Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒင်းတို့ ဘယ်လိုထွက်ကြမလဲ (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..။


မင်းအဖြစ်က လူမမာ အမဲခြောက်တောင်းတဲ့သဘောတွေ ဖြစ်နေပါပြီကွာ။ ဘယ်နှယ်။ နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၃၃၀ လောက်ရှိတဲ့ထဲမှာ မြို့နယ်ပေါင်း ၂၂၀ လောက်က တိုက်ပွဲတွေဖြစ်နေတယ်။ နိုင်ငံရဲ့ ၆၇ ရာခိုင်နှုန်းလောက် တည်ငြိမ်မှုမရှိတဲ့သဘော။ အဲဒီမှာ မင်းက ခရစ်နှစ်သစ်ကူးမှာ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းရဲ့ အန္တိမရည်မှန်းချက်ဟာ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောသွားသေးတယ်။ ခုလည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီတွေနဲ့ တွေ့ဆုံပြန်သေးတယ်။ အဲဒါတွေက သေခါနီးလူမမာ အမဲခြောက်တောင်းတဲ့ သဘောတွေပါကွာ။


ဒီမှာ မင်းက နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေကြတယ် ဆိုတဲ့စကားကို အတော်လေးခံတွင်းတွေ့နေဟန်တူတယ်။ ဒီဘက်နောက်ပိုင်းမှာ ခဏခဏပြောလာတယ်။ ကိုယ်စီးနေတဲ့မြင်း အထီးလားအမလားမသိဘူးဆိုတာ မင်းလိုကောင်မျိုးဖြစ်ဟန်တူပါရဲ့ကွာ။ မင်းတို့က ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ဖြေရှင်းကြလေ။ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့လည်း မင်းတို့စိတ်ကြိုက်ရေးဆွဲပြဌာန်းထားတဲ့ ၂၀၀၈ ခြေဥမှာ အတိအလင်းဖော်ပြပါရှိပြီးသား။

 

မင်းတို့ကိုယ်တိုင် လက်နက်အားကိုးနဲ့ အာဏာထိန်းတယ်ဆိုပြီး အာဏာသိမ်းလိုက်ကြတယ်မဟုတ်လား။ တကယ်တော့ မင်းတို့ကမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်ပြီး ဖြေရှင်းနေကြတာ။


ဒါကို လက်နက်အားကိုးပြီး ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အစည်းတရပ်ဆီကနေ အားဏာသိမ်းခဲ့ကြတယ်မဟုတ်လား။ ပြီးတော့ သမ္မတကိုယ်တိုင်လက်မှတ်ထိုးပြီး အရေးပေါ်ကာလအခြေအနေသတ်မှတ် အာဏာလွှဲပြောင်းပေးရတာပါကွာ။ ခုတော့ လက်ရှိသမ္မတကိုဖမ်းပြီး စစ်အုပ်စုကတင်မြှောက်ထားတဲ့ ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ်တင်မြှောက်ပြီးတော့ သူ့အမိန့်နဲ့ အာဏာလွှဲပြောင်းရတယ်လို့။ အဲဒီလိူ လုပ်ပိုင်ခွင့်ရှိတယ်လို့ ၂၀၀၈ ခြေဥမှာ ပြဌာန်းထားလို့လားဟ။ မင်းတို့ကိုယ်တိုင် လက်နက်အားကိုးနဲ့ အာဏာထိန်းတယ်ဆိုပြီး အာဏာသိမ်းလိုက်ကြတယ်မဟုတ်လား။ တကယ်တော့ မင်းတို့ကမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်ပြီး ဖြေရှင်းနေကြတာ။ ဒါကြောင့် မင်းတို့အဖွဲ့အစည်းကို ပြည်သူတရပ်လုံးက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက်ကြတာ။


မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို လွှတ်တော်ရှိနေစဥ်ကတည်းက နိုင်ငံရေးနည်းလမ်းနဲ့ စည်းရုံးသိမ်းသွင်းလို့ရမလားဆိုပြီး စည်းရုံးကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ မင်းတို့စစ်အာဏာရှင်တွေက ဗူးလုံးနားမထွင်း တစ်ဖက်ပိတ်သမားတွေဆိုတော့ စည်းရုံးမရခဲ့ဘူး။ အခုမင်းတို့က ဆင်ခြင်တုံမဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းလိုက်တော့ တို့ပြည်သူတွေအနေနဲ့လည်း ဓား ဓားချင်း၊  လှံ လှံချင်း တုန့်ပြန်မှဖြစ်တော့မယ်လို့ ခံယူပိုင်းဖြတ်လိုက်ကြတော့တယ်။


