ်းဖို့ကလည်း လိုသေးတယ်။  တစိမ်းနိုင်ငံမှာ တရားဝင် ကတ်တွေလုပ်ဖို့နေနေသာသာ နားလည်မှုနဲ့ နေထိုင်လို့ရတဲ့ ရဲကတ်အတွက် ဘတ် ၃၀၀ တောင် အများစုက နပ်မမှန်ချင်။ အဲတော့ အခြေခံ ရဲကတ်လောက်တောင် မရှိရင် လမ်းထွက်တဲ့အခါ ရဲဖမ်း။ ရဲဖမ်းရင် အနည်းဆုံး ဘတ် ၂၀၀၀ ကနေ အများဆုံး ဘတ် ၁၅၀၀၀ ဒဏ်ငွေဆောင်နိုင်ရင်ဆောင်၊ မဆောင်နိုင်ရင် အချုပ်ကျ။ ပြီးရင် မြန်မာပြည်ဘက်ခြမ်းကို အမှိုက်တွေလို အသွန်ခံရ။ အပယ်ခံဒုက္ခသည်တွေ။

 

ဒီဒုက္ခသည်တွေကို “မင်းတို့ နောင်တ မရဘူးလား”လို့ မေးကြည့်ရင် ဘာပြန်ပြောမယ်ထင်လဲ။

 

အချိန်တွေ တရွေ့‌ရွေ့ ကုန်ဆုံးနေတယ်။ နေ့စဉ်ဘဝထဲမှာတော့ မဲဆောက်ရဲ့ ဒုက္ခသည်တွေက ကားလမ်းမတွေပေါ် လမ်းကြိုလမ်းကြားတွေပေါ် ကားတွေလို တဂျီးဂျီး ဖြတ်သန်းသွားကြတယ်။ သူတို့ရဲ့ အသက်ရှူသံတွေက တော်လှန်ရေးနိုင်ပွဲဆီ မျက်နှာမူရင်း..။

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။