ငယ်ငယ် မသိတတ်ခင်အရွယ်ကတော့ ကြီးလာရင်ဘာလုပ်မလဲဆို စစ်ဗိုလ်ကြီးပေါ့။ ဒါကလည်း သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာလား ဆရာဝန်ကြီးလား စစ်ဗိုလ်ကြီးလားဆိုတဲ့ လူကြီးတွေရဲ့ နမိတ်ပြမေးခွန်းတွေကြောင့်၊ နောက်တစ်ခါ မီဒီယာတွေပေါ့ အဲ့ခေတ်တုန်းက TV ဆို မြန်မာ့ရုပ်မြင်သံကြားပဲရှိခဲ့တာ ညနေ 4 နာရီ TV ကနေ ရုပ်သံစလွှင့်ပြီဆိုတာနဲ့ စစ်ချီသီချင်းနဲ့စတာကိုး "ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်.... ... " "အောင်တပ်တော်ကြီးလည်း ချီလာပါပြီ ဘာညာ ဘာညာ ဘာ" "ဘုရင့်နောင် အလောင်းဘုရားတို့သည် ဘလာ ဘလာ ဘလာ" ဆိုတဲ့သီချင်းတွေနဲ့ စစ်သည်တွေ ချီတက် သရုပ်ပြ တင့်ကားတွေ လေယာဉ်တွေနဲ့ဆိုတော့ ယောကျာ်းလေးဇာတိမို့ တိုက်ရခိုက်ရ မကြိုက်ဘယ်နေလိမ့်မလဲ အသည်းခိုက်ခဲ့ရတာပေါ့။ ဟော တစ်ခါ ရုပ်ရှင်ဇာတ်လမ်းတွေထဲလည်း စစ်သားဆို လူကောင်း၊ တခြားလက်နက်ကိုင်ဆို သူပုန်ဇာတ်ရုပ်နဲ့ ဇာတ်လမ်းဆင်ရိုက်တဲ့ရုပ်ရှင်ကားတွေကြည့်ရပြန်တော့ အဲ့မှာ သတ္တိတွေက ကြွလာကြတော့တာ၊ အဲ့လိုကနေ ဆယ်တန်းအောင်လို့ သက်မွေးပညာဆက်ရှာဖို့ ရွေးချယ်ကြတဲ့အခါ ယောကျာ်းလေးအများစုက စစ်ဘက်က ခေါင်းစဉ်အမျိုးမျိုး တပ်ထားတဲ့ ကျောင်းတွေဆီရောက်ကုန်တော့တာပေါ့။ အမှတ်နှိမ့်ပြီးခေါ်တာလည်း ပါတာပေါ့။ ကံကောင်းတာ ကိုယ်လည်း မဟုတ်ရင် ခုချိန်ဆို ဗုံးမှန်လို့ ဒုက္ခိတနဲ့ ငြိမ်းရင်ငြိမ်း မဟုတ်လည်း ရှေ့တန်းကကို မပြန်ရတဲ့ကောင်အဖြစ်နဲ့ သက်ဆိုးရှည်နေမှာ။ စစ်သားနဲ့ ရဲဆို အသေအကျေမုန်းတဲ့ ဖခင်ကြီးကြောင့်သာ ဆယ်တန်းအောင်တုန်းက DSA မရောက်ခဲ့တာပေါ့။ ခုတော့ ဖခင်ကြီးကို ကျေးဇူးအခါခါ တင်နေမိတယ်။ မဟုတ် ခုချိန်ဆို ပြည်သူ့မေတ္တာစူးနေလောက်ပြီလေ။
နိုင်ငံရဲ့ တစ်ခုတည်းသော စစ်တပ်က တိုင်းပြည်ကို ကာကွယ်ဖို့နေနေသာသာ တိုင်းပြည်ကို သစ္စာဖောက်ပြီး ရောင်းစားနေကြတဲ့သူတွေလက်ထဲက လက်ကိုင်တုတ်ဖြစ်နေတော့ အတော်ကို လွဲချော်နေတော့တာပေါ့။
