ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ရေ။
တကယ်တော့ မင်းက သောနုတ္ထိုရ်မုဆိုးလိုကောင်ပါကွာ။ အာဏာငန်းဖမ်းပြီးသကာလ ပြည်သူတွေကိုသတ်ပြီးခါမှ ဘုရားဒါယကာ၊ ဘာသာရေးကိုထိရင် ဆတ်ဆတ်ခါနာသူအဖြစ် သရုပ်ဆောင်ချင်တဲ့သူမဟုတ်လား။ ဒါပေမဲ့ တို့ပြည်သူတွေက သောနုတ္ထိုရ်မုဆိုး သင်္ကန်းလွှမ်းခြုံ ဟန်ဆောင်လိုက်သလို မင်းကလည်း ဘာသာရေးကလိန်ခြုံလိုက်တယ်ဆိုတာ သိထားပြီးသားပါကွာ။ ကိုယ်ကျိုးကြည့် သင်္ကန်းဝတ်တသိုက်နဲ့ ဘောမနေကြတဲ့ လူတစ်စုကတော့ မင်းကို ရှေးအစဥ်အဆက်ပြည့်ရှင်မင်းများလို သာသနာကိုစောင့်ရှောက်တဲ့ သာသနာပြုမင်းကြီးလို့ ချီးမွမ်းမြှောက်ပင့်ကြပေမယ်ပေါ့လေ။ ခြေသလုံးမြင်တာနဲ့ ငထွားကြီးဆိုတာသိနေကြတဲ့ တို့ပြည်သူတွေကိုတော့ ဘာသာရေးဗန်းပြပြီး စည်းရုံးဖို့ ကြိုးစားမနေနဲ့တော့ကွာ။ အချည်းနှီးပါပဲ။
မင်းတို့က MNDAA ဟာ စေတီတစ်ဆူကိုဖျက်ပြီး သာသနာကို ဖျက်ဆီးနေပါပြီလို့ ဘာသာရေးနဲ့ မှိုင်းတိုက်လာကြတယ်လေ။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်လို့ရနိုင်ရိုးလား။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မင်းတို့တတွေ နာလန်မထူအောင်ထိ မရှုမလှ ရှုံးနိမ့်ကျဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။ တစ်နိုင်ငံလုံး လက်နက်ကိုင်တော်လှန်နေကြတဲ့ဖြစ်စဥ်မှာ မင်းတို့က MNDAA နဲ့ TNLA တို့ကိုမှကွက်ပြီး အပစ်အခတ်ရပ်စဲကြရတယ်ဆိုတော့ မင်းတို့ရဲ့ ကိုယ်တုံးလုံးဖြစ်နေတဲ့သရုပ်ကို မီးရောင်အောက် ဆွဲထုတ်ပြလိုက်သလိုဖြစ်သွားပြီ မဟုတ်ပါလား။ အဲဒီမှာ မင်းတို့က MNDAA ဟာ စေတီတစ်ဆူကိုဖျက်ပြီး သာသနာကို ဖျက်ဆီးနေပါပြီလို့ ဘာသာရေးနဲ့ မှိုင်းတိုက်လာကြတယ်လေ။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်လို့ရနိုင်ရိုးလား။
မင်းတို့က မဆင်မခြင် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ထု၊ လေကြောင်းနဲ့ဗုံးကြဲလို့ စေတီတွေပျက်စီးတာ၊ ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးတာ၊ ဘုန်းတော်ကြီးတွေ ပျံလွန်တော်မူကြတာကရော ဘယ်လိုပြောကြမလဲ။ မတော်တဆဖြစ်သွားတာလို့ ဆိုကြမလား။ MNDAA ကမှ သူ့လုပ်ရပ်ကို ကြေညာချက်ထုတ် ဝန်ချစကားဆိုသေးရဲ့။ မင်းတို့က ကြေညာချက် တလေတစ်စောင်တောင် ထုတ်ခဲ့ဖူးရဲ့လား။ အကြမ်းဖက်အဖွဲ့အစည်း၊ ပီပြင်တဲ့အကြမ်းဖက်လုပ်ရပ်တွေ။
ဗိုလ်မှူးချုပ်တွေ သေတာ၊ အဖမ်းခံရတာ၊ လက်နက်ချတာတွေကလည်း သတင်းမဟုတ်တော့ပါဘူး။ ဖြစ်ရိုးဖြစ်စဥ်အရာတွေ။ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးတွေ အဖြုတ်ခံရတာ၊ ထောင်ချခံရတာကလည်း သတင်းမဟုတ်တော့သယောင်။ လက်နက်ချကြတာ၊ အလင်းဝင်ကြတာ၊ လက်နက်တွေဆုံးရှုံးတာကလည်း နေ့စဥ်လိုကြားနေရတယ်။
