Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒူးမထောက် ဆက်ချီ အောင်မြေဆီ (OPINION)

ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်၊ ဆိုင်ကယ်ဝယ်ရောင်းလုပ်မယ်တဲ့။ ၂၀၂၂ ခုနှစ်အထိ ကိုသားလေးက သူ့ အိပ်မက်သူ အပြင်းအထန်ယုံကြည်ခဲ့တယ်။ အသက် ၁၈ နှစ်အရွယ်မှာ သန်လျင်မြို့ပေါ်က ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင်ဆီ ပညာသင်အဖြစ် ရောက်ရှိ။ အောက်ခြေသိမ်းအလုပ်အကုန် သိမ်းကျုံးလုပ်ရင်းနဲ့ ၃ နှစ်လောက် အကြာမှာ ဆိုင်ကယ်တစ်စီးလုံး ဖြုတ်နိုင် ဆင်နိုင် ကျွမ်းကျင်ပြီဆိုတဲ့အဆင့်။ သူတို့သူဌေးက ဆိုင်ကယ်ပြင်ဆိုင်လည်း ဖွင့်လှစ်ထားတာကြောင့် ဆိုင်ကယ်ပြင်ဆိုင်မှာ နေ့တစ်ပိုင်း သွားလုပ်၊ ဆရာ့ဆရာတွေဆီက ပညာယူ။

 

၂၀၂၀ ပြည့်နှစ်ရောက်တော့ သူ့ကိုယ်သူ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်နိုင်တဲ့အဆင့် ကျွမ်းကျင်ပြီလို့ ယုံကြည်တယ်။ ဆိုင်ကယ်ပြင်ဆိုင်ဆိုတာက ကျွမ်းကျင်တိုင်းလည်း ဖွင့်လို့ရတာမျိုး ဘယ်ဟုတ်မလဲ။ ကိုယ့်ရွာက ကိုယ့်အိမ်ရှေ့ဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့ သစ်ရိပ်ကောင်းကောင်းရှိတာမို့ ဆိုင်ဆောက်စရာမလိုဘဲ ဖွင့်လို့ရပေမဲ့ ဆိုင်ကယ်ပြင်ဖို့ရာ လိုအပ်တဲ့ပစ္စည်းတွေက မနည်းလှ။ အဲဒီပစ္စည်းတွေဝယ်ဖို့ သူစုဆောင်းထားတဲ့ငွေတွေက ကိုဗစ်ကာလ ဖုတ်လိုက်ဖုတ်လိုက်ဘဝမှာ ပြောင်လုနီး။

 

နောက် ၂ နှစ်လောက် ဆိုင်ကယ်အရောင်းဆိုင်မှာ ဆက်လုပ်ပြီး ငွေစုမယ်။ ၂၀၂၃ ဒါမှမဟုတ် ၂၀၂၄ ခုနှစ်လောက်ရောက်ရင် ရွာပြန်ပြီး ဆိုင်ကယ်ပြင်ဆိုင် ဖွင့်နိုင်အောင် ကြိုးစားမယ်တဲ့။ သူ ဆက်မက်တဲ့အိပ် မက်က အဲဒီလို။

 

တတိယလှိုင်းကိုဗစ်မှာ သူက လူငယ်မို့ ကိုဗစ်ဖြစ်ပြီး မသေခဲ့ပေမဲ့ အငတ်ငတ်အပြတ်ပြတ်နဲ့ ယဲ့ယဲ့လေး။ ရွာမှာ တတိယလှိုင်း တောက်လျှောက် အလုပ်အကိုင်မရှိ၊ စုဆောင်းထားသမျှ နည်းနည်းချင်းဖြည်စား နေရတာ သူမှမဟုတ်၊ သူတို့ တစ်ရွာလုံးမက တစ်နိုင်ငံလုံးအနှံ့။

 

၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန် သူ့စိတ်ထဲ ထင့်သွားပေမဲ့ အခုလောက်အခြေအ နေဆိုးသွားမယ်လို့ သူ မတွက်ခဲ့တာ အမှန်ပါပဲ။ တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေဖြစ်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ကယ်ဈေးကွက်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာမယ်လို့ သူ ဘယ်ထင်ပါ့မလဲ။

 