တစ်ကယ်တော့ စစ်တပ်ဆိုတာ တိုင်းပြည်တိုင်းမှာ ရှိဖို့လိုအပ်သလို နိုင်ငံရဲ့သားကောင်းတွေဟာလည်း စစ်ထဲကိုဝင်ပြီး နိုင်ငံကိုကာကွယ်ချင်တဲ့စိတ်ဓာတ်ရှိကြတယ်ဆိုတာ လေးစားဖွယ်ပါပဲ။ အဲ့ဒီနေရာမှာ တစ်ခုရှိတာက တစ်ကယ့်စစ်မှန်တဲ့ တိုင်းပြည်ကို ကာကွယ်မယ့် စစ်တပ်ဖြစ်ဖို့တော့ လိုတာပေါ့။ အခုတော့ နိုင်ငံရဲ့ တစ်ခုတည်းသော စစ်တပ်က တိုင်းပြည်ကို ကာကွယ်ဖို့နေနေသာသာ တိုင်းပြည်ကို သစ္စာဖောက်ပြီး ရောင်းစားနေကြတဲ့သူတွေလက်ထဲက လက်ကိုင်တုတ်ဖြစ်နေတော့ အတော်ကို လွဲချော်နေတော့တာပေါ့။ ဒီလို ပျက်စီးနေတဲ့ စစ်တပ်ထဲကို ရောက်သွားကြတဲ့ အမျိုးကောင်းသားတွေဟာလည်း သူတို့လိုရာပုံသွင်းမယ့် စစ်ဗိုလ်ချုပ်တွေ လက်အောက်ရောက်တဲ့အခါ စိတ်ဓာတ်တွေ ပျက်ပြားသွားရတော့တာပေါ့။
ဘယ်လိုကြောင့်ပဲ စစ်တပ်ထဲဝင်ဝင် နောက်ဆုံးမှာတော့ ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေရဲ့ brain wash အလုပ်ခံရပြီး ငါ့ကိုငါတောင်မပိုင်၊ ငါ့ကို တပ်ကပဲပိုင်တယ်လို့အယူမှားပြီး အမိန့်ဆိုတဲ့စကားရပါအောက်မှာ ဘဝတွေကို ချစတေးကြရတော့တာပါပဲ။
စာရေးသူအမြင်အရ စစ်တပ်ထဲဝင်ကြတဲ့ ယျောကျားလေးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ မိဘက စစ်သားမို့လို့ သားသမီးက စစ်တပ်ထဲလိုက်ဝင်ကြတာ၊ ယောကျာ်းလေးဇာတိပြလို့ တိုက်ချင်ခိုက်ချင်လို့ စစ်တပ်ထဲဝင်ကြတာ၊ ယူနီဖောင်းနဲ့ကျော့ကျော့ကော့ကော့ဆို ဆော်ကြည်လို့ စစ်တပ်ထဲဝင်ကြတာ၊ မိဘအရှိန်အဝါနဲ့ နေရာယူဖို့စစ်တပ်ထဲဝင်ကြတာနဲ့ အဆုံးမှာတော့ တိုင်းပြည်က ငါ့ကိုလိုအပ်နေတယ်လို့ ယူဆပြီး စစ်တပ်ထဲဝင်ကြသူများလို့ ခွဲခြမ်းစိတ်ဖြာမိပါတယ်။ ဘယ်လိုကြောင့်ပဲ စစ်တပ်ထဲဝင်ဝင် နောက်ဆုံးမှာတော့ ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေရဲ့ brain wash အလုပ်ခံရပြီး ငါ့ကိုငါတောင်မပိုင်၊ ငါ့ကို တပ်ကပဲပိုင်တယ်လို့အယူမှားပြီး