Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နတ်စိတ်ညစ်တယ် (SATIRE)

"ဟိတ်"

 

"ဟဲ့ .... ပလုပ်တုတ်.... အိုးပုတ် ... ဂျိုးရုပ် .... မအလ မိန်းမကြီး ငါလုပ်.... အာာာ လန့်သွားတာပဲ နောင်ရင်းကျော်ရာ"

 

ဘုန်းကြီးကျောင်းစောင့်နတ်လေး ကျုပ် ၊ ဧတင်္ဂ ၊ ညောင်ညိုပင်အောက်က နတ်နန်းထဲ နတ်ဓါတ်ပြားကို အာရုံငြိ ကလိနေတုန်း ပခန်းကိုကြီးကျော်က အသံမပေးဘဲ ဝင်လာ ၊ ကျောနောက်က ကပ်ပြီး လှန့်လိုက်လို့ လန့်သွားရတယ်။

 

"ဟားဟားးးး မင့်က မအလ မယားကြီးကို လုပ်ချင်သေးတာလားဟ၊ လူတွေခေါ်နေကြတာတော့ ခေါကြူဆိုလား ဘာလား၊ မတော်သွားနဲ့ ခုတ်မိနေမှဖြင့်ကွာ ၊ ဟားဟားးး"

 

"ထွီ .... ဒီအိုကြီး အိုမ၊ မိစ္ဆာမကြီးကို ကျုပ်က လုပ်စရာလား နောင်ရင်းရ၊ ကာရံညီတော့ အလိုလို နှုတ်က ထွက်သွားတာပါဗျာ... ဟဲဟဲ ၊ ဒါနဲ့ ဘာလာလုပ်"

 

"ဘာသတင်းတွေ ထူးသေးလဲ သိချင်လို့၊ မင့်ဆီ လှည့်လာတာပဲဟေ့"

 

ပြောပြောဆိုဆို၊ ကိုကြီးကျော်က သူ့ကျောပိုးအိတ်ကို ကြမ်းပေါ် ဘုတ်ကနဲ ပစ်ချလိုက်တယ်။ ကျုပ် ဧတင်္ဂလည်း အဲ့ဒီမှာ ထပ်လန့်ရတော့တာပဲ။

 

"ဟာ .... ဟိတ်ဟိတ်၊ ခင်ဗျားက ဒီမှာ ညအိတ်မလို့လား"

 

"အေးလကွာ၊ မင့်ဆီ ငါလာနေကြပဲဟာ၊ ခုမှ ထူးဆန်းလုပ် မေးနေရသလားဟ၊ ဧတင်္ဂရ"

 

"မေးရမယ် နောင်ရင်းရေ မေးရမယ်၊ အခုက အရင်လို ဖရီးဒမ်း စလိပင်း (freedom sleeping) လို့ မရတော့ဘူးဗျ"

 

"ဟေ ၊ ဘောက်မဲ့ကြောင့်တုန်းဟ"

 

"ခင်ဗျားလာတာ ကျုပ်‌ရှိတဲ့ ဘုန်းကြီးကျောင်းလေ"

 

"အေးလေ၊ အဲ့ဒါ ဘာဖြစ်တုန်း ဘုန်းကြီးကျောင်းဆိုတာ ဘာသာမရွေး၊ ယုတ်လတ်မြတ်မရွေး ဝင်ထွက်သွားလာ၊ တည်းခို နေထိုင်ခဲ့ကြတာ ဟိုး ရှေးရှေးကတည်းက"

 

"စတော့ (stop) ၊ ယူအာတော့လ်ကင်းစတော့ဟီးယား(your talking stop here)"

 

"ဘာတွေလဲ ဧတင်္ဂရာ၊ မင့်မလည်း ဇော်မဲလုံး သတင်းစာရှင်းပွဲတွေ ကြည့်ပြီး မှုတ်လိုက်ရတဲ့ ဘိုယီး၊ အဲ .... ဘိုလို"

 

"ဟိုရှေးကတည်းက ဘုန်းကြီးကျောင်းတွေမှာ တည်းပြီး ဘုရားဖူးကြတာ၊ ဆေးကုလာကြတာတွေကို ခေါက်ထားလိုက်တော့ ကိုကြီးကျော်၊ အခုက ဘုန်းကြီးတွေတောင် အာဏာသိမ်းခံနေရပြီ"

