Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အသစ် ပြန်လည် တည်ဆောက်ကြရမယ့် ပြည်ထောင်စု (Ethnic Affairs)

လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကို မီးမွှေးနေတဲ့ စစ်တပ်

 

မြန်မာပြည်သူတွေဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခံစားခဲ့ကြရသူတွေ ဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာသာမက တစ်ကမ္ဘာလုံးမှာတောင် အရှည်ကြာဆုံး လက်နက်ကိုင် တိုက်ပွဲတွေ ရှိခဲ့တဲ့နိုင်ငံ ဖြစ်နိုင်ပါတယ်။ 

 

လွတ်လပ်ရေးနဲ့အတူ မွေးဖွါးလာတဲ့ ပြည်တွင်းစစ်ဟာ အတွင်းပိုင်း ပဋိပက္ခ နှစ်မျိုးမှာ အခြေခံတာ ဖြစ်ပါတယ်။ တစ်မျိုးက အယူဝါဒရေးရာ သဘောထားကွဲလွဲမှုအပေါ်  အခြေခံတာ ဖြစ်ပြီး နောက်တစ်မျိုးက လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ အင်အားပြိုသွားချိန် နောက်ပိုင်းမှာတော့ လူမျိုးရေး အသွင်ဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေသာ အဓိကအားဖြင့် ကျန်တော့တာပါ။ လူမျိုးရေးဆိုတာက အမျိုးသား တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေး စတဲ့ တောင်းဆိုမှုတွေအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ဆိုလိုပါတယ်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါဆုံး ဖြစ်တဲ့ ပင်လုံစာချုပ်ဟာ ရှမ်းပြည်နယ်မှာ အစပြုခဲ့တာ ဖြစ်သလို ဗိုလ်နေဝင်း အာဏာသိမ်းဖို့အတွက် အကြောင်းတစ်ခုအနေနဲ့ အသုံးချခံခဲ့ရတဲ့ ဖက်ဒရယ်မူ ခေါ် ရှမ်းမူဆိုတာကလည်း ရှမ်းစော်ဘွားတွေနဲ့ ရှမ်းနိုင်ငံရေးသမားတွေက စခဲ့တာလို့ ဆိုရပါမယ်။ 

 

အမျိုးသားရေး တောင်းဆို တိုက်ပွဲဝင်မှုတွေကို ကြည့်ရင် ရှမ်းပြည်နယ်ဟာ ပင်မနေရာက ပါဝင်ခဲ့တာကို တွေ့ရမှာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါဆုံး ဖြစ်တဲ့ ပင်လုံစာချုပ်ဟာ ရှမ်းပြည်နယ်မှာ အစပြုခဲ့တာ ဖြစ်သလို ဗိုလ်နေဝင်း အာဏာသိမ်းဖို့အတွက် အကြောင်းတစ်ခုအနေနဲ့ အသုံးချခံခဲ့ရတဲ့ ဖက်ဒရယ်မူ ခေါ် ရှမ်းမူဆိုတာကလည်း ရှမ်းစော်ဘွားတွေနဲ့ ရှမ်းနိုင်ငံရေးသမားတွေက စခဲ့တာလို့ ဆိုရပါမယ်။ ရှမ်းပြည်နယ်ဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ ပြည်နယ်ကြီး ဖြစ်သလို လူမျိုးစု လက်နက်ကိုင် အများအပြားဟာ ရှမ်းပြည်နယ်မှာပဲ အခြေခံခဲ့ကြတာပါ။ 

 

KIA ကိုယ်တိုင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်မတော် (AA) ကလည်း ပေါ်လာတာ ဆယ်စုနှစ်တစ်ခု စွန်းစွန်းပဲ ရှိသေးပြီး ရှမ်းမြောက်မှာပဲ ကိုးကန့်တပ်ဖွဲ့နဲ့အတူ လက်တွဲတိုက်ပွဲဝင် လေ့ကျင့်ခဲ့ရတာပါ။ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်တွေ များသလို ပြည်သူ့စစ်ကလည်း အလွန်များပါတယ်။ 

 

အခုအချိန်မှာ လူအင်အား မလောက်တော့တဲ့ စစ်တပ်ဟာ စစ်ကိုင်း၊ မကွေး ဘက်မှာဆိုရင် ပသစ ခေါ် ပျူစောထီးတွေကို ပိုပြီး အားကိုးလာရပုံပါပဲ။ 

 

မြန်မာစစ်တပ်က ပြောတဲ့တရားဝင်စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၀၀ ကျော် ရှိရာမှာ အများစုက ရှမ်းပြည်နယ်မှာလို့ သိရပါတယ်။ အခု စစ်ကိုင်း၊ မကွေးနဲ့ ဗမာပြည်မထဲက ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တွေနဲ့ပေါင်းရင် အဖွဲ့ပေါင်း ထောင်ဂဏန်းလောက် တိုးလာနိုင်ပါတယ်။ 

