Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အထားအသို လွဲခဲ့သော အဓိပ္ပါယ်များ (Essay)

အဲဒီနေ့က စင်ကာပူမှာ ၉ နှစ်နီးပါး အလုပ်လုပ်ခဲ့ပြီးနောက် မြန်မာပြည်ခေတ္တပြန်လာတဲ့ မိတ်ဆွေတစ်ယောက်ကို အကြောင်းပြုပြီး ဆုံမိကြတာပါ။ အလုပ်ပြီးအလုပ်ဆိုသလို လုပ်ငန်းခွင်နဲ့ လုံးပမ်းခဲ့ရတဲ့ ကွန်ကရိနိုင်ငံပြန် မိတ် ဆွေက စာပေဝါသနာရှင်လည်း ဖြစ်တာမို့ စာအကြောင်းပေအကြောင်း ပြောကြရင်းဆုံဖို့ သူတို့အားလုံးကို ချိန်းဆို ခဲ့တာဖြစ်တယ်။ သူတို့အားလုံးဆိုတာက သူရယ်၊စာရေးဆရာရယ်၊ အလုပ်လက်မဲ့သတင်းစာဆရာရယ် ဒီလောက် ပါပဲ၊ အားလုံးပေါင်းမှ လေးယောက်ပေါ့။

 

နားစွန်နားဖျားကြားရမိသလောက် လတ်တလောကာလ အမည်ပေါက်သတင်းစာသမားတစ်ယောက်ရဲ့ စိုးတထိတ်ထိတ်နေထိုင်ရမှု အခြေအနေကို ရင်ဖွင့်နေပုံပါပဲ။

 

အားလုံးအဆင်ပြေမဲ့ရက်နဲ့ အချိန်တစ်ခုကိုညှိုနှိုင်းကြပြီးနောက် ကမ်းနားလမ်းပေါ်က ရန်ကုန်ညဈေး ကွန်တိန်နာ ဘီယာဆိုင်တစ်ခုမှာ သူတို့အားလုံး ဆုံဖြစ်ကြတယ်။ သူက ဘီယာနဲ့ မတည့်တာမို့ သောက်စရာ ဝီစကီ တစ်ခုခုဝင် ဝယ်နေတာနဲ့ ချိန်းဆိုထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ရောက်သွားဖြစ်တယ်။ သူရောက်သွားချိန် အားလုံးက ဘီယာတစ်ခွက်ဆီ သောက်ပြီးလို့ နောက်တစ်ခွက် အစပျိုးနေကြပြီ။ သတင်းစာဆရာကတော့ စာ ရေးဆရာကို အကြောင်းအရာတစ်ခုကိုရှင်းပြနေပုံရတယ်။ နားစွန်နားဖျားကြားရမိသလောက် လတ်တလောကာ လ အမည်ပေါက်သတင်းစာသမားတစ်ယောက်ရဲ့ စိုးတထိတ်ထိတ်နေထိုင်ရမှု အခြေအနေကို ရင်ဖွင့်နေပုံပါပဲ။

 

ခုကာလ ပြောလို့၊ ဆိုလို့ရမယ့် ရင်ဘတ်ချင်း တူကြသူတွေကလည်း တဖြည်းဖြည်းရှားပါးလာတာမို့ ဓာတ်တူနံတူ တွေ့တုန်းမှာ ရင်ဖွင့်ချင်တာတွေကို ခရားရေလွှတ် ပြောပြနေပုံရတယ်။ စလုံးပြန်မိတ်ဆွေကတော့ မှာထားတဲ့ ထ မင်းပေါင်းကို တွင်တွင်စားရင်း စာရေးဆရာနဲ့ သတင်းစာဆရာတို့ ပြောဆိုနေကြတာကို နားထောင်နေတယ်။ သူ တို့ဆိုင်ထိုင်တဲ့အချိန်က နေ့လယ် ၂ နာရီကျော်ကျော်ပဲ ရှိသေးတာမို့ ဆိုင်မှာသူတို့ဝိုင်းတစ်ခုကလွဲပြီး တခြားဝိုင်း တွေရှိမနေဘူး။ ပုံမှန်ဆိုရင်တော့ သူတို့ရဲ့ချိန်းဆိုမှုက ညခင်းဆည်းဆာချိန်တစ်ခုခု ဖြစ်နိုင်ပေမဲ့အခြေအနေနဲ့ အ ချိန်ကာလအရ အရင်တုန်း ညခင်းအပြင်ထွက်ဖို့ တာဆူစအချိန်တွေက အခုအိမ်ပြန်ဖို့ တွေးတောနေရတဲ့ အပုပ် ချိန်တွေ ဖြစ်နေခဲ့တယ်။ ဒါကြောင့်ပဲ စကားပြောချိန် ပိုပိုသာသာရအောင် နေ့လယ်ခင်းကတည်းကဆုံဖို့ သူတို့ ချိန်း ဆို ဖြစ်ခဲ့ကြတယ်။

