မြန်မာနိုင်ငံမှာ စစ်တပ်က မတရား အာဏာသိမ်းခဲ့တာ လာမယ့်ရက် ပိုင်းဆိုရင် သုံးနှစ် ပြည့်ပါတော့မယ်။ အလားတူပဲ အာဏာသိမ်းပြီးတာနဲ့ တလအတွင်း ပေါ်ပေါက်လာတဲ့ မြန်မာပြည်သူတွေရဲ့ တိုက်ပွဲကလည်း သုံးနှစ်ထဲ ဝင်လာနေပါပြီ။ ဒီသုံးနှစ် ကာလအတွင်း ပြည်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ခုခံစစ်ဟာ မကြုံစဖူး အားကောင်းလာတာ ဖြစ်ပါတယ်။
တဘက်မှာတော့ အာဏာရူးတွေ ခေါင်းဆောင်တဲ့ စစ်တပ်ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ အသက်ဆက်နိုင်ရုံ ရုန်းကန်နေရတာ အထင်အရှား တွေ့နေရတာ ဖြစ်ပါတယ်။ အခု သုံးနှစ် ပြည့်တော့မယ့် အချိန်မှာ ရန်သူ့ဘက်က အားသာချက် အားနည်းချက်နဲ့ ကိုယ့်ဘက်က အားသာချက် အားနည်းချက်တွေ ရှေ့အလားအလာတွေကိုတော့ အသေအချာ သုံးသပ်ကြပြီးလည်း ဖြစ်ပါတယ်။ ရှေ့အလားအလာကလည်း ပြည်ပ အနှောင့်အယှက် ကြီးကြီးမားမားသာ မရှိခဲ့ရင် အောင်ပွဲက လက်တကမ်းမှာပဲ ရှိနေတာပါ။
အခု အောင်မြင်နေတဲ့ နွေဦး လက်နက်ကိုင်တွေဟာ တပြိုင်တည်းလိုလို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်ဆိုတဲ့ အသိကို ရခဲ့ကြတာဟာ ပြင်ပ အကဲခတ်တွေအတွက် အံ့သြစရာ ဖြစ်နေနိုင်ပါတယ်။
ပြီးခဲ့တဲ့ကာလကို ပြန်ကြည့်ရင် ပြည်သူ့ ကာကွယ်ရေး တပ်တွေဟာ ခက်ခက်ခဲခဲ စတင်ခဲ့ကြရတာကို တွေရမှာပါ။ အခု အောင်မြင်နေတဲ့ နွေဦး လက်နက်ကိုင်တွေဟာ တပြိုင်တည်းလိုလို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်ဆိုတဲ့ အသိကို ရခဲ့ကြတာဟာ ပြင်ပ အကဲခတ်တွေအတွက် အံ့သြစရာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်အကြောင်း ကောင်းကောင်း သိထားကြပြီး ဖြစ်တဲ့ ပြည်သူတရပ်လုံး အဖို့တော့ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ကောင်းကောင်း သဘောပေါက် ထားကြတာ ဖြစ်တယ်။
မြန်မာမှာ အစောပိုင်းက ပြောကြတာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲတွေမှာ NLD ရှုံးသွားမှာကို NLD ထဲက လူတချို့ထက် ပြည်သူတွေက ပိုစိုးရိမ်တယ်ဆိုတဲ့ စကား ဖြစ်ပါတယ်။ NLD ပါတီဟာ အနှစ်သုံးဆယ်လောက် အာဏာရှင် ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့သည့်တိုင်အောင် လူထုရဲ့ စိုးရိမ်မှုက ဘာကြောင့် အဲသလို ဖြစ်နေတာပါလဲ။