 

"ဘယ်လို ...... ဘယ်လို"

 

"ဒီလိုလေ မအလက တိုင်းပြည်အာဏာသိမ်းရုံနဲ့ အားမရလို့ ကျောင်းတိုက်ကြီးတခုလုံးကို အစိုးရတော်မူတဲ့ ဘုန်းကြီးတွေဆီကပါ အာဏာလုသွားပြီဗျာ။ ဘုန်းကြီးကျောင်းကို လာရောက်တည်းခိုသူမှန်သမျှလည်း ဧည့်စာရင်းတိုင်ရမယ်တဲ့"

 

"ဟေ ..... မအလ လက်ထက်ရောက်မှ ကိုယ်ကျောင်းတိုက်ကို အစိုးမရတဲ့ ကျောင်းထိုင်ကိုယ်တော်တွေ ဖြစ်ကုန်ပါလားဟ"

 

"မှန်ပါ့။ အဲ့ဒါကြောင့် နောင်ရင်းလည်း ဘုန်းကြီးကျောင်းပုရဝုဏ်ထဲ လာအိပ်ရင်တော့ ဧည့်စာရင်းတော့ တိုင်ရလိမ့်မယ်"

 

"ဟာကွာ၊ မင့်နဲ့ ငါက နတ်ပဲ လကွာ၊ သူတိုမြင်တာ မှတ်လို့"

 

"နတ်နေနေ မူလီနေနေ တိုင်မှ ဖြစ်မယ်ဗျ၊ တနေ့က ဘုန်းကြီးက ကျုပ်နတ်နန်းရှေ့လာပြီး သူ့ကျောင်းထိုင်ရာထူးလေး မပျောက်ပျက်ရအောင် စောင့်ရှောက်ပေးပါလို့ တိုင်တည်ထားသဗျ၊ ဒီတော့ ဘုန်းကြီးအပေါ် သစ္စာဖောက်လို့ မဖြစ်ပေဘူး၊ နောင်ရင်းလည်း ဧည့်စာရင်းတော့ တိုင်ရမယ်"

 

"ဆိုစမ်းပါဦး၊ ငါတို့ နတ်တွေက ဘယ်သွား ဧည့်စာရင်းတိုင်ရမှာတုန်း"

 

"ကျုံးဘေးက ဘီလူးမ မယ်အဂ္ဂဆီ တိုင်ရမှာ"

 

"ဟေ၊ ဘီလူးမဆီ ငါတို့က ဧည့်စာရင်းတိုင်ရမှာလားဟ"

 

"‌ဪ ၊ ခက်ပါဘိ ၊ စစ်ဘီလူး မင်းအောင်လှိုင် လက်ထက်မှာ နတ်ဘီလူးတွေလည်း တန်ခိုးထွားလာတာ နောင်ရင်း မသိရော့လား၊ ဟိုနေ့ကတောင် ကျုပ်တို့ မန္တလေးရဲ့ တဖက်ကမ်း စစ်ကိုင်းမှာ နတ်ကွန်းတွေက နတ်ရုပ်မှန်သမျှကို မအလသားတသိုက်က လိုက်သိမ်းနေတာ"

 

"ဟမ် .... ဟုတ်သလားဟ"

 

"ဟုတ်... ဟုတ်ဟုတ်နဲ့တောင် နေသေး"

 

"တောက်စ် .... ကြံကြီးရယ်တဲ့မှ စည်ရာ၊ မအလ မအေယိုးကြောင့် နတ်တွေပါ စိတ်ညစ်ရပါလား ဧတင်္ဂရာ"

 

တဒင်္ဂ မောပန်းကြရသမျှ ဧတင်္ဂနဲ့ အပန်းတော် ပြေနိုင်ကြပါစေ ....

 

အရေးတော်ပုံ အောင်ရမည်။

 

ဒီးဒိုဒီး စိတ်တိုင်းကျ သရော်သည်။ 

 

ဒီးဒိုဒီး စိတ်တိုင်းကျ သရော်သည်။

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။