Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နေပြည်တော် လောင်လုလုနီးပါပြီ (Satire)

မအလအသိုက် ကျားဝင်ကိုက်သလို ကျွက်စိကျွက်စိနဲ့ ဘာကြောင့် ညံနေမှန်းကို မင်းကင်းအမတ်ကြီးရဲ့ ဗီဒီယိုဖိုင်ကြည့်မိတော့မှ သဘောပေါက်လိုက်ရတယ်။ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အတော်တာသွားမယ်မှန်းကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး လုပ်ဖူးတဲ့ မင်းကင်းအမတ်ကြီး ရိပ်မိပုံရတယ်။ ဒါကြောင့် သူတို့အဘ တရုတ်ကြီးကို လှမ်း “တ”နေလေရဲ့။ ဘာတဲ့ ပြောလိုက်တဲ့ စကားက "အိမ့်နောက်ပူရင် အိမ်ရှေ့မချမ်းသာ ဖြစ်လိမ့်မယ်" ဆိုပဲ။ သကောင့်သားတွေ အာဏာလက်လွှတ်ရမှာကို အကြောက်ကြီးနေပုံက ကိုယ့်တိုင်းပြည်ကိုတောင် တရုတ်လက် ဝကွက်အပ်ထားတဲ့အတိုင်းပါပဲ။ ဟုတ်လည်း ဟုတ်ပါရဲ့လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်ထိ သူတို့ရှေ့ကနေ ဗီတိုအာဏာတန်ခိုးနဲ့ မားမားရပ်ပေးခဲ့တဲ့ တရုတ်ကြီးကို ဒီတစ်ခါ မရပ်ပေးလို့ စိတ်လည်းဆိုးနေဟန်တူပါရဲ့ဗျာ။ မင်းကင်းအမတ်ကြီးရဲ့ အသံက ငိုသံပါကြီးနဲ့တောင် ဖြစ်နေတယ်။ No Fly Zone ဆုံးဖြတ်ချက်လိုမျိုးကို တရုတ်ကြီးက သိပ်ဂရုမစိုက်ခဲ့လို့ ကဒါဖီ ကြွသွားရပုံနဲ့ ဥပမာပေးနှိုင်းပြသွားတယ်။ တစ်ရစ်ချင်းတင်းလာကာ မထင်မှတ်ဘဲ သူတို့ကို ၀င်ကြုံးသွားနိုင်တယ်လို့ ခန့်မှန်းပုံရတယ်။

 

မအလစိတ်ထဲလည်း "ငါပြုတ်ခါမှ ပြုတ်ရော၊ ကြိုးစင်တက်ခါမှ တက်ရော ရူးလက်စနဲ့ သမ္မတ အဆောင်အယောင်လေးတော့ ဝတ်ဖူးတယ်ရှိအောင် ဝတ်သွားစမ်းအုံးမယ်လို့ မှန်းဟန်တူပါရဲ့ဗျား။ 

 

မင်းကင်းအမတ်ကြီးကသာ မခံချိမခံသာဖြစ်ပြီး လောင်မြိုက်နေတာပါ။ မအလဂျပုကတော့ ခွေးစလွယ်ကြီး တသသနဲ့ သမ္မတရူးရူးပြီး လွတ်လပ်ရေးနေ့နဲ့ သူတို့ ဖက်ဆစ်တပ်မတော်နေ့ကို ပုံမှား ရိုက်ကာ ဗိုလ်ရှုခံနေလေသေးရဲ့။ မအလစိတ်ထဲလည်း "ငါပြုတ်ခါမှ ပြုတ်ရော၊ ကြိုးစင်တက်ခါမှ တက်ရော ရူးလက်စနဲ့ သမ္မတ အဆောင်အယောင်လေးတော့ ဝတ်ဖူးတယ်ရှိအောင် ဝတ်သွားစမ်းအုံးမယ်လို့ မှန်းဟန်တူပါရဲ့ဗျား။ ခွေးစလွယ်ကြီး တကားကားနဲ့ အာဏာရှင်လက်ဟောင်း မျိုးဆက်လက်ကျန်တွေကို တွေ့လားတွေ့ရဲ့၊ သူ့ဂုဏ်သရေနဲ့သူ သိက္ခာရှိရှိ နေခဲ့ထိုင်ခဲ့တဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တချို့ကိုလည်း အတင်း ဆွဲစိလားစိရဲ့နဲ့ ဘွဲ့တွေတံဆိပ်တွေ ဇွတ်ကပ်ပြတယ်။ တချို့ သူတို့နဲ့ တန်းတူဖြစ်တဲ့ အမျိုးသား‌ရေးအစွန်းရောက် မဘသတချို့ကိုလည်း  ဖာခေါင်းကို ဂေါပကအရာသွင်းပုံမျိုးအတိုင်း ဘွဲ့တံဆိပ်နဲ့ ချီးမြှောက်ပြနေတာက ရွံရှာစက်ဆုပ်ဖွယ်ရာပါပဲ။

