Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရှေ့မှာ သေတွင်း (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..i။


မင်းရဲ့အနေအထားက လူမလေးခွေးမခန့်ဆိုတာမျိုးလို ဖြစ်ဆနပါလားကွ။ ဘယ့်နှယ် မင်းတို့မြှောက်စားလို့ မြှောက်ကားကြီးဖြစ်နေတဲ့ပေါက်ကတုံးက မင်းကို ဝန်ကြီးချုပ်ရာထူးသာရယူထားပြီး တပ်ချုပ်ရာထူးကိုတော့ စိုးဝင်းကိုလွှဲပြောင်းပေးစေဖို့ တောင်းဆိုနေပါကလားကွ။ စိုးဝင်းက မင်းထက် ပြည်သူအပေါ် ပိုမိုရက်စက်နိုင်လိမ့်မယ်လို့ ယူဆမိဟန်တူပါရဲ့ကွာ။ တကယ်တော့ မင်းတို့နှစ်ယောက်က အရင်းဖြတ်နဲ့ အဖျားဖြတ်သာ ကွာခြားတယ်၊ တဆက်တည်းဆိုတာ ပေါက်ကတုံးသိဟန်မတူဘူး။


အေးလကွာ၊ ပြည်သူကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေကို နှိပ်စက်ယုတ်မာနေတဲ့ မင်းတို့ရဲ့ဘောကိုထမ်းနေတဲ့ သင်္ကန်းဝတ်ပေါက်ကတုံးတို့က စားပြီးနားမလည်တဲ့ကောင်တွေလို့ ပြောရတော့မယ်။ ခွေးကတောင် ကျွေးသခင်ကို သိတတ်ကြပါရဲ့။ ပြောရရင်တော့ ပေါက်ကတုံးတို့ဟာ ခွေးလောက်မှ အသိတရားမရှိဘူးလို့ပဲ ဆိုရတော့မယ်။ ဒီမှာ၊ ခွေးပြောခွေးယုံဆိုတာလို မင်းကလည်း မင်းနဲ့အခန်းချင်းကပ်လျှက်ရှိတဲ့ စိုးဝင်းရဲ့ရုံးခန်းကို ပြောင်းခိုင်းလိုက်တယ်ဆိုကွ။ ပြီးတော့ စိုးဝင်းကို တိုက်ရိုက်တွေ့ဆုံခွင့်မပေးတော့ဘဲ ညိုစောကနေတဆင့် ဆက်သွယ်တော့တာတဲ့။ ဟုတ်ကဲ့လား။


ဒါပါပဲ။ လိပ်ပြာမလုံတဲ့သူအဖို့ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူးလေ။ နောက်ဆို မင်းအရိပ်မင်းတောင် ယုံမှာမဟုတ်တော့ဘူး။ ကာလဝိဘတ် နောက်ပိုးတက်ဆိုတာ အဲဒါကိုပြောတာ။

 

ပြည်သူ့ အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးခြင်းခံရတယ်။ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခြင်းခံရတယ်။ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတယ်။ ပြည်သူအားလုံး မနက်ဖြန်ပျောက်ဆုံးနေကြတယ်။


တကယ်ကျတော့လည်း မင်းက အရည်အချင်း ညံ့ဖျင်းလှသကွ။ ကျပ်ပြည့်ဖို့မဆိုထားဘိ၊ ကျပ်တစ်ဝက်ဖြစ်တဲ့ ငါးမူးတောင်မပြည့်ဘဲ ပြား ၃၀ လို့ ပြောရမယ့်ကောင်။ ဟုတ်တယ်လေကွာ။ မင်းခေါင်းဆောင်ပြီး လက်နက်ကိုင်အင်အားအားကိုးနဲ့ အာဏာသိမ်းခဲ့တာ သုံးနှစ်ပြည့်ပြီ။ ဘာအဖြစ်ရှိခဲ့လဲ ပြော။ ပြည်သူ့ အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးခြင်းခံရတယ်။ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခြင်းခံရတယ်။ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတယ်။ ပြည်သူအားလုံး မနက်ဖြန်ပျောက်ဆုံးနေကြတယ်။