တတိယလှိုင်းကိုဗစ်မှာ သူက လူငယ်မို့ ကိုဗစ်ဖြစ်ပြီး မသေခဲ့ပေမဲ့ အငတ်ငတ်အပြတ်ပြတ်နဲ့ ယဲ့ယဲ့လေး။ ရွာမှာ တတိယလှိုင်း တောက်လျှောက် အလုပ်အကိုင်မရှိ၊ စုဆောင်းထားသမျှ နည်းနည်းချင်းဖြည်စား နေရတာ သူမှမဟုတ်၊ သူတို့ တစ်ရွာလုံးမက တစ်နိုင်ငံလုံးအနှံ့။

 

ကိုဗစ်ပြီးလို့ အလုပ်အကိုင်တွေ ပြန်ပွင့်တော့ သန်လျင်ဆိုင်ကယ်ဆိုင်သူဌေးက သူ့ကို ပြန်ခေါ်လို့ အ လုပ်ပြန်ရတယ်။ ဒါတောင် သူ့လုပ်ဖော်ကိုင်ဘက်တွေ တစ်ဝက်ကျော်ကျော်က အလုပ်ပြန်မရ။ သူဌေးကလည်း အခုမှ အလုပ်ပြန်စရမှာဆိုတော့ တကယ့်ကို အသုံးဝင်မယ့် လူဟောင်းထဲက တစ်ဝက်လောက်ပဲ ပြန်ခေါ်နိုင်တာမို့ ဘယ်တတ်နိုင်ပါ့မလဲ။

 

အလုပ်ပြန်မရတဲ့ သူ့သူငယ်ချင်းတွေက သူတို့ရွာမှာပဲ ဆိုင်ကယ်လေး မိုဘိုင်းပြင်စားရင်း ဆိုင်ကယ်အ စုတ်တစ်စီးနဲ့ ဆိုင်ကယ်ကယ်ရီဆွဲစားကြ။ သူတို့ဆိုင်ကယ်အရောင်းဆိုင်ကလည်း ဆိုင်ကယ်အဝယ် သိပ်ပါးနေတာမို့ အခြေအနေမကောင်းလို့ အလုပ်ပြုတ်ရင် သူလည်း အဲဒီလို လုပ်ရမှာပဲလို့တွေးကာ ရတဲ့လစာ အပွန်းမခံ မသုံးရက် မစွဲရက်  ခြစ်ခြစ်ကုပ်ကုပ် ။

 

 “ကျနော်တို့ သန်လျင်ဆိုင်ကယ်ဆိုင်တွေက ခရမ်း၊ သုံးခွ၊ ကျောက်တန်းနဲ့ သန်လျင်ဈေးကွက်ကိုပဲ အဓိကရောင်းနေရတာ။ ဒီ ၄ မြို့နယ်က ရွာတွေက သိပ်များတယ်။ ရွာတိုင်းလည်း ဆိုင်ကယ်ပဲ စီးကြတာဆိုတော့ ဆိုင်ကယ်ဈေးကွက်က အကြီးကြီး။ ဒါပေမဲ့၊ ခရမ်းကို ဆိုင်ကယ်စီးခွင့် စပိတ်လိုက်တော့ အဲဒီမှာ အကုန် ပြာခါသွားတော့တယ်”

 

တကယ့်တကယ်ရင်ဆိုင်ရတဲ့အခါကျတော့ သူမျှော်လင့်ထားတာထက် ဆိုးဆိုးရွားရွား များစွာ။ ပထမ၊ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ခရမ်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် လုံးဝပိတ်လိုက်တော့ သူတို့ သန်လျင်မြို့ပေါ်က ဆိုင်ကယ်အသစ်အရောင်းဆိုင်တွေ ဝယ်လိုအား လျော့ကျသွားတော့တယ်။

 

 “ကျနော်တို့ သန်လျင်ဆိုင်ကယ်ဆိုင်တွေက ခရမ်း၊ သုံးခွ၊ ကျောက်တန်းနဲ့ သန်လျင်ဈေးကွက်ကိုပဲ အဓိကရောင်းနေရတာ။ ဒီ ၄ မြို့နယ်က ရွာတွေက သိပ်များတယ်။ ရွာတိုင်းလည်း ဆိုင်ကယ်ပဲ စီးကြတာဆိုတော့ ဆိုင်ကယ်ဈေးကွက်က အကြီးကြီး။ ဒါပေမဲ့၊ ခရမ်းကို ဆိုင်ကယ်စီးခွင့် စပိတ်လိုက်တော့ အဲဒီမှာ အကုန် ပြာခါသွားတော့တယ်”လို့ ကိုသားလေးက ပြောပြတယ်။

 

