၁၉၈၈ ခုနှစ်၊ ဩဂုတ် ၂၆ ရက်။ မကျော်ကြားသေးတဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကနေ ထွက်ခွာ၊ ရွှေတိဂုံဘုရားအနောက်မုခ်မှာ သိန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောခြင်းနဲ့ မုန်တိုင်းထန်နေတဲ့ မြန်မာ့နိုင်ငံပင်လယ်ထဲ ဒေါ်အောင်ဆန်းစုကြည် စတင်ရွက်လွှင့်ခဲ့တယ်။
ခြံအမှတ် ၅၄ ကနေ စတင်ထွက်ခွာခဲ့တဲ့ ခြေလှမ်းတွေဟာ ကမ္ဘာကြီးကတောင် မှင်တက်ခဲ့ရတဲ့ ဒီမိုကရေစီမီးရှူး တန်ဆောင်ဖြစ်လာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဘယ်ထင်လိမ့်မလဲ။
အင်္ဂလန်မှာ သားနဲ့ယောကျာ်းနဲ့။ လူ့ဘဝဆိုတာ ဟန်းနီးမွန်းခရီးထွက်လာသလိုမျိုး လူ့သိက္ခာရှိရှိ၊ လူ လိုသူလို အဲဒီလို အနောက်နိုင်ငံကြီးတွေမှာ ကြီးပြင်းလာခဲ့တဲ့သူဟာ နှစ်များစွာကြာ မုန်တိုင်းမစဲတဲ့ မြန်မာ့နိုင်ငံရေး ဝဲဩဃ ထဲ ခဏတဖြုတ် စိတ်လှုပ်ရှားမိတာလို့ တချို့က ထင်ကြေးပေးခဲ့ဖူးတယ်။
ခြံအမှတ် ၅၄ ကနေ “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”လို့ ကြွေးကြော်ကာ စစ် အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။
ခြံအမှတ် ၅၄ မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တည်ထောင်ရေး စတင်နိဒါန်းဆင်ခဲ့ တယ်။ ခြံအမှတ် ၅၄ ကနေ “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”လို့ ကြွေးကြော်ကာ စစ် အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ အဲဒီခြံအမှတ် ၅၄ ကနေပဲ စစ်အုပ်စုအာဏာကို လူထုခွန်အားနဲ့ အကောင်း ဆုံးခြိမ်းခြောက်နိုင်ခဲ့လေတော့ ခြံအမှတ် ၅၄ မှာပဲ အကျယ်ချုပ်ဘဝ ၁၅ နှစ်တာကြာ၊ ခြံအမှတ် ၅၄ တံခါး ဖွင့်ချည် ပိတ်ချည်။ ၁၉၉၁ ခုနှစ်၊ ခြံအမှတ် ၅၄ မှာပဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိ။ နိုင်ငံတွင်းကနေ ထွက်ခွာမယ်ဆိုရင် အကျယ်ချုပ်အဖြစ်ကနေ လွတ်မြောက်ခွင့်ပေးမယ်လို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက် ခြံအမှတ် ၅၄ မှာပဲ ပယ်ချခဲ့တယ်။
အကျယ်ချုပ်ဘဝ ခြံအမှတ် ၅၄ ထဲမှာ စာဖတ်တယ်၊ စန္ဒရားတီးတယ်၊ ရေဒီယိုနားထောင်တယ်၊ တရားထိုင်တယ်။ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ အကျယ်ချုပ်ကာလ စစ်အစိုးရပေးတဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့မှုမှန်သမျှ ဘာမှမယူ။ ပိုက်ဆံမရှိတော့ ကိုယ်ပိုင်ပရိဘောဂ ရောင်းစားရတဲ့အထိ။ အကျယ်ချုပ်ကာလ စားစရာမလုံလောက်မှုများစွာ ကြံ့ကြံ့ခံ။ ခြံအမှတ် ၅၄ ဆိုတာ စစ်အာဏာရှင်ကို ဘယ်တော့မှ ဒူးမထောက်ဘူးဆိုတဲ့ အမှတ်အသား၊ ဒီမိုကရေစီအလံတော် တလူလူလွှင့်ထူခဲ့တဲ့နေရာ။ ခြံအမှတ် ၅၄ ထဲက သံမဏိနှင်းဆီကို ဘယ်လိုခြိမ်းခြောက်မှုမျိုးနဲ့မှ မတားဆီးနိုင်ခဲ့။ ခြံအမှတ် ၅၄ ကို လူထုအာဏာ လူထုပါဝါ (Power) ၅၄ လို့လည်း ကမ္ဗည်းထိုးခဲ့ကြတယ်။
နောက်ဆုံးတော့ ခြံအမှတ် ၅၄ ရှေ့က စစ်ယူနီဖောင်းတွေနဲ့ အတားအဆီးမှန်သမျှကို ဖယ်ရှား။ စစ်အုပ်စုဟာ သူတို့ သော့ခတ်ထားတဲ့ ခြံအမှတ် ၅၄ ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ခြွင်းချက်မရှိ ပြန်ဖွင့်ပေးလိုက်ရ၊ ပြည်သူတို့ရဲ့တောင်းဆိုချက်အတိုင်း စစ်ဗိုလ်ချုပ်တွေ လက်နက်ချခဲ့ရတယ်လို့ ဆိုရင်လည်း မမှား။
