Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက်မှုရဲ့ တရားခံအစစ်ကို အမြစ်က လှန်ဖို့ လိုပြီ (အယ်ဒီတာ့ အာဘော်)

သုတေသနလုပ်ငန်းမှာ Content Analysis ဆိုတဲ့ စကားရပ်တစ်ခု ငွေမောင်းကြားဖူးတာ ရှိပါတယ်။ အကြောင်းအရာခွဲခြမ်းစိတ်ဖြာမှုလို့ မြန်မာမှုပြုနိုင်မယ် ထင်ပါတယ်။ သဘောမှာ စကားလုံးတွေ၊ စကားစုတွေ၊ ရုပ်ပုံတွေ သုံးစွဲတဲ့အကြိမ်အရေအတွက်ကို ရေတွက်ပြီး အကြောင်းအရာတစ်ခုခုကို လေ့လာသုံးသပ်အကဲဖြတ်ခြင်းလို့ ငွေမောင်းအကြမ်းဖျင်း နားလည်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုရှင်းအောင် ဥပမာပေးထားတဲ့ အကြောင်းအရာတစ်ခု ငွေမောင်း ဖတ်ဖူးတာ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဖြန့်ဝေကြတဲ့ လက်ကမ်းစာစောင် (pamphlet) လေးတွေမှာ ဖော်ပြထားတဲ့ အသုံးများတဲ့ ပုံတွေ၊ စကားလုံးတွေ၊ စကားစုတွေကို လေ့လာပြီး ခွဲစိတ်ဖြာကြည့်ရင် အိန္ဒိယဟာ ရှေးဟောင်းနိုင်ငံတစ်နိုင်ငံလို့ ကောက်ချက်ချနိုင်တာမျိုးပါ။

 

ဒါပေမဲ့ အကြမ်းဖက်မှုဆိုတာ နေရင်ထိုင်းရင်း သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို ငွေမောင်း သိစေချင်ပါတယ်။ အကြောင်းတရားကို သိမှသာ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေကို ဖြေရှင်းနိုင်မှာ မဟုတ်လား။ 

 

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွါးရေးအခြေအနေတွေကိုလည်း နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေ၊ ပြောစကားတွေ၊ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်စတာတွေမှာ ဖော်ပြတဲ့ စကားလုံး၊ စကားစုတွေကတဆင့် ယေဘုယျ အကဲဖြတ်နိုင်တယ်လို့ ငွေမောင်းသိပါတယ်။ ဒါနဲ့ ငွေမောင်းတို့ နိုင်ငံနဲ့ ပတ်သက်ပြီး အသုံးများနေတဲ့ စကားရပ်ကို လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် ငွေမောင်း နည်းနည်း စူးစမ်းလေ့လာကြည့်မိပါတယ်။ အဲဒီလို လေ့လာကြည့်တဲ့အခါ “အကြမ်းဖက်”ဆိုတဲ့ စကားရပ်ကို ငွေမောင်း အများဆုံး တွေ့ပါတယ်။ ဒီတော့ ငွေမောင်းတို့ နိုင်ငံမှာ အကြမ်းဖက်မှုတွေ သိပ်များနေပြီပေါ့။ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ၊ လျော့ပါးသွားအောင် လုပ်ဖို့ လိုနေပြီပေါ့။ ကုလတို့၊ အီးယူတို့၊ အာဆီယံတို့အပါအဝင် ပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ များလာတဲ့အပေါ် ထုံးစံအတိုင်း စိုးရိမ်နေကြပြီပေါ့။ 

 

ဒါပေမဲ့ အကြမ်းဖက်မှုဆိုတာ နေရင်ထိုင်းရင်း သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို ငွေမောင်း သိစေချင်ပါတယ်။ အကြောင်းတရားကို သိမှသာ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေကို ဖြေရှင်းနိုင်မှာ မဟုတ်လား။ 

 

