Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျောက်တော်မြို့ရှိ ခမရ ၅၃၉ တပ်ရင်းတစ်ရင်းလုံး ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချ အလင်းဝင် (ရုပ်သံ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာရှိ အင်အား ၃၀၀ ဝန်းကျင်ရှိ အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၃၉ တပ်ရင်း တစ်ရင်းလုံးဟာ လက်နက်ခဲယမ်းများနဲ့အတူ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရက္ခိုင့်တပ်တော်(AA)ထံမှာ အလံဖြူထောင်ကာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၃၉ မှ စစ်သားများ လက်နက်ချ အလင်းဝင်ချိန် အစောပိုင်းမှာ တပ်ထဲမှာ အင်အား ၂၀ လောက် ပုန်းအောင်း ကျန်နေခဲ့ကြောင်း အလင်းဝင်လာသူများက ပြောပြခဲ့တာကြောင့် လက်နက်ချ အလင်းဝင်ကြဖို့ လော်စပီကာနဲ့ အော်ပြောခဲ့ရပြီး နောက်ပိုင်းမှာ အဆိုပါ ပုန်းအောင်နေသူ အင်အား ၂၀ ဝန်းကျင်ခန့်ပါ ထပ်မံ အလင်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။


"ပထမတော့ သူတို့တွေ ကြောက်ပြီး ပုန်းနေကြတာ အင်အား ၂၀ လောက်ရှိတယ်။ နောက်ပိုင်း လော်စပီကာတွေနဲ့ အော်ပြောမှ သူတို့ပါ ထပ်ပြီး အလင်းဝင်လာကြတာ။ အခုတော့ တပ်ရင်းတစ်ရင်းလုံး လက်နက်ချ အလင်းဝင်ခဲ့ပြီးပါပြီ။ စုစုပေါင်း အင်အား ၃၀၀ ဝန်းကျင် ရှိပါတယ်”လို့ ဒေသခံ ပြည်သူတစ်ဦးထံမှ သိရပါတယ်။


ကန်စောက်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၃၉ တပ်ကို ရက္ခိုင့်တပ်တော်(AA)က ဘက်ပေါင်းစုံ ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကြောင့် အစောပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ကာ ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့တဲ့ အဆုံးမှာ စစ်ကောင်စီ စစ်သားတွေက အလံဖြူထောင် လက်နက်ချခဲ့ကြတာလို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘက် စစ်တွေ- ရန်ကုန်ကားလမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ အမြောက်တပ်စခန်းတစ်ခု ဖြစ်တဲ့ အမတ ၃၇၇ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်ရယူ ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။


လက်နက်ချ အလင်းဝင်ခဲ့တဲ့ ခမရ ၅၃၉ တပ်ရင်းဟာ စစ်တွေ - ရန်ကုန် ကားလမ်းမဘေးရှိ ကန်စောက် တောင်ခြေရင်းမှာ တည်ရှိတာ ဖြစ်ပြီး အဆိုပါ တောင်ကြောတလျှောက် အခိုင်အမာ အခြေချ တည်ဆောက်ထားတဲ့ တပ်ရင်းတစ်ခု ဖြစ်ပါတယ်။

 

ရုပ်သံ - ခမရ ၅၃၉ တပ်ရင်းမှ စစ်သားများနှင့် မိသားစုဝင်များ လက်နက်ချ အလင်းဝင်လာစဉ်
~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။