ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..။
မင်းကို ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးက လာရောက်တွေ့ဆုံတော့ "ကဲ ကြည့်စမ်း ငါ့ကိုအဖတ်လုပ် အရောဝင်လာကြပြီ" ဆိုပြီး ဝမ်းသာနေတယ်ပေါ့လေ။ ဒါပေမဲ့ ဟိုက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ပြောကြားလာတော့ လဒကြီးဘိန်းကျွေးခံလိုက်ရသလို ဖြစ်သွားရော မဟုတ်လား။
ဟုတ်တယ်လေကွာ။ တရုတ်ကြီးကလည်း ရှမ်းမြောက် လောက်ကိုင်မှာ အွန်လိုင်းလောင်းကစားတွေကြောင့် သူတို့နိုင်ငံ စီးပွားရေးနစ်နာမှုတွေရှိတယ်ဆိုပြီး နှိမ်နင်းပေးဖို့ တိုက်တွန်းလာတယ်။ အဲဒီမှာ ညောင်မြစ်တူးရင် ပုတ်သင်ဥတွေပေါ်လာမှာမို့ မင်းတို့က ဝေ့လည်ကြောင်ပတ်လုပ်နေကြတယ်။ နောက်တော့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြီး အရှိန်အဟုန်နဲ့ ပေါ်ထွန်းလာရော။ အဲဒီစစ်ဆင်ရေးမှာ စစ်အာဏာရှင်အမြစ်ပြတ်သုတ်သင်ရေးအပြင် နယ်စပ်ဒေသ အွန်လိုင်းလောင်းကစားပပျောက်ရေးဆိုတဲ့အချက် ပါဝင်လာတော့ ဆက်စပ်တွေးတောစရာတွေ ဖြစ်လာတယ်။
ကြက်ဝိုင်းလောက်သာရှိတဲ့ လူတစ်စုကို အခကြေးငွေပေးခေါ်ယူပြီး ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ တရုတ်သံရုံးရှေ့တို့ကို ဆန္ဒထုတ်ဖော်ကန့်ကွက်ခိုင်းတာပေါ့။ မင်းတို့ကတော့ မင်းတို့ဥာဏ်တစ်ထွာတစ်မိုက်လောက်လေးနဲ့ ပြည်သူလူထုတရပ်လုံးကို တရုတ်ဆန့်ကျင်ရေးလမ်းကြောင်းဆီပြောင်းသွားအောင် ဖန်တီးလိုဟန်တူပါရဲ့။
မင်းတို့ကတော့ တရုတ်နိုင်ငံရဲ့ အားပေးကူညီမှုရှိနေတယ်လို့ ယူဆထားကြဟန်တူပါရဲ့။ ဒါကြောင့်လည်း ကြက်ဝိုင်းလောက်သာရှိတဲ့ လူတစ်စုကို အခကြေးငွေပေးခေါ်ယူပြီး ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ တရုတ်သံရုံးရှေ့တို့ကို ဆန္ဒထုတ်ဖော်ကန့်ကွက်ခိုင်းတာပေါ့။ မင်းတို့ကတော့ မင်းတို့ဥာဏ်တစ်ထွာတစ်မိုက်လောက်လေးနဲ့ ပြည်သူလူထုတရပ်လုံးကို တရုတ်ဆန့်ကျင်ရေးလမ်းကြောင်းဆီပြောင်းသွားအောင် ဖန်တီးလိုဟန်တူပါရဲ့။ ဒါပေမဲ့ တို့ပြည်သူတရပ်လုံးက မင်းတို့စစ်အာဏာရှင်တွေကို အသည်းပေါက်အောင် နာကျည်းမုန်းတီး၊ ရွံရှာနေကြတာလေ။ ဒါကို မင်းတို့က နားမလည်တာလား၊ နားမလည်ချင်ယောင်ဆောင်နေကြတာလား မပြောတတ်ဘူး။
ဒီတော့ တို့ပြည်သူတွေက မင်းတို့စစ်အာဏာရှင်တွေ ပြုတ်ကျသွားအောင် အမေရိကန်ဖြစ်ဖြစ်၊ တရုတ်ကဖြစ်ဖြစ်၊ မည်သည့်နိုင်ငံကဖြစ်ဖြစ် ပြုလုပ်ဆောင်ရွက်ကြရင် ကြိုဆိုထောက်ခံကြမယ်။ အေး မင်းတို့စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင် ထောက်ခံကူညီလုပ်ဆောင်လာကြတဲ့ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကိုမဆို ရှုတ်ချကန့်ကွက်သွားကြမှာပဲ။ ပထမဆုံး အရေးကြီးတဲ့အချက်က မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ရေးပဲ။ ကျန်ရှိတဲ့အရာတွေကတော့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ပြီးတဲ့နောက်မှာမှ ဖြေရှင်းသွားကြမယ်လို့ သဘောထားကြတယ်။ အဲဒါ ကနေ့ တို့ပြည်သူတွေရဲ့ သဘောထားဆန္ဒအမှန်ပဲ။
