Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဘယ်လမ်းကို ရွေးကြမှာလဲ ? (Ethnic Affairs)

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံ ဖြစ်ပါတယ်။ 

 

လွတ်လပ်ရေးနဲ့အတူ  လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အမည်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပြီး အဖွဲ့ပေါင်း ၉၀ ကျော်အထိ ရှိခဲ့တာပါ။ တော်လှန်ရေးခေါင်းစဉ်အသီးသီး ရှိကြပေမယ့် ပင်မရန်သူကတော့ မြန်မာစစ်တပ်ပါပဲ။ ဒါပေမယ့်လည်း များပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ နှစ်ပေါင်း ၇၀ ကျော် ကြာညောင်းခဲ့ပေမယ့် မြန်မာ စစ်တပ်ကို အနိုင်မတိုက်နိုင်ခဲ့သလို မြန်မာစစ်တပ်ကလည်း အနိုင်မတိုက်ခဲ့ပါဘူး။ မြန်မာစစ်တပ်က အမြစ်ပြတ်မတိုက်ပေမယ့် တော်လှန်ရေးအဖွဲ့ကြီးတွေဆီကနေ တစ်စတစ်စနဲ့ အင်အားဖဲ့ချွေပြီး BGF နဲ့ ပြည်သူ့စစ်တွေအဖြစ် အသွင်ပြောင်း ပစ်ခဲ့ပါတယ်။

 

ဒီနေရာမှာ စဉ်းစားစရာတစ်ခု ရှိတာက ဒီလောက်နှစ်တွေကြာတဲ့အထိ တဖက်နဲ့ တဖက် ဘာ့ကြောင့် အနိုင် မတိုက်နိုင်ကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ နိုင်အောင် မတိုက်ကြလို့ မနိုင်ကြတာပဲလို့ ရိုးရိုးရှင်းရှင်း ဖြေရမှာ ဖြစ်ပါတယ်။ 

 

မြန်မာစစ်တပ်ဆိုတဲ့ ပင်မ ဘုံရန်သူ တူပါလျက်နဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့တပ်ပေါင်းစုဖွဲ့ပြီး ဘာ့ကြောင့် နိုင်အောင် မတိုက်ခဲ့ကြတာလဲဆိုရင်တော့ အဖြေက အမျိုးမျိုး ထွက်လာနိုင်ပါတယ်။ ဒီတော့ ဒီမေးခွန်းကို သက်ဆိုင်ရာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ဖြေပေးတာ ပိုပြီး ကောင်းမယ်လို့ ယူဆပါတယ်။ 

 

တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်နေတယ်လို့ အထင်ရောက်စေဖို့ စစ်ပွဲတွေ အမြဲရှိနေအောင် ဖန်တီးထားတာဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို မြွေမသေ၊ တုတ်မကျိုး မှေးထားပြီး တပ်မတော် မရှိရင် ခက်မယ်ဆိုတာမျိုး ပြည်သူတွေ အတွေးပေါက်အောင် ဝါဒဖြန့်ချိရင်း အာဏာကို ထာဝရ ချုပ်ကိုင်ထားဖို့ ကြံရွယ်ချက်နဲ့ ဖြစ်ပါတယ်။ 

 

ဒါဖြင့် မြန်မာစစ်တပ်ဘက်ကရော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဒီလောက်နှစ်တွေ ကြာလာတဲ့အထိ ဘာကြောင့် အနိုင် မတိုက်ခဲ့တာလဲ စဉ်းစားကြည့်ပါမယ်။ မြန်မာစစ်တပ်ဟာ သူ့ရဲ့ အရာရောက်မှု၊ သူ့ရဲ့အရေးပါမှုကို ရေရှည်ထိန်းထားချင်တာကြောင့် ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်နေတယ်လို့ အထင်ရောက်စေဖို့ စစ်ပွဲတွေ အမြဲရှိနေအောင် ဖန်တီးထားတာဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို မြွေမသေ၊ တုတ်မကျိုး မှေးထားပြီး တပ်မတော် မရှိရင် ခက်မယ်ဆိုတာမျိုး ပြည်သူတွေ အတွေးပေါက်အောင် ဝါဒဖြန့်ချိရင်း အာဏာကို ထာဝရ ချုပ်ကိုင်ထားဖို့ ကြံရွယ်ချက်နဲ့ ဖြစ်ပါတယ်။ 

 

