Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြယ်တွေကို ပန်းလိုသီသူတို့ ဒဏ်ရာ (Essay)

တွေ့ရအောင်တဲ့။ ပူလောင်ပြင်းပြလွန်းတဲ့ နွေနေ့လယ်ခင်းတစ်ခုမှာ မထင်မှတ်ဘဲ သူမဆီက တယ်လီဖုန်းဝင်လာ တယ်။ လူမှုကွန်ယက်စာမျက်နှာမှာရော ၊ တယ်လီဖုန်းအဆက်အသွယ်မှာပါ လွန်ခဲ့တဲ့ သုံးလကျော် လေးလနီးပါး ကတည်းက သူမကို အဆက်အသွယ်မရဘဲ ရှိနေခဲ့တာဖြစ်တယ်။ အဲဒီကာလထဲ သူမရဲ့ လက်ကိုင်ဖုန်းဟာပိတ်ထား လျက်ရှိနေခဲ့သလို လူမှုကွန်ယက်စာမျက်နှာအကောင့်ကလည်း ပိတ်သိမ်းထားလျက်ရှိခဲ့တယ်။ ဘယ်တွေပျောက် နေတာလဲလို့ မေးဖြစ်တော့ အဲဒါက သိပ်အရေးမကြီဘူး ၊ နင်တွေ့မှာလား ဒါပဲပြောတဲ့။ ဖြစ်ချင်တော့ သူမဖုန်းဆက် လာတဲ့နေ့က တခြားချိန်းဆိုမှုတစ်ခု ကြိုတင်ရှိနေပြီး ရုတ်တရက်သူမနဲ့ ချက်ချင်းတွေ့ဖို့ အခြေအနေက အဆင်ပြေ မနေခဲ့ဘူး။ နောက်တစ်ရက်မှ ဆုံကြဖို့ အကျိုးအကြောင်းရှင်းပြတော့ အိုကေတဲ့၊ ပြောပြီး သူမဖုန်းချသွားတယ်။ 

 

နေရာက ကျွန်တော်မသိဖူး၊ မရင်းနှီးဖူးတဲ့ နေရာသစ် တစ်ခုပါပဲ။  အချိန်ကတော့ နေ့လယ်ခင်းကြီး ၂ နာရီတဲ့ ။ နင့်ဟာကလည်း ဒီလောက်ပူတဲ့ အချိန်ကြီးဆိုတော့ နင်လာမှာလား ၊ မ လာဘူးလားပဲပြောတဲ့ ။ 

 

နောက်တစ်နေ့ မနက်အစောကြီးမှာ သူမ တယ်လီဖုန်း ထပ်ဆက်လာခဲ့တယ်။ တကယ့်ကိုမှ အစောကြီး။ မနက် ၄ နာရီကျော်ကျော်ပဲ ရှိသေးတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့တွေ့ဖို့ သေချာအောင် ထပ်ပြီးဖုန်းဆက်တာတဲ့ ။ ပြီး တော့ တွေ့မယ့်နေရာနဲ့ အချိန်ကိုပြောတယ်။ နေရာက ကျွန်တော်မသိဖူး၊ မရင်းနှီးဖူးတဲ့ နေရာသစ် တစ်ခုပါပဲ။  အ ချိန်ကတော့ နေ့လယ်ခင်းကြီး ၂ နာရီတဲ့ ။ နင့်ဟာကလည်း ဒီလောက်ပူတဲ့ အချိန်ကြီးဆိုတော့ နင်လာမှာလား ၊ မ လာဘူးလားပဲပြောတဲ့ ။ အေးပါဟာဆိုတော့ see you တဲ့၊ ပြောပြီး ဖုန်းချသွားတယ်။

 

သူမနဲ့ဖုန်းပြောအပြီး ပြန်အိပ်မရတော့တာမို့ သူမအကြောင်း တွေးဖြစ်မိသွားတယ်။ သားတစ်ယောက် ၊ သမီးတစ် ယောက်ရှိတဲ့ သူမဟာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ကောင်းကောင်းမွန်မွန်ဦးစီးပြီး လုပ်ကိုင်နေနိုင်ခဲ့သူလည်းဖြစ်တယ်။ တော်တော်လေး ခရီးရောက်နေပြီဖြစ်တဲ့ သူမရဲ့ စီးပွားရေးလုပ်ငန်းက ကိုဗစ် ကပ်ရောဂါဆိုးကာလမှာ အတော်အတန်ထိခိုက်ခဲ့ပေမဲ့ ပုံစံတစ်မျိုးပြောင်းလဲလုပ်ဆောင်နိုင်ခဲ့တာမို့ထင်သလောက် ဆိုးဆိုးရွားရွားမဖြစ်ဘဲ လုပ်ငန်းဆက်လုပ်နိုင်ခဲ့တယ်။ 

 

