သာသြ တော့အထင်နဲ့အမြင် ပါစင်အောင်လွဲပြီဗျို့။
မြန်မာစစ်အာဏာရှင်အဆက်ဆက်က ရိုက်ပြကြတဲ့ရုပ်ရှင်ဇာတ်ညွှန်းကြီးကတော့၊မ.အ.လ တည်းဟူသောကြပ်မပြည့်မတ်မပြည့်ကောင်ခေတ်မှာပေါ်မလာတော့ဘူးရယ်လို့ထင်ခဲ့တာလေ။
ဟော…အခု သတင်းတက်လာပါပြီဗျား။ မောင်နေဝင်း၊ မောင်စောမောင်၊ မောင်သန်းရွှေတို့ရဲ့ ခြေရာကို ဦးထိပ်ပန်ဆင်လာသူကား မ.အ.လ မည်ခေါ် လူ့မသူတော်ပေတကား။
မ.အ.လ တို့အုပ်စုဟာ တကယ့် နလပိန်းတုန်းတွေချည်း စုနေကြတာပါလား။ ဒီတော့ ပြောရရင် ချိန်းဘတီးဂိုဏ်းသားများပေါ့။ အေးလေ ဒီချီးတွင်းထဲက ထွက်တော့လည်း ဒီချီးတွေပဲဖြစ်နေမှာ ပေါ့နော။
သာသြ စဥ်းစားတယ်လေ။ ဒီကနေ့လို သတင်းနည်းပညာ ပေါက်ကွဲနေတဲ့ခေတ်မှာ အရူးမ ထမိန်လို ဖြစ်နေတဲ့ ဇာတ်ညွှန်းကြီးတော့ မသုံးသင့်တော့ဘူး မဟုတ်လား။ ရေဒီယိုလေး တဂျစ်ဂျစ်နဲ့ နားထောင်ရတဲ့ခေတ်တုန်းက ဘီဘီစီညာနေသည်၊ ဗီအိုအေလိမ်နေသည်ဆိုပြီး ဝါဒဖြန့်တာကတော့ ထားပါတော့။
အခုဟာက…ဒီလို ဝါဒဖြန့်လို့ ရသေးတဲ့ခေတ်မဟုတ်ဘူး ဆိုတာလောက်တောင် အသိဉာဏ်က မရှိတော့လည်း…။
သတင်းက ဂလိုပါခင်ဗျ။ တပ်ထောက်ခံသူ လူ ၂၀ လောက်က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးရှေ့ကို သွားပြီး ကုလသမဂ္ဂနဲ့ အမေရိကန်ကို ကန့်ကွက် ဆန္ဒပြကြသတဲ့ဗျို့။ လုံခြုံရေး အပြည့်ပေးထားသတဲ့လေ။ ကင်းပုန်းတောင်ဝပ်ပေးထားဆိုပဲ။ သန်း၅၀ ကျော်ကို ကိုယ်စားပြု သပေါ့လေ။ ကမ္ဘာ့ခေါင်းဆောင်တွေကို အရည်အချင်း မရှိဘဲ သူ့လိုမျိုး အရူးချီးပန်း ခေါင်းဆောင် ဖြစ်နေတယ်လို့ များ ဒီအရူးက ထင်နေလားတော့ မပြောတတ်။
ဪ…အောက်လမ်းနည်းနဲ့ အာဏာရူး၊ အာဏာကြောင်များရယ်…အံ့ဩကုန်နိုင်ဖွယ်လို့ပဲ ပြောရမလို။
ဒင်းတို့ အောက်လမ်းနည်းသမားများ အဖြစ်က သာသြ မိတ်ဆွေပြောပြတဲ့ ပုံပမာလို ဖြစ်နေသလား မပြောတတ်ဘူး။
“တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားတဲ့ ငတေဆိုတဲ့ ကလေးရှိသတဲ့။ မွဲရတဲ့အထဲ ကြပ်ကလည်း မပြည့်ရှာဘူးတဲ့။ တစ်နေ့တော့ ငတေဟာ ကလေး ဘာသာဘာဝ စွန်လွှတ်ချင်ရှာတာပေါ့။ တောအရပ် တောဒေသဆိုတော့ ဆီစိမ်စွန် လွှတ်ချင်ရင် မြို့ကို မှာရတာ။ ငတေက ဆင်းရဲတော့ စွန်မဝယ်နိုင်ရှာဘူး။ ဒီတော့ ငတေရဲ့အဖေက ကလေးအာသာပြေအောင် ပြက္ခဒိန်တစ်ရွက် ဖြဲပြီး စွန်လုပ်ပေးရတာပေါ့။ ငတေလည်း စွန်ရပြီဆိုတော့ ကြိုးကနေကိုင်ပြီး ပြေးတော့တာပေါ့။ စွန်ကလည်း ကျပ်မပြည့်၊ လွှတ်တဲ့လူကလည်း ကျပ်မပြည့်တော့ လေပေါ်မတက်နိုင်ဘဲ မြေကြီးပေါ်မှာပဲ တရွတ်စွဲနေတော့တာပေါ့။
အဲ့ဒီမှာတင် မြင်တဲ့သူတွေက “ငတေရယ်…၊ နင့်စွန်ကလည်း မြေကြီးကကို မတက်ပါလား”ဆိုတော့ ငတေက အခုလို ပြန်ပြောလိုက်ပါသတဲ့။ "တက်တက် မတက်တက်ဗျာ။ မောရင်ပြီးရောပေါ့"ဆိုပဲ။
အခုလည်း မ.အ.လ တို့ ချိန်းဘတီးအုပ်စုက"မောရင်ပြီးရော"လုပ်နေကြပုံပဲ။
အမေရိကန်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေကြီးကို လန့်ဖြန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြလေတော့ အရမ်းချီးဘူး အရူးချီးပန်းတွေ ထလုပ်ကုန်ကြတော့တာပေါ့လေ။
ဪ မ.အ.လ တို့ ချိန်းဘတီး အောက်လမ်းနည်း အာဏာရူး အာဏာကြောင် ဂိုဏ်းသားတွေခမျာ နဂိုကတည်းက PDF ရဲဘော်တွေကို ကယောင်ကတမ်း ကြောက်ချီးပန်းနေရတဲ့အထဲ မှာမှ NDAA ဆိုတာကြီးက PDFတွေကို လက်နက် မဟုတ်သော အကူအညီတွေ ပေးဥဦးမယ်ဆိုပြန်တော့ မအလတို့ ချိန်းဘတီးတစ်သိုက်အဖို့ “နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း” ဆိုတဲ့ကိန်းဆိုက်ရှာပြီပေါ့လေ။
အင်း… အခုလို ထိုင်မရ ထမရ ဘယ်ပြေးလို့ ပြေးရမှန်းလဲ မသိ၊ နေစရာ မရှိအောင် ပျာယာခတ်နေရှာတဲ့ မ.အ.လဂိုဏ်သားတွေကို သာဩ စေတနာ သဘာဝနဲ့ အကြံပေးလိုက်ပါရစေ။
“မအလ အရူးကောင်တွေရေ မင်းတို့နေဖို့ အရူးထောင်သာ ဆောက်ထားလိုက်ပေရော့”။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။