ဆင်ပြောင်ကြီးကို ပုရွတ်ဆိတ်ကိုက်သလို တရုတ်ကိုဆန္ဒသွားပြတော့ တရုတ်ကြီးက တင်းပြီပေါ့။ ဒီတော့ မင်းတို့က ဆီပုလင်းခါးချိတ်ပြီး တရုတ်ကြီးဆီ သွားရောက်ခယ ဝပ်တွားကြရပြီး မဟုတ်လား။
ဒီမှာ။ ဆင်ပြောင်ကြီးကို ပုရွတ်ဆိတ်ကိုက်သလို တရုတ်ကိုဆန္ဒသွားပြတော့ တရုတ်ကြီးက တင်းပြီပေါ့။ ဒီတော့ မင်းတို့က ဆီပုလင်းခါးချိတ်ပြီး တရုတ်ကြီးဆီ သွားရောက်ခယ ဝပ်တွားကြရပြီး မဟုတ်လား။ ဟိုက မင်းတို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ပေးလိုက်တယ်။ ပြီးတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ရယူလိုက်တယ်။ ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ရေ။ မင်းမှာလုပ်ပိုင်ခွင့်မရှိဘဲ မင်းရဲ့ကိုယ်ကျိုးအတွက် ထင်သလိုလုပ်နေရအောင် တို့နိုင်ငံက မင့်အမေလင်ပိုင်တဲ့ အမွေပစ္စည်းမဟုတ်ဘူးဆိုတာ သိထားလိုက်ပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း လက်မှတ်ရေးထိုးမှုကို တို့ပြည်သူတွေက လုံးဝအသိအမှတ်မပြုဘူးဆိုတာ မင်းတို့ရော၊ တရုတ်ကြီးရောသိထားလိုက်ပါ။
ဟော အခုဆို မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက်လာလိုက်တာ စစ်စခန်းတွေရာချီ ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့အပြင် မြို့တွေကိုပါ လက်လွှတ်လိုက်ရပြီမဟုတ်လား။ ရှမ်းမြောက်မြို့တော် လားရှိုးကိုတောင် ကာကွယ်နိုင်ပါတော့မလား မသိ။ ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို မင်းတို့အနေနဲ့ ပြန်လည်ရရှိဖို့ဆိုတာ စိတ်ကူးထဲတောင် လုံးလုံးမထည့်နဲ့တော့။
ဒီမှာ။ ပြောချင်တာကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မင်းတို့စစ်အာဏာရှင်တွေ အနှစ်နှစ်အလလ ယုတ်မာပက်စက်အနိုင်ကျင့်မှုရဲ့ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာရတာပဲ။ အဲဒီမှာ အွန်လိုင်းလောင်းကစားမှုပပျောက်ရေးဆိုတဲ့ အချက်တစ်ချက်ကြောင့် ကူညီပံ့ပိုးမှုရခဲ့လို့ အောင်မြင်မှုပိုမိုရရှိခဲ့တယ်ဆိုရင်လည်း မမှားဘူးပေါ့ကွာ။ ဒီတော့ မင်းတို့အနေနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် မပေါ့ဆကြဖို့၊ ဝေ့လည်ကြောင်ပတ်မလုပ်မိကြဖို့ လိုတာပေါ့ကွာ။ ပြောချင်တာကတော့ အဲဒါပဲ။
အဲဒီရွှေကုက္ကိုလ်ဆိုတာက ဧကသုံးထောင်လောက် ကျယ်ဝန်းတဲ့နေရာကြီး။ အုပ်ချုပ်စီမံခန့်ခွဲနေတဲ့သူက နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးစောချစ်သူတဲ့။ သူကလည်း ခေသူမဟုတ်မဟုတ်။ မအလ သူကောင်းပြုချီးမြှောက်ထားတဲ့ သီရိပျံချီဘွဲ့ရရှိထားသူ။