ခုဆို ပလက်ဝမြို့နယ်လည်း အကြမ်းဖက်အဖွဲ့အစည်း ကင်းစင်နယ်မြေဖြစ်သွားပြီ။ မြို့တွေ အသိမ်းပိုက်ခံရတာက သတင်းမဟုတ်သလိုတောင်ဖြစ်နေပြီ။ ဒါ့ပြင် ဗိုလ်မှူးချုပ်တွေ သေတာ၊ အဖမ်းခံရတာ၊ လက်နက်ချတာတွေကလည်း သတင်းမဟုတ်တော့ပါဘူး။ ဖြစ်ရိုးဖြစ်စဥ်အရာတွေ။ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးတွေ အဖြုတ်ခံရတာ၊ ထောင်ချခံရတာကလည်း သတင်းမဟုတ်တော့သယောင်။ လက်နက်ချကြတာ၊ အလင်းဝင်ကြတာ၊ လက်နက်တွေဆုံးရှုံးတာကလည်း နေ့စဥ်လိုကြားနေရတယ်။ ပြောရရင်တော့ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ရေ။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းဟာ ဖရိုဖရဲ ပျက်စီးနေပါပြီကွာ။
ဒီမှာ။ မင်းက ပြည်သူ့စစ်တွေဖွဲ့စည်းပြီး ကျားကန်ဖို့ ကြိုးစားနေသေးတယ်။ ပြည်သူတွေကို အဆုံးစွန်ထိ အနိုင်ကျင့် ရက်စက်ဦးမယ့်သဘောပါပဲ။ အဲဒါတွေက မင်းတို့ကို အထောက်အကူမဖြစ်စေရုံမက မင်းတို့အတွက်တော့ တဲဘေးမခိုင်တခိုင် ဆင်တိုးလို့ယိုင်ဖြစ်စေတယ်ဆိုတာ သဘောပေါက်။ ဘယ်ကွာ။ ပြည်သူတွေအပေါ် မေတ္တာတစ်စက်ကလေးတောင်မရှိကြတဲ့ မင်းတို့စစ်အာဏာရှင်တွေက ပြည်သူ့ဆီက မေတ္တာရရှိဖို့ မျှော်လင့်နေကြတာတော့ အံ့လွန်းပါရဲ့။
အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းကို AA စစ်ကိုင်း PDF နဲ့ CDF တို့က ထိန်းချုပ်ထားလိုက်နိုင်ပြီ။ မင်းတို့ကို စစ်ရေးသာမက စီးပွားရေးကိုပါ ရိုက်ချိုးလိုက်တယ်ဆိုတာ သဘောပေါက်ပါရဲ့လား။
ကိုင်း တရုတ်ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားလိုက်ပြီ။ ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း KNU က ဟန့်တားထားလိုက်ပြီ။ အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းကို AA စစ်ကိုင်း PDF နဲ့ CDF တို့က ထိန်းချုပ်ထားလိုက်နိုင်ပြီ။ မင်းတို့ကို စစ်ရေးသာမက စီးပွားရေးကိုပါ ရိုက်ချိုးလိုက်တယ်ဆိုတာ သဘောပေါက်ပါရဲ့လား။ ပြီးတော့ ဘရူနိုင်းနိုင်ငံက နိုင်ငံရေးမဟုတ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတောင်မှ မင်းကို မဖိတ်ကြားဘဲ လူလိုသူလို မဆက်ဆံတာကိုရော သဘောပေါက်ရဲ့မဟုတ်လား။
အဲဒီလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေကို တိုးတက်အောင်စွမ်းဆောင်ဖို့နေနေသာသာ ရှိရင်းစွဲတောင် မထိန်းချုပ်နိုင်ဘဲ ဟိုးအောက်ဆုံးထိ ကျဆင်းသွားစေတဲ့ မင်းလိုကောင်က အာဏာကို လက်မလွှတ်တာဟာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက်မဟုတ်ဘဲ မင်းရဲ့အတ္တအကျိုးအတွက်ဆိုတာ ထင်ရှားစေတာပေါ့ကွာ။ ဒီမှာ။ မင်းက ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ဖို့ အောက်တိုဘာမှာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ အရှက်မရှိ ပြောဆိုနေသေးရဲ့။ အေးကွာ။ မင်းရဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ဖေဖော်ဝါရီလ ၃၀ ရက်မှာ ပြည့်မြောက်ပါလိမ့်မယ်လို့ ပြောရုံ ရှိတော့တာပ။