အမိန့်ဆိုတဲ့စကားရပါအောက်မှာ ဘဝတွေကို ချစတေးကြရတော့တာပါပဲ။ အဲ့ ဒီလိုစတေးတဲ့ထဲ အရှိန်အဝါကြီးမားကြတဲ့ မိဘများရဲ့ သားသမီးများတော့ မပါဘူးပေါ့ဗျာ။ အရှိန်အဝါနောက်ခံ အားကိုးနဲ့ ရာထူးတွေ ဆောင့်တက်ပြီး သူဌေးကြီးတွေဖြစ်ကုန်တော့တာပေါ့။ အဲ့ အရှိန်အဝါ နောက်ခံမရှိရှာကြတဲ့ အစတေးခံများကတော့ သွားပေရော့ရှေ့တန်းပေါ့။ အစာရေစာအငတ်ငတ် အပြတ်ပြတ် လူလုံးမပေါ်အောင်နေပေတော့ပေါ့။ အဲ့ဒမှာ တချို့က လူလည်ကျခံရတာကိုသိ မချိလို့ စိတ်နာတဲ့သူရှိကောင်းရှိပေမယ့် တချို့ကျ ကိုယ့်ကိုယ်ကိုယ်အဟုတ်မှတ် သူရဲကောင်းလို့ အထင်မှားပြီး အသေခံကြသူများလည်း အမျောက်အမြားပေါ့ဗျာ။
သေနတ်ဆိုတာ ဗိုလ်သင်တန်းတုန်းကပဲ ပစ်ခဲ့ဖူး၊ မြေပုံတိုက်ပွဲလောက်တိုက်၊ ကျောင်းဆင်းတော့ သာမန်ကာရှန်ကာ ရှေ့တန်းလေးအထွက်ပြ၊ အကပ်ကောင်းနဲ့ အပေါ်ရောက်ပြီး ရာထူးတွေယူ၊ ဟော တစ်ကယ်လည်း ဖြစ်ရော မတိုက်တတ် မခိုက်တတ် မစီစဉ် မညွှန်ကြားတတ်နဲ့ ခွေးအကြီးတွေ လှည်းနင်းကုန်ရောပေါ့။
ဒါတွေရဲ့ သာဓကက အခုမြင်နေကြားနေရတဲ့ စစ်တပ်ရဲ့ စခန်းတွေ၊ ဗျူဟာတွေ၊ ဌာနချုပ်တွေ ကျကုန်ရတဲ့လက်တွေ့သင်ခန်းစာတွေပဲပေါ့။ သေနတ်ဆိုတာ ဗိုလ်သင်တန်းတုန်းကပဲ ပစ်ခဲ့ဖူး၊ မြေပုံတိုက်ပွဲလောက်တိုက်၊ ကျောင်းဆင်းတော့ သာမန်ကာရှန်ကာ ရှေ့တန်းလေးအထွက်ပြ၊ အကပ်ကောင်းနဲ့ အပေါ်ရောက်ပြီး ရာထူးတွေယူ၊ ဟော တစ်ကယ်လည်း ဖြစ်ရော မတိုက်တတ် မခိုက်တတ် မစီစဉ် မညွှန်ကြားတတ်နဲ့ ခွေးအကြီးတွေ လှည်းနင်းကုန်ရောပေါ့။
တွေးကြည့်လေ၊ အခုမြင်နေရတဲ့ တိုက်ပွဲသတင်းတွေ ကျသွားတဲ့ စခန်းကုန်း၊ ဗျူဟာကုန်းတွေရဲ့ သတင်းဓာတ်ပုံတွေအရဆို စခန်းတွေ၊ ဗျူဟာတွေ၊ ဌာနချုပ်တွေမှာရှိနေတဲ့ လက်နက်အင်အားက မနည်းမနောပဲကိုး၊ ဒါပေမယ့် ဘာကြောင့်ကျကြရသလဲ။ ဘာကြောင့် လက်နက်တွေ ချကြသလဲ။ စစ်မတိုက်တတ်ကြလို့လား၊ စစ်မတိုက်ချင်ကြတော့တာလား။ နှစ်မျိုးလုံးဖြစ်နိုင်တာပဲ။ အထက်ကအမိန့်တွေကို လွန်ဆန်မရလို့ လိုက်နာချင်ယောင်ဆောင်ပြီး တဖက်လှည့်နဲ့ CDM ပဲ လုပ်နေကြသလား။ ထင်တာတော့ မအလ အညာခံနေရပြီပဲ။
