Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အရင်းလဲ အဖျားထင်းဖြစ် ၊ တော်လှန်လူငယ်လက်သစ်တွေ ထပ်မဖြစ်စေလိုတော့

ဆောင်းနံနက်ခင်း၏ နေခြည်နုထွေးကို နှင်းမြူပုဝါပါးက ခြားထားလေတော့ မြင်ကွင်းက ဝိုးတဝါး။ ကွင်းပြင်ကျယ်ကို ဖြတ်သန်းလာသည့် နှင်းငွေ့သိုင်းခြုံထားသော လေအေးက မျက်နှာတဝှိုက်ကို ဆီးကြိုနှုတ်ဆက်လာ၍ နားရွက်ဖျားများ လုံစေရန် ခေါင်းစွပ်ကို ဆွဲချလိုက်ရသည်။ 

 

အညာဆောင်း၏ အေးခဲမှုကို ယာခင်းပြင်ပြောင်ပြောင်မှာ စစ်ရှောင်နေကြရသူတွေ ဘယ်လို အံတုနေကြရသလဲ။ စဉ်းစားကြည့်ရုံနှင့် အသက်ရူ ကြပ်လာသည်။ သက်ပြင်းမော ချမိတော့ နှာသီးဖျားမှ ထွက်လေသည် နှင်းမြူမှုန်နှင့် ဓါတ်ပြုကာ အငွေ့ဖြူဖြူများအဖြစ် အသွင်ပြောင်းသွားသည်။ ရင်မောရပါသည်။ 

 

တချိန်ကတော့ ဒီကွင်းပြင်ထဲတွင် လူမှုကူညီရေးအသင်းပိုင် ကားငါးစီးနှင့် မီးသတ်ကားလေးတစီး ရပ်နားထားလေ့ရှိသည်ကို တွေ့မြင်ခဲ့ကြရပေမည်။ ယခုမူ ထိုကားများ တစီးမျှ မရှိတော့။ စစ်မိစ္ဆာများက သိမ်းယူကာ ၎င်းတို့၏ စီးတော်ယာဉ်များအဖြစ် အသုံးချနေကြလေပြီ။ 

 

ဆောင်းအာရုဏ်ဦး နေရောင်ကို ကျောပေး နေစာလှုံရင်း တွေးတော၊ ငေးမောနေခိုက် မြင်ကွင်းထဲ ကလေးငယ်နှစ်ဦး ရုတ်ချည်းပေါ်လာသည်။ စစ်ဘေးရှောင်တွေအကြောင်း စဉ်းစားနေခိုက် ဤကွင်းပြင်ထဲ ပြေးလွှားဝင်ရောက်လာသည့် ကလေးနှစ်ယောက်။ တကယ်တော့ ဒီကွင်းပြင်သည် ကွင်းပြင်သက်သက်တော့ မဟုတ်။ အညာမြို့လေး တမြို့၏ ရပ်ကွက်တခုအတွင်းရှိ လူမှုကူညီရေးအသင်း ရုံးစိုက်ရာ နေရာ။ တချိန်ကတော့ ဒီကွင်းပြင်ထဲတွင် လူမှုကူညီရေးအသင်းပိုင် ကားငါးစီးနှင့် မီးသတ်ကားလေးတစီး ရပ်နားထားလေ့ရှိသည်ကို တွေ့မြင်ခဲ့ကြရပေမည်။ ယခုမူ ထိုကားများ တစီးမျှ မရှိတော့။ စစ်မိစ္ဆာများက သိမ်းယူကာ ၎င်းတို့၏ စီးတော်ယာဉ်များအဖြစ် အသုံးချနေကြလေပြီ။ ကွင်းပြင်၏ ဘေးတွင် ကပ်ဆောက်ထားသည့် တထပ်အဆောက်အဦးလေးအတွင်းတွင်လည်း စေတနာ့ဝန်ထမ်းများ ရှိ မနေတော့။  လူမှုကူညီရေးအသင်းရုံး အဆောက်အဦးဘေးကပ်ပေါက်နေသည့် ဂွေးတောက်ပင်နှင့် အပြိုင်းအရိုင်းထနေသော မြက်ရိုင်းပင်များက စစ်မိစ္ဆာများ ကျူးကျော် ဝင်ရောက် သိမ်းပိုက်ထားခဲ့သည့် အချိန်ကာလကို ပြညွှန်းနေသယောင်ယောင်။ 