ဒီလို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ များပြားလှတဲ့ မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲပြီးငြိမ်းချမ်းရေးဆီ ဦးတည်နိုင်ဖို့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ အထိုက်အလျှောက် အောင်မြင်မှု ရခဲ့ပေမယ့် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးခရီးက အတော်ရှည်ဦးမယ်ဆိုတာ အားလုံးနားလည်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး လမ်းမထက်မှာ စတင်လျှောက်လှမ်းနေနိုင်ပြီ ဖြစ်တာကြောင့် တစ်နေ့နေ့တော့ ပန်းတိုင်ရောက်ရမယ်ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။

 

ဒီအခြေအနေမှာ အာဏာလောဘရမ္မက်ကြီးလှတဲ့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တစ်စုက ရွေးကောက်ခံ အရပ်သားအစိုးရဆီကနေ မတရားသဖြင့် အာဏာသိမ်းယူခဲ့ပြန်ပါတယ်။ ဒီ့နောက်မှာတော့ အာဏာသိမ်းစစ်တပ်ကို တစ်နိုင်ငံလုံး ဆန့်ကျင်တွန်းလှန်ကြရင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တစ်တိုင်းပြည်လုံး နေရာအနှံ့ ထပ်မံ ပေါ်ပေါက်လာပြန်ပါတယ်။ ဒီတစ်ကြိမ်မှာ ထူးခြားတာကတော့ တိုင်းရင်းသားဒေသတွေမှာတင်မကဘဲ  မြန်မာပြည်မမှာပါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

 

ဒီအချိန်မှာ နဂိုရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ တစ်သားတည်း ပေါင်းစည်း မသွားစေဖို့က မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အတွက် သေရေးရှင်ရေး အရေးကြီးလှပါတယ်။ 

 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ဟာ တစ်တိုင်းပြည်လုံး နေရာအနှံ ပေါ်ထွက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။ ဒီအချိန်မှာ နဂိုရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ တစ်သားတည်း ပေါင်းစည်း မသွားစေဖို့က မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အတွက် သေရေးရှင်ရေး အရေးကြီးလှပါတယ်။ 

 

ဒါကြောင့် စစ်အာဏာရှင်တွေ တစ်ချိန်လုံးကိုင်စွဲခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား သပ်လျှိုသွေးခွဲရေး လမ်းစဉ်ကို မဖြစ်မနေကို ကျင့်သုံးရပါတော့တယ်။ 

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဟန်ပြပြီး လက်နက်ကိုင်တော်လှန်ရေး မီးပွါး ပြန့်သထက် မပြန့်ရအောင် လှည့်ပတ် ထိန်းချုပ်နေရပါတယ်။ 

 

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးလို့ မရရင်တောင် အလယ်အလတ် အင်အားရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့နဲ့ အင်အားနည်းတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက တချို့ကိုတော့ ယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်အောင် မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တွေ ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ်ဆွေးနွေးတာတွေ ရှိပေမယ့် ထူးထူးခြားခြား သဘောတူညီချက်ရပြီး အောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့်မျိုးအထိတော့လည်း ရောက်မလာခဲ့ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် မြွေမသေ တုတ်မကျိုး ဆက်ဆံရေးအဆင့်ကို ထိန်းထားနိုင်လောက်ရုံပဲ သူတို့ တတ်နိုင်တာ ဖြစ်ပါတယ်။

 

လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ချိန်ဆစဉ်းစားစရာတွေ ရှိမှာ အမှန်ပါပဲ။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း ဒီလို စဉ်းစားချိန်ဆစရာတွေ ရှိနေတာဟာ အပြစ်တော့ မဟုတ်ပါဘူး။ 

 

မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စစ်အာဏာရှင်လက်သစ်တွေကို တွန်းလှန်ရာမှာ တစ်နိုင်ငံလုံးက လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အားလုံး ပေါင်းစည်းလက်တွဲနိုင်ရင် တော်လှန်ရေးပန်းတိုင်ကို မြန်မြန် ရောက်အောင်သွားနိုင်မယ်ဆိုတာကို  လူတိုင်း သိကြပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့အတွက်တော့ ဒွိဟဖြစ်စရာ ရှိနေပုံရပါတယ်။

 

လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ချိန်ဆစဉ်းစားစရာတွေ ရှိမှာ အမှန်ပါပဲ။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း ဒီလို စဉ်းစားချိန်ဆစရာတွေ ရှိနေတာဟာ အပြစ်တော့ မဟုတ်ပါဘူး။ ဒီတော့ တော်လှန်ရေးမှာ ကိုယ်ကျိုးစီးပွား ဒါမှမဟုတ် အဖွဲ့အစည်း အကျိုးစီးပွားနဲ့ နှိုင်းယှဉ်ချင့်တွက်ပြီး လုပ်သင့်တာကို လုပ်တာက ပိုပြီး လက်တွေ့ကျမှာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဟာလည်း တစ်ချိန်ချိန်မှာတော့ လက်နက်ကိုင်ဆောင်ခြင်းကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ 

 

အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလိုက်ခြင်းက ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းလာမှာလားဆိုတဲ့အချက်ကို အရင်ဆုံး တွေးဆဆင်ခြင် ကြည့်ပါမယ်။

 

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဟာလည်း တစ်ချိန်ချိန်မှာတော့ လက်နက်ကိုင်ဆောင်ခြင်းကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီမှုတွေ ရပြီးတဲ့အခါ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဆက်ပြီး ပါဝင်ကြဖို့ဆိုရင် နိုင်ငံရေးပါတီတွေ ထူထောင်ရမယ်၊ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ရမယ်၊ စစ်ရေးနည်းလမ်းကနေ နိုင်ငံရေးနည်းလမ်းနဲ့ အာဏာရယူနိုင်ရေး ဆက်လက်ကြိုးပမ်း လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

 

ပါးစပ်ကနေ ရွေးကောက်ပွဲလို့ တဖွဖွ အော်နေပေမယ့် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ဘယ်တော့ ကျင်းပနိုင်မယ်ဆိုတာ စစ်ကောင်စီက အခုထိ ရေရာတဲ့ ကတိကဝတ် မပေးနိုင်သေးပါဘူး။

 

အဲ့ဒီလို နိုင်ငံရေးအခင်းအကျင်းမျိုးကို အကြမ်းဖက်စစ်ကောင်စီက ဘယ်တော့ ခင်းကျင်းနိုင်မလဲဆိုတာက မသေချာဆုံးကိစ္စ ဖြစ်ပါတယ်။ ပါးစပ်ကနေ ရွေးကောက်ပွဲလို့ တဖွဖွ အော်နေပေမယ့် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ဘယ်တော့ ကျင်းပနိုင်မယ်ဆိုတာ စစ်ကောင်စီက အခုထိ ရေရာတဲ့ ကတိကဝတ် မပေးနိုင်သေးပါဘူး။

 

ဒီလို ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေမှာတောင်မှ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို သူ့စိတ်ကြိုက် ပြင်လိုက်ပါတယ်။  လေ့လာကြည့်ရင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးနည်းနဲ့ အာဏာရယူနိုင်ဖို့အတွက် ပါတီထောင်ဖို့တောင် အခက်အခဲတွေ အပြည့် ဖြစ်နေအောင် စစ်တပ်က စီစဉ်ထားတာ တွေ့ရမှာပါ။ 

 

သူတို့ ပြင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံတဝှမ်းလုံးက မဲဆန္ဒရှင် ပြည်သူတွေကို စည်းရုံးနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လွယ်လွယ်နဲ့ ရွေးကောက်ပွဲ ဝင်ဖို့ မဖြစ်နိုင်အောင် လုပ်ထားပြီး စစ်တပ်အလိုကျပါတီနဲ့ စစ်တပ်ရဲ့ ဦးဆောင်မှု နောက်မှာပဲ အိမ်ဖြည့်သဘော ဝင်ပါခွင့်ပေးထားတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်ပါတယ်။ ဒီအခင်းအကျင်းက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတွေအတွက် ဘာမှ အကျိုးဖြစ်ထွန်းလာစရာ မရှိပါဘူး။

 

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေပြု လွှတ်တော်တွေ၊ အုပ်ချုပ်ရေးယန္တရားတွေ အဆင့်ဆင့် ဖွဲ့စည်းသွားနိုင်ပြီဆိုတာနဲ့ မြန်မာနိုင်ငံဟာ ဒုတိယ မြောက်ကိုရီးယားနိုင်ငံ ဖြစ်သွားတော့မှာပါ။ 

 