မင်းဘယ်လောက်တော်တော် ဗိုလ်ချုပ်တွေထက်တော်လို့မရပါဘူး။ အရမ်းတော်နေရင် ဆော်သွားမှာမလို့ အရမ်းတော်နေရင် မခေါ်ပါဘူး။အဲ့ဒါကြောင့် အလယ်အလတ်အဆင့်လောက်ရှိပြီး သူတို့ပြောသမျှ လိုက်နာမယ့်သဘောဆောင်တဲ့သူများကိုသာ ရွေးချယ်ပါတယ်။
အညာခံရဆို သူကိုယ်တိုင်လည်း brain wash အလုပ်ခံခဲ့ရသူပဲကိုးဗျ။ ဟုတ်တယ်။ စစ်တပ်ထဲဝင်ချင်တိုင်း ဝင်ရတာမှ မဟုတ်တာ။ တပ်ထဲဝင်ဖို့ ဝင်ခွင့်ဖြေရမယ်၊ စာတွေ့ လက်တွေ့ အဆင့်ဆင့်ဖြတ်ရမယ်။ ဒါတွေအောင်မှ စစ်တက္ကသိုလ်တက်ခွင့်ရမယ်။ အဲ့ဒီမှာ ဘာကိုတွေ့နိုင်လဲဆိုတော့ တချို့ စာအရမ်းတော်တယ်၊ physical အရမ်းကောင်းတယ် ဒါပေမယ့် ဝင်ခွင့်မအောင်လို့ လွဲခဲ့ရသူတွေရှိတယ် (တချို့ကတော့ တကယ်သောက်သုံးမကျလို့ကို မပါတာပါ)။ တချို့က စာလည်း အဲ့လောက်မရကြ၊ physical လည်း ထိထိရောက်ရောက်မဟုတ်ပါဘဲ ဝင်ခွင့်ပါသွားတာမျိုးတွေပေါ့။ ဘာနဲ့ဘယ်လို ရွေးချယ်လို့လဲ။ voting နဲ့လား။ ဟဟပါပဲပေါ့။ ဒီလိုပါ။ မင်းဘယ်လောက်တော်တော် ဗိုလ်ချုပ်တွေထက်တော်လို့မရပါဘူး။ အရမ်းတော်နေရင် ဆော်သွားမှာမလို့ အရမ်းတော်နေရင် မခေါ်ပါဘူး။ အဲ့ဒါကြောင့် အလယ်အလတ်အဆင့်လောက်ရှိပြီး သူတို့ပြောသမျှ လိုက်နာမယ့်သဘောဆောင်တဲ့သူများကိုသာ ရွေးချယ်ပါတယ်။ အဲ့ဒါကြောင့် တပ်ထဲက အများစုကြည့်လိုက်ရင် တသွေး တသံ တမိန့်ဆိုတဲ့ ဂျင်းမှာ လှိမ့်နေကြသူချည်းဖြစ်နေတာပါပဲ။ မအလပဲ ကြည့်၊ သူ့အရပ်အမောင်း သူ့အသွင်အပြင်နဲ့ တကယ့်စည်းစနစ်အတိုင်း အမှန်သာဆို သူစစ်ဗိုလ်ဖြစ်လာနိုင်စရာ အကြောင်းကိုမရှိတာပါ။ အဲ့ထဲက နားလည်လိုက်တော့ပေါ့ဗျာ။
ငါမသေ ငါ့စခန်းမကျစေရတဲ့။ အခု မသေခင်တည်းက ကျနေပြီ။ ငါပြောသလိုလုပ် ငါလုပ်သလိုလည်းလုပ်တဲ့။ ဟဟ တကယ်တမ်း ငါပြောတာလုပ် ငါ့ဆရာမလုပ်နဲ့ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေပဲဟာ။ လွဲပြီပေါ့။ ငါခိုးသလို လိုက်ခိုးဆိုပြီး သေဖော်ညှိတာမျိုးတော့ရှိရင်ရှိမှာပေါ့လေ။
