Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေမေတ္တာထားတယ်လားကွာ (Satire)

"ဟူး ... မောလိုက်တာကွာ"

 

အကျွန်ုပ်ရဲ့ နတ်နန်းထဲ ရောက်ရောက်ချင်း ခြေပစ်လိုက်ထိုင်ချလိုက်တဲ့ ပခန်းကိုကြီးကျော်ကို လှမ်းကြည့်ရင်း အံ့ဩသွားရတယ်။

 

"ဆောင်းပျိုးချိန်ရောက်နေတာတောင် ချွေးတွေ တရွဲရွဲနဲ့ မောကြီးပန်းကြီးရောက်လာတော့ ဘယ်ကလှည့်လာတာတုန်း ၊ နောင်ရင်းကျော် ရဲ့"

 

"မောဆို အမယဉ်နန်းက ပြန်လာတာကွ၊ ခရီးက လှမ်းတော့ ပန်းတာပေါ့ကွာ၊ သောက်တော်ရေလေး တကျိုက်လောက်ပေးပါလား ဧတင်္ဂရာ"

 

အကျွန်ုပ်လည်း မနေ့က ကျန်တဲ့ တောအရက်လေးတပိုင်း ခွက်ထဲငှဲ့ ကမ်းပေးလိုက်ရတယ်။ မအလလက်ထက် လူတွေ လူတွေ ဆင်းရဲလာလိုက်ကြတာများ နတ်ဆက်တဲ့အရက်ကြည့်ရင်ကို သိတယ်ရယ်။ ဂျော်နီလည်း တုတ်ကောက်နဲ့ လမ်းမလျှောက်နိုင်တော့သလို ဆာအက်ဝပ်လည်း နတ်နန်းအနား မကပ်နိုင်တာကြာပေါ့။ မိတ်အင်ဘားမားအရက်တွေသာ ဆွေမပြတ် မျိုးမပြတ် ငွေတရာကျပ်နဲ့အတူ နတ်နန်းကို ကပ်နိုင်ကြတော့တာကလား။ 

 

"ဘောက်မဲ့ကြောင့် အမေရေယဉ်နတ်နန်းဆီ ကြွမြန်းရတာတုန်း နောင်ရင်းကျော်ရ"

 

"‌ဪ မမယဉ်က ပုလဲနဲ့ ပုံတောင် ပုံညာ ၊ အနောက်နယ်တရိုး ပိုင်စိုးတဲ့အရှင်မ မဟုတ်လား၊ ဟိုတလောက ပုလဲပကဖစခန်း

 

 လေကြောင်းကနေ ဝင်စီးခံရတဲ့ကိစ္စ သိချင်လို့ သွား စနည်းနာတာကွ"

 

"ဟုတ်ပြီ မှတ်မိပြီ ၊ အောက်တိုဘာ (၂၅) ရက်က ပုလဲပကဖစခန်းကို ဝင်စီးခံရတဲ့ ကိစ္စမို့လား"

 

"အေးလကွာ၊ မအလ ဒူးမနာသားတွေက ကချင်မြေ အနန့်ပါကို ‌ဗုံးကြဲအပြီး ၂ ရက်အကြာမှာ ပုလဲပကဖစခန်း ဝင်စီးခံရတာပဲ၊ သိန်း ၂၀၀၀ ဖိုးလောက်လည်း ဆုံးရှုံးခဲ့တယ်တဲ့ကွ"

 

"အေးဗျာ၊ ဒီလောက်ရှေ့မှာ လေကြောင်းက တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေရှိနေတာတောင် စခန်းမဖျောက်ထားနိုင်ခဲ့တာ ဘောက်မဲ့ကြောင့်တဲ့တုန်း"

 

"အိမ်း၊ ငါလည်း အဲ့ဒီနောက်ကွယ်က အကြောင်းအရင်းတွေ သိချင်လို့ မမယဉ်ဆီ သွားမေးစမ်းကြည့်တာဟ၊ အကျဉ်းချုံးပြောရရင်တော့ ရွှေမေတ္တာ စူးရောက်မှုတွေကြောင့်ပဲကွာ"