မြန်မာစစ်တပ်အနေနဲ့ ဒီလောက် အခက်အခဲ၊ အကျပ်အတည်းတွေ တွေ့နေချိန်မှာတောင် တိုင်းရင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးအရ အခွင့်အလမ်း ကြီးကြီးမားမား ပေးပြီး စည်းရုံးနေတာ မဟုတ်ပါဘူး။ အာဏာရူး စစ်ခေါင်းဆောင်တွေရဲ့ စိတ်မှာ နိုင်ငံရေးအာဏာကို တိုင်းရင်းသား ပြည်သူတွေ အလိုကျ မျှမျှတတ ခွဲဝေဖြန့်ဖြူးပေးနိုင်မယ့် အခင်းအကျင်းမျိုး ဖန်တီးဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး။ သူတို့အလိုကျ သူတို့ ထင်သလို စီမံအုပ်ချုပ်နိုင်မယ့် အာဏာနိုင်ငံရေး ယန္တရားထဲက ခွေးသွားစိတ်ကလေးတစ်ခု၊ မူလီလေးတစ်လုံးလောက်သာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပါဝင်ခွင့် ပေးချင်တာ ဖြစ်ပါတယ်။ ဒါတောင် ဒီအချိန်က သူတို့ သိပ်ပြီး အခက်ကြုံနေချိန်မို့လို့ပါ၊ အကယ်၍ သူတို့ အားသာချိန်ရောက်သွားရင်တော့ ဘယ်သူ့ကိုမှ အဲ့ဒီလောက်ကလေးတောင် သဒ္ဓါကြည်ဖြူမှာ မဟုတ်တာ အသေအချာပါပဲ။

 

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေပြု လွှတ်တော်တွေ၊ အုပ်ချုပ်ရေးယန္တရားတွေ အဆင့်ဆင့် ဖွဲ့စည်းသွားနိုင်ပြီဆိုတာနဲ့ မြန်မာနိုင်ငံဟာ ဒုတိယ မြောက်ကိုရီးယားနိုင်ငံ ဖြစ်သွားတော့မှာပါ။ ဆိုလိုတာက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ နယ်ပယ်ကဏ္ဌ အသီးသီးကို မြန်မာစစ်တပ်က အပြည့်အဝ လွှမ်းမိုးချုပ်ကိုင် သွားတော့မှာ ဖြစ်ပါတယ်။

 

တစ်ဖက်မှာတော့ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ လိုလားတောင့်တမှုနဲ့ အားကိုးမျှော်လင့်မှုတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ မျက်ကွယ် မပြုထားစေချင်ပါဘူး။ 

 

ဒါကြောင့် ဒီအကြမ်းဖက် စစ်ကောင်စီနဲ့ပေါင်းလို့ သင့်တင့်မျှတတဲ့ နိုင်ငံရေးအာဏာ၊ သင့်တင့်မျှတတဲ့ နိုင်ငံရေးအခွင့်အလမ်းမျိုး ရလာနိုင်စရာ မရှိဘူးဆိုတာကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။

 

တစ်ဖက်မှာတော့ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ လိုလားတောင့်တမှုနဲ့ အားကိုးမျှော်လင့်မှုတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ မျက်ကွယ် မပြုထားစေချင်ပါဘူး။ 

 

နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့သာ အဲ့ဒီနိုင်ငံရဲ့ ရေရှည်ခရီးကို လျှောက်လှမ်းရတာ၊ နိုင်ငံရဲ့ အနာဂတ်ကို ထုဆစ်ပုံဖော်ရတာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုရဲ့ သဘောထားနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ထုဆစ်ပုံဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဦးနေဝင်းခေတ်ကစပြီး သမိုင်းကို ပြန်လေ့လာကြည့်ရင် အာဏာရှင်တွေ လုပ်ချင်တိုင်း လုပ်လို့ အောင်မြင်ခဲ့တာမျိုး မရှိပါဘူး။ ခဏပန်းတော့ ဟုတ်မလိုလို ရှိပေမယ့် ရေရှည် တည်ငြိမ်းအေးချမ်းတဲ့ အနာဂတ်တိုင်းပြည်ကို သူတို့ တည်ဆောက်လို့ မရခဲ့ဘူးဆိုတာ ထင်ရှားခဲ့ပြီး ဖြစ်ပါတယ်။ 

 

