တော်လှန်လူငယ်တွေက နိုင်ရာထောင့်ကနေ အသီးသီး အသကအသက တာဝန်ယူပြီး တော်လှန်ရေးအတွက် ယုံယုံကြည်ကြည် ထည့်ဝင်သယ်ပိုးနေကြပါတယ်။ တောထဲမှာ လက်နက် ကိုင်ပြီး အသေခံ တိုက်နေကြတာ၊ မြို့ပြပြောက်ကျားအဖြစ် စွန့်လွှတ်စွန့်စားပြီး သေမင်းနှုတ်ခမ်းဝမှာ ရဲရင့်ရင်ဆိုင်လျှောက်လှမ်းနေကြတာ၊ ဘယ်လို funds ရှာပြီး ဘယ်လို ထောက်ပို့လုပ်ရမလဲဆိုတာကို အချိန်နဲ့အမျှ ကြံစည်တွေးတော လုပ်ဆောင်နေကြတာ စသဖြင့် စသဖြင့် ရှိကြပါတယ်။
ဒီအထဲမှာမှ လူလည်လူပါးတွေဟာလည်း လူ့သဘောအတိုင်း ရောပါလာတတ်ကြပါတယ်။ "တော်လှန်လူလည်" တွေလို့ အမည်သညာပေးရမယ် ထင်ပါတယ်။ သူတို့တွေဟာ နေရာလည်း ယူ တတ်၊ ခွင်လည်း ရှာတတ်ကြပြီး “မပြေးသော်ကံရာရှိ ဒွေးနှစ်ဖော် သံဝါညှိ” ဆိုသလို အကြောင်းရှာဖွေ ကြတယ်။ လူတိုင်းကတော့ တော်လှန်ရေးအလုပ်ကိုလုပ်ဖို့ဆိုတဲ့ စိတ်တစ်ခုတည်း ရည်သန်ပြီး လုပ်ခဲ့ကြ၊ လုပ်နေကြတာပါပဲ။ အနေကြာ ခရီးတွေ တာရှည်လာတဲ့အခါမှာ လူ့စရိုက်အစစ်အမှန်တွေ ဟိုက ဒီကနေ ထိုးထိုးထောင်ထောင် ထွက်လာတတ်ပြီး တော်လှန်ရေးခရီးမှာ စိတ်ခုစရာတွေ ဖြစ်လာ နိုင်လို့ ပြောခြင်းဖြစ်ပါတယ်။
ခပ်ကြမ်းကြမ်း ဥပမာတစ်ခု ထပ်ပေးရရင် အလှူမှာ ဟင်းကောင်းနဲ့တွေ့ပြီး ထမင်းနည်းနည်း ဟင်းများများ စားတတ်ကြတဲ့ စရိုက်မျိုး၊ အလုပ်လုပ်စရာကြုံရင် ချောင်ခို အပါးခိုတတ်တာမျိုး စသဖြင့် ဖြစ်ပါတယ်။ လူထူပြီဆိုရင် တွေ့ရတတ် လေ့ရှိတဲ့ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။
ဆိုလိုတာက ဟင်းတစ်ယောက်တစ်တုံးဆိုရင် အတုံးကြီးကြီး အသားများများပဲ ရွေးချင်တာ မျိုး၊ အရည်နဲ့အဖတ် မျှတစွာ ယူရမယ်ဆိုလည်း အဖတ်မကျန် အရည်ကဘောလော ဆိုတာမျိုး၊ သေနတ်မကိုင် ထမင်းချက် ဖိနပ်ကိုင်မို့ နှိမ်ချင်သလိုလို ဆက်ဆံတတ်ကြတာမျိုး စသဖြင့် စိတ်ဓာတ်တွေပေါ့။ ဥပမာဆိုတဲ့အတိုင်း အပ်ကျမတ်ကျချည်းတော့ မဆိုလိုပါ။ ခပ်ကြမ်းကြမ်း ဥပမာတစ်ခု ထပ်ပေးရရင် အလှူမှာ ဟင်းကောင်းနဲ့တွေ့ပြီး ထမင်းနည်းနည်း ဟင်းများများ စားတတ်ကြတဲ့ စရိုက်မျိုး၊ အလုပ်လုပ်စရာကြုံရင် ချောင်ခို အပါးခိုတတ်တာမျိုး စသဖြင့် ဖြစ်ပါတယ်။ လူထူပြီဆိုရင် တွေ့ရတတ် လေ့ရှိတဲ့ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲ ရောက်ခဲ့ဖူးသူရဲ့ အတွေ့အကြုံလေးကို ပြောပြပါအုံးမယ်။ တော်လှန်ရေး ကာလ နိုင်ငံရေးမှုဆိုတော့ တရားခွင်အဖြစ် အမှုရင်ဆိုင်ရတဲ့အခါ မြို့နယ်အဆင့်ဆိုရင် ထောင်တွင်း တရားရုံးမှာပဲ ရုံးချိန်းထွက်ရတယ်။ ခရိုင်အဆင့် ဆိုရင်တော့ သက်ဆိုင်ရာ ခရိုင်တရားရုံးကို ထွက်ရလေ့ ရှိတယ်။ အမှုတွဲ တူတူ၊ မတူတူ မြို့နယ်အလိုက်၊ ခရိုင်အလိုက် တစ်စုတည်းပဲ သက်ဆိုင်ရာ ရဲစခန်းက လာထုတ်တဲ့ အချုပ်ကားနဲ့ တွဲထွက်ရတယ်။ ဆိုင်ရာမိသားစုတွေက ရုံးချိန်းရက်ဆိုရင် လူချင်းတွေ့ခွင့် မရကြပေမဲ့ တာဝန်ကျ ရဲတို့ ရှေ့နေတို့ကတစ်ဆင့် ဆေးလိပ်၊ ကွမ်းရာ၊ ထမင်းဟင်း စသဖြင့်ကျွေးမွေး ကြတယ်။ အဆင်ပြေချောမွေ့လွန်းရင် မိသားစုနဲ့ ဖုန်းတွေဘာတွေပြောလို့ရကြတယ်။ သည်နေရာမှာ အခြားသူကို မငဲ့ညှာတတ်ဘဲ မိမိတစ်ကိုယ်စာအတ္တအတွက်ပဲ ကြည့်လေ့ရှိသူမျိုးတွေနဲ့ ကြုံဖူးဆုံဖူးရတယ်။
ထောင်ထဲမှာက ဆေးလိပ်သောက်ခွင့် မရှိပါဘူး၊ တရား၀င် ပိတ်ပင်ထားတယ်။ ရုံးချိန်းထွက်တဲ့ အခိုက်အတန့်မှာပဲ သောက်ကြရတယ်။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည်ဆေးလိပ်ငတ်နေကြတော့သောက်ခွင့်ရတုန်း ကြုံးသောက်တဲ့သူမျိုးကို တွေ့ဖူးတယ်။ တစ်လိပ်ပြီးတစ်လိပ် ဇယ်ဆက်သလို သောက်ဖွာ ရှူရှိုက်တယ်။ တံတွေးတွေ သီးပြီး ချောင်းဆိုးတဲ့အထိ သောက်တယ်။ တချို့ကတော့ ဆေးလိပ်သောက်သော်လည်း သောက်တယ်ဆိုရုံ ယဥ်ပါးစွာ စတိမျှပဲ သောက်ပါတယ်။ ဟိုတစ်ယောက်ကတော့ အကြိမ်တိုင်း အငမ်းမရပါပဲ။ လူမှုရေးဒဏ်ခတ်တာ (S.P) လုပ်ထားတဲ့ ဦးပိုင်က ထုတ်တဲ့ Red Ruby စီးကရက်တွေလား ဘာလား ကြည့်မနေအားတော့ဘူး ထင်ပါတယ်။
တစ်ခါသားမှာ မိသားစုဆီ ဖုန်းတစ်ခါမှ မဆက်ရသေးသူက "ဘူ" ပြီး ထဆဲတော့ မှ နည်းနည်း ကိုယ်ရှိန်သတ်သလို ဖြစ်သွားပါတယ်။ ဒါတောင် ငါဘာလုပ်မိလို့လဲ ဆိုတဲ့ အပေါက်မျိုးနဲ့ ပါပဲ။