စစ်သားတွေ သွေးပင်လယ်ဝေ၊ လူနာတင်ယာဉ်တွေ တဝီဝီနဲ့။ နောက်ဆုံးတော့ ဘယ်လိုမှ မဟန်တော့တဲ့ စစ်တပ်က ခရမ်းတစ်မြို့နယ်လုံး ဆိုင်ကယ်စီးခွင့် ပိတ်လိုက်ကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်မှာ ကြေညာကာ ယုတ်မာရတော့တယ်။

 

ခရမ်းဆိုတာက ရန်ကုန်တောင်ပိုင်းခရိုင်ထဲက တိုက်ပွဲဝင် PDF တွေ အားကောင်းတဲ့နယ်မြေ။ ရန်ကုန် စည်ပင်နယ်နိမိတ်ပြင်ပ ရန်ကုန်တိုင်းထဲက မြို့နယ်တွေထဲ အလံမလဲ ဒေါင်ဒေါင်မြည်တိုက်ပွဲဝင်နေတဲ့ ခရမ်း PDF တပ်ဖွဲ့က ခရမ်းအခြေစိုက် စစ်တပ်ကို ကြောက်ဒူးတုန်စေခဲ့တဲ့အထိ။ ခရမ်းမြို့ပေါ်က မြို့နယ်အုပ်ချုပ်ရေး ရုံး၊ မြို့မရဲစခန်း၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ ခရမ်း PDF ရဲ့ လက်နက်ကြီးတွေက ပစ်မှတ်တည့်တည့်ဆိုတာချည်း။ စစ်သားတွေ သွေးပင်လယ်ဝေ၊ လူနာတင်ယာဉ်တွေ တဝီဝီနဲ့။ နောက်ဆုံးတော့ ဘယ်လိုမှ မဟန်တော့တဲ့ စစ်တပ်က ခရမ်းတစ်မြို့နယ်လုံး ဆိုင်ကယ်စီးခွင့် ပိတ်လိုက်ကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်မှာ ကြေညာကာ ယုတ်မာရတော့တယ်။

 

“PDF တွေက ပစ်ပြီးတာနဲ့ ဆိုင်ကယ်နဲ့ ချက်ချင်း ခြေရာဖျောက်နိုင်တယ်ဆိုပြီး ပြည်သူတွေဘာ ဖြစ်ဖြစ် သူတို့ မသေရင်ပြီးရောပေါ့၊ ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တာ”လို့ ခရမ်းမြို့သားတစ်ဦးက ဆိုတယ်။

 

ခရမ်းမှာ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပြီး ဘယ်ကြာလိုက်မလဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီရောက်တော့ သုံးခွမြို့ နယ်အတွင်းလည်း ဆိုင်ကယ်မစီးရ။ ရေမြေတစ်ကြောတည်း ဆက်နေတဲ့ သန်လျင်နဲ့ ကျောက်တန်းမှာလည်း ဆိုင်ကယ်လုံးဝမစီးရလို့ အကြမ်းဖက်စစ်တပ်က အောက်တန်းကျကျ ထုတ်ပြန်လိုက်တာကြောင့် သန်လျင် ဆိုင်ကယ်ဈေးကွက်ဟာ အဲဒီမှာ ပွဲပြီးလုနီးဖြစ်သွားတော့တယ်။

 

 “ကျနော်တို့ ဆိုင်က အလုပ်သမားတွေအကုန် ကိုယ့်ရွာကိုယ် အထုပ်ပိုက်ပြန်ကြရတယ်။ ပထမတော့ ဆိုင်ကယ်စီးခွင့် ပြန်ပေးမလားလို့ မရဲတရဲမျှော်လင့်ခဲ့သေးတယ်။ ၂ လလောက် ငုတ်တုတ်ထိုင်ပြီးတဲ့အချိန်မှာ ဒီကောင်တွေမပြုတ်မချင်း ဆိုင်ကယ်ပေးစီးတော့မှာ မဟုတ်ဘူးလို့ စိတ်ဒုံးဒုံးချလိုက်တော့တယ်”

 

အဲဒီအချိန်ကစလို့ ဘေးတွဲဆိုင်ကယ်သာ စီးခွင့်ရှိတော့တာမို့ ဘေးတွဲလုပ်ချင်သူ နည်းနည်းသာ ဆိုင် ကယ်လာဝယ်ကြ။ များသောအားဖြင့် ဘေးတွဲဆိုတော့လည်း ဆိုင်ကယ်အသစ် ဝယ်သူ ဘယ်သိပ်ရှိမလဲ။ တချို့ ဆိုင်တွေက ဒါပဲလုပ်စရာရှိလို့ ဒီဆိုင်ကို ဆက်ဖွင့်ထားပေမဲ့၊ အမြတ်ထွက်ဖို့က အဝေးကြီး။