စစ်အာဏာရူးတွေရဲ့ဒဏ်ကို ပြည်သူလူထုက နှစ်ပေါင်း ၆၀ လောက် ခံစားထားဖူးတာကြောင့်ပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် လက်ဝေခံ ပါတီတွေ လက်ထဲ အာဏာ ရောက်သွားရင် တိုင်းပြည်ဟာ ဖွတ်သထက်ညစ်နေအုံးမယ်ဆိုတာကို ကောင်းကောင်း သိနေကြလို့ပဲ ဖြစ်ပါတယ်။
အဖြေက ရှင်းပါတယ်။ စစ်အာဏာရူးတွေရဲ့ဒဏ်ကို ပြည်သူလူထုက နှစ်ပေါင်း ၆၀ လောက် ခံစားထားဖူးတာကြောင့်ပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် လက်ဝေခံ ပါတီတွေ လက်ထဲ အာဏာ ရောက်သွားရင် တိုင်းပြည်ဟာ ဖွတ်သထက်ညစ်နေအုံးမယ်ဆိုတာကို ကောင်းကောင်း သိနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးက ခေါင်းဆောင်ကောင်းလည်း ရှိနေတဲ့ NLD ကို မဲတွေ ပုံအောထည့် ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့် စစ်တပ်က အခြေအမြစ် မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အာဏာ ထသိမ်းလိုက်ချိန်မှာ အပြိုင်းအရိုင်း လက်နက်စွဲ ကိုင်လာကြသူတွေဟာ ဒီလို လူတွေပဲ ဖြစ်တယ်။
အာဏာ ငန်းဖမ်းနေသူတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြနေလို့တော့ ရမှာ မဟုတ်ဘူး။ သူတို့ နားလည်တဲ့ တခုတည်းသော ဘာသာ စကား ဖြစ်တဲ့ လက်နက်နဲ့ပဲ ပြန်ပြီး ရင်ဆိုင်မှ ရမယ်ဆိုတာကို မြန်မာလူငယ်တွေ၊ နိုင်ငံရေးသမားတွေ အကုန်လုံး တပြိုင်တည်း နားလည် သဘောပေါက်သွားကြတာပဲ ဖြစ်ပါတယ်။
ဒီအကြောင်းကို အစောပိုင်းကာလက အမေရိကန် သံအမတ်ဟောင်း စကော့မာရှယ် ပြောတဲ့ စကားကလည်း သက်သေခံနေပါတယ်။ သူက "အခုဟာက ကိုယ့်တိုင်းပြည်ကို တိုင်းတပါးက ကျူးကျော်လာလို့ အားလုံးက ပြန်တိုက်နေကြတဲ့ ပုံစံမျိုးပါပဲ" လို့ ပြောခဲ့တာပါ။
စစ်တပ်ဟာ တိုင်းပြည်ထဲမှာ အုပ်စိုးသူ သီးခြား လူတန်းစားတစ်ရပ်လို စစ်ပဒေသရာဇ်တပိုင်း ပုံစံမျိုး ကျင့်သုံးလာနေတာ ကြာပါပြီ။