ခုဆို ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ MNDAA, TNLA, AA တို့က တော်လှန်ရေးအရှိန်အဟုန်ကို ဆထက်ထမ်းပိုး တိုးမြှင့်လာကြတယ်။ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာဆိုရင် မြို့နယ်တိုင်း တိုက်ပွဲတွေရှိနေတယ်။ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ၃၄ မြို့နယ်က တိုက်ပွဲတွေ ဖြစ်နေတယ်။ မန္တလေးတိုင်း ၂၈ မြို့နယ်မှာလည်း ၂၅ မြို့နယ် တိုက်ပွဲတွေဖြစ်နေတယ်လေ။ ဒါကို မင်းက မဲစာရင်းမှန်ကန်နိုင်ရေးအတွက် အောက်တိုဘာလမှာ အကြားအလပ်မရှိ သန်းခေါင်စာရင်းကောက်ယူဦးမို့တဲ့လား။ မအလရေ မင်းအနေနဲ့ စိတ်ပုံမှန်အနေအထားမှ ဟုတ်ရဲ့လား။ စိတ်ငြိမ်ဆေးတွေ သောက်နေရပြီလား။

 

မင်းတို့ရဲ့ စစ်ရေးဗျူဟာ ညံ့ဖျင်းမှု၊ စစ်ရေးအမြင်ခေါင်းပါးမှုတွေကို တွေ့မြင်လိုက်ရတဲ့အပြင် မင်းတို့ရဲ့ ဘာမှမရှိတဲ့ဂုဏ်သိက္ခာတွေဟာ မြေလျှိုးသွားတဲ့ အခြေအနေအထိ ရောက်သွားလို့ပါပဲ။ 


လောလောဆယ်အနေအထားမှာ လောက်ကိုင်မြို့ကို MNDAA တို့ဆီ ထိုးအပ်လိုက်ရပြီ။ မြို့တွေ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန်မှာ လောက်ကိုင်မြို့ဆုံးရှုံးသွားတာဟာလည်း ထူးခြားတဲ့ဖြစ်စဥ်တစ်ခုမဟုတ်ပေမဲ့ မင်းတို့အတွက်တော့ အပြီးတိုင်ပြိုလဲသွားခြင်းလို့တောင်မှ ပြောရလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ မင်းတို့ရဲ့စစ်ရေးဗျူဟာ ညံ့ဖျင်းမှု၊ စစ်ရေးအမြင်ခေါင်းပါးမှုတွေကို တွေ့မြင်လိုက်ရတဲ့အပြင် မင်းတို့ရဲ့ ဘာမှမရှိတဲ့ဂုဏ်သိက္ခာတွေဟာ မြေလျှိုးသွားတဲ့အခြေအနေအထိ ရောက်သွားလို့ပါပဲ။ စစ်သူကြီးကို ဘုရားထီးဆောင်းပေးတဲ့ယတြာမပြောနဲ့။ ခေါခေါကို ဝစီပိတ်ဆီ ခေါစာပစ်တဲ့ယတြာပြုလုပ်လည်း ရရှိတော့အံ့မထင်။

 

စဥ်းစားကြည့်လေ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးအရှိန်မြှင့်လိုက်တာက အောက်တိုဘာ ၂၇ ရက်ပါ။ လောက်ကိုင်ရရှိတာ အခု ၁ လပိုင်း ပထမပတ်မှာပါ။ ကြားထဲမှာ နှစ်လကျော်ကြာခဲ့တယ်။ အဲဒီမှာ ဒင်းတို့က လောက်ကိုင်ကနေ ခုခံပြင်ဆင်ဟန်တူပါရဲ့။ လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်ဆည်းထားလိုက်ကြတယ်။ ဗိုလ်မှူးချုပ်အဆင့် ၆ ယောက်တောင်မှ ကွပ်ကဲစီမံနေတာကလား။ နောက်ဆုံးတော့ လူများပြီး အီးများတာပဲ ဖြစ်သွားတယ်။ စုစုပေါင်း စခအင်အား ၂၁၂၃ ယောက်။ အရာရှိ  ၂၂၈ ယောက်၊ အခြားအဆင့် ၁၈၉၅၊ လက်နက်အင်အားကလည်း တောင်ပုံရာပုံ။ ဒါပေမဲ့ သူတို့တတွေ လက်နက်ချအညံ့ခံတော့ ပထမဆုံးတောင်းဆိုတဲ့အချက်က သူတို့ကို ထမင်းကျွေးပါတဲ့လေ။