 

 “ကျနော်တို့ ဆိုင်က အလုပ်သမားတွေအကုန် ကိုယ့်ရွာကိုယ် အထုပ်ပိုက်ပြန်ကြရတယ်။ ပထမတော့ ဆိုင်ကယ်စီးခွင့် ပြန်ပေးမလားလို့ မရဲတရဲမျှော်လင့်ခဲ့သေးတယ်။ ၂ လလောက် ငုတ်တုတ်ထိုင်ပြီးတဲ့အချိန်မှာ ဒီကောင်တွေမပြုတ်မချင်း ဆိုင်ကယ်ပေးစီးတော့မှာ မဟုတ်ဘူးလို့ စိတ်ဒုံးဒုံးချလိုက်တော့တယ်”လို့ ကိုသား လေးက ဆိုတယ်။

 

ဖြစ်နိုင်ရင် နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်တယ်။ ဒါပေမဲ့၊ ဝန်ဆောင်ခပေးစရာ ငွေမရှိ။ သူ့သူငယ်ချင်း ဆိုင်ကယ်ကယ်ရီသမားတွေထဲက ဘေးတွဲဆိုင်ကယ်မလုပ်နိုင်သူတွေ အလိုလို အလုပ်ပြုတ်။ သူတို့အထဲက တချို့လည်း ငွေနည်းနည်းတတ်နိုင်တော့ ထိုင်းနဲ့မလေးရှား အလုပ်ကြမ်းလုပ်ဖို့ ထွက်ခွာသွားကြ။ ဆိုင်ကယ်အလုပ်တင်မက တခြားဘာအလုပ်မှလည်း မယ်မယ်ရရမရှိလေတော့ ၆ လတာ ငုတ်တုပ်ထိုင်ပြီးနောက် သန်လျင်မြို့နယ်ထဲက သူ့ဇာတိ ကျေးလက်ကိုစွန့်ကာ အရက်ဆိုင်စားပွဲထိုးအဖြစ် မြောက်ဒဂုံသို့ ကိုသားလေး ရောက်သွားတော့တယ်။

 

ဒီအလုပ်တောင် ကျနော် ကံကောင်းလို့ရတာ။ နေစရိတ်စားစရိတ်ငြိမ်း အရက်ဆိုင်မှာနေ အရက်ဆိုင်မှာစားရပြီး လစာနည်းနည်းရတော့ တစ်ကိုယ်စာ အသက်ဆက်နိုင်တယ်။ စစ်တပ် မပြုတ်မချင်းတော့ ကျနော်တို့ပြည်သူတွေ တောင့်ခံထားရမှာပဲ

 

 “ဘီအီးဆိုင် စားပွဲထိုးပါ။ ဆိုင်ရှင်ကလည်း အခွန်တွေပိ၊ ကုန်ဈေးနှုန်းတွေက တက်ဆိုတော့ တိုင်ပတ်နေတာ။ သူတစ်ယောက်တည်း မတတ်နိုင်လို့ စားပွဲထိုး ၁ ယောက်တည်းခေါ်နိုင်တာ။ ဒီအလုပ်တောင် ကျနော် ကံကောင်းလို့ရတာ။ နေစရိတ်စားစရိတ်ငြိမ်း အရက်ဆိုင်မှာနေ အရက်ဆိုင်မှာစားရပြီး လစာနည်းနည်းရတော့ တစ်ကိုယ်စာ အသက်ဆက်နိုင်တယ်။ စစ်တပ် မပြုတ်မချင်းတော့ ကျနော်တို့ပြည်သူတွေ တောင့်ခံထားရမှာပဲ”လို့ သူက ဆက်ပြောတယ်။

 

