ဆရာမ ကောလင်းမာဖီဟာ The Conceptual Foundations of Transitional Justice (Cambridge University Press, 2017) and A Moral Theory of Political Reconciliation (CUP, 2010) စာအုပ်တွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ပွဲကာလ ဒါမှမဟုတ် ရက်စက်တဲ့အာဏာရှင်စနစ်တစ်ခု အပြီးသတ်ခါနီးလာတဲ့အခါမှာ အဲဒီတိုင်းပြည်ဟာ နိုင်ငံသစ်၊ လူ့ဘောင်သစ်ကိုလည်း ထူထောင်ရင်း အတိတ်က ကျူးလွန်ခဲ့တဲ့၊ ပြစ်မှုတွေအတွက် ဘယ်လိုပြန်ကိုင်တွယ်သင့်ပါသလဲ။ အီလီနွိုက်တက္ကသိုလ်က ဥပဒေ၊ ဒဿနနဲ့ နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ ဆရာမကောလင်း မာဖီက ‘အသွင်ကူးပြောင်းကာလတရားမျှတမှု’ ရဲ့ ဗဟိုချက်မှာရှိတဲ့ ကိစ္စရပ်တွေ စဉ်းစားစရာတွေကို ကိုင်တွယ်ထားတဲ့ စာအုပ်ငါးအုပ်အကြောင်း ဒုတိယအယ်ဒီတာ မစ္စcal Flyn နဲ့ ဆွေးနွေးထားပါတယ်။
မေး။ နံပါတ် ၄ ကတော့ Inga Markovits à ospů Imperfect Justice: An East-West Diary Guļu ဒီစာအုပ်က ဂျာမနီနှစ်နိုင်ငံ ပြန်ပေါင်းစည်းစဉ်ကာလ ရှေ့နေတယောက်ရဲ့ နေ့စဉ် မှတ်တမ်းပုံစံမျိုးပဲ။
ဖြေ။ ဟုတ်တယ်။ ဒါဟာ အရှေ့ဂျာမနီ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဥပဒေအငြင်းပွားမှုတွေ (အလုပ်သမား ဥပဒေဖြစ်စေ၊ မိသားစုဥပဒေဖြစ်စေ) မှာ ပါဝင်ဘက်တွေနဲ့ Markovits ရဲ့ အင်တာဗျူးဒိုင်ယာရီပဲ။ အရှေ့နဲ့ အနောက် ပြန်မပေါင်းစည်းမီကာလကလေးမှာရယ်၊ ပေါင်းစည်းပြီးနောက်မှာရယ် လုပ်ထားတဲ့ မှတ်တမ်းပဲ။ အသွင်ကူးပြောင်းမှုတွေကြောင့် ဥပဒေရဲ့ကဏ္ဍနယ်ပယ်အမျိုးမျိုးအပေါ် ဂယက်ရိုက်ခတ်မှုတွေ အကြောင်းစာအုပ်။ ဒါ့ပြင် အမှားကျူးလွန်ခဲ့သူတွေမဟုတ်တဲ့ သို့မဟုတ် အမှားကျူးလွန်ခံရသူတွေ မဟုတ်တဲ့ သို့မဟုတ် အဲဒီ အမှားကျူးလွန်မှုတွေမှာ ကြံရာပါတောင်မဖြစ်ခဲ့တဲ့ လုံးဝအလွတ်ကြီးနေခဲ့ရပေမယ့် အသွင်ကူးပြောင်းမှုတွေရဲ့ ရိုက်ခတ်မှုကို ခံခဲ့ရတဲ့ သာမန်ပြည်သူတွေအပေါ် အသွင်ကူးပြောင်းမှုတွေရဲ့ ဂယက်တွေအကြောင်း ပြောပြထားတဲ့စာအုပ်။
ဒီစာအုပ်မှာတော့ အသွင်ကူးပြောင်းတွေဟာ အခါခပ်သိမ်း လူအားလုံးကို အကျိုးမပြုဘူးဆိုတာကိုလည်း တင်ပြထားတယ်။ အုပ်ချုပ်ရေးစနစ်အပြောင်းအလဲကို ရင်ဆိုင်ရသူတွေရဲ့ ကြိုဆိုခြင်းကိုလည်း အမြဲမခံရဘူးဆိုတာ ပြောထားတာပါတယ်။ ဝန်ထမ်းအလျှော့ခံရရင် လျော်ကြေးရမှာပဲလို့ ထပ်ပြီး ယုံကြည်စိတ်ချထားလို့မရတော့တဲ့ စက်ရုံအလုပ်သမားတွေအကြောင်း ရှင်ကြားမှာပဲ။ အရှေ့ဂျာမနီစနစ်တုန်းကတော့ ဒါမျိုး အာမခံချက်ရှိခဲ့တာပေါ့။ လူတွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေအတွက် လှုံ့ဆော်မှုတွေ ပျောက်ဆုံးကုန်တယ်။ ခု မရှိတော့တဲ့ အလုပ်အကိုင် အာမခံချက်အတွက် သူတို့အနစ်နာခံခဲ့ဖူးတာမျိုးတွေ ပြန်လုပ်အောင် စေ့ဆော်မှုတွေ မရှိတော့ဘူး။ လူ့ဘောင်သစ်ထဲမှာ သာမန်ပြည်သူအများအပြားဟာ နေရာသစ်တစ်ခုကိုရဖို့ ရုန်းကန်ကြရတော့တယ်။ ကော်လာဖြူလုပ်သားတွေလည်း ရုန်းကန်ရတာပဲ။ ဆိုရှယ်လစ်ဥပဒေစနစ်တုန်းက အသုံးတည့်တဲ့ အရည်အသွေးတွေ ရှိကြတဲ့ တရားသူကြီးတွေလည်း အခုတော့ အထင်သေး အမြင်သေးခံကြရပြီး အရင်လို တန်ဖိုးထားမခံရတော့ဘူး။ အသွင်ကူးပြောင်းမှုတွေအပေါ် အရေးပါတဲ့ အောင်မြင်မှုတွေအဖြစ် ကျမတို့ ယူဆကြပေမယ့် အသွင်ကူးပြောင်းမှုကို ကြုံနေရတဲ့ လူသားထုတွေအပေါ်မှာတော့ မတူညီတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်နေစေတတ်ပါတယ်။
Markowits ရဲ့စာအုပ်ဟာ အဲဒီအခြေခံအသိအမြင်ပေးတဲ့အတွက်ရော၊ လူဟောင်းတွေ အနားပေးခြင်း၊ ဆိုင်ရာ မေးခွန်းကို မေးတဲ့အတွက်ရော အဖိုးမဖြတ်နိုင်တဲ့စာအုပ်ဖြစ်တယ်။ နောက်ဖြစ်လာမယ့် ခေတ်သစ် စနစ်သစ်ကြီးထဲ အစိုးရတာဝန်ကို ဘယ်သူယူသင့်သလဲ ဆိုတဲ့ မေးခွန်းအတွက်လည်း စဉ်းစားစရာတွေ တစုတဝေးတည်း ပေးထားပြန်ပါတယ်။
အပိုင်း(၆) ဆက်ရန်
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။