 

လက်နက်ကြီးနဲ့ပစ်တာက တော်လှန်ရေးအဖွဲ့တွေကပစ်တာ။ ဒါပေမဲ့ သူတို့က ပစ်ခတ်သယောင် လှည့်စားခံလိုက်ရသတဲ့လေ။ ဘာပဲဖြစ်ဖြစ် ဒင်းတို့ရဲ့ ခုခံရေးစစ်ဗျူဟာညံ့ဖျင်းမှု၊ စစ်ရေးအမြင်အသုံးမကျမှုရဲ့ ရလဒ်ပါပဲ။


ဒင်းတို့အပြောကတော့ တပ်မိသားစုဝင် ၁၆၀၀ လောက်ကို ငဲ့ကွက်တဲ့အနေအထားကြောင့်ရော၊ တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတွေရှိလာတဲ့အခါ ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေး ထိခိုက်လာနိုွတဲ့အခြေအနေကြောင့်ပါ ညှိနှိုင်းပြီး လက်နက်ချလိုက်ရတယ်လို့ ဆိုပါတယ်။ လက်နက်ကြီးနဲ့ပစ်တာက တော်လှန်ရေးအဖွဲ့တွေကပစ်တာ။ ဒါပေမဲ့ သူတို့က ပစ်ခတ်သယောင် လှည့်စားခံလိုက်ရသတဲ့လေ။ ဘာပဲဖြစ်ဖြစ် ဒင်းတို့ရဲ့ ခုခံရေးစစ်ဗျူဟာညံ့ဖျင်းမှု၊ စစ်ရေးအမြင်အသုံးမကျမှုရဲ့ ရလဒ်ပါပဲ။ အင်အား ၂၀၀၀ ကျော် တပြုံတမကြီး လက်နက်တွေစွန့်လွှတ်အညံ့ခံကြတာ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..ရေ။ မင်းရဲ့လက်ထက်မှာဖြစ်ခဲ့တယ်ဆိုတာတော့ မော်ကွန်းမှတ်တမ်းတစ်ခုပေါ့ကွာ။


ဒီမှာ။ ပယ်ဆောက်ချိန်တို့မိသားစုကတော့ မြေလျှိုးမိုးပျံသွားကြသလားမပြောတတ်ဘူး။ မင်းတို့ကတော့ တရုတ်နိုင်ငံကိုအပ်လိုက်ပြီလို့ ပြောတာပါပဲ။ တစ်ဖက်ကလည်း မင်းတို့ကိုယ်တိုင် တာချီလိတ်ဘက်ကို ပို့ထားလိုက်ပြီလို့ ပြောကြတယ်။ ဒီသတင်းရဲ့နောက်ဆက်တွဲနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေက စိတ်ဝင်စားစရာကောင်းတယ်ကွ။ စောချစ်သူ၊ ပယ်ဆောက်ချိန်တို့က မင်းကို ပို့ဆွမ်းဆပ်ကပ်နေကြတဲ့သူတွေမဟုတ်လား။ ခုတော့ မင်းရဲ့အဆင်းလမ်းမှာ ဘီးလေးတွေ ဖြစ်လာကြလိမ့်မယ်ထင်ပါရဲ့။

 

 ကျောက်မဲမှာလည်း တပ်မိသားစုတွေက တပ်ထဲမနေဝံ့တော့လို့ ပြောင်းရွှေ့ကုန်ကြပြီတဲ့။ ရှမ်းမြောက်ပိုင်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းရဲ့အနေအထားက ထိန်းမရ၊ သိမ်းမရနဲ့ ဖွဲ့စည်းပုံကို ပျက်စီးနေပါပြီ။

 

အေးကွာ။ ကွတ်ခိုင်လည်း လက်လွှတ်လိုက်ရပြန်ပြီလို့ ကြားရပြန်တယ်။ ကျောက်မဲမှာလည်း တပ်မိသားစုတွေက တပ်ထဲမနေဝံ့တော့လို့ ပြောင်းရွှေ့ကုန်ကြပြီတဲ့။ ရှမ်းမြောက်ပိုင်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းရဲ့အနေအထားက ထိန်းမရ၊ သိမ်းမရနဲ့ ဖွဲ့စည်းပုံကို ပျက်စီးနေပါပြီ။ စစ်ကိုင်း၊ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့မှာရော အခြေအနေကောင်းပါရဲ့လား။ နားရွက်တောင် ကောင်းကောင်းမလှုပ်ဝံ့ဘူးတဲ့။ ဒါဆို ရခိုင်ဘက်မှာရော။ ကုလားတန်မြစ်စီမံကိန်း လက်လွှတ်လိုက်ရပြီတဲ့။ မွန်ပြည်နယ်မှာလည်း ဌာနဆိုင်ရာတွေအားလုံးကို တော်လှန်ရေးသမားတွေရောက်လာကြရင် အသာတကြည်လက်ခံဖို့ ပြောထားသတဲ့။