ဆိုင်ကယ်တွေ မစီးရတော့ အရင့်အရင်တုန်းက မြို့ပေါ်ကို ဆိုင်ကယ်လေးနဲ့ အလွယ်တကူရောက်နေတဲ့ ကျေးလက်သားတွေ အကုန်ခြေချုပ်မိ။ မြို့ပေါ်တက်ချင်ရင် တကူးတက ဘေးတွဲဆိုင်ကယ်ဌားကာ ငွေအ ကုန်ကျခံသွားကြရ။ အခု ဒေသထွက် ဟင်းသီးဟင်းရွက်နဲ့ ငါးခြောက်ငါးခြမ်းတွေကိုတောင် မြို့ပေါ်တက် ရောင်းဖို့မလွယ်တော့ဘူးလို့ သုံးခွမြို့နား ရွာတစ်ရွာမှာနေတဲ့ ဈေးသည်တစ်ဦးက ဆိုတယ်။

 

 “ဘေးတွဲတောင် မနက် ၆ နာရီမှ ထွက်ရမယ်ဆိုလို့ ကျမတို့ သုံးခွမြို့နား ဟင်းရွက်စိုက်တဲ့ရွာတွေ ကဈေးသည်တွေတောင် ၆ နာရီကျော်မှ ဈေးလာရောင်းရဲတော့တယ်။ ဘေးတွဲကို ဈေးသည်တွေ ၃-၄ ယောက် စုဌားပြီး လာရတာ။ ဘာပဲဖြစ်ဖြစ် အရင်ကထက် ကုန်ကျစရိတ်ပိုရှိသွားတာပဲ။ ကုန်ဈေးနှုန်းတွေက တက်ပြီး ကုန်ကျစရိတ်တွေက ပိုများလာတော့ အကုန်ဒုက္ခချည်းပဲ”လို့ သူက ပြောတယ်။

 

သုံးခွမှာ ဘေးတွဲတွေကို မနက် ၆ နာရီထွက်လို့ရပြီလို့ အကြမ်းဖက်စစ်တပ်က အမိန့်ထုတ်ထားပေမဲ့ ဆောင်းတွင်းဘက် ၆ နာရီမှာ မြူတွေဆိုင်းပြီး မလင်းတလင်း ဝိုးတဝါးဖြစ်နေသေးရင် မထွက်ရဲ။ ၆နာရီထွက် လည်းသူတို့ ပစ်ရင် ကိုယ်ပဲသေမှာမို့ မှောင်နေရင် မထွက်ရဲကြတာလို့ သူကဆက်ပြောတယ်။

 

မြို့နဲ့လှမ်းတဲ့ ရွာတွေရဲ့ ထွက်ကုန်တွေကတော့ ဘေးတွဲဆိုင်ကယ်ခ ကုန်ကျစရိတ်ကြောင့် မြို့ပေါ် တက်ရောင်းတာတွေကို မလုပ်နိုင်တော့။ ကိုယ့်ရွာနားဝန်းကျင်ရတဲ့ ဈေးနဲ့သာ ဖြစ်သလိုရောင်းလို့ အသက် ဆက်ကြရ။ မြို့ပေါ်က ဆိုင်တွေဆိုရင်လည်း ရွာတွေဘက်က အဝယ်သိသိသာသာ ကျသွားတာရော မြို့ပေါ် အဝယ်ကျသွားတာကြောင့်ပါ အာဏာမသိမ်းခင်က ရောင်းအားအောက် ထက်ဝက်မက လျော့ကျသွားတယ် လို့ သန်လျင်၊ ဘုရားကုန်းဈေးက ကုန်ခြောက်ဆိုင်ရှင်တစ်ဦးက ပြောတယ်။

 

 ညရေးညတာ ကျန်းမာရေးတစ်ခုခုဖြစ်ရင် ကိုယ့်ဘာသာခံပဲ။ ဆေးရုံသွားစရာ စက်ဘီးပဲရှိတယ်။ အရင်က ခရမ်းရွာတွေကနေ မြို့ပေါ်ဈေးတွေမှာ အသီးအနှံလာရောင်းတဲ့ ဈေးသည်တွေ ဘယ်သူမှ လာမရောင်း နိုင်ကြတော့ဘူး

 

အခုအဆိုးရွားဆုံးအခြေအနေက ခရမ်းမြို့နယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာနဲ့ဒီ ဇင်ဘာလအတွင်း ခရမ်း PDF ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ခံလိုက်ရတဲ့ စစ်တပ်ဟာ ခရမ်းမြို့နယ်အတွင်း ဘေးတွဲဆိုင်ကယ်တွေပါ မစီးရတော့ဘူးလို့ ကန့်သတ်လိုက်ပြန်တယ်။

 