 

မအလဟာ ထုံးစံအတိုင်း လျှာအရိုးမပါတိုင်း လိမ်လည်လှည့်ဖျားတဲ့ အညာအလှိုင်းစကားတွေကိုလည်း ခွေးစလွယ်ကြီး တပြပြနဲ့ ပြောသွားပါသေးတယ်။ အိမ်နီးချင်းတိုင်းပြည်တွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုတို့နဲ့ ကောင်းမွန်စွာ ဆက်ဆံနေကြောင်း၊ အိမ်နီးချင်းတိုင်းပြည်များကိုလည်း အခြား တိုင်းပြည် အဖွဲ့အစည်းများက ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်းတဲ့။ ပြောတဲ့အပေါက်က အိမ်နီးချင်းတွေကို အခြားတိုင်းပြည်၊ အဖွဲ့အစည်းတွေက ကြားဝင်သွေးထိုးနေသယောင်။ အင်း ဒါလည်း ဖြစ်နေတာ လက်တွေ့ပဲ မဟုတ်လား။ စင်ကာပူနိုင်ငံကတောင် အာဆီယံရဲ့ မည်သည့် အစည်း၀ေးကိုမဆို စကစကို မဖိတ်ကြားဖို့ တရား၀င်ပြောထားပါတယ်။ မအလခမျာ ဟိုအမတ်ကြီးလို သံခင်းတမန်ခင်း အတွေ့အကြုံမရှိလေတော့ ငါးစိမ်းသည် ရန်တွေ့နည်းမျိုးနဲ့ပဲ အငေါ်တူးသွားပါတယ်။ မင်းကင်းအမတ်ကြီး သွေးပျက်နေပုံကို မအလကြည့်ပြီး နားထောင်ပြီးရင်လည်း မအလလည်း သွေးပျက်လောင်မြိုက်မှာ အမှန်ပါပဲ။ အခုတောင် ရုပ်က အတော်ပေါက်နေပြီ။ ဘယ်သွားသွား၊ ဘယ်နေနေ မအလဟာ သူ့ကို တစ်ယောက်ယောက်က လုပ်ကြံမယ်ချည်းထင်နေတယ်။ ခရီးတို၊ ခရီးရှည် သွားလာရင်လည်း ပုံစံတူ ကားအစီး ၂၀ လောက်နဲ့ ဘယ်ကားမှာ သူပါမှန်း မရိပ်မိအောင် သွားနေရတယ်။

 

မင်းကင်းအမတ်ကြီးလည်း ဘောင်းဘီချွတ်ပြီး အစိမ်းလိုလို လုပ်နေပေမဲ့ သူလည်း ဖရဲသီးအကြီးစားများ ဖြစ်နေသလားမသိပါဘူး။ မအလကို သူကိုယ်တိုင် တိုက်ရိုက် မပြောသာတော့ တစ်ဖက်လှည့်နဲ့ ပြောရင်း ဖရဲသီးဇာတ် ခင်းလိုက်ပုံပဲ။ 

 