 

အဲဒီအချိန်က ကမ်းနားလမ်းက ဆိုင်အများစု မဖွင့်ကြသေးဘူး။ အခုဆိုင်ကလည်း ဖွင့်နေတုန်းတန်းလန်းမှာပဲ ပြောဆိုပြီး ဝင်ထိုင်ဖြစ်ကြတာလို့ စာရေးဆရာက ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်လို့ရတာပဲတော်တာပေါ့လို့ ပြော ရင်း စားပွဲထိုးကောင်မလေးကို ဝီစကီထည့်သောက်ဖို့ခွက်၊ ရေခဲနဲ့ဆော်ဒါ သူမှာလိုက်တယ်။ ဝီစကီပုလင်းဖွင့် တော့ သတင်းစာဆရာက ဝီစကီပြောင်းသောက်တယ်။ စာရေးဆရာနဲ့ စလုံးပြန်မိတ်ဆွေကတော့ ဘီယာပဲဆက် သောက်ကြတယ်။ ဆိုင်က ၁၉၉၀ ခုနှစ်ဝန်းကျင်က ကျော်ကြားခဲ့တဲ့ ရော့်ခ်သီချင်းတွေကို တိုးတိုးလေးဖွင့်ပေး ထားတယ်။

 

သတင်းစာသမားအဖြစ် လုပ်ကိုင်ဖြတ်သန်းခဲ့ရာကနေ ရုတ်တရက် ပြောင်းလဲသွား တဲ့အခြေအနေနဲ့ ဘဝအချိုးအကွေ့က သူ့အတွက် ရှင်လျက်သေနေသလို ခံစားနေရပုံပါပဲ။

 

သူတို့ စကားဝိုင်းလည်း သောက်ရင်းစားရင်း ဟိုရောက်ဒီရောက်ပါပဲ။ ဦးဆောင်ဒိုင်ခံပြောသူကတော့ သတင်းစာ ဆရာပါပဲ။ တစ်လျှောက်လုံး သတင်းစာသမားအဖြစ် လုပ်ကိုင်ဖြတ်သန်းခဲ့ရာကနေ ရုတ်တရက် ပြောင်းလဲသွား တဲ့အခြေအနေနဲ့ ဘဝအချိုးအကွေ့က သူ့အတွက် ရှင်လျက်သေနေသလို ခံစားနေရပုံပါပဲ။ စကားပြောကောင်း လာတော့ စလုံးပြန်မိတ်ဆွေက စားပွဲထိုးကောင်မလေးကိုခေါ်ပြီး သီချင်းဖွင့်ထားတာကို ပိတ်ခိုင်းတယ်။ ရော့်ခ် သီချင်းတွေဆိုတော့ တစ်ခါတလေ ဆူသလို ဖြစ်တဲ့အခါ စကားပြောတာကို သဲသဲကွဲကွဲမကြားရဘဲ ရှိတာမို့သီချင်း ကို ပိတ်ခိုင်းလိုက်ပုံရတယ်။

 

တချို့အကြောင်းအရာတွေကိုတော့ သူလည်း တစ်ချက်တစ်ချက်ဝင်ပြောဖြစ်တယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့ ပတ် သက်တာမျိုး ၊ သူသိထားတယ်လို့ ထင်တာမျိုးတွေပေါ့။ ဒါပေမဲ့ စကားတစ်ခုပြောခါနီး ပါးစပ်ကို လက်ကွယ်ပြီး အားလုံးကိုယ်ကိုရှေ့ကိုင်းလို့ ပြောရ၊ နားထောင်ရတာမျိုးက သိပ်တော့ အဆင်ပြေမနေခဲ့ဘူး။ အဲဒီလိုပြောရတိုင်း တစ်ခုခုကို အလိုလိုဒေါသစိတ်ဖြစ်လာမိတာမို့ သူလည်း ဘာမှသိပ်ဝင်မပြောဖြစ်ဘဲရှိခဲ့တယ်။ သူတို့ဝိုင်းရဲ့ ဝီစကီ ပုလင်းကတော့ တစ်ဝက်တောင် မကျိုးချင်သေးဘူး။ စာရေးဆရာက ဘီယာတစ်ခွက်ထပ်မှာတယ်။နာရီကိုကြည့် မိတော့ ၆ နာရီထိုးဖို့ ၁၅ မိနစ် ကျော်ကျော်လိုသေးတယ်။ စလုံးပြန်မိတ်ဆွေကတော့ ဖုန်းကိုဖိဖိပြီး နာရီကိုခဏ ခ ဏ ကြည့်နေတယ်။  