ဟော အခု ထိုင်းက ဒုတိယဗိုလ်ချုပ်ကြီး လာရောက်တဲ့ကိစ္စကလည်း မြဝတီနယ် ရွှေကုက္ကိုလ်မြေက အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားဥပဒေစိုးမိုးမှုအတွက် ဆိုပါလား။ အဲဒီရွှေကုက္ကိုလ်ဆိုတာက ဧကသုံးထောင်လောက် ကျယ်ဝန်းတဲ့နေရာကြီး။ အုပ်ချုပ်စီမံခန့်ခွဲနေတဲ့သူက နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးစောချစ်သူတဲ့။ သူကလည်း ခေသူမဟုတ်မဟုတ်။ မအလ သူကောင်းပြုချီးမြှောက်ထားတဲ့ သီရိပျံချီဘွဲ့ရရှိထားသူ။ ရွှေကုက္ကိုလ်မှာ အွန်လိုင်းလောင်းကစားမှုတွေရှိတယ်။ ငွေကြေးလိမ်လည်တဲ့သူတွေရှိတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ကြတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ သြစတြေးလျ၊ ဟောင်ကောင်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းစတဲ့ နိုင်ငံစုံကလူတွေ၊ တရားမဝင် နေကြသူတွေ အများကြီးပဲ။ တရားဥပဒေစိုးမိုးမှုဆိုတာကတော့ စောချစ်သူနဲ့ ပုဂ္ဂိုလ်ရေးအဆင်ပြေမှုကအဓိကပဲ ထင်ပါရဲ့။
အထူးသဖြင့် အဲဒီမှာ နေထိုင်ကျက်စားကြသူတွေက လူ့သိက္ခာ၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးတွေကို လုံးဝထည့်သွင်းမစဥ်းစားဘဲ ငွေကြေးရရှိရေးတစ်ခုတည်းကိုသာ လုပ်ကိုင်နေကြဟန်တူပါရဲ့။ ပြောရရင် လူ့အသိုင်းအဝိုင်းအတွက် အမှိုက်တွေစုဝေးနေကြတဲ့ နေရာပေါ့။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံက စောချစ်သူကို အမည်ပျက်စာရင်းထဲ ထည့်သွင်းကန့်သတ်ထားလိုက်တာပေါ့။ ဒါပေမဲ့ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ကတော့ သူ့အကျိုးစီးပွားကို အထောက်အပံ့ရရှိလို့ထင်ပါရဲ့ သီရိပျံချီဆိုတဲ့ဘွဲ့ထူးကို ထိုက်ထိုက်တန်တန်ချီးမြှင့်လိုက်တယ်ဆိုပဲ။
ခုတော့ ထိုင်းက ရွှေကုက္ကိုလ်ကို ထိန်းချုပ်ဖို့ပြောလာပြီ။ ကိုင်း အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..။ မင်း ဘာလုပ်ဖို့ စိတ်ကူးထားသလဲ။ ကိုးကန့်ဒေသက မင်းတို့ခန့်အပ်ထားတဲ့ နယ်မြေဥက္ကဌကို ကာကွယ်မှုပေးထားသလို စောချစ်သူကိုလည်း ကာကွယ်မှုပေးထားမလား။ ထိုးကျွေးမယ်လား။ ကိုးကန့်ဒေသဥက္ကဌကို ကာကွယ်မှုပေးထားလို့ မင်းအနေနဲ့ ပေးဆပ်လိုက်ရတဲ့အရင်းအနှီးက မင်းထိုင်နေတဲ့ ကုလားထိုင်ခြေထောက်လေးချောင်းထဲက တစ်ချောင်းကို ရိုက်ချိုးခံလိုက်ရသလိုကြီးနော်။ အခု ကုလားထိုင်ခြေထောက်သုံးချောင်းနဲ့ ဟန်မပျက် ထိန်းပြီးထိုင်နေရတာမဟုတ်လား။
ရွှေကုက္ကိုလ်စီမံကိန်းကြောင့် ထိုင်းမှာ ဘယ်လောက်ထိခိုက်နစ်နာစရာရှိနေလို့လဲ။ ဒါကို ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ကိုယ်တိုင် လာရောက်ပြောဆို ဆွေးနွေးတယ်ဆိုတော့ ရိုးရိုးသားသားမဖြစ်နိုင်ဘူး။ ပယောဂများ ဝင်ပူးနေလေရော့သလား။