ငွေမောင်းတို့ နိုင်ငံမှာ အခုလို အကြမ်းဖက်မှုတွေ ဖြစ်လာရတဲ့ အရင်းခံ အကြောင်းတရားက စစ်တပ်က လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းမှုကြောင့် စတာလို့ လူတိုင်းသိပြီးသား ဖြစ်သလို ကမ္ဘာကြီးကလည်း သိမယ်ထင်ပါ တယ်။ ဟုတ်ပါတယ် ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ကြလို့ အကြမ်းဖက်တာလားဆိုပြီး တဆင့်တွေးကြည့်ပြန်တော့ မဟုတ်ပြန်ပါဘူး။ စစ်တပ်က အာဏာသိမ်းချိန်မှာ ဘယ်ပြည်သူ၊ ဘယ်နိုင်ငံရေးသမားကမှ အကြမ်း မဖက်ခဲ့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြခဲ့ကြတာပါ။ ငွေမောင်း မှတ်မိပါသေးတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်မှုတွေ လုပ်တယ်ဆိုပြီး စစ်တပ်က ပုံမှားရိုက်မှာစိုးလို့ တုတ်တွေ၊ ဓားတွေ ယူလာတာမျိုး မဖြစ်အောင်၊ လုံခြုံရေးတပ်ဖွဲ့တွေကို လေးခွတွေ ဘာတွေနဲ့ ပစ်ခတ်တာတွေ မဖြစ်အောင် ဆန္ဒပြ ပြည်သူတွေအချင်းချင်း သတိပေးတာ၊ ရှာဖွေတာတွေ လုပ်ခဲ့ကြတယ် မဟုတ်လား။ တကယ်တော့ တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ။ ဘယ်သူမှ အကြမ်းမဖက်ခဲ့ကြပါဘူး။ စစ်တပ်လိုလားသူတွေရဲ့ တုတ်တွေ၊ ဓားတွေနဲ့ ရန်စမှုတွေကိုတောင် အချင်းချင်း ဝိုင်းထိန်းကြရင်း သည်းခံခဲ့ကြပါတယ်။ 

 

စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ စလုပ်လာခဲ့ကြပါတယ်။ မလုပ်ရဲတာ ဘာမှ မရှိသူတွေက “သေရဲတဲ့ကောင် ထွက်ခဲ့”လို့ ကြွေးကြော်ပြီး ခေါင်းတွေကိုမှ ချိန်ပစ်ခဲ့ပါတယ်။ 

 

နောက်တော့ သိပ်မကြာပါဘူး။ စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ စလုပ်လာခဲ့ကြပါတယ်။ မလုပ်ရဲတာ ဘာမှ မရှိသူတွေက “သေရဲတဲ့ကောင် ထွက်ခဲ့”လို့ ကြွေးကြော်ပြီး ခေါင်းတွေကိုမှ ချိန်ပစ်ခဲ့ပါတယ်။ 

 

ဒီလိုနဲ့ ပြည်သူတွေ ရာနဲ့ချီသေဆုံးခဲ့ရပြီး ထောင်နဲ့ချီ ဖမ်းဆီးနှိပ်စက်ခံခဲ့ကြရပါတယ်။ ဒီနေ့ ဖမ်းခေါ်သွားပြီး နောက်နေ့ အလောင်း လာပြန်ထုတ်ခိုင်းတဲ့ သွေးအေးအေးနဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုမျိုးကိုလည်း ငွေမောင်းတို့ ပြည်သူတွေ အံကျိတ်ခံခဲ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထုတ်ပြန်ချက်တွေ အကြိမ်ကြိမ်ထုတ်ပြီး ကန့်ကွက်ရှုတ်ချခဲ့ပေမယ့် မြန်မာပြည်သူတွေရဲ့ အကြမ်းဖက်ခံရမှုက နည်းနည်းလေးတောင် လျော့ကျ မသွားခဲ့ပါဘူး။ 

 

နောက်ဆုံးတော့ လက်နက်ရှိမယ်၊ စစ်ပညာတတ်မယ်ဆိုရင် လက်နက်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်တပ်ကို တုန့်ပြန် ရင်ဆိုင်နိုင်မှာပဲဆိုတာ ငွေမောင်းတို့ ပြည်သူတွေ နားလည်လာခဲ့ကြပါတယ်။ လူငယ်လေးတွေဟာ ပင်ပန်းဆင်းရဲခံပြီး စစ်ပညာသင်ယူခဲ့ကြသလို၊ ပြည်တွင်းပြည်ပက ပြည်သူတွေကလည်း စစ်သင်တန်းအတွက် ကုန်ကျစရိတ်တွေ၊ လက်နက်ခဲယမ်း ဝယ်ယူဖို့ ကုန်ကျစရိတ်တွေအတွက် အစွမ်းကုန် ထောက်ပံ့လှူဒါန်းခဲ့ကြ ပါတယ်။ ဒီလိုနဲ့ ငွေမောင်းတို့ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်နဲ့ စွဲကိုင်တော်လှန် နေခဲ့ကြတာ ဒီနေ့အချိန်အထိပါပဲ။ 