 

ယခင်က ရပ်ကွက် မီးတားကွင်းမှသည် လူမူကူညီရေးအသင်းရုံးဖြစ်တည်ခဲ့ရာ ဤကွင်းပြင်လေးသည် ယခုမူ ကလေးကစားကွင်း ဖြစ်နေခဲ့လေပြီ။ ယခုလည်း လမ်းထဲမှ ကလေးနှစ်ယောက် ဒီကွင်းပြင်ထဲ လာရောက် ဆော့ကစားကြခြင်း။ ကလေးနှစ်ယောက်၏ လက်ထဲ အရုပ် သေနတ်ကိုယ်စီ။ နေပူစာလှုံနေစဉ် နံဘေးမှ ဖြတ်ပြေးသွားရင်း အရုပ်သေနတ်ကို တဒက်ဒက်ပစ်ကာ ပါးစပ်မှ PDF ကွဟု အော်ဟစ် ကြွေးကြော်သွားသော ကလေးငယ်တစ်ယောက်၏ အသံကြောင့် အံ့ဩ မှင်သက်မိသွား၏။ 

 

 နှစ်ယောက်စလုံးက PDF ကွဟု ကြွေးကြော်ကာ သေနတ်သံ တဒက်ဒက် ပေးရင်း အသင်းရုံးနောက်ဘက် ပြေးဝင်သွားကြတော့သည်။ သူတို့ ရန်သူကို သူ့တို့စိတ်ကူးနှင့် ပုံဖော်ကာ ပူးပေါင်း‌တိုက်ကြတော့မည်။ 

 

လမ်းထဲက ကိုဝင်းအောင်၏ သားအငယ်လေး။ သူနှင့်အတူတွဲပါလာသော ကလေးက ကိုသန်းမြင့်ထွန်း၏ သား။ နှစ်ယောက်စလုံး ခြောက်နှစ်ကျော် အရွယ်လေးတွေ။ ကလေးတို့၏ ကစားခန်းကို နေစာလှုံရင်း သူစောင့်ကြည့်နေမိသည်။ ကိုဝင်းအောင်သား ဖိုးချွဲက ကိုသန်းမြင့်ထွန်းသား ဂျောက်ဂျက်ကို မင်းက စစ်သားလုပ်၊ ငါက PDF ၊ ငါလိုက်ပစ်မယ် ၊ မင့်ကပြေးဟု ကစားခန်းကို ညှိနှိုင်းသည်။ ဂျောက်ဂျက်ကား လက်မခံ။ ခေါင်းခါကာ ဖိုးချွဲအဆိုကို ပယ်ချရင်း မင့်က စစ်သားလုပ်၊ ငါက PDF ဟု အဆိုတင်သည်။ ဂျောက်ဂျက်အဆိုတင်သွင်းမှုကို ဖိုးချွဲက ပယ်ချပြန်၏။ ကစားခန်းကား ပြေးသူနှင့် လိုက်သူ ဇာတ်ရုပ်ချမရသေး၍ ပွဲမစနိုင်သေး။ နောက်တော့ ခေါင်းခြင်းဆိုင် တွတ်ထိုးရင်း ဘယ်လိုညှိနှိုင်းလိုက်သည်မသိ။ နှစ်ယောက်စလုံးက PDF ကွဟု ကြွေးကြော်ကာ သေနတ်သံ တဒက်ဒက် ပေးရင်း အသင်းရုံးနောက်ဘက် ပြေးဝင်သွားကြတော့သည်။ သူတို့ ရန်သူကို သူ့တို့စိတ်ကူးနှင့် ပုံဖော်ကာ ပူးပေါင်း‌တိုက်ကြတော့မည်။ 

 