 

အခုအချိန်မှာ လူအင်အား မလောက်တော့တဲ့ စစ်တပ်ဟာ စစ်ကိုင်း၊ မကွေး ဘက်မှာဆိုရင် ပသစ ခေါ် ပျူစောထီးတွေကို ပိုပြီး အားကိုးလာရပုံပါပဲ။ အခု ထုတ်ပြန်လိုက်တဲ့ လက်နက် ကိုင်ဆောင်ခွင့် ဥပဒေမှာ အစုအဖွဲ့လိုက် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ဆိုတာက အညာဒေသနဲ့ ရှမ်းပြည်နယ်ထဲက ငွေကြေးတတ်နိုင်ပြီး စစ်အာဏာရှင်တွေအပေါ် ထောက်ခံသူတွေကို လက်နက်ကိုင် ဂိုဏ်းအုပ်စုတွေအဖြစ် ဖွဲ့စည်းဖို့ ဖြစ်လာမယ် ထင်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာချောင်ပိတ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဒီလုပ်ရပ်တွေက လက်ရှိ လက်နက်ကိုင် ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေပြီး ပြည်တွင်းစစ်မီးကို တဟုန်းဟုန်း တောက်လောက်တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။

 

ဖက်ဒရယ်အရေး၊ ရှမ်းမူနဲ့ သမိုင်းအမှန်

၁၉၆၀ ပြည့်နှစ် မတိုင်မီကာလတွေကဆိုရင် ရှမ်းပြည်နယ်နိုင်ငံရေးက အခြားဒေသတွေထက် ပိုမြင့်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်က အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်ခဲ့ချိန်မှာ အဲဒီလုပ်ငန်းကို အထူး စိတ်ပါဝင်စားပြီး စတင် အရေးယူ ဆောင်ရွက်ခဲ့တဲ့ ပြည်နယ်က ရှမ်းပြည်နယ် အစိုးရပါပဲ။ 

အခြေခံဥပဒေကို လေ့လာပြီး ပြင်ဆင်ဖို့အတွက် လိုအပ်တာတွေကို အကြံဥာဏ်ပေးဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင် ကော်မတီလို့ အမည်ပေးခဲ့ပါတယ်။ 

ဒီကော်မတီက အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေကို စတင်လုပ်ကိုင်ပြီး ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကြိုးကိုင်ကော်မတီက ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဆပ်ကော်မတီတစ်ခု ဖွဲ့စည်းပြီး အခြေခံ ဥပဒေနဲ့ ပါတ်သက်တဲ့ အထောက်အထားတွေကို ရှာဖွေစုဆောင်းပြီး ပြင်ဆင် ဖြည့်စွက်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီဖက်ဒရယ်မူရဲ့ အတွင်းသဘောအနှစ်သာရက  လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှရှိစေဖို့အတွက် ပြဋ္ဌာန်းချက်တွေမှာ ပြည့်စုံမှု မရှိတာကြောင့် အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်မူနဲ့ ပြုပြင်ရေးဆွဲဖို့ ရည်ရွယ်တာပါ။

 

ဒီနောက်မှာတော့ ရှမ်းပြည်နယ်က တင်သွင်းတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်းကို  ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ တောင်ကြီးမြို့မှာ ကျင်းပတဲ့ ပြည်လုံးကျွတ်ညီလာခံကြီးကနေ အတည်ပြုခဲ့ပါတယ်။ ဒါကတော့ ရှမ်းမူ ခေါ်  ဖက်ဒရယ်မူကို ရှမ်းစော်ပွါးတွေ ဦးစီးရေးဆွဲခဲ့ပြီး အာဏာစွန့်ခဲ့တာဖြစ်လို့ စော်ပွါးမူလို့ ခေါ်ကြတာကို အတိုချုပ် ပြန်ပြောပြတာပါ။

ဒီဖက်ဒရယ်မူရဲ့ အတွင်းသဘောအနှစ်သာရက  လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှရှိစေဖို့အတွက် ပြဋ္ဌာန်းချက်တွေမှာ ပြည့်စုံမှု မရှိတာကြောင့် အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်မူနဲ့ ပြုပြင်ရေးဆွဲဖို့ ရည်ရွယ်တာပါ။

 

ပြည်ထောင်စုကို လုပ်ပိုင်ခွင့် ပေးထားတဲ့ နယ်ပယ်တွေက နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထောင်စု ဘဏ္ဍာရေးနဲ့ ငွေစက္ကူ ထုတ်ဝေရေး၊ စာတိုက်ကြေးနန်းနဲ့ ဆက်သွယ်ရေး၊ ပြည်ထောင်စု တရားစီရင်ရေး နဲ့ ပင်လယ်ဆိပ်ကမ်းခွန် စတာတွေ ဖြစ်ပါတယ်။

