အမှန်က ရန်ကုန်မြို့လယ်ခေါင်ထဲ ကျေးငှက်သံလေးတွေကြားရ၊ ရှဉ့်ကလေးတွေမြင်ရ၊ သပိတ်လွယ်ငှက်ကလေး တွေ တွေ့ရ၊ စက္ကူပန်းခြုံ အရိပ်အောက် နားနားနေနေ နေရင်း ၊ စာဖတ်လို့ရ၊ အလုပ်လုပ်လို့ရတဲ့ နေရာလေးမို့ အဲဒီ ဆိုင်လေးကို စိတ်ပင်ပန်းတဲ့အခါ ရောက်ဖြစ်သွားမိတယ်။
မကြာခဏလို ရောက်ဖြစ်တာမို့ ဆိုင်ကသူမနဲ့ မျက်မှန်း တန်းရင်းနှီးနေခဲ့မိတယ်။ ဆိုင်မှာထိုင်ဖြစ်ရင်း မျက်မှန်းတန်းရင်းနှီးလာတော့ တစ်ခါတလေ သူ့အကြောင်းတစ်စွန်း တစ်စကို စိတ်လိုလက်ရရှိတဲ့အခါ သူမကရင်ဖွင့်ပြောပြတတ်တယ်။ အဲဒီဆိုင်ကို မထင်မှတ်ဘဲ ရောက်ရှိထိုင်ဖူးစက ဆိုင်ကိုလာရောက်ကြတဲ့ ဧည့်သည်အတော်ကျဲတယ်။ တစ်ဆိုင်လုံးမှာ သူမတစ်ယောက်ပဲ စားပွဲထိုးရှိတယ်။ စားပွဲ ဝိုင်းတွေ ဟိုဒီကူးရ၊ အမှာစာရင်းပို့ရ၊ သယ်ယူရ ၊ စားပွဲဝိုင်းချရ၊ ပြီးတော့ လိုအပ်တာထက် ပိုပြီး ဝန်ဆောင်မှုစေတ နာကောင်းတဲ့ သူမရဲ့ဖြည့်ဆည်းပေးတတ်မှုတွေကြောင့် ဆိုင်အတွင်း လူးလားခေါက်ပြန် သွားလာနေရတဲ့ အကြိမ် ပေါင်း မနည်းတာကို သတိထားမိလာတယ်။
ညီမင်းဆက် ရေးသားထားတဲ့ “အဲဒီမှာ အရာရာ နေသားတကျ မရှိ“ ဆိုတဲ့ အက်ဆေးကို နွေလင်းဟန် ကရွတ်ဖတ်ပြီး MMT က ရုပ်သံဖန်တီးတည်းဖြတ်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။