ပြည်သူတွေက အနာဂတ်နိုင်ငံ တိုးတက်ထွန်းတောက်ဖို့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းတော်လှန်ရေးကြီး အားသွန်ခွန်စိုက်ကြိုးစားနေကြချိန်မှာ အာဏာငန်းဖမ်းနေကြတဲ့ ပါတီတွေကတမှောင့်။ ရွေးကောက်ပွဲပြုလုပ်လို့ရရှိနိုင်လောက်တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲကို ကွက်ကြားပြုလုပ်သွားဖို့ တောင်းဆိုကြတယ်ဆိုပါလား။ အဲဒီလို လူလိုနားမလည်ကြတဲ့သူတွေက သူတို့ကိုယ်သူတို့ အသက်တစ်ချောင်း ပိုပြီးပါနေတယ်လို့ ထင်မှတ်နေကြလေရော့သလား မပြောတတ်ဘူး။ ဒင်းတို့က အကြမ်းဖက်ခေါင်းဆောင် မကြာမကြာပြောကြားလေ့ရှိတဲ့ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကို နိုင်ငံရေးနဲ့သာ ဖြေရှင်းသင့်တယ်ဆိုတဲ့စကားကို ဖိအားပေးကြတာတော့ ဟုတ်ဟန်မတူပါဘူး။ အာဏာငန်းဖမ်းတဲ့ရောဂါ စွဲကပ်ဟန် တူပါရဲ့။
ကွက်ကြားကိုယ်စားလှယ်တွေ ဖြစ်လာကြပါပြီတဲ့။ လွှတ်တော်မခေါ်နိုင်၊ အစိုးရမဖွဲ့နိုင်နဲ့ ကန်တော့ပါရဲ့၊ သေးမကော်လောက်၊ ချေးမကော်လောက်နဲ့ နတ်အိုးကွဲကိုယ်စားလှယ်ကြီးတွေ ဖြစ်နေတော့မပေါ့။
ကဲ ခက်ဗျားတို့ပြောသလို ကွက်ကြားရွေးကောက်ပွဲ ပြုလုပ်ပါပြီတဲ့။ ကွက်ကြားကိုယ်စားလှယ်တွေ ဖြစ်လာကြပါပြီတဲ့။ လွှတ်တော်မခေါ်နိုင်၊ အစိုးရမဖွဲ့နိုင်နဲ့ ကန်တော့ပါရဲ့၊ သေးမကော်လောက်၊ ချေးမကော်လောက်နဲ့ နတ်အိုးကွဲကိုယ်စားလှယ်ကြီးတွေ ဖြစ်နေတော့မပေါ့။ ပြီးတော့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းကပြုလုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ကိုယ်စားလှယ်တွေမို့လည်း ပြည်သူတွေက အသိအမှတ်ပြုကြလိမ့်မယ် မဟုတ်ပေဘူး။ အဲဒီအချက်ကို မင်းတို့ကိုယ်စားလှယ် သိပ်လုပ်ချင်တဲ့အကောင်တွေ နားလည်သိမှတ်ကြဖို့ကောင်းတယ်။
ဒီတော့ ဖြစ်မလာနိုင်တဲ့၊ ဖြစ်လာလည်း ဘာမှမဟုတ်တဲ့ အရေမရ အဖတ်မရကိုယ်စားလှယ်ကို ဘာလို့များ မျှော်လင့် မက်မောနေကြပါလိမ့်။ အေးလေ၊ အာဏာငန်းဖမ်းတဲ့ရောဂါကလည်း ကုရာနတ္ထိဆေးမရှိ ရောဂါအမျိုးအစားပါပဲ။ ဒီမှာ ခင်ဗျားတို့အနေနဲ့ လူတောသူတောမှာ လူလိုသူလိုနေထိုင်ချင်ကြတဲ့သူတွေဆိုရင်တော့ ပြည်သူတွေကို မှန်ကန်တဲ့လမ်းကြောင်း တစ်ခုတည်းအပေါ် ညီညီညွတ်ညွတ်နဲ့ လျှောက်လှမ်းကြဖို့ တွန်းအားပေးစည်းရုံးသင့်ကြသဗျ။