သားသားကြီးရင် ဘာလုပ်မယ်ဟူသော လူကြီးမိဘများ၏ အမေးကို ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်၊ စစ်ဗိုလ်ကြီး လုပ်မယ်ဟု ဖြေဆိုတတ်သည့် ကလေးငယ်တို့၏ ဝေါဟာရတွင် စကားလုံးအသစ် တိုးသွားလေပြီလား။ အညာသားကလေးများ၏ ဆော့ကစားနည်းသစ်က PDF လုပ်တမ်းတဲ့လား။ PDF ဖြစ်ချင်သည်တဲ့လား။ ဒါသည် မည်သူကမျှ မသင်ရပါဘဲ သူတို့ ကြားသိနေရသော အကြောင်းအရာများက သူတို့၏ နုနယ်လှသော နှလုံးအိမ်ထဲ ဖြစ်ထွန်းသွားသော ဝေါဟာရ။ အညာကလေးငယ်များ၏ ရင်တွင်းဖြစ်ဆန္ဒ။ 

 

 မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည်က လက်နက်ကိုင်တော်လှန်ရေး။ နှစ်ပေါင်း (၇၀) ကျော် ကြာညောင်းခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ရေးကား ယခုအထိ အရှုံးအနိုင်မပေါ်သေးသည်မှာ ဘာ့ကြောင့်လဲ။ 

 

နေပြည်တော်က စစ်ရုံးချုပ်ထဲမှာ ထိုင်ကာ ရွာစဉ်ပတ်မီးရှို့ခြင်းကို ခေတ်မီ စစ်နည်းဗျူဟာဟု အထင်ရောက်နေသော စစ်ဘီလူးများကို ကလေးတို့၏ ကစားပွဲကို လာကြည့်စမ်းစေချင်လှသည်။ ထို့အတူ နှစ်ပေါင်းရှည်ကြာ တော်လှန်ရေးလုပ်လာသော လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များကိုလည်း ခေါ်ပြချင်စမ်းလှသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည်က လက်နက်ကိုင်တော်လှန်ရေး။ နှစ်ပေါင်း (၇၀) ကျော် ကြာညောင်းခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ရေးကား ယခုအထိ အရှုံးအနိုင်မပေါ်သေးသည်မှာ ဘာ့ကြောင့်လဲ။ 

 

လက်နက်ကိုင်အဖွဲ့အစည်းများ အမြောက်အမြား ပေါ်ထွက်ခဲ့သော်လည်း တပ်ပေါင်းစုပုံသဏ္ဍန် စုဖွဲ့၍ ဟန်ချက်ညီ တိုက်ခိုက်ရေး မလုပ်နိုင်ခဲ့သလို နိုင်ငံ့ဘဏ္ဍာကို အပြည့်အဝသုံးစွဲခွင့် ရထားသည့် စစ်တပ်ကလည်း လက်နက်ကိုင်အဖွဲ့များကို အမြစ်ပြတ်မတိုက်ခဲ့။ ရေချိုးပြစရာ ကြောင်လေးများကို မွေးထားစမြဲ။ တော်လှန်ရေးအဖွဲ့များက တပ်ပေါင်းစု စုဖွဲ့ မတိုက်နိုင်၍ လုပ်ကြံတိုက်ခိုက်ခြင်းများ ရှိခဲ့ဖူးလားဟု ဆန်းစစ်ကြည့်တော့လည်း မှတ်တမ်းမရှိ။ နတ္ထိ။ 

 

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ မင်းအောင်လှိုင်။ အမည်များသာ ပြောင်းသွားသည်။ စစ်ဘီလူးများကား မာမာချာချာ။ စစ်ခေါင်းဆောင်များ လုပ်ကြံမခံရသော်လည်း တော်လှန်အင်အားစုများဘက်မှ မကြာခန လုပ်ကြံခံကြရသည်။ အထင်ရှားဆုံးကား ပဒိုမန်းရှာနှင့် တလောကမှ သတ်ဖြတ်ခံရသည့် ALA စစ်ဦးစီးချုပ် ခိုင်စောမြ။ အထက်လူကြီးများ ကောင်းစားရေးအတွက် အသက်ပေးနေကြရသည်က အောက်ခြေတပ်ဖွဲ့ဝင်များ။ 