နောက်ပြီး တစ်ယောက်တစ်လှည့် ဖုန်းပြောခွင့်ရရင်လည်း အကြိမ်ပိုယူ၊ အချိန်ပိုယူသူက ထိုသူ ပါပဲ။ ကျန်သူတွေက ခဏတစ်ဖြုတ် သာကြောင်းမာကြောင်း၊ ပါဆယ်ပို့တဲ့အခါ ထည့်မှာချင်တာလေး ပြော၊ ဒီလောက်ပါပဲ။ တစ်ခါသားမှာ မိသားစုဆီ ဖုန်းတစ်ခါမှ မဆက်ရသေးသူက "ဘူ" ပြီး ထဆဲတော့ မှ နည်းနည်း ကိုယ်ရှိန်သတ်သလို ဖြစ်သွားပါတယ်။ ဒါတောင် ငါဘာလုပ်မိလို့လဲ ဆိုတဲ့ အပေါက်မျိုးနဲ့ ပါပဲ။ အခြားစားအိုးတွဲသူများ ပါဆယ်လာရင် ရောကြိတ်ပြီး ကိုယ့်ပါဆယ်ဆိုရင် ဖွက်ကြိတ်တတ်တဲ့ စရိုက်မျိုးတွေလည်း တွေ့ရပါတယ်။
“တော်လှန်လူလည်” နောက်ထပ် အမျိုးအစားတွေကိုလည်း ဖောက်သယ်ချချင်ပါသေးတယ်။ ဟိုဘက်ကမ်းကအုပ်စုတွေထဲက တချို့လို့ ဆိုကြပါစို့ရဲ့။ အထက်မှာ ပြောခဲ့တာကတော့ ဒီဘက်ကမ်းက အုပ်စုထဲကလို့ ပြောရပါမယ်။ ဟိုဘက်ကမ်းကအုပ်စုကျတော့ ထောက်ပံ့ကြေး (grants)လျှောက်တာ တို့၊ တတိယနိုင်ငံထွက်ရဖို့တို့ ကြိတ်ကြံနေကြတာတို့မျိုးတွေပေါ့။ တချို့တွေဆို သိုသိုဝှက်ဝှက် လုပ် လာလိုက်ကြတာ၊ တတိယနိုင်ငံလည်း ထွက်ရော လေယာဥ်တစ်စီးတည်းပေါ်မှာ အိုးတိုးအမ်းတမ်း ဖြစ်ကြပြီး အတူစီးကြရတဲ့ ဇာတ်လမ်းတွေလည်း ဖြစ်ကြပါတယ်။ အဲဒီနေရာမှာတော့ သိုးဆောင်း ဘာသာစကားကို ရေးနိုင် ပြောနိုင်တဲ့သူတွေထဲက တချို့က တော်လှန်လူလည်တွေ ဖြစ်ကြတာပေါ့။ အင်မတန် ရိုးသားတဲ့ လူကောင်းသူကောင်းတွေလည်း အများကြီး ရှိပါတယ်။ အခုကတော့ “တော်လှန် လူလည်”တွေအကြောင်း ဆန်ရင်းနာနာဖွပ် ဖောင်းထုမယ့်အလှည့်မို့ပါ။ ဒီနေရာမှာ “တော်လှန်လူလည်”တွေဟာ grants လျှောက်တဲ့အခါမှာ ကိုယ့်နာမည်နဲ့ ကိုယ့်တစ်ကိုယ်စာအတွက်ဆိုရင် သူ့ကိစ္စ သက်သက်မို့ ဘာမှ မပြောလိုပါ။ အခု သိရတဲ့အဖြစ်က အခြားသူနာမည်တွေနဲ့ပါ လျှောက်ပြီး တိတ်တိတ်လေး "ကြိတ်ယူ" နေကြတဲ့ ဇာတ်လမ်းတွေရှိလို့ပါ။ တချို့လျှောက်ပြီး မရကြလို့ အခြားသူတွေနဲ့ စကားစပ်မိကြတော့မှ မရတဲ့အကြောင်းရင်းကို သိကြရတယ်။ နာမည်နှစ်ခု ထပ်နေလို့ အပယ်ခံ လိုက်တယ် ဆိုတာမျိုးတွေပေါ့။
တချို့ မီဒီယာလုပ်ငန်းကို ဗန်းပြပြီး grantsတွေ လျှောက်ကြတယ်။ ကိုယ့်ပိုင်ဆိုင်မှု တွေကိုပါ ထုခွဲရောင်းချပြီး ထည့်၀င်သယ်ပိုးနေတဲ့ လေးစားစရာ မီဒီယာအလုပ်လုပ်နေသူတွေလည်း ရှိ ကြပါတယ်။
