Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နေပြည်တော် နာရေး သိပ်မဝေးတော့ပါ (OPINION)

နှစ်သစ်အစ ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက-လောက် ကိုင်)က ဗိုလ်မှူးချုပ် ၆ ဦးတို့ဟာ သူတို့ပုခုံးပေါ် ထမ်းထားတဲ့ မနိုင်ဝန်ကြီးကို ပစ်ချကာ သမိုင်းဝင် လက်နက်ချပွဲကြီး ကျင်းပခဲ့တယ်။

 

ဒစက-လောက်ကိုင်မှာရှိတဲ့ လက်နက်ခဲယမ်းတွေ အကုန် ကိုးကန့်တပ်မတော် MNDAA ကို အပ်ကာ ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင် ၂၁၀၀ ကျော်နှင့် မိသားစုဝင် ၁၆၀၀ ကျော်တို့ရဲ့ အသက်တင်မက သွားလိုရာသွားခွင့်ပြုခြင်းနဲ့  အပေးအယူတည့်ခဲ့ကြတယ်။

 

စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက တရုတ်နိုင်ငံဘက် ကျည်မကျရေးနဲ့ တပ်မိသားစုလုံခြုံရေးအ တွက် လက်နက်ချခဲ့တာလို့ ဇန်နဝါရီ ၆ ရက်မှာ Popular News သတင်းဌာနကို ဖြေကြားထားတာ တွေ့ရတယ်။ ဇော်မင်းထွန်းရဲ့ ဖြေကြားချက်အရဆိုရင် စစ်အုပ်စုခေါင်းဆောင်တွေရဲ့ အတည်ပြုချက်နဲ့ လက်နက်ချခဲ့တာလို့ ဆက်တွေးလို့ရနိုင်ပေမဲ့ ဇန်နဝါရီ ၈ ရက်နေ့၊ ခေတ်သစ်သတင်းထဲမှာတော့ လောက်ကိုင်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုတွေနဲ့ အရေးယူမယ်လို့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ကနေ သိရကြောင်း ဖော်ပြထားတာတွေ့ရတယ်။

 

ထူးခြားချက်ကတော့ လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ စစ်သားတွေနဲ့ မိသားစုဝင် အားလုံးဟာ သေနတ်မပါ လက်ချည်းဗလာနဲ့ စစ်အုပ်စုရင်ခွင် ပြန်လည်ခိုလှုံကြခြင်းပါပဲ။

 

အညံ့ခံဗိုလ်မှူးချုပ် ၆ ဦးဟာ သူတို့သဘောနဲ့သူတို့ လက်နက်ချဖို့ ဆုံးဖြတ်ခဲ့ပြီးမှ အထက်ကိုအသိပေးရုံအဆင့် တင်ပြခဲ့တယ်လို့လည်း ဆိုတယ်။ ထူးခြားချက်ကတော့ လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ စစ်သားတွေနဲ့ မိသားစုဝင် အားလုံးဟာ သေနတ်မပါ လက်ချည်းဗလာနဲ့ စစ်အုပ်စုရင်ခွင် ပြန်လည်ခိုလှုံကြခြင်းပါပဲ။ အခုလို လက်နက်ချပြီး စစ်အုပ်စုရင်ခွင် ပြန်လည်ခိုလှုံတယ်ဆိုတာ အခုဖြစ်ရပ်က ပထမဆုံးအကြိမ်ဖြစ်တာကြောင့် စစ်အုပ်စုခေါင်းဆောင်တွေရဲ့ အတည်ပြုချက်နဲ့ လက်နက်ချခဲ့ပြီး စစ်ခေါင်းဆောင်တွေက အရှက်ကြီးတာ ကြောင့် ဝန်မခံတာများလားလို့လည်း တွေးရပါမယ်။

 