 

ဒီနေရာမှာ အရေးကြီးတဲ့ တင်ပြချက် ၅ ချက်က ၁) ဗမာပြည်နယ်ဖွဲ့စည်းရေး၊ ၂) လွှတ်တော် နှစ်ရပ် အာဏာတန်းတူ ပေးရေး၊ ၃) လူမျိုးစု လွှတ်တော်ကို ပြည်နယ်တိုင်းက ကိုယ်စားလှယ် အညီအမျှ စေလွှတ်ရေး၊ ၄) ပြည်ထောင်စု အာဏာကို နယ်ပါယ် ၈ ခုမှာ ကန့်သတ်ထားဖို့နဲ့ ကြွင်းကျန် အာဏာကို ပြည်နယ်တွေကို ပေးဖို့နဲ့ ၅)ပြည်နယ်တွေနဲ့ ဗဟိုအစိုးရကြား ပြည်ထောင်စု ဘဏ္ဍာတော်ကို မျှတစွာ ခွဲဝေရေးတို့ ဖြစ်ပါတယ်။ 

ပြည်ထောင်စုကို လုပ်ပိုင်ခွင့် ပေးထားတဲ့ နယ်ပယ်တွေက နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထောင်စု ဘဏ္ဍာရေးနဲ့ ငွေစက္ကူ ထုတ်ဝေရေး၊ စာတိုက်ကြေးနန်းနဲ့ ဆက်သွယ်ရေး၊ ပြည်ထောင်စု တရားစီရင်ရေး နဲ့ ပင်လယ်ဆိပ်ကမ်းခွန် စတာတွေ ဖြစ်ပါတယ်။

 

ဒါက အကြမ်းဖျင်း ပြောပြတာ ဖြစ်ပါတယ်။ အသေးစိတ်အားဖြင့် ထောက်ပြတဲ့ ပုဒ်မတွေ အတော်များများ ရှိပါသေးတယ်။ အဲဒီ ထောက်ပြချက် အများစုဟာလည်း အကျိုးအကြောင်း ရှိတာတွေပါပဲ။ စာအုပ်ပြာလို့ ခေါ်ကြတဲ့ ရှမ်းမူမှာ တင်ပြတဲ့ နစ်နာချက်၉ ချက်ကို ဖက်ဒရယ်မူနှင့် ပါတ်သက်တဲ့ အကြံပေးအဖွဲ့က ပြန်လည် ရှင်းပြခဲ့ပြီး သူတို့အမြင်တွေကိုလည်း ပြန်လည် တင်ပြဆွေးနွေးခဲ့ကြပါတယ်။ 

 

ရှမ်းမူမှာ အမေရိကန် ပြည်ထောင်စု အခြေခံ ဥပဒေကို ကိုးကားခဲ့ပေမယ့် လက်တွေ့မှာ အမေရိကန်၊ ဩစ‌တြေးလျ၊ ကနေဒါ၊ တောင်အာဖရိက၊ အိန္ဒိယနဲ့ ဆွစ်ဇာလန် အခြေခံဥပဒေ စတာတွေ အားလုံးဟာ ဗဟိုချုပ်ကိုင်မှုများတဲ့ဘက်ကို ယိမ်းနေတာ တွေ့ရကြောင်း၊ ပြည်နယ်တွေ ခွဲထွက်ခွင့် ဆိုပေမယ့် လက်တွေ့မှာ သမ္မတ အီဘရာဟင် လင်ကွန်း လက်ထက် တောင်ပိုင်း ပြည်နယ် ခွဲထွက်ရေးကို  ဟန့်တားဖို့ စစ်ကြေညာ တိုက်ခိုက်ခဲ့ရတာ တွေ့ရကြောင်း၊ လက်ရှိ တင်ပြလာတဲ့ ရှမ်းမူအရ တည်ဆောက်မယ်ဆိုရင် တောင့်တင်းခိုင်မာပြီး တည်ငြိမ်တဲ့ အစိုးရ ပေါ်ပေါက်ဖို့ လမ်းမမြင်ကြောင်း၊ ဗဟိုအစိုးရအတွင်းမှာ အငြင်းပွါးမှု အချင်းများမှုတွေ မကြာခဏ ဖြစ်ပြီး အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွေမှာ အမြဲလိုလို ပဋိပက္ခတွေ ဖြစ်နေနိုင်ကြောင်း၊ ဒါပေမဲ့ ပြည်နယ်တွေဘက်က ဆန္ဒပြင်းပြနေတာကြောင့် ဒီမကျေနပ်မှုတွေကို အကောင်းဆုံး နည်းလမ်း ရှာဖွေပြီး အချိန်မီ ဖယ်ရှားရမယ်လို့ ဒေါက်တာဘဦး ခေါင်းဆောင်တဲ့ အကြံပေး ကော်မတီက  အကြံပြုခဲ့တာ တွေ့ရပါတယ်။