 

စစ်တိုင်းမှူးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အဆင့်များကား ပိုနေမြဲ၊ ကျားနေမြဲ။ ရပ်ကွက်ထဲက ဒလန်နှင့် အုပ်ကြီးများက ဓါးစာခံ။ တဖက်တွင်တော့ မဆီမဆိုင်ရွာသားများက မီးရှို့ခံ။ အသတ်ခံ၊ မုဒိမ်းကျင့်ခံ။ ခေါင်များကို ဖြိုလျှင် အကုန်ပြိုမည့်အရေးကို မတွေးမိကြသည်လား၊ မလုပ်ကြသေးသည်လား။

 

၂၀၂၂ ခုနှစ်တော်လှန်ရေးကာလကို ပြန်စောင်းငဲ့ကြည့်တော့လည်း ထိရောက်သော စစ်ရေးပစ်မှတ်များကို မတိုက်ခိုက်နိုင်ခဲ့။ ဗဟိုဘဏ် ဒုဥက္ကဌ၊ မိုင်တဲ ဘဏ္ဍာရေးအရာရှိချုပ်နှင့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးချုပ်တဦးတို့ကိုသာ တိုက်ခိုက်‌နိုင်ခဲ့သေးသည်။ စစ်တိုင်းမှူးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အဆင့်များကား ပိုနေမြဲ၊ ကျားနေမြဲ။ ရပ်ကွက်ထဲက ဒလန်နှင့် အုပ်ကြီးများက ဓါးစာခံ။ တဖက်တွင်တော့ မဆီမဆိုင်ရွာသားများက မီးရှို့ခံ။ အသတ်ခံ၊ မုဒိမ်းကျင့်ခံ။ ခေါင်များကို ဖြိုလျှင် အကုန်ပြိုမည့်အရေးကို မတွေးမိကြသည်လား၊ မလုပ်ကြသေးသည်လား။ နယ်ရဲစခန်းတခုကို သွားတိုက်လျှင်လည်း အသက်ကို ရင်းကြရသည့်အတူတူ ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်းကို စီးနင်းတိုက်ခိုက်သည်က ပို၍ မထိရောက်ဘူးလား။ အများပြည်သူအတွက် အသက်ပေးလှူမည့် PDF လေးတွေ ရှိနေပြီ။ သူတို့၏ စွမ်းရည်နှင့် လှုပ်ရှားနိုင်စွမ်းသည် ထိရောက်သော စစ်ရေးပစ်မှတ်များအပေါ် ကျရောက်အောင် မည်သူက  တည့်မတ်ပေးမည်နည်း။ အောက်ခြေအဖွဲ့ချင်း တိုက်နေလျှင်မူ နိုင်ငံ့ဘဏ္ဍာ ထင်သလို သုံးစွဲခွင့်ရထားသည့် စစ်တပ်က မှုမည်မဟုတ်။ 

 

နှစ်သစ်ကူးမိန့်ခွန်းတွင်မူ NUG သမ္မတက "အရင်းလဲ အဖျားထင်းဖြစ်" ဆိုသော စကားပုံကို သုံး၍ ထိရောက်သော စစ်ဆင်ရေးများ ဆင်နွှဲကြရန် တိုက်တွန်းထားသည်။ မျှော်လင့်အားထားမိပါ၏။ 

 

ကလေးငယ်တွေကို တော်လှန်လူငယ်တွေ ထပ်မဖြစ်စေလို့တော့။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် စိတ်ကူးသစ် ၊ အတွေးအခေါ်သစ် ၊ နည်းပညာသစ်များဖြင့် နိုင်ငံ၏ အရွေ့တခုကို ထပ်မံဖော်ဆောင်နိုင်သည့် လူငယ်များ ဖြစ်လာအောင် တော်လှန်လူကြီးများက အရင်းများကို ဖြိုလှဲပေးကြရမည့်အချိန်တန်ပြီ ထင်ပါသည်။ 

~~~~

သစ်ဆန်းနိုင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။