သူပြောတဲ့ စကားက အမှန်ပါပဲ။ စစ်တပ်ဟာ တိုင်းပြည်ထဲမှာ အုပ်စိုးသူ သီးခြား လူတန်းစားတစ်ရပ်လို စစ်ပဒေသရာဇ်တပိုင်း ပုံစံမျိုး ကျင့်သုံးလာနေတာ ကြာပါပြီ။ အဲဒီပုံစံက ဦးသန်းရွှေ လက်ထက်က စလာတာပါ။ ဗိုလ်သန်းရွှေက ဘုရင်တပါးလို နေပြီး ပြည်သူတွေကတော့ လက်အောက်ခံ ကျေးကျွန်တွေသဖွယ် ဖြစ်လာကြတယ်။
အာဏာကို လက်နက်ကိုင် အာဏာ ပါးကွက်သားတွေနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ ပုံစံ ဖြစ်တယ်။ စစ်တပ်ဟာ ဒီကိစ္စကို စီမံကိန်းချပြီး လုပ်ခဲ့တာပါ။ အရင်က စစ်တက္ကသိုလ်မှာ ဗိုလ်လောင်း ၅၀၀ လောက် အများဆုံး ခေါ်ရာကနေ OTS၊ အလုပ်သင် ဗိုလ်လောင်း စတာတွေ အားလုံးပေါင်း တနှစ်ကို ၃၀၀၀ လောက် မွေးထုတ်လာတာ ဖြစ်တယ်။ စီမံကိန်းက တပ်တွေကို တိုးချဲ့၊ ပိုလျှံတာတွေကို အရပ်ဖက်ကို ပြောင်းပြီး စစ်တပ် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်စေဖို့ပါ။
တပြိုင်နက်မှာပဲ စစ်ဆရာဝန်နဲ့ စစ်အင်ဂျင်နီယာတွေပါ မွေးထုတ်ပါတယ်။ ဒါမှ စစ်တပ်ဟာ အင်ပါယာတခုကို တစုံလုံး တည်ဆောက်နိုင်မှာ ဖြစ်ပြီး ရှစ်လေးလုံးလို အရေးတော်ပုံတွေ ဖြစ်လာရင် ရင်ဆိုင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အကြံအစည် နဲ့ပါ။ စစ်တပ်ကို တပ်ရင်း ၃၀၀ ကျော်ကနေ ၅၀၀ ကျော်အထိ နံပါတ်တွေ တိုးချဲ့ ဖွဲ့စည်းခဲ့တယ်။ ဒါကြောင့် တပ်တွေမှာ စစ်သားတဝက်လောက် လျော့ကျသွားတယ်။
ရှစ်လေးလုံးကာလက မီးရထားမောင်း တတ်တဲ့သူ တပ်ထဲမှာ မရှိလို့ နောက်ပိုင်းမှာ တပ်သားတွေထဲမှာ မီးရထားမောင်း သင်ခိုင်းတာတွေတောင် ရှိခဲ့တာ ဖြစ်တယ်။
သူကတော့ တပ်အရေအတွက်အရ ဗိုလ်ချုပ်မှူးကြီး ဘွဲ့ ခံယူနိုင်ပြီး၊ နယ်စွန်နယ်ဖြား ၊ တောထဲတောင်ထဲ ချောင်ကလောင်တွေထဲအထိ စစ်စခန်းတွေ ချနိုင်ခဲ့တယ်။ ဒါကလည်း တနိုင်ငံလုံးအနှံ့ ဖြစ်ပွားတဲ့ ရှစ်လေးလုံးလို အရေးတော်ပုံတွေ ဖြစ်လာရင် အလွယ်တကူ နှိမ်နင်း သတ်ဖြတ်နိုင်အောင်ပါပဲ။ ရှစ်လေးလုံးကာလက မီးရထားမောင်း တတ်တဲ့သူ တပ်ထဲမှာ မရှိလို့ နောက်ပိုင်းမှာ တပ်သားတွေထဲမှာ မီးရထားမောင်း သင်ခိုင်းတာတွေတောင် ရှိခဲ့တာ ဖြစ်တယ်။