အဲသလိုပဲ တချို့ မီဒီယာလုပ်ငန်းကို ဗန်းပြပြီး grantsတွေ လျှောက်ကြတယ်။ ကိုယ့်ပိုင်ဆိုင်မှု တွေကိုပါ ထုခွဲရောင်းချပြီး ထည့်၀င်သယ်ပိုးနေတဲ့ လေးစားစရာ မီဒီယာအလုပ်လုပ်နေသူတွေလည်း ရှိ ကြပါတယ်။ ဤကား စကားချပ်လို့ ဆိုရမှာပေါ့။ တချို့မီဒီယာတွေ ဆိုရင် သုံးစွဲတဲ့ စာမူတွေကို စာမူခတောင်မပေးဘဲ လိုင်းပေါ်ကနေ အလကားပဲတင်း ယူသုံးကြတယ်။ တချို့ စာမူတွေဆိုရင် ဘယ်မီဒီယာ မှာ ဘယ်လိုပုံစံနဲ့ ပါမှန်းတောင် မသိလိုက်ရဘူး။ သူများ သတင်းစကားပါးမှ သိကြရပါတယ်။ စာရေးသူ အများစုကလည်း တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်တဲ့ထောင့်က ထည့်ဝင်သယ်ပိုးတယ်လို့ပဲ သဘောထားကြပြီး စာမူခ ရရ၊ မရရ သိပ်ပြဿနာ လုပ်မနေကြပါဘူး။ သို့ပေမဲ့လည်း ခေတ်ဆိုးခေတ် ကျပ်ကြီးထဲမှာတော့ သူသူကိုယ်ကိုယ် ကိုယ့်လုပ်အားခလေး၊ ဉာဏ်ပူဇော်ခလေး ချီးမြှင့်ခြင်းခံရရင်တော့ ဖရဏာပီတိ ဂွမ်းဆီထိကာ ကြည်နူးဝမ်းသာကြရမှာ အမှန်ပါပဲ။ ကာယကံရှင်ကိုယ်တိုင်က အဆင်တပြေရှိလို့၊ ဒါမှမဟုတ်လည်း ငါ့လုပ်ခလေးရတုန်း ဟိုဟိုသည်သည် ဒါနလေးပြုလိုက်အုံးမှ ဆိုတာမျိုးလေး လုပ်လို့ရတာပေါ့။
ပြောချင်တာကတော့ ကိုယ့်လောကသားအချင်းချင်းကြားမှာ သြော် သူလည်း ခက်ခဲနေမှာပဲ ဆိုတဲ့ စာနာစိတ်မထားဘဲ ကတုံးပေါ် ထိပ်ကွက်ချင်ကြ၊ ဘိန်းစားချင်းအတူတူ တစ်လုံးပိုရှူချင်ကြ၊ တော်လှန်သူချင်းချင်း လူလည်ကျချင်ကြတဲ့"တော်လှန်လူလည်" စိတ်ဓာတ်ကပ်ပါးပိုး ပါနေသူတွေကို ပါပဲ။ အနာရှိကြသူတွေ စပ်ကြလေသတည်းလို့ ရည်စူးကာ တော်လှန်လူငယ်တွေကို အားနာထောက် ထားပြီးသကာလ ဤခရီးနီးစေဖို့အတွက် “တော်လှန်လူလည်” စိတ်တွေ ဖျောက်ကြစေချင်ပါ တယ်။ တချို့က ပြောမနေပါနဲ့ ဒါက အရေးတကြီးကိစ္စမှ မဟုတ်ဘဲလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ တစ်ခါတစ်ရံ သေးဖွဲတယ် ထင်ပြီး အရေးမပါဘူးလို့ လျှော်ထားလိုက်ရင် ကိုယ့်လောကကို ပုံဖျက်ချင်သူတွေအတွက် အားနည်းချက် ရသွားနိုင်တယ် မဟုတ်ပါလား။ ဒါကြောင့် သတိပြု ဆင်ခြင်နိုင်ကြစေဖို့ စာတစ်ပုဒ်နဲ့ အနာလုပ်လိုက်မိပါတယ်။ ငါ့ကော ဘယ်နား ထိသွားပါလိမ့်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။