 

ခင်ဗျားလုံးချင်းအသစ်က ဘယ်တော့ ထွက်မှာလဲလို့ စာရေးဆရာကို မေးမိတော့ မသိပါဘူးဗျာတဲ့ ခုကာလက ထွက်ရင် ထွက်တယ် မှတ်ရမှာမျိုးပါပဲလို့ စာရေးဆရာက ပြန်ဖြေတယ်။ အဲဒါလည်းဟုတ်တာပါပဲ ၊ ခုကာလ ဘာ များ သေချာတယ်လို့ ရှိတာမှ မဟုတ်တာလို့ စာရေးဆရာကို သူပြန်ပြောဖြစ်တယ်။ အဲဒီတုန်း စလုံးပြန် မိတ်ဆွေရဲ့ ဖုန်းလာတာမို့ သူတို့ စကားဝိုင်း  ခဏတိတ်ဆိတ်သွားတယ်။

 

မိတ်ဆွေက ဆိုင်အပြင်ဘက်သွားပြီး  ဖုန်းထွက်ပြောတယ်။ ဖုန်းပြောပြီး ဆိုင်ထဲပြန်ဝင်လာတော့ မိတ်ဆွေနဲ့အတူ သူ့ အမျိုးသမီးပါလာတယ်။ မိတ်ဆွေက ကျွန်တော်တို့ အားလုံးကို သူ့အမျိုးသမီးနဲ့မိတ်ဆက်ပေးတယ်။  အေး ဆေးထိုင်လို့ရအောင် ဆရာသမားက အမျိုးသမီးကိုပါ ခေါ်လိုက်ပုံရတယ်လို့ တွေးနေတုန်းမှာပဲ သူတို့ပြန်တော့ မယ့်အကြောင်း မိတ်ဆွေကဆိုလာတယ်။ ဒဂုံမြို့သစ်ထိ ပြန်ရမှာဆိုတော့ လမ်းခရီးက ဘာမှန်းမသိတာမို့တဲ့။

 

ဆိုင်မှာတော့ သူတို့ဝိုင်းအပြင် တစ်ဝိုင်းစ နှစ်ဝိုင်းစရှိလာပေမဲ့ ညရဲ့သောက်စားမူးယစ်လွတ်လပ်ခြင်းက စားပွဲဝိုင်းတိုင်းမှာပျောက်ဆုံးနေတဲ့ မီနူး တစ်ခုလိုပဲ လို့ သူခံစားရမိတယ်။ 

 

ရန်ကုန်မြို့ထဲနဲ့ ဒဂုံမြို့သစ်ကို ညနေ ၆ နာရီကျော်မှာ စိုးရိမ် စိတ်နဲ့ အလောတကြီးပြန်သွားတဲ့ မိတ်ဆွေကို ကြည့်ပြီး အမည်တပ်ရခက်တဲ့ ခံစားချက်တစ်မျိုး သူ့စိတ်ထဲဖြစ်မိသွားတယ်။ မိတ်ဆွေ ပြန်သွားပြီး ခဏနေတော့ တစ်ခွက် စီထပ်သောက်ပြီးရင် သူတို့လည်း ပြန်ကြရအောင်လို့ သတင်းစာဆရာက ဆိုလာတယ်။ သတင်းစာဆရာရဲ့ အဆို ကို ဘယ်သူမှ ငြင်းချက်မထုတ်ဖြစ်ကြဘဲ ခွက်ထဲက လက်ကျန်ကို အသီးသီးရှင်းလိုက်ကြပြီး တစ်ခွက်စီသူတို့ ထပ်ငှဲ့ဖြစ်ကြတယ်။ စာရေးဆရာက ဘီယာတစ်ခွက်ထပ်မှာတယ်။ ဝိုင်းက တိတ်ဆိတ်တယ်ဆိုတာထက် ပိုပြီးတိတ်ဆိတ်ငြိမ်သက်သွားတယ်။ နောက်ဆုံးခွက်ကို မသောက်ရ‌သေးခင်မှာပဲ စာရေးဆရာက သူ့အသိ တက္ကစီ သမားကို လာခေါ်ဖို့ ဖုန်းကြိုဆက်တယ်။ စောပါသေးတယ်ဗျလို့ သူ ပြောတော့ ခုကဘာမှ ယုံကြည်မရတော့ဘူး ဗျ လို့ စာရေးဆရာက ဆိုတယ်။ နာရီကို ကြည့်တော့ ၇ နာရီ မထိုးသေးဘူး။ ဆိုင်မှာတော့ သူတို့ဝိုင်းအပြင် တစ်ဝိုင်းစ နှစ်ဝိုင်းစရှိလာပေမဲ့ ညရဲ့သောက်စားမူးယစ်လွတ်လပ်ခြင်းက စားပွဲဝိုင်းတိုင်းမှာပျောက်ဆုံးနေတဲ့ မီနူး တစ်ခုလိုပဲ လို့ သူခံစားရမိတယ်။