 

တဖက်မှာ လက်နက်အင်အား မမျှသေးပေမယ့် ပစ်တတ်ခတ်တတ်လာတဲ့ တော်လှန်ရေးသမား လူငယ်လေးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ အကြမ်းဖက်စစ်သားတွေ၊ ရဲတွေကို တွေ့ရနေရာမှာ ရတဲ့နည်းနဲ့ ဆန့်ကျင်တုန့်ပြန် တိုက်ခိုက်လာနိုင်ပါပြီ။ အကြမ်းဖက်စစ်သားတွေဟာ အရင်လို “သေရဲတဲ့ကောင် ထွက်ခဲ့” လို့ တစ်ဖက်သတ် မကြွေးကြော်နိုင်တော့ပါဘူး။ 

 

စစ်တပ်ဟာ အာဏာသိမ်းတဲ့အချိန်ကစလို့ ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အကြမ်းဖက်မှုတွေ တိုးတိုးပြီး လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ သူတို့ စိတ်တိုင်းကျ အုပ်ချုပ်လို့ မရလေ၊ ပိုကြမ်း ပိုရမ်းပြလေ လုပ်လာနေပါတယ်။

 

တကယ်တော့ စစ်တပ်ဟာ လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းခဲ့တယ်။ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ပစ်သတ်ခဲ့တယ်။ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ရွာတွေကို မီးရှို့တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ ခုထိလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက မရပ်သေးဘဲ ပိုပြီး တိုးလာနေစဲပါ။ စစ်တပ်ဟာ အာဏာသိမ်းတဲ့အချိန်ကစလို့ ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အကြမ်းဖက်မှုတွေ တိုးတိုးပြီး လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ သူတို့ စိတ်တိုင်းကျ အုပ်ချုပ်လို့ မရလေ၊ ပိုကြမ်း ပိုရမ်းပြလေ လုပ်လာနေပါတယ်။

 

ဒီတော့ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ရပ်စေချင်ရင် အကြမ်းဖက်မှုရဲ့ လက်သည်တရားခံအစစ်ကို အမြစ်ကလှန်ပြီး  ငွေမောင်းတို့ ဖယ်ရှားပစ်ဖို့ လိုပါပြီ။ စစ်တပ်ပြုသမျှ နုရမယ့် ဘဝမှာ ဆက်မနေချင်ကြတဲ့ ငွေမောင်းတို့ မြန်မာပြည်သူတွေဟာ ပင်ပန်းဆင်းရဲခံပြီး ခုခံတွန်းလှန်နေကြတာပါ။ ဒီတိုက်ပွဲ အောင်မြင်မှသာ အကြမ်းဖက်မှုတွေ ကင်းဝေးပြီး မြန်မာပြည်သူတွေရဲ့ အနာဂတ်ဘဝက လှပသာယာနိုင်လိမ့်မယ်လို့ ငွေမောင်းတို့ ပြည်သူအားလုံးက ယုံကြည်ထားပါတယ်။ 

 

“ဒီကနေ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားလိုက်ပါ။ မနက်ဖြန်မှာ အကြမ်းဖက်မှုတွေ ချက်ချင်း လျော့ကျသွားပါ လိမ့်မယ်”

 

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ပေါများလာလို့ ကမ္ဘာကြီးကလည်း စိတ်ပူနေကြပုံရပါတယ်။ ဒီတော့ “ဒီကနေ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားလိုက်ပါ။ မနက်ဖြန်မှာ အကြမ်းဖက်မှုတွေ ချက်ချင်း လျော့ကျသွားပါ လိမ့်မယ်”လို့ပဲ ကမ္ဘာကြီးကို ငွေမောင်း သတိပေးလိုက်ချင်ပါတယ်။ ငွေမောင်းတို့ မြန်မာပြည်သူတွေကတော့ တရားခံ အစစ်ကို အမြစ်က လှန်ဖို့ ဆက်လက် ကြိုးစားနေရဦးမှာ ဖြစ်ပါတယ်။

~~~~~~~~

အယ်ဒီတာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။