ခြံအမှတ် ၅၄ ကို အဆီးအတားမရှိ တံခါးတွေဖွင့်လိုက်ပြီးနောက်မှာ အမေရိကန်သမ္မတ အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် စတဲ့ ကမ္ဘာ့အဆင့် ခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေ ရောက်လာကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတယ်။
ခြံအမှတ် ၅၄ ကို ခြွင်းချက်မရှိ ပြန်ဖွင့်ပေးလိုက်ရပြီး မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သူရဲကောင်းတစ်ဦးပါလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုကာ လွတ်မြောက်မှုအပေါ် ကြိုဆို။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘက်တော်သားတွေအတွက် အလင်းရောင် ဖြစ်တယ်လို့ ပြောဆိုလိုက်တယ်။
ခြံအမှတ် ၅၄ ကို အဆီးအတားမရှိ တံခါးတွေဖွင့်လိုက်ပြီးနောက်မှာ အမေရိကန်သမ္မတ အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် စတဲ့ ကမ္ဘာ့အဆင့် ခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေ ရောက်လာကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတယ်။
ခြံအမှတ် ၅၄ ကနေ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်ခြေလှမ်းတွေဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့အာဏာပြည်သူ့ထံသို့ စစ်တစ်ပိုင်းဘောင်ထဲကနေ ရောက်ရှိကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်သို့ ပြည်သူတို့ တင်မြှောက်ခဲ့တယ်။
ခြံအမှတ် ၅၄ ထဲမှာပဲ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ ခြံအမှတ် ၅၄ ကနေပဲ ကော့မှူးမြို့နယ်သို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ခြံအမှတ် ၅၄ ကနေ ထွက်ခွာလို့ နေပြည်တော် စစ်တစ်ပိုင်းဒီမို ကရေစီလွှတ်တော်ထဲ လွှတ်တော်အမတ်တစ်ဦးအဖြစ် ရဲရဲဝံ့ဝံ့ဝင်ထိုင်။ ခြံအမှတ် ၅၄ ကနေ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်ခြေလှမ်းတွေဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့အာဏာ ပြည်သူ့ထံ သို့ စစ်တစ်ပိုင်းဘောင်ထဲကနေ ရောက်ရှိကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်သို့ ပြည်သူတို့ တင်မြှောက်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံအမှတ် ၅၄ ကနေ စတင်၊ ခြံအမှတ် ၅၄ မှာပဲ အထီးကျန်တိတ်ဆိတ် နိုင်ငံရေးလောကဓံမျိုးစုံကို ကြံ့ကြံ့ခံ၊ ခြံအမှတ် ၅၄ ကနေပဲ အောင်ပွဲခံခဲ့ပေမဲ့ ပေးဆပ်အနစ်နာခံခြင်းလို့ မမြင်၊ ပေးဆပ်ခြင်းရဲ့ အသီးအပွင့်တွေလို့လည်း မဆို။ ဒါတွေဟာ သူ့ရဲ့ရွေးချယ်မှုလို့ပဲ ခပ်အေးအေးရှုမြင်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာခရီးစဉ်တိုင်းမှာ ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ဦးအဖြစ် တခမ်းတနားကြိုဆိုမှုတွေကိုလည်း အံကြိတ်ခဲ့ကြရတယ်။
စစ်ဗိုလ်ချုပ်တွေအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နောင်ဘဝ ၁၀ ခါ ဉာဏ်ပညာ၊ ရိုးသားမှုနဲ့ ပြည်သူထောက်ခံမှု သူတို့ဘယ်လိုမှမယှဉ်ပြိုင်နိုင်တဲ့သူအဖြစ် တောက်ခတ်ကြရ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံတကာခရီးစဉ်တိုင်းမှာ ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ဦးအဖြစ် တခမ်းတနားကြိုဆိုမှုတွေကိုလည်း အံကြိတ်ခဲ့ကြရတယ်။