ဆက်လက်ပြီး ဇန်နဝါရီ ၅ ရက်မှာလည်း လောက်ကိုင်၊ နမ်ထင်းမိန်ရှန်းတပ်စခန်းက စစ်သား ၂၆၆ ဦးတို့ ထပ်မံ လက်နက်ချပြန်ပါတယ်။ ဒုတိယအသုတ် ၂၆၆ ဦးကလည်း အထက်ပါနည်းလမ်းအတိုင်း လက်နက်တွေ ထားခဲ့ပြီး စစ်အုပ်စုရင်ခွင် ပြန်ဝင်ကြပုံပါပဲ။

 

ဒီတစ်ခါ လက်နက်ချတာက ကွတ်ခိုင်မြို့ပေါ်က စစ်ဗျူဟာတပ်စခန်းဖြစ်ပါတယ်။ ကွတ်ခိုင်မြို့ပေါ်က ရဟတ်ယာဉ်ကွင်းလည်းရှိပြီး ဗျူဟာမှူးအဆင့် ကွပ်ကဲတဲ့ အခိုင်အမာစခန်းတစ်ခုလို့ သိရပါတယ်။

 

အဲဒီလို လက်နက်ချပြီး ပြည်သူ့ရင်ခွင် မဝင်ဘဲ စစ်အုပ်စုရင်ခွင် ပြန်လည်ဝင်ရောက်မှုက ဇန်နဝါရီ ၇ ရက်မှာ ဆက်လက်ဖြစ်ပွားပြန်တော့ ခေတ်စားလာတဲ့ လက်နက်ချနည်းအသစ်လို့တောင် ဆိုရပါတော့မယ်။ ဒီတစ်ခါ လက်နက်ချတာက ကွတ်ခိုင်မြို့ပေါ်က စစ်ဗျူဟာတပ်စခန်းဖြစ်ပါတယ်။ ကွတ်ခိုင်မြို့ပေါ်က ရဟတ်ယာဉ်ကွင်းလည်းရှိပြီး ဗျူဟာမှူးအဆင့် ကွပ်ကဲတဲ့ အခိုင်အမာစခန်းတစ်ခုလို့ သိရပါတယ်။

 

အဲဒီစခန်းကနေ စစ်သားအင်အား ဘယ်၍ဘယ်မျှ လက်နက်ချသလဲဆိုတာ မသိရသေးပေမဲ့ တ အောင်းတပ်မတော် TNLA ထံ လက်နက်ချပြီးနောက် စစ်သားတွေနဲ့ မိသားစုဝင်တွေဟာ ကားတွေနဲ့ လား ရှိုး ကို လက်နက်ဗလာ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ အဲဒီတပ်စခန်းကနေ လက်နက်တွေ ဘယ်လောက်ရလိုက်သလဲဆိုတာကို TNLA က မထုတ်ပြန်လို့ မသိရသေးပေမဲ့ နည်းမယ်မထင်ပါဘူး။ လက်နက်ချအပြီးမှာ ကွတ်ခိုင်မြို့ကို TNLA က သိမ်းပိုက်ခဲ့တာကြောင့် လောက်ကိုင်လိုပဲ လက်နက်ချ၊ လက်နက်နဲ့ မြို့အပ်ကာ စစ်အုပ်စုရင်ခွင် ပြန်ဝင်သွားခြင်းပါပဲ။ ကွတ်ခိုင်ဖြစ်စဉ်ကလည်း စစ်ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ လက်နက်ချတာလားဆိုတာ၊ ကိုယ့်သဘောနဲ့ကိုယ်လားဆိုတာ မသိရသေးပါဘူး။

 

အစုလိုက်အပြုံလိုက် လက်နက်ချမှု နောက်တစ်ခုက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စုစုပေါင်းစစ်သား ၂၀၀ လောက်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာ စခန်းတစ်ခုလုံး AA ထံ လက်နက်ချခြင်းပဲ ဖြစ်ပါတယ်။ 

 