တပ်ထဲ ဘယ်လိုတွေဂျင်းထားလဲ။ တပ်မတော်သာအမိ တပ်မတော်သာအဖတဲ့။ ကဲ စစ်တပ်ကို မင်းတို့မိဘလို့ သဘောထားကြဆိုကတည်းက ပြည်သူကို သတ်တာ မဆန်းတော့ဘူး။ ဟောကြည့်ဦး တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်တဲ့။ အဟက် လွဲချက်က။ စစ်တပ်ထဲ စစ်သားဆိုတာ ပြည်သူကဖြစ်တာ မဟုတ်ဘုးလား။ ပြည်သူအယောက်တသိန်းရှိမှ စစ်သား အယောက်တစ်ထောင်လောက်ဖြစ်လာမှာ မဟုတ်ဘူးလား။ ဟိုးအရင် ဘရင်တွေခေတ်ကတည်းက ထောင်ပြု ရာပြုမြို့ဆိုပြီး စစ်သည်အင်အားစုဖို့ ပြည်သူ့အင်အားပေါ် အခြေတည်ပြီး စုဖွဲ့ခဲ့တာ။ သူတို့အလှည့်ကျမှ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်တဲ့။ ဖြစ်နိုင်လား။ လွဲတာ လွဲတာဆိုတာ။ ငါမသေ ငါ့စခန်းမကျစေရတဲ့။ အခု မသေခင်တည်းက ကျနေပြီ။ ငါပြောသလိုလုပ် ငါလုပ်သလိုလည်းလုပ်တဲ့။ ဟဟ တကယ်တမ်း ငါပြောတာလုပ် ငါ့ဆရာမလုပ်နဲ့ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေပဲဟာ။ လွဲပြီပေါ့။ ငါခိုးသလို လိုက်ခိုးဆိုပြီး သေဖော်ညှိတာမျိုးတော့ရှိရင်ရှိမှာပေါ့လေ။
အဲ့တော့ အနှစ်ချုပ်ရရင် ( ကျပ်မပြည့်လို့ စစ်သားဖြစ်ချင်တာ တပိုင်းသေခဲ့ပေမယ့် မဖြစ်ခဲ့ရတဲ့တိုင် ခုချိန်ထိ သူတို့ကိုယ်တိုင် ဦးစီးတိုက်နေရသလို လေသံမျိုးနဲ့ ပြောလေ့ရှိကြတဲ့ ကြောင်မျိုးမင်းတို့ ကြောင်စိုးဦးတို့ အထာနဲ့ပြောရရင်) မြန်မာစစ်တပ်ဘာကြောင့်ပျက်ရသလဲ၊ ဘာကြောင့်ပျက်ရသလဲဆို တပ်ချုပ်ကြီး မအလလို ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်ထဲရောက်ခဲ့ရလို့ပါပဲဗျာ။ အဘ ဗိုလ်ချုပ်ကြီးများခင်ဗျာ ခင်ဗျားတို့ပြောပြောနေတဲ့ တိုင်းပြည်ကို ကယ်တင်တယ် ကယ်တင်တယ်ဆိုတဲ့အစား ခင်ဗျားတို့ တပ်ကို ခင်ဗျားတို့ အရင်ဆုံး ချောက်ထဲမကျခင် ကယ်တင်သင့်နေပြီဖြစ်ပါကြောင်း။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။