အစဥ်အဆက်အာဏာရှင်တွေ လွှမ်းမိုးအုပ်ချုပ်ခဲ့မှုတွေကြောင့် နိုင်ငံမဖွံ့ဖြိုး မတိုးတက်တဲ့အကြောင်း၊ အခုလို နိုင်ငံမတည်မငြိမ်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဘဝတွေအသက်တွေ ပေးဆပ်နေရတာဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တဲ့အကြောင်း။ ဒါကြောင့် ကိုယ့်နိုင်ငံကို အမှန်တကယ်ချစ်မြတ်နိုးပြီး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေလိုလှရင်ဖြင့် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကြီးကို ကြည့်ရှုနေသူပရိသတ်တစ်ယောက်မဟုတ်ဘဲ ကိုယ်စွမ်းဆောင်နိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင်သင့်ကြတဲ့အကြောင်း ပြောဆိုစည်းရုံး တိုက်တွန်းသင့်ကြပေသပေါ့ဗျာ။ ပြည်သူအားလုံးပါဝင်လာကြရင်တော့ တော်လှန်ရေးကြီး မြန်မြန်ဆန်ဆန် အောင်မြင်တာပေါ့။
ခင်ဗျားတို့ကလည်း အကြမ်းဖက်ခေါင်းဆောင်လို နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြသတဲ့လား။ ပြောစရာဖြစ်နေတာက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ဖြေရှင်းလိုက်တာ ဘယ်သူတွေလဲ။
အဲဒီမှာ တော်လှန်ရေးကြီးပြီးဆုံးလို့ အခြေခံဥပဒေသစ်နဲ့ ရွေးကောက်ပွဲလုပ်တဲ့အခါ ခင်ဗျားဟာ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာနိုင်တာပေါ့။ ခုတော့ ခင်ဗျားတို့ကလည်း အကြမ်းဖက်ခေါင်းဆောင်လို နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြသတဲ့လား။ ပြောစရာဖြစ်နေတာက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ဖြေရှင်းလိုက်တာ ဘယ်သူတွေလဲ။ စစ်အာဏာရှင်တွေပဲ မဟုတ်ပါလား။ နိုင်ငံတကာက နိုင်ငံရေးအရဖြေရှင်းဖို့ တင်ပြလာတာကို လက်မခံတာလည်း စစ်အာဏာရှင်တွေပဲ မဟုတ်ပါလား။
အခု ပြည်သူတွေရဲ့ တော်လှန်ရေးအရှိန်အဟုန်ကို ယှဥ်တုဖို့ မဖြစ်နိုင်တဲ့အနေအထားရောက်မှ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းသင့်တယ်ဆိုပြီး လက်နက်ကြီးနဲ့ထု၊ လေကြောင်းနဲ့ဗုံးကြဲပြီး ပြောကြားလာနေတယ်။ ဘယ်လို ယုံကြည်ရပါ့မလဲ။ အမှန်တကယ်ဖြေရှင်းချင်ရင်တော့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးသင့်တယ်။ နိုင်ငံတကာကိုသက်သေထားပြီး စားပွဲဝိုင်း ထိုင်သင့်ကြတယ်။ ခုတော့ နိုင်ငံရေးသမားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံသဘောထားနေတယ်။ နိုင်ငံတကာက တိုက်တွန်းအကြံပေးမှုတွေကိုလည်း စွက်ဖက်မှုတွေဆိုပြီး ပယ်ချနေတော့တယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ တစ်ဖက်ပိတ်သမားတွေပါ။
ဒီတော့လည်း ပြည်သူတွေအနေနဲ့ မလွှဲသာမရှောင်သာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ကြရတော့တယ်။ နှုတ်နဲ့ပြောလို့မရတဲ့သူတွေကို တုတ်နဲ့ရိုက်ပြီး ဆုံးမရတော့တာပေါ့။ ကြိမ်နဲ့ ကျောတစ်ရာ ရင်တစ်ရာခတ်ပြီး မြိုင်ရပ်လောက်တော့ နှင်ရပေလိမ့်မယ်။
နွေဦးတော်လှန်ရေး မုချအောင်တော့မယ်။
~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။