ဒေါ်အောင်ဆန်းစုကြည်လို့ ဖြစ်ချင်စိတ်ကြီးခဲ့သလို မနာလိုစိတ်လည်း ကြီးခဲ့တယ်။ “ဒေါ်အောင် ဆန်းစုကြည်က ဘာမို့လဲ၊ ငါလည်းပဲ သူ့လိုဖြစ်နိုင်တာပဲ”လို့ လက်ခမောင်းကြိတ်ခတ်၊ ကြိတ်ပြိုင်ကာ ဒေါ်အောင်ဆန်းစုကြည်လို လူထုထောက်ခံမှုမျိုး နောင်ဘဝအခါခါ မရနိုင်မှန်းလည်း သိရော ပုဂ္ဂိုလ်ရေးအမုန်းကြီးစွာနဲ့ အညှိုးကြီးရ၊ မင်းအောင်လှိုင်ဆိုတဲ့ သန်းရွှေခန့်စစ်ဗိုလ်ချုပ်က အဲဒီလို ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးမနာလိုစိတ်ကြီးတဲ့သူတွေထဲ ထိပ်ဆုံးက ပါတာပေါ့။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အောင်ပွဲခံလိုက်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတရာထူးပေးပါလို့ အရှက်မရှိ သွားတောင်းရ။ သမ္မတရာထူးမရမှာ သေချာသွားပြန်တော့ အရှက်မရှိ ခါးကြားထိုးထားတဲ့ ဗျောက်ကို ထုတ်ကာ အာဏာသိမ်းရ။
သန်းရွှေခန့်လို့ ကာချုပ်ဖြစ်လာတာအားမရ၊ သမ္မတရာထူးပါ ဆက်ရူးတာတော့ သူ့ရဲ့ဝဋ်နာကံနာ ပဲပေါ့။ သမ္မတရူး ရူးတော့လည်း ဘယ်တတ်နိုင်ပါ့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အောင်ပွဲခံလိုက်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတရာထူးပေးပါလို့ အရှက်မရှိ သွားတောင်းရ။ သမ္မတရာထူးမရမှာ သေချာသွားပြန်တော့ အရှက်မရှိ ခါးကြားထိုးထားတဲ့ ဗျောက်ကို ထုတ်ကာ အာဏာသိမ်းရ။ အရှက်မရှိတော့လည်း သူ ဘယ်လိုမှ မယှဉ်သာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ အပြီးတိုင် ဖယ်ရှားပစ်မယ်လို့ စိတ်ကူးယဉ်ပြန်ကာ မတရားပုဒ်မမျိုးစုံတပ် ထောင်သွင်းအကျဉ်းချ။
မင်းအောင်လှိုင်လက်အောက်ခံ တရားရုံးက ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ လောက်နဲ့ လေလံတင်ဖို့ အမိန့်ချလိုက်တာဟာ ဘယ်ထောင့်ကတွေးတွေး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်သိုက်ရဲ့ လက်ချက်လို့ပဲ အဖြေထွက်ပါမယ်။
နိုင်ငံရေးမနာစိတ်နဲ့ အညှိုးအတေးက သိပ်ကြီးလေတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရုံနဲ့ အားမရ၊ သမိုင်းဝင် ခြံအမှတ် ၅၄ ကိုပါ ဖျက်ဆီးဖို့ အခု ဆက်ကြိုးစားပြန်တယ်။ မင်းအောင်လှိုင်လက်အောက်ခံ တရားရုံးက ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ လောက်နဲ့ လေလံတင်ဖို့ အမိန့်ချလိုက်တာဟာ ဘယ်ထောင့်ကတွေးတွေး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်သိုက်ရဲ့ လက်ချက်လို့ပဲ အဖြေထွက်ပါမယ်။
နိုင်ငံရေးရော စစ်ရေးအရသာပါ အရှုံးကြီးရှုံးကာ ဟက်တက်ကွဲနေတဲ့ မင်းအောင်လှိုင်ဟာ နောက်မ ဆုတ်စတမ်း ရှုံးမဲမဲကာ ဒေါ်အောင်ဆန်းစုကြည်တင်မက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်သမျှ လူပုဂ္ဂိုလ်တွေတင်မက သမိုင်းဝင်မှုအကုန်ပါ ဖျောက်ဖျက်ပစ်ဖို့ စတင်လိုက်တဲ့ မိုက်ကန်းမှုလည်း ဖြစ်ပါတယ်။
လာမယ့်မတ် ၂၀ မှာ ခြံအမှတ် ၅၄ ကို လေလံတင် လူဆိုးလူညစ်တို့ရဲ့ သမိုင်းဝင်ဖျက်ဆီးခန်းကို စတင်မယ်လို့ စစ်အုပ်စုတရားရုံးက ဆိုပါတယ်။ အစဉ်အလာကြီးလှတဲ့ ခြံအမှတ် ၅၄ ဟာ ဘယ်လိုနည်းနဲ့ မြေလှန်ဖျက်ဆီးလည်း မပျက်မှာ အသေအချာပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။