သူမရဲ့ တိုးတိုးဖော် တိုင်ပင် ဘက် သမီးအကြီးကလည်း အာဏာရှင်ရဲ့ သွေးစွန်းတဲ့ရက်စက်မှုမှာ ကြွေလွင့်ကြယ်တစ်ပွင့်ဖြစ်ခဲ့ရတယ်။ အဲဒီလို စိတ်မှာ သူမှကိုယ်တိုင်လဲ စိတ်တည်ငြိမ်မှုအတွက် ဆေးဝါးတွေသုံးစွဲပြီး ဖြတ်သန်းနေရမှန်းကြားသိခဲ့တယ်။ 

 

ဒါပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်းကာလမှာတော့ အခြားသောသူတွေနည်းတူ သူမရဲ့လုပ်ငန်းလည်း ဘယ်လိုမှ ဆက်လက်ရပ်တည်လည်ပတ်ဖို့ အဆင်မပြေတော့တာမို့ လုံးလုံးရပ်ဆိုင်းလိုက်ရတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ကာလ ဖရိုဖရဲအပြောင်းအလဲဖြစ်သွားတဲ့ မိသားစုအခြေအနေကလည်း သူမရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်း လိုက်ဖို့တွန်းအားလို ဖြစ်ခဲ့ပုံရတယ်။ သူမအဖေနဲ့ သူမအမျိုးသားလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာ ရတဲ့ ကိုဗစ်တတိယလှိုင်းကာလမှာ ရောဂါကူးစက်ခံရပြီး တိမ်းပါးကွယ်လွန်ခဲ့တယ်။  သူမရဲ့ တိုးတိုးဖော် တိုင်ပင် ဘက် သမီးအကြီးကလည်း အာဏာရှင်ရဲ့ သွေးစွန်းတဲ့ရက်စက်မှုမှာ ကြွေလွင့်ကြယ်တစ်ပွင့်ဖြစ်ခဲ့ရတယ်။ အဲဒီလို စိတ်မှာ သူမှကိုယ်တိုင်လဲ စိတ်တည်ငြိမ်မှုအတွက် ဆေးဝါးတွေသုံးစွဲပြီး ဖြတ်သန်းနေရမှန်းကြားသိခဲ့တယ်။ 

 

ဒါပေမဲ့ ၊ သူမရဲ့ အဲဒီလို သတင်းတွေကြားနေ၊ မြင်နေရပေမဲ့ အဲဒီကာလတွေက တစ်ဦးနဲ့ တစ်ယောက်ကြား စိတ်မ ကောင်းဖြစ်၊ ဝမ်းနည်း၊ နာကျင် ၊ အံကြိတ်၊ ခံပြင်းနာကျည်းကြရရုံကလွဲလို့ ထူးပြီးဖေးမ ပေးနိုင်ခဲ့ခြင်းက ‘ငါတို့ နိုင် မှာ’ ဆိုတဲ့ စကားရပ်ပဲရှိခဲ့တယ်။ အဲဒီကာလတွေ အာဏာရှင်ရဲ့ အာဏာရူးခြင်းကလွဲရင် ဘာကိုမှ မကြည့်မမြင်တဲ့ စိတ်စေတသိုက်‌အောက် ကိုယ့်အသက်ရှင်သန်ရေးကို ပိုအလေးထား‌နေခဲ့ရတယ်။ ထိုကာလတွေ  နောက်ပိုင်းတော့ သူမနဲ့ အဆက်အသွယ် ရတစ်ချက် ၊ မရတစ်ချက်ပါပဲ။ ကိုယ်တိုင်ကလည်း ကိုယ့်သံသရာမှာ ကိုယ့်နည်းကိုယ့်ဟန် လည်ပတ်နေခဲ့မိတာလည်း ပါတာပေါ့။ 

 

ငါရောက်နေပြီတဲ့၊ ချိန်းထားတဲ့နေရာဆီ အိမ်ကထွက်ဖို့လုပ်နေတုန်းမှာပဲ သူမဆီက ဖုန်းဝင်လာတယ်။ ငါလာနေပြီ ဆိုတော့ ဘာမှာထားပေးရမလဲတဲ့ ။ အဆင်ပြေတာတစ်ခုခုပါပဲ ဆိုတော့ ခုကာလကြီး အဆင်ပြေနေတာ တစ်ခုခုမှ မရှိဘူးတဲ့။ အေးပါဟာလို့ ပြောပြီး ချိန်းတဲ့နေရာဆီထွက်လာဖြစ်တယ်။ ချိန်းထားတဲ့ဆိုင်ရောက်တော့ တစ်ဆိုင်လုံး မှာ သူမတစ်ဝိုင်းပဲ ရှိတယ်။ စားပွဲပေါ်မှာ ကုန်နေပြီဖြစ်တဲ့ ဘီယာဖန်ခွက်အလွတ်တစ်လုံးရယ် နောက်ထပ် ဘီယာ အပြည့် ခွက်တစ်ခွက်ရယ်ရှိနေတယ်။ ကျွန်တော်မရောက်မီစပ်ကြား ဘီယာတစ်ခွက် သူမသောက်ထားပြီးခဲ့ပုံပဲ။ ပြာခွက်ထဲမှာလည်း စီးကရက် ဖင်စီခံလေးငါးခုရှိနေခဲ့တယ်။ 