 

အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းက ဗိုလ်သန်းရွှေလို ရွေးကောက်ပွဲကျင်းပပေးပြီး အရှင်ထွက်ဖို့ မျှော်လင့်ထားဟန်တူပါရဲ့။ ဒါပေမဲ့ မင်းရဲ့ ပေမမီဒေါက်မမီ အရည်အချင်းညံ့ဖျင်းမှုကြောင့် အရှင်ထွက်ထွက်ဖို့ဆိုတဲ့ မျှော်လင့်ချက်လမ်းဟာလည်း ပျောက်ဆုံးသွားပါပြီ။ ဒါပေမဲ့ ထွက်ပြေးစရာမြေရှိလို့ ထွက်ပြေးမယ်ဆိုရင်တော့ အရှင်ထွက် ထွက်နိုင်ပါသေးရဲ့။ နို့မဟုတ်ရင်တော့ မင်းအနေနဲ့ အသေထွက်ထွက်ဖို့လမ်းပဲ ရှိပါတော့တယ်။

 

အောက်ကကောင်တွေကလည်း မင်းလောက်မှ ဦးနှောက်မရှိကြလေတော့ ကြောက်ဒူးတွေ တုန်ကုန်ကြတာပေါ့ကွာ။ တကယ်တော့ မင်းက အဲဒီလို ကလိမ်ကကျစ်ဥာဏ်နဲ့ မင်းရဲ့ စခတွေကို ထိန်းချုပ်ထားလိုက်တာပေါ့လေ။ 

 

ဒါထက် မင်းတစ်ယောက် သံစူးမိလို့ဆို။ အေးလေ မင်းက ကော်ဇောနီပေါ် မလျှောက်ဖူးလေတော့ သွားတဲ့နေရာတစ်နေရာက သံစူးနိုင်တာပေါ့လေ။ မေးခိုင်ကာကွယ်ဆေးထိုးလိုက်ပါလား။ ဒါပေမဲ့ မင်းက အမြဲတမ်း တလွဲတချော်တွေးတောလုပ်ဆောင်တတ်သူမို့ အခါတော်ပေးဆရာကို သွားမေးလိုက်သေးဆို။ အမေးရှိတော့လည်း အဖြေထွက်လာတာပေါ့။ လုပ်ကြံခံရနိုင်တဲ့ နိမိတ်လက္ခဏာတဲ့။ အဲဒီမှာပဲ ထိတွေ့ဆက်ဆံနေရတဲ့ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်အယောက်လေးဆယ်လောက်ကို ခေါ်ယူစစ်ဆေးတယ်လို့ ပြောသံကြားရတယ်။

 

အဲဒါ မင်း တမင်လီဆယ်လိုက်တာမဟုတ်လား။ အယောက်လေးဆယ်လောက်ကို စောင့်ကြည့်သွားမယ်လို့ သတင်းပါးလိုက်တာပါပဲ။ အောက်ကကောင်တွေကလည်း မင်းလောက်မှ ဦးနှောက်မရှိကြလေတော့ ကြောက်ဒူးတွေ တုန်ကုန်ကြတာပေါ့ကွာ။ တကယ်တော့ မင်းက အဲဒီလို ကလိမ်ကကျစ်ဥာဏ်နဲ့ မင်းရဲ့ စခတွေကို ထိန်းချုပ်ထားလိုက်တာပေါ့လေ။ ဒါပေမဲ့ မင်းဥာဏ်လေးတထွာတမိုက်နဲ့ တို့ပြည်သူတွေကိုတော့ ဖြားယောင်းလို့မရပါဘူး။ တို့ပြည်သူတွေကတော့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်မျိုးတုံးသည်ထိ တော်လှန်သွားကြမယ်။ မင်းတို့တတွေ အရှင်ထွက်ကြမလား၊ အသေထွက်ကြမလားဆိုတာကိုသာ စဥ်းစားထားကြပေရော့။ 

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။