ဒီမှာ မင်းကတော့ အနောက်အရပ်က နေထွက်၊ တောင်ထိပ်ကြာပေါက်ဆိုတာလို မဖြစ်နိုင်မှန်းသိလျှက် မဲစာရင်းမှန်ကန်တိကျဖို့ သန်ကောင်စာရင်းကောက်မယ်။ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ် ဆိုတာတွေကို ဇွတ်အတင်း ဆင်ကန်းတောတိုး ပြုလုပ်နေတော့တယ်။ မင်းရဲ့စိတ်တွေ ပုံမှန်မှ ဟုတ်ရဲ့လားမသိ။ သူ့အနေနဲ့ သူ့ရဲ့ထွက်ပေါက်ကို ရွေးကောက်ပွဲမှတပါး တခြားနည်းလမ်းမရှိတော့ဘူးလို့ သတ်မှတ်နားလည်ထာစဟန်တူပါရဲ့။ ဒါကြောင့်လည်း ရွေးကောက်ပွဲဟာ သူ့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ်ဆို​ပြီး ပြောနေတာပေါ့။ နိုင်ငံတဝှမ်းလုံး တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ခွင့်ရအောင် စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး မဟားဒရား ထိုးစစ်ဆင်နေတာပေါ့။

 

စစ်အာဏာရှင်တွေရဲ့သန္ဓေဆိုးအတိုင်း လက်နက်မဲ့ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပစ်သတ်ပြီး အကြောက်တရားနဲ့ လွှမ်းမိုးငြိမ်သက်သွားအောင် ကြိုးစားလာတယ်။

 

ဒါပေမဲ့ ဒင်းကို ပြည်သူတရပ်လုံးက လုံးဝ လက်မခံကြပါဘူး။ လက်မခံဆို တည်ငြိမ်တိုးတက်စပြုနေတဲ့နိုင်ငံကို သူ့ကိုယ်ကျိုးတစ်ခုအတွက် လက်နက်အားကိုးပြီး အာဏာသိမ်းလိုက်လို့ပါပဲ။ ပြီးတော့ စစ်အာဏာရှင်တွေရဲ့သန္ဓေဆိုးအတိုင်း လက်နက်မဲ့ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပစ်သတ်ပြီး အကြောက်တရားနဲ့ လွှမ်းမိုးငြိမ်သက်သွားအောင် ကြိုးစားလာတယ်။ ဒီမှာ ပွင့်လင်းလူ့အဖွဲ့အစည်းကို အချိန်တိုအတွင်း ဖြတ်သန်းလာခဲ့ကြတဲ့ ပြည်သူတွေဟာ မတရားမှုတွေကို ခေါင်းငုံ့မခံကြတော့ဘူး။ ဝန်ထမ်းတွေက CDM ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတယ်။


ဒင်းတို့ကလည်း ပြည်သူတွေရဲ့ နေအိမ်တွေထဲကို အတင်းအဓမ္မဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်လာကြတယ်။ မတရားမှုတွေကို ဒိလိုပဲ ခေါင်းငုံ့လည်စင်း ခံနေရတော့မှာလား။ ပြည်သူတွေမှာလည်း မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ဆိုတာ ရှိတယ်။ အဲဒီအခွင့်အရေးကတော့ လက်နက်အားကိုးနဲ့ အုပ်ချုပ်တဲ့သူကို လက်နက်နဲ့ပဲ တုံ့ပြန်တိုက်ခိုက်ဖို့ တွန်းပို့လိုက်တယ်။ လူငယ်အများစု PDFတွေ ဖြစ်လာကြတော့တယ်။ မောင်းပြန်ကို တူမီးနဲ့ ယှဥ်ပြိုင်ကြရတဲ့အနေအထားပါ.

 

မင်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြပြီး PDF တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းအဖြစ် လက်ခံသတ်မှတ်လာကြတယ်။

 

အဲဒီမှာ လူမဆန်တဲ့ မင်းတိူ့အာဏာရှင်တွေဟာ ပြည်သူတရပ်လုံးကို ရန်သူလိုသဘောထားပြီး ရွာတွေမီးရှို့၊ တွေ့တဲ့လူကို သတ်လာကြတယ်။ ဒီတော့ ပြည်သူတွေက PDF တွေကို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးလာကြတော့တယ်။ မင်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြပြီး PDF တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းအဖြစ် လက်ခံသတ်မှတ်လာကြတယ်။ မင်းတို့ကလည်း ပြည်သူတရပ်လုံးကိုရန်သူလိုသဘောထားလာကြတယ်။ ပြည်သူတွေကလည်း မင်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သဘောထားလိုက်ကြတော့တယ်။ အဲဒီကအစ မင်းတို့ရဲ့အာဏာသိမ်းမှုဟာ မအောင်မမြင်ဖြစ်ပြီး ကျရှုံးစပြုလာတော့တာပါပဲ။