ဒီမှာ။ ထိုင်းဆိုတာ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ သွေးသောက်ညီအစ်ကိုဆိုတာလောက်တော့ မင်းနားလည်မှာပါ။ စဥ်းစားကြည့်လေ။ ရွှေကုက္ကိုလ်စီမံကိန်းကြောင့် ထိုင်းမှာ ဘယ်လောက်ထိခိုက်နစ်နာစရာရှိနေလို့လဲ။ ဒါကို ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ကိုယ်တိုင် လာရောက်ပြောဆို ဆွေးနွေးတယ်ဆိုတော့ ရိုးရိုးသားသားမဖြစ်နိုင်ဘူး။ ပယောဂများ ဝင်ပူးနေလေရော့သလား။
ဒီတော့ မင်းက ဘာပဲဖြစ်ဖြစ် သစ္စာရှိရှိနဲ့ ကိုယ့်လူစောချစ်သူကို ကာကွယ်ပေးထားရမှာပဲဆိုရင်တော့ KNU က သူတို့ဆောင်ရွက်ပေးပါ့မယ်။ လိုအပ်တဲ့အကူအညီသာ ပံ့ပိုးပေးပါလို့ ဆိုလိုက်ရင်တော့လား။ ရှမ်းမြောက်ကလည်းပြို၊ ကရင်ဖက်ကလည်း ပြိုရင် မင်းထိုင်နေတဲ့ ကုလားထိုင် ၃ ချောင်းထောက်လေးက တစ်ချောင်းကို ထပ်ပြီးရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားမှာနော်။ လေးချောင်းထောက်ကုလားထိုင်က နှစ်ချောင်းတည်းနဲ့တော့ ဘယ်လိုမှထိန်းထိုင်လို့ဖြစ်မှာ မဟုတ်တော့ဘူး။ ပန်လန်လက်၊ ပက်လက်လန်ကျမှာ အသေအချာပါပဲ။ စဥ်းစား။
ဒီမယ်ဟေ့ကောင် စောချစ်သူမရှိရင် အဲဒီနေရာကို KNU က လွှမ်းမိုးသွားမှာဗျ။ မင်းတို့ရရှိလိမ့်မယ်မထင်နဲ့။ တကယ်ကွာ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ရေ။ မင်းအဖြစ်က ပဒိုင်းသီးဆုပ်ထားရသလိုပါပဲ။ ဆုပ်လည်းစူး၊ စူးလို့မဆုပ်ဘဲ စားမယ်ဆိုလည်း ရူးတော့မယ်အဖြစ်မျိုး။ ဒါကလည်း မင်းနဲ့ထိုက်တန်တဲ့ ဆုလာဘ်ပါကွာ။
ထူးပါဘူးကွာ။ ကိုယ်မချိ အမိတော်ခဲ၊ သားတော်ခဲ စောချစ်သူကို ထိုးကျွေးလိုက်ရုံရှိတာပ။ ဒီမယ်ဟေ့ကောင် စောချစ်သူမရှိရင် အဲဒီနေရာကို KNU က လွှမ်းမိုးသွားမှာဗျ။ မင်းတို့ရရှိလိမ့်မယ်မထင်နဲ့။ တကယ်ကွာ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..ရေ။ မင်းအဖြစ်က ပဒိုင်းသီးဆုပ်ထားရသလိုပါပဲ။ ဆုပ်လည်းစူး၊ စူးလို့မဆုပ်ဘဲ စားမယ်ဆိုလည်း ရူးတော့မယ်အဖြစ်မျိုး။ ဒါကလည်း မင်းနဲ့ထိုက်တန်တဲ့ ဆုလာဘ်ပါကွာ။
တို့ကတော့ မင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်နေမယ်။ အခု မင်းက မစားရတဲ့အမဲ သဲနဲ့ပက်ကွာဆိုတာမျိုး ကျင့်သုံးနေတယ်မဟုတ်လား။ ထီးချိုင့်၊ လောက်ကိုင်၊ မြောက်ဦး၊ ပေါက်တောတို့ကို စစ်ရေးကစ်မှတ်တွေမဟုတ်ဘဲ လေယာဥ်နဲ့ ဒလစပ် ဗုံးကြဲနေတာတွေဟာ အင်မတန်လူမဆန်တဲ့ ယုတ်မာပက်စက်မှုတွေပေါ့ကွာ။ ဒီမှာ။ မင်းတို့တွေ ဥပ္ပသန္တိတ ပရိတ်တွေရွတ်၊ အမျိုူသမီးဇာဘော်လီတွေဝတ်၊ ရွှေဖရုံယတြာတွေ ဘယ်လိုတင်တင် ဘယ်လိုယတြာကမှ မင်းတို့အတွက် ထိရောက်တော့မယ် မဟုတ်ပေဘူး။ ဒီတော့ ရွှေကုက္ကိုလ်ကို ဗုံးကြဲ ဖျက်ဆီးလိုက်ဖို့ပဲ ရှိတော့တာပ။
နှစ်ကူးမှာ မင်းတို့လည်း ဘဝကူးကြပေရော့။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။