 

သူတို့ဝိုင်းသိမ်းပြီးတော့ စာရေးဆရာက အသိတက္ကစီနဲ့ ၊ သတင်းစာဆရာက Grab တက္ကစီနဲ့ အသီးသီး ပြန်သွား ကြတယ်။ အိမ်ပြန်ရောက်တဲ့အခါ ပြန်ရောက်ကြောင်း မက်ဆေ့ချ်ပို့ဖို့ သူတို့အချင်းချင်းမှာဖြစ်ကြတယ်။ သူလည်း ကားငှားပြီး အိမ်ပြန်ဖို့ လုပ်ရင်းက လမ်းလျှောက်ချင်စိတ်ပေါ်လာတာနဲ့ ကားမငှားဖြစ်သေးဘဲ လမ်းလျှောက်ဖြစ်ခဲ့ တယ်။ ညက အနည်းငယ် မှောင်သယောင်ရှိပြီး လမ်းမတွေက မြို့ပြမဟုတ်သလို ခြောက်ကပ်ပျင်းရိ ဖွယ်ရှိနေခဲ့ တယ်။ လူတွေဟာ အိမ်အပြန်အတွက် လိုအပ်တာထပ်ပိုပြီး ခပ်သုတ်သုတ်သွားလာနေကြသလို သူခံစားရမိတယ်။ အသားတုံးတစ်စမြင်တဲ့ ဝံပုလွေတွေလို ထိုးစိုက်လာတဲ့ ဘတ်စ်ကားပေါ်အလုအယက် တိုးဝှေ့တက်နေကြတယ်။

 

ရှိနေခြင်းတွေ အလွဲလွဲအချော်ချော် ပျက်သုဉ်းခြင်းဟာ ဒင်းတို့ ကြောင့်လို့  ခံစားစိတ်ဖြစ်မိတော့ သေနတ်တစ်လက်သာရှိရင် အာရပ်ကောင်တွေကို မာဆိုးပစ်ချသလို သူလည်း ပစ်ချမိမှာပဲလို့ တွေးမိတယ်။ တစ်ဆက်တည်း စိတ်ထဲ တဒိုင်းဒိုင်း သူပစ်ချနေမိတယ်။ 

 

နီယွန်မီးရောင်အောက် ကမ်းနားလမ်းနဲ့ အဲဒီပေါ်က ကိုလိုနီခေတ် အဆောက်အဦတွေဟာ လှပနေပေမဲ့ အဓိပ္ပါယ်မဲ့နေသလိုပဲ။ ဘားလမ်းထိပ်နားကနေ ကမ်းနားလမ်းအတိုင်း လျှောက်လာဖြစ်ခဲ့ရင်း ဆူးလေဘုရား လမ်းထိပ်နားအရောက် အစိမ်းဖက်အကာအရံတွေကို မြင်မိတော့ shit လို့ သူ့ပါးစပ်က ထွက်သွားမိတယ်။ မအေ လိုးတွေလို့လည်း စိတ်ထဲမှာဆဲမိသွားတယ်။ ရှိနေခြင်းတွေ အလွဲလွဲအချော်ချော် ပျက်သုဉ်းခြင်းဟာ ဒင်းတို့ ကြောင့်လို့  ခံစားစိတ်ဖြစ်မိတော့ သေနတ်တစ်လက်သာရှိရင် အာရပ်ကောင်တွေကို မာဆိုးပစ်ချသလို သူလည်း ပစ်ချမိမှာပဲလို့ တွေးမိတယ်။ တစ်ဆက်တည်း စိတ်ထဲ တဒိုင်းဒိုင်း သူပစ်ချနေမိတယ်။ သောက်ထားဖြစ်တဲ့ ဝီစကီ ဟာ ပုံမှန်စိတ်ကင်းမဲ့အောင် မမူးသေးဘူးဆိုတာ သူသိနေခဲ့တယ်။ 

˜˜˜˜

ညီမင်းဆက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။