 

ဖေ့စ်ဘွတ်ပေါ် တစ်ခုခု တင်ရင်လည်း အဲဒါတွေစောင့်ကြည့်ပြီး အိမ်ကငါ့ကို ဆေးရုံပို့ဖို့ လုပ်ကြတယ်တဲ့။ ခု ငါပျောက်နေတယ်ဆိုက အဲဒီ ဆေးရုံမှာ ရောက်နေတာတဲ့။ အခုငါ့မှာ သမီးလည်းမရှိတော့ဘူး။ သားလည်း မရှိတော့ဘူး။ နေစရာတောင် တစ် ယောက်တည်းငှားမနေနိုင်တော့ဘူးတဲ့။ 

 

အသောက်အစားမလျှော့သေးဘူးလားလို့ ရယ်ကျဲကျဲ ပြောမိတော့ Fuck ဆိုပြီး ကျွန်တော့်ကို ဆဲတယ်။ သောက် လက်စ စီးကရက်ကို ပြာခွက်ထဲထိုးချေတယ်။ ရှေ့က ဘီယာခွက်ကို တစ်ကြိုက်ထဲ အကုန်မော့သောက်ပစ်တယ်။ စတာပါဟ နင်ကလဲလို့ဆိုရင်း သူမနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ဖြစ်တယ်။ ပြီးတော့ ဘီယာတစ်ခွက်မှာရင်း နင် ဘာဖြစ်နေတာလဲ သေချာပြောပြဦးလို့ မေးဖြစ်တော့ ငါမှာ့စကားပြောစရာ လူမရှိဘူးတဲ့။ ဖေ့စ်ဘွတ်ပေါ် တစ်ခုခု တင်ရင်လည်း အဲဒါတွေစောင့်ကြည့်ပြီး အိမ်ကငါ့ကို ဆေးရုံပို့ဖို့ လုပ်ကြတယ်တဲ့။ ခု ငါပျောက်နေတယ်ဆိုက အဲဒီ ဆေးရုံမှာ ရောက်နေတာတဲ့။ အခုငါ့မှာ သမီးလည်းမရှိတော့ဘူး။ သားလည်း မရှိတော့ဘူး။ နေစရာတောင် တစ် ယောက်တည်းငှားမနေနိုင်တော့ဘူးတဲ့။ 

 

သူမပြောစကားနဲ့ သူမအခြေအနေကိုကြည့်မြင်ရတာ သူမအဖေ၊ သူမအမျိုးသားနဲ့ သူမသမီးကြီး တိမ်းပါးကွယ် လွန်ခဲ့ပြီးနောက် သူမရဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားသလို သူမရဲ့ ဘဝရှိနေမှုကြီးကလည်း ရပ်တန့်သွားခဲ့ ပုံရတယ်။  စစ်အာဏာသိမ်းမှုအလွန်ဟာ ဘဝတွေအများကြီးကို ပြောင်းလဲထိခိုက်သွားစေတာမှန်ပေမဲ့ ကိုယ်တိုင် ခပ်ရိုင်းရိုင်းစကားဆိုရရင် ကိုယ့်လဥပေါ် မီးပွားမကျသေးလို့လားမသိ ပြောင်းလဲထိခိုက်မှုတွေကို သိပေမဲ့ ခံစားမ မြင်နိုင်ခဲ့မိတာ အမှန်ပဲ။ အခု သူမပြောနေတာတွေ နားထောင်ရင်း အဲဒီလောက်တောင်လားလို့ အတွေးဖြစ်မိတော့ ငါဒီ ကာလတွေ ခုလိုပဲ မမြင်၊မသိခဲ့တာ ဘယ်လောက်တောင် ကျယ်ပြန့်တဲ့ဧရိယာတွေဖြစ်နေမလဲလို့ ရှက်စိတ်ဖြစ် သွားမိတယ်။ 

 

ဆေးရုံက ဘယ်လိုမျိုးလဲဆိုတော့ ထောင်တစ်မျိုးပဲတဲ့။  ငါသွားချင်ချင်၊ မသွားချင်ချင် အိမ်က ဖုန်းဆက်လိုက်တာနဲ့ ဆေးရုံကလူတွေက ငါ့ကို လာခေါ်သွားကြတာ။ မလိုက်ချင်လည်း ဆေးထိုးပြီးခေါ်သွားကြတယ် ။ ဒါပေမဲ့ နင်သိတဲ့ အတိုင်း ဟိုမှာပိုပြီး အပေါင်းအသင်းစုံလာတာပဲ အဖတ်တင်တယ်။ ခုဆို ငါ ကေတောင်ရှူတတ်နေပြီတဲ့။ 