နောက်ပိုင်း ဦးသိန်းစိန် လက်ထက်ကျတော့ စစ်သားတွေကို လွှတ်တော်ထဲပါ ဝင်ထိုင်ခိုင်းပြီး တောင်ပြောမြောက်ပြော ပြောတာကို စစ်တပ်ဟာ စွမ်းရည်သုံးရပ် မကတော့ဘူး။ ဥပဒေပြု စွမ်းရည်ပါ ရှိလာပြီဆိုပြီး ဘောမတသိုက်က အဆာကျယ်ခဲ့ကြသေးတယ် မဟုတ်လား။
ဗိုလ်သန်းရွှေ လက်ထက်ကစလို့ ဗိုလ်ချုပ် တသိုက်ဟာ မြင်မကောင်းအောင် အပြိုင်အဆိုင် လာဘ်ပေးလာဘ်ယူတွေ ပြုလုပ်ကြတာ ဖြစ်တယ်။ ဒီကာလအတွင်း ထိပ်ပိုင်း ဗိုလ်ချုပ်တွေ အားလုံး အကြီးအကျယ် ချမ်းသာလာကြတာ ဖြစ်တယ်။ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ သူဌေးတွေဟာလည်း ဗိုလ်ချုပ်များနဲ့ ပေါင်းပြီး တနပ်စား စီးပွားရေးတွေနဲ့ အလွန်အမင်း ချမ်းသာလာကြတာပဲ ဖြစ်တယ်။ စစ်တပ် အကြီးအကျယ် ပျက်စီးခဲ့တာဟာ အဲဒီကာလက စတာပါ။
လက်ရှိ အာဏာရူး ဗိုလ်ချုပ်တွေဟာ “ဆင့် ဟိုဒင်း ခွေးမျှော်သလို” သူတို့ အထက်အရာရှိတွေ စားကြသောက်ကြတာကို အားကျနေခဲ့ကြတဲ့ သူတွေပါပဲ။
လက်ရှိ အာဏာရူး ဗိုလ်ချုပ်တွေဟာ “ဆင့် ဟိုဒင်း ခွေးမျှော်သလို” သူတို့ အထက်အရာရှိတွေ စားကြသောက်ကြတာကို အားကျနေခဲ့ကြတဲ့ သူတွေပါပဲ။ လုပ်နည်းကိုင်နည်းတွေ အားလုံးကို သူတို့ စီနီယာတွေထံကနေ လေ့လာ သင်ယူခဲ့ကြတာပါ။
သူတို့ သင်ယူတာက နှစ်ချက်ပဲ ရှိပါတယ်။ တခုက လူထုကို နှိပ်ကွပ် သတ်ဖြတ်နည်း၊ လိမ်ညာနည်းနဲ့ နောက်တခုက ရသမျှကိုယ့်အိပ်ထဲ ကျုံးထည့်တဲ့နည်းတွေ ပါပဲ။ နောက်တခု ဒေါ်စိန်အေးကျောင်းက သင်ပေးလိုက်တာကတော့ အခြောက်တိုက် ဘဝင်မြင့်တဲ့ ရောဂါပါ။ တပ်ချုပ်နေရာ ရလာရင် ဘုရင်လိုကို ဖြစ်လာတာ၊ တပ်ချုပ်နေရာရသူက ဥပဒေအထက်က နေရမှ ဆိုတာမျိုးတွေ ထည့်ပေးလိုက်တာပါ။ အဲဒီနေရာ ရောက်ရင်တော့ သူ့မှာ စီနီယာတို့ ဆရာတို့ မရှိတော့ပါဘူး။
မအလဟာ အဲလို စိတ်ပိုင်းရုပ်ပိုင်း အမွေဆိုးတွေ အားလုံးကို ဆက်ခံ ရရှိခဲ့တာ ဖြစ်တယ်။ နောက်ပြီး လူကသာ မာန်တက်နေတာ သူတို့ ကိုယ်တိုင် အဲဒီ တပ်ပျက်ကြီးထဲက ထွက်လာတာ ဖြစ်ပြီး တပ်အင်အား ဘယ်လောက် ရှိမှန်းတောင် မသိတဲ့ ပျက်စီး ယိုယွင်းနေတဲ့ တပ်ကြီးကို ဆက်ခံရရှိခဲ့တာ ဖြစ်တယ်။