အခုနောက်ဆုံးသိရတဲ့ အစုလိုက်အပြုံလိုက် လက်နက်ချမှု နောက်တစ်ခုက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စုစုပေါင်းစစ်သား ၂၀၀ လောက်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာ စခန်းတစ်ခုလုံး AA ထံ လက်နက်ချခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလက်နက်ချမှုကတော့ ပုံမှန်နည်းလမ်းအတိုင်း ကိုယ့်သဘောနဲ့ကိုယ် ပြည်သူ့ရင်ခွင်ဝင်ခြင်းဖြစ်ပါတယ်။ 

 

ကိုယ့်သဘောနဲ့ကိုယ်လက်နက်ချခြင်းဆိုတာ ဘယ်လောက်ထိ အပြစ်ကြီးပါသလဲ။ တပ်မတော် အက်ဥပဒေ အခန်း(၆)၊ ၃၂(က)က သေဒဏ်ထိုက်သင့်တဲ့ ပြစ်မှုအဖြစ် အခုလိုဆိုထားပါတယ်။ “မိမိအား လွှဲအပ်ထားသော သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန် တာဝန်ဝတ္တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတစ်ခုခုကို ရှက်ဖွယ်ကောင်စွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ရန် တပ်မှူးတစ်ဦးဦးအားသော်၎င်း၊ အခြားသူ တစ်ဦးဦးအားသော်၎င်း၊ အတင်းအကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖျားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံးပြုလျှင်” လို့ ပြဌာန်းထားပါတယ်။

 

လောက်ကိုင်နဲ့ ကွတ်ခိုင်က တပ်မှူးတွေဟာ သူတို့သဘောနဲ့သူတို့ လက်နက်ချခဲ့တယ်ဆိုရင် သေဒဏ်အထိကျခံနိုင်တဲ့ အညံ့ခံမှုဖြစ်တာကြောင့် လက်နက်ချပြီး စစ်အုပ်စုရင်ခွင် ပြန်ဝင်ရဲပါ့မလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

 

ဒါ့ကြောင့် လောက်ကိုင်နဲ့ ကွတ်ခိုင်က တပ်မှူးတွေဟာ သူတို့သဘောနဲ့သူတို့ လက်နက်ချခဲ့တယ်ဆိုရင် သေဒဏ်အထိကျခံနိုင်တဲ့ အညံ့ခံမှုဖြစ်တာကြောင့် လက်နက်ချပြီး စစ်အုပ်စုရင်ခွင် ပြန်ဝင်ရဲပါ့မလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

 

နောက်တစ်ဆင့် ထပ်တွေးရမှာက စစ်တပ်မှာ တပ်သားအင်အား လျော့ပါးနေပြီး စစ်မီးဧရိယာ ပိုကျယ်ပြန့်လာတာကြောင့် ခံတိုက်လည်း ကျိန်းသေပေါက် ရှုူံးမယ့်နေရာတွေက စစ်သားတွေကို အဆုံးမခံဘဲ နင်လားငါလား ခုခံရမယ့်နေရာဆီ ပြန်ခေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

အခုဆိုရင် TNLA က လားရှိုးကို ပိတ်ဆို့တိုက်ခိုက်မယ့်ခြေလှမ်းတွေ ပြင်နေတာ တွေ့နေရပြီ။ လားရှိုး သာ ကျသွားခဲ့ရင် ရှမ်းမြောက်တခွင် စစ်အုပ်စုပွဲပြီးချင်းသဘင် ဆင်ယင်ရတော့မှာမို့ လားရှိုးမှာ အသေခံခိုင်းဖို့ လောက်ကိုင်နဲ့ကွတ်ခိုင်က စစ်သားတွေကို ပြန်ဆွဲခေါ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

 