 

"ဘယ်လို ဘယ်လို"

 

"ဒီလိုလေကွာ၊ မမယဉ်က ပြောတယ်၊ ပုလဲကပဖက မေတ္တာတော်ရှင်တွေက ဖမ်းမိထားတဲ့ ဗိုလ်မှူးကတော်၊ အဲ .... ဗိုလ်မှူးကိုယ်လုပ်တော်မကို ဖုန်းပေးပြောသတဲ့ကွ၊ အဲ့ဒီကတဆင့် ပကဖ တည်နေရာကို စကစက သိပြီး ဝင်စီးခံရတာတဲ့ဟေ့"

 

"အာ.... ကိုယ်လုပ်တော်ဆို လူဘုရင်တွေရဲ့ မယားငယ်တွေကို သုံးတာပါဗျာ၊ နတ်ဆို နတ်ကတော်၊ မအလ ဒူးမနာသားတွေရဲ့ မယားတွေကိုတော့ အလုပ်ခံမလို့သာ ပညတ်လိုက်စမ်းပါ နောင်ရင်းကျော်ရာ"

 

"အေးအေး၊ အဲ့လိုသာ ထားလိုက်ကွာ"

 

"‌ဪ .... မေတ္တာတော် စူးရောက်လွန်းတဲ့ စောက်ရူးတွေကြောင့် ပရမ်းပတာတွေ ဖြစ်ပြီး ၊ စကစက ဓါးစာခံတွေ ကယ်ထုတ်နိုင်တယ်ဆိုပြီး ပဏ္ဍာယူခွင့် ရသွားတာကိုး"

 

"အမှန်ပဲ ဧတင်္ဂရေ၊ မေတ္တာတော်ထားလွန်းတာတွေကြောင့် စခန်းလည်း ပျက်ရ၊ ရန်ပုံငွေနဲ့ ပစ္စည်းတွေလည်း ဆုံးရှုံးရပေါ့ လကွာ"

 

"နို့... ဒါနဲ့ NUG ကလည်း စစ်စည်းကမ်းတွေ ထုတ်ထားပြီး စစ်သုံ့ပန်းတွေကိုလည်း ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီထားဖို့ ဘာညာစမာကလာ ထုတ်ထားတယ်မို့လား၊ အာ့ကြောင့် အဲ့နည်းလမ်းအတိုင်း ပကဖက လုပ်လို့ ငါးပါးမှောက်ကုန်တာဖြစ်မယ်"

 

"ထပ်သရီး၊ ဧတင်္ဂရာ၊ ခေါင်းသုံးကြမှပေါ့ဟ၊ စစ်သုံ့ပန်းတွေကို သုံ့ပန်းစည်းမျဉ်းနဲ့အညီ ထိန်းသိမ်းထားရမယ်ဆိုတာက ဖုန်းပေးပြောရမယ်လို့ ပါလို့လားကွာ၊ မအလစစ်မိစ္ဆာတသိုက်က ရွာတွေကို စိတ်ကြိုက် မီးမြိုက်၊ လူတွေကို အစစ်အမေးမရှိ သတ်ဖြတ်ပြနေချိန်မှာ ကိုယ့်လူတွေက ဖမ်းမိထားသူတွေကို ဖုန်းပေးသုံးတာကတော့ လွန်သကွာ"

 

ကိုကြီးကျော် ကြိတ်မနိုင် ခဲမရ ပြောပြနေတုန်း စားပွဲပေါ် တင်ထားတဲ့ နတ်ဓါတ်ပြားက ကလောင်ဆိုတဲ့ အချက်ပေးသံနဲ့အတူ သတင်းပို့စ်အသစ် တက်လာပါရောလား။ ဒါနဲ့ အကျွန်ုပ်လည်း ကောက်ယူကြည်မိလိုက်တော့တာပ။

 

"နောင်ရင်းရေ ၊ ဒီမှာ ဒီနေ့ ထပ်ဖြစ်ပြန်ပဗျို့"

