Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (သီချင်း)

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (သီချင်း)

=======================

 

🚩 ဘုံရန်သူကို အမြစ်ဖြတ်ဖို့ သစ္စာအဓိဌာန်ပြုခဲ့သနော် ပြည်သူ့ရန်ကိုရှင်းလင်းဖို့ စွန့်လွှတ်စွန့်စားဝံ့တယ်နော် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်။

 

🚩 ပုန်ကန်သူကို အကြွေးဆပ်လို့ မိစ္ဆာတိရစ္ဆာန်ရှင်းဖို့ဆော် ပြည်သူ့ထံကဆင်းသက်လို့ ရဲရင့်ပြတ်သားသွေးနီသနော် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်။

 

♦️♦️ ငြိမ်းချမ်းသာယာ လူ့ဘောင်ကိုရည်မျှော် နိုင်ငံတော်‌တော်တဝှမ်းလုံးက တိုင်းရင်းသားတို့အားပုံဖေါ် ဘာမထီပြည်သူ့သားအပေါင်းအဖော်။

 

🚩 ဒီမိုကရေစီ ထွန်းကားလို့ လူ့ဂုဏ်သိက္ခာမြှင့်ဖို့နော် အခွင့်ထူးခံသူရှင်းလင်းဖို့ ရန်ငါစည်းခြားပြတ်တယ်နော် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်။

 

♦️♦️ ကိုယ့်ကြမ္မာကိုယ်သာ ပြဌာန်းနိုင်ရမနော် ပြည်သူသာလျှင်အဓိကဟေ့ ပြည်သူ့အားသာကိုးသနော် ရာဇဝင်တွင်ကျန်ရစ်စေ့မနော်။။

 

🚩 ပြည်သူတွေကို အလေးထားလို့ ပြည်သူ့သစ္စာစောင့်သိမနော် ပြည်သူ့ရန်ကိုရှင်းလင်းဖို့ အသက်ကိုပဓါနမထားပြီနော် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်။

 

♦️♦️ ငြိမ်းချမ်းသာယာ လူ့ဘောင်ကိုရည်မျှော် နိုင်ငံတော်‌တော်တဝှမ်းလုံးက တိုင်းရင်းသားတို့အားပုံဖေါ် ဘာမထီပြည်သူ့သားအပေါင်းအဖေါ်။

 

♦️♦️ ကိုယ့်ကြမ္မာကိုယ်သာ ပြဌာန်းနိုင်ရမနော် ပြည်သူသာလျှင်အဓိကဟေ့ ပြည်သူ့အားသာကိုးသနော် ရာဇဝင်တွင်ကျန်ရစ်စေ့မနော်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်… ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်… ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်…

 

🎙️ တေးဆို - ၈၆ (စင်္ကာပူ)အဖွဲ့

🎹 ဂီတမှူး - ဒင်းနစ်မောင်

🎬 ရုပ်သံတည်းဖြတ် - အေးချမ်းသဇင်

🖋️ တေးရေး - Mတီဒူး

🔖 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရှေ့ပြေးအဖွဲ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အား ဤသီချင်းဖြင့်ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

~~~

Mတီဒူး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။