အဲဒီစစ်သားတွေဟာ သူတို့တပ်မှူးရဲ့အမိန့်အရ အညံ့ခံလက်နက်ချခဲ့တယ်ဆိုရင်လည်း တပ်ထဲကနေ ရှင်းထုတ်ပစ်မှာမဟုတ်ဘဲ တစ်နေရာရာမှာ အသေခံတိုက်ခိုင်းခြင်းသာ ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်။

 

နောက်ဆုံး အဲဒီစစ်သားတွေဟာ သူတို့တပ်မှူးရဲ့အမိန့်အရ အညံ့ခံလက်နက်ချခဲ့တယ်ဆိုရင်လည်း တပ်ထဲကနေ ရှင်းထုတ်ပစ်မှာမဟုတ်ဘဲ တစ်နေရာရာမှာ အသေခံတိုက်ခိုင်းခြင်းသာ ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်တပ်တွင်း စစ်သားလိုအပ်ချက်က ထောင်ကျနေတဲ့စစ်သားဟောင်းတွေကိုတောင် ထောင်ထဲကနေ ပြန်ခေါ်ထုတ်ပြီး သုံးရတဲ့အထိ အခြေအနေဆိုးနေခြင်းကြောင့်ပါပဲ။

 

ဇန်နဝါရီ ၃ ရက်၊ မနက်ပိုင်းက ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်အကွာ နောင်ချိုမြို့နယ်၊ သံဘိုရွာက စစ်အုပ်စုစ ခန်းကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းခဲ့တယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲကနေ ဒုဗိုလ်မှူးကြီး တစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်။ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဖမ်းမိတဲ့ ဒုဗိုလ်မှူးကြီးဟာ တိုက်ခိုက်ရေးဘက်ကမဟုတ်ဘဲ သင်ကြားရေးပိုင်းက ဆရာ၊ စစ်တက္ကသိုလ်ကထိက ဖြစ်နေတယ်လို့ သိရတယ်။

 

စစ်တက္ကသိုလ်က ကထိကကိုတောင် အချိန်မရွေး အတိုက်ခံရနိုင်တဲ့စခန်းမှာ အုပ်စီးခိုင်းရတဲ့အဖြစ်မို့ စစ်တပ်ထဲမှာ စစ်သားအင်အားတင်မက အရာရှိအင်အားတောင် လျော့နည်းနေပြီလို့ မှန်းဆနိုင်ပါတယ်။

 

စစ်တက္ကသိုလ်က ကထိကကိုတောင် အချိန်မရွေး အတိုက်ခံရနိုင်တဲ့စခန်းမှာ အုပ်စီးခိုင်းရတဲ့အဖြစ်မို့ စစ်တပ်ထဲမှာ စစ်သားအင်အားတင်မက အရာရှိအင်အားတောင် လျော့နည်းနေပြီလို့ မှန်းဆနိုင်ပါတယ်။

 

ပြီးတော့ အရှိန်ပြင်းလှတဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ချိန်မှာ ရှမ်းမြောက်ဘက်ကို စစ်ကူအဖြစ် ရွှေ့ လိုက်ရတဲ့ စစ်သားလည်းမနည်း၊ သေဆုံးဒဏ်ရာရ လက်နက်ချ စစ်သားလည်း မနည်းလေတော့ တောက်လျှောက်ဆိုသလို စစ်ကြောင်းထိုးခံခဲ့ရတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ရွာစဉ်လှည့် ဒုက္ခပေးတာတွေ သိသိသာသာ ရပ်သွားတာ တွေ့ရတယ်။

 

၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ပွဲအရှိန်မြှင့်နိုင်ခဲ့ကြတာကြောင့် ကျေးလက်အထိုင်ချစစ်တပ်စခန်းတချို့ကို ပြန်ရုပ်ကာ မြို့ပေါ်မှာပဲ စုစည်းခံစစ်ပြင်နေတာလည်း တွေ့လာရပါတယ်။  

 