 

"ဟေ .... ဘယ်မှာ ဘာတွေ ဖြစ်ပြန်တာလဲဟ"

 

"ပခုက္ကူမှာ ဗိုလ်မှူးရဲ့အလုပ်ခံမကို ဆိုင်ကယ်နဲ့လာတဲ့ လူသုံးဦးက ဖမ်းဆီးပြီး ရေစကြိုဘက်ကို ခေါ်ဆောင်သွားလို့ စကစက ရဟတ်ယာဉ်နဲ့ လိုက်လံ ရှင်းလင်း ကယ်ထုတ်သွားသတဲ့"

 

"PDF တွေက ဖမ်းသွားတာလားဟ၊ ဖမ်းသွားသူတွေရော သေကြသလား"

 

"အဲ့ဒါတွေတော့ သေချာ မသိရသေးဘူး"

 

"တောက်စ် ၊ စစ်ရေးလုပ်ဆောင်ချက်တွေက ပီပြင်အောင် စီမံချက်ရေးပြီး လုပ်ကြဖို့လိုတယ်ကွ၊ ပခုက္ကူကနေ ရေစကြိုအထိ အသုံးပြုတဲ့ ယာဉ်ကို အချိန်းအပြောင်း မလုပ်ဘဲ ဆိုင်ကယ်နဲ့ပဲ တောက်လျှောက်တင်သွားရင်တော့ ခံရမှာပဲ"

 

"တခုရှိတာက ဒီလုပ်ရပ်ဟာ သူတို့ပါလို့ အခုချိန်ထိတော့ ဘယ်PDF အဖွဲ့ကမှ ထုတ်ပြန်တာတော့ မတွေ့ရသေးဘူးဗျ၊ စကစက သူတို့ စွမ်းကြောင်းပြချင်လို့၊ သူတို့နောက်လိုက်တွေ သူတို့အပေါ် ယုံကြည်အားထားမှု တိုးလာစေဖို့ ဒရမ်မာ အက်ရှင်ဇာတ်ခင်းနေတာလည်း ဖြစ်နိုင်သဗျ"

 

"အေး ...  သေချာဂဏ မသိရသေးတဲ့ ကိစ္စတော့ ထားလိုက်ပေါ့ကွာ၊ PDF တွေအနေနဲ့ သုံ့ပန်းတွေကို မေတ္တာတွေကျွံ ဆက်ဆံနေရင်တော့ ကိုယ်ပဲ တမလွန်ကို လားရမယ်လို့ ငါတော့ သတိပေးချင်တာပဲဟေ့၊ ကြာရင် ဟိုသီချင်းကို ဟိုမအလသားတွေက ဆိုနေရော့ မယ်"

 

"ဘယ်သီချင်းလဲ နောင်ရင်းကျော်ရဲ့"

 

"ဟိုဟာလကွာ၊ မိုးမင်းဆိုထားတဲ့ ကျီစားသလားဆိုတဲ့ သင်္ကြန်သီချင်းလေ၊ ရွှေမေတ္တာ ထားတယ်လားကွာ 🎶🎶 ပဒတ်တွေလောက်တော့  သနားတယ် 🎵🎵ဖုန်းလေးသာ မင့်က ပေးရင် 🎶🎵 ကိုယ်မငြင်းဘူး ယုံရဲ့လား 🎶🎵 ကယ်သူရောက်လာရင် ပြေးပါ 🎶🎵 နှုတ်ခမ်းနီတောင့်တွေ ကျွေးမှာ ၊🎼🎼ဖင်လှန်ပြေးဖို့သာ ပြင်ထား"

 

"ဟားဟားးး နောင်ရင်းကတော့ နောက်ပြီဗျာ"

 

တဒင်္ဂ မောပန်းကြရသမျှ ဧတင်္ဂနဲ့ အပန်းတော် ပြေနိုင်ကြပါစေ။

 

အရေးတော်ပုံ အောင်ရမည်။

~~~~

ဒီးဒိုဒီး စိတ်တိုင်းကျ သရော်သည်။

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။