မင်းကင်းအမတ်ကြီးလည်း ဘောင်းဘီချွတ်ပြီး အစိမ်းလိုလို လုပ်နေပေမဲ့ သူလည်း ဖရဲသီးအကြီးစားများ ဖြစ်နေသလားမသိပါဘူး။ မအလကို သူကိုယ်တိုင် တိုက်ရိုက် မပြောသာတော့ တစ်ဖက်လှည့်နဲ့ ပြောရင်း ဖရဲသီးဇာတ် ခင်းလိုက်ပုံပဲ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချပြီးရင် တစ်ရစ်ချင်း တင်းလာကာ အပီဝုန်းခံလိုက်ရတဲ့ အီရတ်က ဆတ်ဒမ်ဟူစိန်လို၊ လစ်ဗျားက ကဒါဖီလို ဖြစ်သွားမယ်လို့ မအလကို ခြိမ်းခြောက်ပြလိုက်တဲ့သဘော ဖြစ်နေလို့ပါပဲ။

 

အမေရိကန်ရဲ့ NDAA ထွက်လာတာရယ်၊ ဗြိတိန်က ဦးဆောင်တင်သွင်းလို့ UNSC ရဲ့ ဆုံးဖြတ်ချက် ထွက်လာတာရယ်ကြောင့် မအလတို့ရဲ့ နေပူတော်တစ်ဝိုက်လည်း ကျီလန့်စာစားသလို ဖြစ်နေကြကြောင်း သတင်းတွေ သိုးသိုးသန့်သန့် ကြားနေရပါတယ်။ မိုးပြိုမှာစိုးလို့ ကောင်းကင်ကို ခြေကန်အိပ်တဲ့ တစ်တီတူးလို ဘဝအခြေဆိုက်နေကြပြီ ထင်ပါတယ်။ ကောင်းကင်ပေါ် က ဂြိုဟ်သိမ်ဂြိုဟ်မွှားပဲ ပဲ့ကျကျ၊ ဂြိုဟ်တုပဲ ဖြတ်သွားသွား လင်းခနဲ လက်ခနဲ တစ်ခုခု တွေ့လိုက်ရရင် ပြူးပြာနေကြတယ် ဆိုပဲ။

 

ဒီကြားထဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ MNDAA ရဲ့ တိုင်းရင်းသားပေါင်းစုံပါ၀င်တဲ့ တပ်မဟာ (၆၁၁) တပ်ဖွဲ့၀င် (၁၂၂၈) ဦးကို သင်တန်းဆင်းပွဲမှာ လက်နက်ပါတပ်ဆင်ပေးတဲ့ အခမ်းအနားအဖြစ်နဲ့ ထုတ်ရှိုးပြလိုက်တော့ မအလအသိုက်ထဲ ကျားဝင်ကိုက်သလို ထပ်ဖြစ်ရပြန်ပါသေးတယ်။ လက်နက်တွေကလည်း အကြီး အလတ် အသေး အရွယ်စုံလို့ပါပဲ။ အတွင်းက လှိုက်၊ အပြင်က ရိုက်ရင် မအလတစ်သိုက် လည်စင်းခံဖို့ပဲ ရှိပါတော့တယ်။

 

၂၀၂၃ နှစ်ဦး သတင်းကောင်းအဖြစ် KNLA တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီးက တပ်ရင်းသုံးရင်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်နက်တည်း ၀င်ကြိတ်လိုက်တဲ့ သတင်းကတော့ ရှယ်ပလန်ပါပဲ။ သည်တော့ မအလအသိုက်ထဲ ကျားတွေ ခဏခဏ ဝင်ဝင်ကိုက်နေလို့ နေပူတော်တင်မက လောင်ပြီးရင်းလောင်နေရလို့ “နေပြည်လောင်” ဖြစ်နေရပြီ ဆိုတဲ့အကြောင်း နှစ်သစ်ဦးသတင်းတွေနဲ့ ပြည်သူအပေါင်းထံ အားဆေးကျွေးလိုက်ရပါတယ်။

~~~~

နွေဦးစင်ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။