 

ခုတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က PDF တွေနဲ့ ဘုံရည်မှန်းချက်တူညီမှုကိုအခြေခံပြီး ၁၀၂၇ စစ်ဆင်ရေးကြီးကို ဆင်နွှဲလာကြတော့တယ်။ လောက်ကိုင်မှာ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စစ်သည်အင်အားထောင်ချီပြီး လက်နက်ချအညံ့ခံလိုက်ခြင်းက မင်းတို့စစ်အာဏာရှင်တွေကို အချိုးအကွေ့တစ်ခုဆီ ရောက်ရှိအောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုကို ခယတောင်းဆိုပြီး အပစ်အခတ်ရပ်စဲရေး ရယူလိုက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ KIA နဲ့ AA တို့က အချိန်ကိုက် စစ်ဆင်ရေးတွေ တိုးမြှင့်လာကြတော့တယ်။

 

မင်းတို့က ဗိုလ်မှူးချုပ်ခြောက်ယောက်ကို သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်တွေ ချမှတ်နေချိန်မှာ KIA က မင်းတိူ့ရဲ့ ဗုံးကြဲတိုက်လေယာဥ်ကို ပစ်ချလိုက်နိုင်တယ်။ AA က ပလက်ဝနဲ့ ကုလားတန်မြစ်ကြောင်းကို ထိန်းချုပ်နိုင်လိုက်ကြတယ်။ ဆိုလိုချင်တာကတော့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းအတွင်းမှာ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်ဖြစ်နေချိန် စစ်အာဏာရှင်အမြစ်ပြတ်ရေးဆိုတဲ့ တော်လှန်ရေးကြီးကတော့ အရှိန်အဟုန်မပြတ် စီးဆင်းမြဲ စီးဆင်းလျှက်ပါပဲ။ ဒီမှာ မင်းအနေနဲ့ကတော့ တော်လှန်ရေးအရှိန်အဟုန်နည်းပါးတဲ့ ဧရာဝတီတိုင်း ပုသိမ်ထိသွားပြီး တပ်တွေကို မိသားစုစိတ်ရှိကြဖို့၊ ညီရင်းအစ်ကိုတွေလို စိတ်ဓာတ်ထားရှိကြဖို့ စည်းရုံးနေရရှာပေါ့။ ဒါကလည်း မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေသလိုပါပဲ။

 

ဆုံးရှုံးသွားတဲ့မြို့က ပြည်သူ့အိုးအိမ်အဆောက်အဦးတွေအပေါ် ဗုံးကြဲဖျက်ဆီးပြခြင်းအားဖြင့် အကြောက်တရားတွေ ရိုက်သွင်းပြနေတယ်မဟုတ်လား။ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်ပဲကွ။ 

 

ဒီမှာ၊ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..ရေ။ မင်းတို့လက်လွှတ်လိုက်ရတဲ့မြို့တွေကို ပြန်လည်သိမ်းယူဖို့နေနေသာသာ ကျန်ရှိနေတဲ့မြို့တွေ မကျရှုံးဖို့အတွက်တောင် ခေါင်းကိုက်နေကြရပြီမဟုတ်လား။ အဲဒီမှာလည်း ဆုံးရှုံးသွားတဲ့မြို့က ပြည်သူ့အိုးအိမ်အဆောက်အဦးတွေအပေါ် ဗုံးကြဲဖျက်ဆီးပြခြင်းအားဖြင့် အကြောက်တရားတွေ ရိုက်သွင်းပြနေတယ်မဟုတ်လား။ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်ပဲကွ။ မင်းတို့က ကြွက်မနိုင် ကျီမီးရှို့ဆိုတာလောက်ပဲ နားလည်ကြတဲ့သူတွေပါကွာ။ တကယ်တော့ အဲဒါတွေက စစ်ရာဇဝတ်မှုတွေပဲဟ။ မင်းအတွက် ဘယ်အနေအထားရောက်ရောက် ပြေးမလွတ်တဲ့ ပြစ်မှုတွေပဲပေါ့။

 

