အခုကတော့ ကောင်တာလေဒီက နဂိုအတိုင်းရှိနေခဲ့ပေမဲ့ နံရံပေါ်က ဓာတ်ပုံတွေကတော့ ရှိမနေတော့ဘူး။ ဓာတ်ပုံ ဘောင် ချိတ်ဆွဲထားခဲ့တဲ့ နံရံနေရာဆေးသားတွေကတော့ အခြားသောနံရံဆေးသားတွေထက် သိသာပေါ်လွင် ထင်ကျန်နေဆဲဖြစ်တယ်။
နံရံပေါ်ကဓာတ်ပုံတွေအကြောင်း မေးမိတော့ ဖြုတ်သိမ်း ထားရတာပေါ့တဲ့။ မဖြုတ်လို့မ ရဘူးလေတဲ့။ မဖြုတ်ရင် သိတယ်မို့လားတဲ့။ ကောင်တာလေဒီက ပြောရှာတယ်။ နံရံမှာ ကွက်ထင်ကျန်ရစ်တဲ့ ဓာတ်ပုံဘောင်နေရာကို ကြည့်ရင်း ဓာတ်ပုံတွေ ဖြုတ်သိမ်းခိုင်းလိုက်ရုံ၊ အကြောင်းတရားတွေကို လိမ်လည် ဖျောက် ဖျက်လိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ သမိုင်းနဲ့ရှိတည်နေခဲ့မှုက ပျက်စီးပျောက်ဆုံးသွားမယ်လို့ထင်တဲ့ လူ့အန္ဓတွေ အ ကြောင်း တွေးမိတော့ အလိုလိုပြုံးမိသွားတယ်။
ညီမင်းဆက် ရေးသားထားတဲ့ “အရွေ့မှာ ရပ်တန့်နေသော အလွမ်း” ဆိုတဲ့ အက်ဆေး ကို နွေလင်းဟန် ရွတ်ဖတ်ပြီး MMT က ရုပ်သံဖန်တီးတည်းဖြတ်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။