အဲဒီလိုစစ်သားအင်အားမရှိခြင်းကြောင့် မိုင်တဲတာဝါတိုင်တွေကိုလည်း မစောင့်ရှောက်ပေးနိုင်တော့။ အဲဒါကြောင့်လည်း နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အတွင်း နွားထိုးကြီးမြို့နယ်ထဲက မိုင်တဲတာဝါတိုင် ၁၇ တိုင်ရဲ့ စက်ခန်းတွေကို နွားထိုးကြီးပကဖက မိုင်းဆွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ဆက်ပြောရရင် စစ်တပ်ဟာ ချက်ချင်းလက်ငင်း ဘယ်လိုမှ ပြန်မဖြည့်နိုင်တဲ့ စစ်သားအင်အား လျော့ နည်းနေခြင်းပြဿနာနဲ့ ရင်ဆိုင်နေရသလို နေ့စဉ် စစ်တိုက်ရလွန်းလို့ စစ်အသုံးစရိတ် သိသိသာသာမြင့်တက် နေချိန်မှာ နိုင်ငံခြားဝင်ငွေ လျော့သထက်လျော့ခြင်းဒဏ်ကိုလည်း ဖိဖိစီးစီးခံနေရပုံပါပဲ။

 

လတ်တလော စစ်တပ်ရဲ့အခြေအနေဟာ မရဏခေါင်းလောင်းသံကို နေပြည်တော်စစ်ဗိုလ်ချုပ်တွေအထိ ကြားနေရပြီဖြစ်ပြီး စစ်ဗိုလ်ချုပ်တို့ရဲ့ထုံးစံအတိုင်း မကြားချင်ယောင် မကြောက်ချင်ယောင်ဆောင်ကာ ဟန်ဆောင်ပန်ဆောင်နဲ့ မျက်နှာကြောတင်းချင်ယောင်နေခြင်းသာ ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဒေါ်လာငွေ အကျပ်အတည်းကို အ တိုင်းအတာတစ်ခုထိ ရင်ဆိုင်နေရချိန်မှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးနီးပါး ရပ်ဆိုင်းသွားတာကြောင့်လည်း နယ်စပ်ပို့ကုန် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ကျဆင်းသွားပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ်တပ်ဟာ လက်ရှိအချိန်ထိ လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ စိတ်ကြိုက်ပစ်နေနိုင်သေးပေမဲ့ နောက်ထပ် ၁ နှစ် အခုလို စိတ်ကြိုက်ပစ်နိုင်ဖို့ မလွယ်လောက်ပါဘူး။ ဒီကြားထဲမှာ ပိုမိုအားကောင်းပြီး အမှန် တကယ်ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုမျိုး ထပ်မံကျရောက်လာခဲ့မယ်ဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ မြေလူးခန်းကို စောစောစီးစီး မြင်တွေ့ရနိုင်ပါသေးတယ်။

 

ပြောရရင် လတ်တလော စစ်တပ်ရဲ့အခြေအနေဟာ မရဏခေါင်းလောင်းသံကို နေပြည်တော်စစ်ဗိုလ်ချုပ်တွေအထိ ကြားနေရပြီဖြစ်ပြီး စစ်ဗိုလ်ချုပ်တို့ရဲ့ထုံးစံအတိုင်း မကြားချင်ယောင် မကြောက်ချင်ယောင်ဆောင်ကာ ဟန်ဆောင်ပန်ဆောင်နဲ့ မျက်နှာကြောတင်းချင်ယောင်နေခြင်းသာ ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်တပ်တွေ ဖရိုဖရဲနဲ့ စိတ်ဓာတ်ပျက်ပြားနေတဲ့အချိန်မှာ အသက်ရှူခွင့်မပေးဘဲ ဘက် ပေါင်းစုံကနေ ဆက်တိုက်ဖိထားနိုင်မယ်ဆိုရင် နေပြည်တော်နာရေးအစီအစဉ်ဟာ သိပ်မဝေးတော့မှာ သိပ်သေချာနေကြောင်းပါဗျား။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။