 “ညရေးညတာ ကျန်းမာရေးတစ်ခုခုဖြစ်ရင် ကိုယ့်ဘာသာခံပဲ။ ဆေးရုံသွားစရာ စက်ဘီးပဲရှိတယ်။ အရင်က ခရမ်းရွာတွေကနေ မြို့ပေါ်ဈေးတွေမှာ အသီးအနှံလာရောင်းတဲ့ ဈေးသည်တွေ ဘယ်သူမှ လာမရောင်း နိုင်ကြတော့ဘူး”လို့ ခရမ်းမြို့သားတစ်ဦးက ပြောပါတယ်။

 

အကြမ်းဖက်စစ်တပ်အတွက်ကတော့ သူတို့အသက်မသေရေးသည် နံပါတ်တစ်၊ အာဏာရူး ဘီလူး မင်းအောင်လှိုင် မတရားအာဏာ လက်မလွှတ်ရေးသည်သာ နံပါတ်တစ်မို့ ပြည်သူတွေဘာဖြစ်ဖြစ် ဂရုစိုက်စ ရာမလို။

 

 “ကျနော်တို့ ပြည်သူနဲ့ PDF ကို သွေးခွဲတာလည်း ပါမှာပေါ့။ မင်းတို့ PDF လာတိုက်ရင် မင်းတို့ပြည်သူကို ဒါမျိုး ဒဏ်ခတ်မယ်ဆိုတာမျိုးပေါ့။ ပြည်သူတွေထောက်ခံမှုရှိတယ်၊ ပြည်သူတွေက ထောက်ပံ့တာကြောင့်  PDF တွေ တိုက်နိုင်ခိုက်နိုင်တယ်ဆိုတာလည်း စခ တွေသိတော့ သူတို့နိုင်လို့ရတဲ့ ပြည်သူကို ဒုက္ခပေးနေတာ” လို့ ခရမ်းမြို့သားက ဆက်ပြောတယ်။

 

ကျနော်တို့ နောက်ကြောင်းပြန်လို့မရဘူးဆိုတာ သိတယ်။ ဒီကောင်တွေပြုတ်မှပဲ ကျနော်တို့တိုင်းပြည် အေးချမ်းတော့မယ်ဆိုတာ သိတယ်။ အဲဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခကကြီးပေမဲ့ စခတွေကို နိုင် အောင်ချရမယ်ဆိုတဲ့စိတ် အပြည့်ရှိကြတယ်

 

တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်အုပ်စု ပေးသမျှ ဒုက္ခတွေကို ပြည်သူတွေ ကောင်းကောင်းခံနေရတယ်။ စစ်အုပ်စုဟာ သူတို့အရှုံးကြီးလာလေ ပြည်သူအပေါ် အညှိုးကြီးစွာနဲ့ ပစ် မှတ်ထားတိုက်ခိုက်။ ဒုက္ခက ကြီးမားလွန်းလှပေမဲ့ ဒီဒုက္ခဆိုးကြီးတွေကနေ ရှောင်လွှဲလို့မရ၊ ဒီဒုက္ခဆိုးကြီးတွေ ကို မကျော်လွှားလို့မရ။ ဒီဒုက္ခဆိုးကြီးတွေကို ကြံ့ကြံ့မခံလို့မရ။

 

 “ကျနော်တို့ နောက်ကြောင်းပြန်လို့မရဘူးဆိုတာ သိတယ်။ ဒီကောင်တွေပြုတ်မှပဲ ကျနော်တို့တိုင်းပြည် အေးချမ်းတော့မယ်ဆိုတာ သိတယ်။ အဲဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခကကြီးပေမဲ့ စခတွေကို နိုင် အောင်ချရမယ်ဆိုတဲ့စိတ် အပြည့်ရှိကြတယ်”လို့ ခရမ်းမြို့သားက ဆိုလေတယ်။

 

သူမှမဟုတ်၊ ပြည်သူအားလုံးက ဒုက္ခတွေကို ရင်ဆိုင်ရင်း ရှေ့တစ်လှမ်းပြီးတစ်လှမ်းတိုး ရှေ့သို့ချီခြင်းနဲ့သာ အောင်မြေဆီ အရောက်လှမ်းကြဖို့ သံန္နိဌာန်ချထားပြီးဖြစ်တယ်။ ကျနော်တို့ပြည်သူတွေ နောက်ကြောင်း ပြန်လှည့်ဖို့ရာ အိပ်မက်တောင်မမက်ကြသလို ကျနော်တို့ အောင်ပွဲခံကြမှာလည်း သိပ်သေချာနေပါတယ်။

~~~~          

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။