အခုလည်း မင်းတို့က ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြည်သူ့စစ်အဖြစ်ဆောင်ရွက်ဖို့ အတင်းအဓမ္မ ခိုင်းစေနေတယ်။ မင်းရဲ့ စခအသိုင်းအဝိုင်းကိုသာ မင်းတို့မီဒီယာက ထုတ်လွှင့်တဲ့ ရုပ်သံတွေကိုဲ ကြည့်ရှုရမယ်။ တခြားမီဒီယာကလွှင့်တဲ့သတင်းတွေကို မကြည့်ရဆိုပြီး ထိန်းချုပ်လို့ရမယ်ပေါ့။ ပြည်သူတွေကိုတော့ ထိန်းချုပ်လို့မရနိုင်ဘူး။ ဒီတော့ ပြည်သူတွေက သတင်းမှန်တွေကို ကြားသိနေကြတာပေါ့ကွာ။ ဗျူဟာကုန်းတွေ အသိမ်းခံရတာ၊ တပ်ရင်းလိုက် ခွေးသေ ဝက်သေ သေနေကြတာ၊ အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံနေကြတာ၊ လက်ရုံးတပ်တွေနဲ့ သင်တန်းသားတွေကို ရှေ့တန်းပို့နေတဲ့သတင်းတွေကို သိနေကြတယ်လေ။

 

သင်တန်းကာလ အပြည့်အဝ တက်ရောက်သူတွေတောင် မယှဥ်တုနိုင်ကြတဲ့ဥစ္စာ၊ ဖုတ်ပူမီးတိုက် ရ​က် ပိုင်းလောက်သာ သင်တန်းတက်ခဲ့ကြတဲ့သူတွေအဖို့ ဘယ်လိုရင်ဆိုင်နိုင်ကြမှာလဲ။ ကိုယ့်သေတွင်း ကူတူးသလိုပဲဆိုတာ ဦးနှောက်ရှိသူတိုင်း သိနိုင်ပါရဲ့။ ဒီတော့ အုပ်ချုပ်ရေးမှူးတွေကလည်း ရွာလူထု အမုန်းအပယ်မခံချင်ကြတော့ ထွက်စာတင်ကြ၊ မစုစည်းပေးပြန်တော့လည်း မင်းတို့က သတ်ဖြတ်။ လူငယ်တွေခမျာလည်း ထွက်ပြေးနေကြရ။ ဖက်ဆစ်အကြမ်းဖက်အဖွဲ့အစည်းဟာ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်မပေးတော့ဘဲ ဒင်းတို့ကိုယ်ကျိုးအတွက် အသုံးချပြီးရင်း ချနေပေါ့။

 

TNLA က စေတီကို ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးပစ်လိုက်တယ်။ MNDAA က စေတီကို တူနဲ့ထု ဖျက်ဆီးနေတယ်ဆိုပြီး အောက်လမ်းနည်းတွေအသုံးပြု ဘာသာရေးမှိုင်းတိုက်လာပြန်တယ်။

 

အဲဒီမှာ TNLA က စေတီကို ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးပစ်လိုက်တယ်။ MNDAA က စေတီကို တူနဲ့ထု ဖျက်ဆီးနေတယ်ဆိုပြီး အောက်လမ်းနည်းတွေအသုံးပြု ဘာသာရေးမှိုင်းတိုက်လာပြန်တယ်။ ပေါက်ကတုံးတို့လို သင်္ကန်းဝတ်တွေအဖို့တော့ ခွေးဘုရားပွဲတွေ့သလို ဖြစ်နေတော့တာပါပဲ။ ဒါပေမဲ့ တို့ပြည်သူတွေကတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေးဆိုတဲ့ ထင်ရှားဖြောင်းဖြူးနေပြီးသား လမ်းပေါ်က တစ်ဦးတစ်ယောက်မျှ ဖဲ့ဆင်းမသွားကြဘူး။ ဒီမှာ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..ရေ။ မင်းတို့ဘာသာ ဘယ်လိုယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်လုပ်၊ ဘယ်လို မတရားသဖြင့် သိမ်းသွင်းစည်းရုံး စည်းရုံး ထိရောက်မှုမရှိတော့သလို ပြည်သူတွေကလည်း နားမယောင်တော့ပါဘူး။

 

ဒီတော့ မင်းတို့စစ်အာဏာရှင်တသိုက်ဟာ ရူးရူးမိုက်မိုက်နဲ့ပဲ မပြန်လမ်းကို ဆက်လက် လျှောက်လှမ်းနေကြပေရော့။ အေး ရှေ့မှာတော့ သေတွင်းဆိုတာ သတိပေးလိုက်ပါရဲ့ကွာ။

 

နွေဦးတော်လှန်ရေး မုချအောင်တော့မယ်။ 

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။