ဗိုလ်သန်းရွှေက ဦးနေဝင်းကို လုပ်ခဲ့သလို မအလ ကလည်း အဲလိုလုပ်ဖို့ အသင့်ဖြစ်နေတော့ သူ့အဘဖြစ်ခဲ့သူ ကိုယ်တိုင် မလှုပ်ရဲတဲ့ အခြေအနေပါပဲ။ ကျန်တဲ့ လူထုကို ဖိနှိပ်နည်း လိမ်ညာနည်းတွေကတော့ သူ့ဆရာရဲ့ နည်းလမ်းတွေအတိုင်း ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးမှာ “ငါတို့ ဦးနှောက် ၂၁ ၊ မင်းတို့ ဦးနှောက် ၈၈” လို့ လူငယ်တွေက ကြွေးကြော်ကြတာပဲ ဖြစ်တယ်။
မအလဟာ အဲလို စိတ်ပိုင်းရုပ်ပိုင်း အမွေဆိုးတွေ အားလုံးကို ဆက်ခံ ရရှိခဲ့တာ ဖြစ်တယ်။ နောက်ပြီး လူကသာ မာန်တက်နေတာ သူတို့ ကိုယ်တိုင် အဲဒီ တပ်ပျက်ကြီးထဲက ထွက်လာတာ ဖြစ်ပြီး တပ်အင်အား ဘယ်လောက် ရှိမှန်းတောင် မသိတဲ့ ပျက်စီး ယိုယွင်းနေတဲ့ တပ်ကြီးကို ဆက်ခံရရှိခဲ့တာ ဖြစ်တယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး”က ဒီစစ်တပ်ရဲ့ အစစ်အမှန် ရုပ်လုံးကို ထင်းထင်းကြီး မြင်လာစေတာပါ။ ဒီလို အောင်ပွဲက လက်တကမ်းအလို အခြေအနေမှာ ညီနောင်များနဲ့ မကင်းရာ မကင်းကြောင်း ရှိခဲ့တဲ့ နိုင်ငံနဲ့ အဖွဲ့အစည်း အချို့ရဲ့ ကြားဝင်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ပြတ်သားတဲ့ စိတ်ဓါတ်က သူတို့အပေါ် ရိုက်ခတ်နေတာကလည်း သိသာလှပါတယ်။ သူတို့ဟာလည်း ပြည်သူတွေနဲ့ ခံယူချက်ချင်း ချိတ်ဆက်ပြီးသား ဖြစ်လို့ အောင်ပွဲက မဝေးလှတဲ့ နေရာကို ရောက်ရှိနေရာကနေ ရွေ့ပြောင်း သွားစရာ မရှိဘူးလို့ပဲ ယူဆပါတယ်။
ဒီအခြေအနေမှာ နားမလည်စရာ တချို့ ရှိနေသေးတဲ့တိုင်အောင် တော်လှန်ရေးဟာ တနည်းတလမ်းနဲ့ ဆက်သွားနေအုံးမှာပါ။ အတွေ့အကြုံ များစွာ ရှိထားတဲ့ အဖွဲ့တွေ ဆိုတော့ အရပ်ရပ် အခြေအနေတွေ ကြားမှာ ထွက်ပေါက်ကို ရှာနိုင်မယ်ဆိုတာ ပြောလို့ ရပါတယ်။
ပြည်သူတွေရဲ့ ပြတ်သားတဲ့ စိတ်ဓါတ်က သူတို့အပေါ် ရိုက်ခတ်နေတာကလည်း သိသာလှပါတယ်။ သူတို့ဟာလည်း ပြည်သူတွေနဲ့ ခံယူချက်ချင်း ချိတ်ဆက်ပြီးသား ဖြစ်လို့ အောင်ပွဲက မဝေးလှတဲ့ နေရာကို ရောက်ရှိနေရာကနေ ရွေ့ပြောင်း သွားစရာ မရှိဘူးလို့ပဲ ယူဆပါတယ်။ ပြည်သူတွေက အချိန်ဆွဲ မခံ၊ အာရုံလွှဲ မခံ၊ စိတ်ဝမ်းကွဲ မခံဘူးဆိုတာ ခိုင်မာစွာ ဖော်ပြကြပြီး ဖြစ်ကြောင်းပါ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။