 

ဒီကာလတွေနင် ဘယ်လိုအသက်ရှင်နေတာလဲတဲ့။ သူမ အသံက တိုးတိတ်ပေမဲ့ အဲ ဒီနောက် ဒေါသရိုက်ခတ်မှုက ကျွန်တော့်နားထဲ ဟိန်းနေအောင် ပဲ့တင်ထပ်ကြားမိတယ်။ ခုကာလတွေမှာ ကျွန်‌ တော် ကိုယ်တိုင်လည်း ဘယ်လိုအသက်ရှင်ရပ်တည်နေခဲ့မိမှန်း ဝေခွဲမရတာ ငြင်းချက်မထုတ်နိုင်အောင်ပါပဲ။  

 

သားက ရောလို့ မေးမိတော့ ဘာမှ ပြန်မဖြေဘူး။ ဘီယာကို တစ်ကြိုက်မော့ပြီး စီးကရက်တစ်လိပ်ကို မီးညှိရှိုက်ဖွာ တယ်။ အဆုပ်အတွင်းပိုင်းထဲထိရောက်အောင် စီးကရက်ကို ရှိုက်ဖွာပြီးနောက် မီးခိုးငွေ့တွေကို မှုတ်ထုတ်ရင်း နင်ကတကယ်သောက်ရူးပဲတဲ့။ ဒီကာလတွေနင် ဘယ်လိုအသက်ရှင်နေတာလဲတဲ့။ သူမ အသံက တိုးတိတ်ပေမဲ့ အဲ ဒီနောက် ဒေါသရိုက်ခတ်မှုက ကျွန်တော့်နားထဲ ဟိန်းနေအောင် ပဲ့တင်ထပ်ကြားမိတယ်။ ခုကာလတွေမှာ ကျွန်‌ တော် ကိုယ်တိုင်လည်း ဘယ်လိုအသက်ရှင်ရပ်တည်နေခဲ့မိမှန်း ဝေခွဲမရတာ ငြင်းချက်မထုတ်နိုင်အောင်ပါပဲ။  

 

အခုငါ့မှာ ငါပဲ ရှိတော့တယ်တဲ့ ။ ပြောပြီး သူ့ဖုန်းမက်ဆင်ဂျာထဲက စာသားတချို့ကို ကျွန်တော့်ကို သူမ ပေးပြ တယ်။ ရက်စွဲက အရင်နေ့ သူမ ကျွန်တော့်ဆီ တယ်လီဖုန်းဆက်လာတဲ့ရက်နဲ့ တစ်ရက်တည်းပဲ။ မက်ဆင်ဂျာ မက် ဆေ့ချ်ထဲ ပြောထားတဲ့အကြောင်း ဖတ်ပြီးတော့ ဘာမှမပြောနိုင်ခင် ဝီစကီနှစ်ပတ်ကို ဘာမှမထည့်ဘဲယူလာဖို့ မှာ ပြီး တစ်ကြိုက်တည်း ကျွန်တော်မော့သောက်ဖြစ်မိတယ်။ ရင်ခေါင်းတစ်လျှောက် မီးစနဲ့ထိုးသလို ပူပြီး စီးဝင်သွား တဲ့ ခံစားရစိတ်ဟာ သူမကို တစ်ခုခုပြောဖို့ စကားလုံးရှိလာစေမယ်ယူဆမိပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော့် မှာ စကားလုံးရှိမနေခဲ့ဘူး။ 

ဆေးရုံတော့ ထပ်မရောက်စေနဲ့တော့ဟာလို့ သူမကိုပြောရင်း ဝီစကီနှစ်ပတ်ထပ်မှာပြီး နောက်တစ်ခါ တရှိန်ထိုး ကျွန်တော်မော့သောက်ဖြစ်မိတယ်။ သူမတယ်လီဖုန်း မက်ဆင်ဂျာထဲက စာသားတွေကို ဖတ်ရင်း၊  တစ်စစီဖြစ် နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ရိုက်ပို့ထားတဲ့ ဓာတ်ပုံကို မြင်ရင်း ‘ငါတို့နိုင်မှာ’ လို့ စိတ်ထဲရေရွတ်မိပေမဲ့ ကျလာတဲ့ မျက်ရည်ကို သူမ မမြင်အောင် လက်ခုံကို အသာအယာမပြီး ကျွန်တော် သုတ်ဖြစ်မိခဲ့တယ်။ 

˜˜˜˜

ညီမင်းဆက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။