 တဖြည်းဖြည်းနဲ့ ကျရှုံးနိုင်ငံဘဝကိုသာ ဦးတည်ပြီး တိုင်းပြည်က နစ်သထက်နစ်လာနေတာ အားလုံးအတွေ့ပဲ ဖြစ်ပါတယ်။ ဒီတော့ မင်းအောင်လှိုင်တို့ တစ်သိုက် နောက်ထပ် ဘယ်လောက်ပဲ သက်တမ်းတိုးတိုး၊ ဘယ်လောက်ပဲ အခင်းအကျင်းတွေ ပြောင်းပြောင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှ အကောင်းဘက်ကို ဦးတည် ဖြစ်ထွန်းလာစရာ မရှိပါ။ 

 

အခုလည်း အာဏာရူး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ တစ်နှစ်ကနေ ၆ လ၊ ပြီးတော့ နောက် ၆ လ၊ အခုတစ်ခါ ထပ်ပြီး နောက် ၆ လ သက်တမ်းတွေသာ တိုးတိုးလာနေတာ သူတို့ ဘာကိုမှ ထိထိရောက်ရောက် လုပ်လာနိုင်တာ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ ကျရှုံးနိုင်ငံဘဝကိုသာ ဦးတည်ပြီး တိုင်းပြည်က နစ်သထက်နစ်လာနေတာ အားလုံးအတွေ့ပဲ ဖြစ်ပါတယ်။ ဒီတော့ မင်းအောင်လှိုင်တို့ တစ်သိုက် နောက်ထပ် ဘယ်လောက်ပဲ သက်တမ်းတိုးတိုး၊ ဘယ်လောက်ပဲ အခင်းအကျင်းတွေ ပြောင်းပြောင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှ အကောင်းဘက်ကို ဦးတည် ဖြစ်ထွန်းလာစရာ မရှိပါ။ 

 

လက်ရှိအချိန်မှာ စစ်အာဏာရှင်တွေကို နာကျည်း ရွံရှာစက်ဆုတ်ပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်လာကြတဲ့ တစ်နိုင်ငံလုံးက လူငယ်တွေဟာ အရင်ကတည်းက ရှိခဲ့ပြီးသား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို အင်မတန်မှ ယုံကြည်မျှော်လင့် အားထားနေကြပြီး သူတို့ကိုယ်တိုင် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ပြီး စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့အချိန် ဖြစ်ပါတယ်။ 

 

တိုင်းပြည်ရဲ့ အနာဂတ်လို့ တင်စားကြတဲ့ ဒီလူငယ်တွေကမှ သူတို့ရှေ့က တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေကို စိတ်ပျက်သွားကြရင်၊ အားထားယုံကြည်မျှော်လင့်မှုတွေ ပျက်ပြားသွားခဲ့ရင် ကျနော်တို့ တိုင်းပြည်ဟာ အားလုံးအတွက် အနာဂတ်မဲ့နေတဲ့ တိုင်းပြည်ပဲ ဖြစ်လာစရာ ရှိပါတော့တယ်။ 

 

တိုင်းပြည်ရဲ့ အနာဂတ်လို့ တင်စားကြတဲ့ ဒီလူငယ်တွေကမှ သူတို့ရှေ့က တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေကို စိတ်ပျက်သွားကြရင်၊ အားထားယုံကြည်မျှော်လင့်မှုတွေ ပျက်ပြားသွားခဲ့ရင် ကျနော်တို့ တိုင်းပြည်ဟာ အားလုံးအတွက် အနာဂတ်မဲ့နေတဲ့ တိုင်းပြည်ပဲ ဖြစ်လာစရာ ရှိပါတော့တယ်။ ဒီတိုင်းပြည်ထဲမှာ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကို ခေါင်းမော့ရင်ကော့ပြီး နေနိုင်မယ့်ဘဝမျိုးကို ဘယ်တော့မှ ဖန်တီးပေးနိုင်မှာ မဟုတ်တော့ပါဘူး။ 

 

ဒီအချိန်မှာ သမိုင်းတလျှောက် ဖြတ်သန်းခဲ့ကြတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ အာဏာရူး စစ်ခေါင်းဆောင်တွေကို အမြစ်ဖြတ်ကြဖို့ပါပဲ။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ လူငယ်မျိုးဆက်တွေနဲ့ အတူလက်တွဲပြီး တော်လှန်ရေး အခွင့်သာခိုက်မှာ အားလုံး ဝိုင်းရုန်းကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။ 

~~~~~~

 

 

စိုင်းမင်းအောင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။