 

ဒီနောက်ပိုင်းမှာ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အချက်တွေကို တရားရေး ဝန်ကြီး ဦးအေးမောင် ခေါင်းဆောင်တဲ့ ကော်မတီက ရေးဆွဲခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်အရ ပြည်နယ်တွေကို သစ်တောနဲ့ သတ္တုတူးဖေါ်ခွင့်တွေ အပါအဝင် လုပ်ပိုင်ခွင့်အချက် ၂၀ ကျော် ပေးအပ်ထားတယ် လို့ ဆိုပါတယ်။ ဒီဖြေရှင်းချက်တွေအရဆိုရင် ပြဿနာ အများစု ပြေလည် သွားနိုင်ပါတယ်။ ဒီအစီရင်ခံစာကို မတ်လ ၃ ရက်နေ့မှာ တင်သွင်းမှာဖြစ်လို့ စစ်တပ်က မတ်လ ၂ ရက်နေ့မှာ လက်ဦးမှု ယူပြီး အာဏာသိမ်းခဲ့တာပါ။ ဒါတွေက သမိုင်းအမှန်တွေ ဖြစ်ပါတယ်။ 

 

ဒီမူကို ရေးဆွဲစဉ်ကလည်း ကချင်နဲ့ ကရင်ကိုယ်စားလှယ် တချို့က သဘောမတူကြောင်း ကန့်ကွက်ခဲ့ပါတယ်။ ရှမ်းမူကို ရေးဆွဲလို့အပြီးမှာ ရန်ကုန်မှာ အစိုးရအဖွဲ့နဲ့ ပါတီတွေက ထိပ်သီးပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး ရှင်းပြတာတွေလည်း လုပ်ခဲ့ပါတယ်။ 

 

အဲဒီ့အချိန်က ရှမ်းမူ တင်သွင်းတာနဲ့ပါတ်သက်လို့ စိုးရိမ်စရာ မရှိကြောင်း၊ ပြဿနာ ရှိတာတွေကိုလည်း မိသားစုအသွင်နဲ့ ပူးပေါင်း ဆွေးနွေးဖြေရှင်းလို့ ရကြောင်း၊ ရှမ်းမူ တင်သွင်းခဲ့သူတွေ ကိုယ်နှိုက်ကလည်း အတင်းအကျပ် တောင်းဆိုနေတာ မဟုတ်ကြောင်း၊ ပြည်ထောင်စုကြီး ရှင်သန် တည်တံ့ ခိုင်မာရေးအတွက် စဉ်းစားဆင်ခြင်စရာအချက်တွေကို တင်ပြတာသာဖြစ်ကြောင်း စတဲ့ သဘောမျိုး ပြောပြခဲ့ပါတယ်။ 

 

ဒီမူကို ရေးဆွဲစဉ်ကလည်း ကချင်နဲ့ ကရင်ကိုယ်စားလှယ် တချို့က သဘောမတူကြောင်း ကန့်ကွက်ခဲ့ပါတယ်။ ရှမ်းမူကို ရေးဆွဲလို့အပြီးမှာ ရန်ကုန်မှာ အစိုးရအဖွဲ့နဲ့ ပါတီတွေက ထိပ်သီးပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး ရှင်းပြတာတွေလည်း လုပ်ခဲ့ပါတယ်။ 

 

ဘဏ္ဍာရေးဝန်ကြီး သခင်တင်ကို ရှင်းပြရာမှာ သခင်တင်က ဒီမူအတိုင်း ပြင်ဆင် ရေးဆွဲမယ်ဆိုရင် ပြည်နယ်တွေအနေနဲ့ အကျိုးမရှိတဲ့အပြင် အရှုံးထွက်မှာ ဖြစ်ကြောင်း၊ ပြည်နယ် ရသုံးငွေကို ကြည့်ရင် ရှမ်းပြည်နယ်ရဲ့ နှစ်စဉ် အခွန်တော်ရငွေဟာ ကျပ်သိန်း ၆၀ လောက်သာရှိပြီး ပြည်မက နှစ်စဉ် ထောက်ပံ့ငွေ ကျပ် ၁၂၅ သိန်းနဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေကို ပေးနေရတာဖြစ်ကြောင်း၊ ဖက်ဒရယ်မူအရ ပြည်မဟာ ပြည်နယ်တစ်ခု ဖြစ်သွားခဲ့ရင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယားပြည်နယ်တွေအတွက် ထောက်ပံ့ပေး နိုင်တော့မှာ မဟုတ်ကြောင်း ရှင်းလင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။

 

ဒီပြဿနာတွေကို ဖြေရှင်းရာမှာ ရှစ်ပြည်နယ်မူနဲ့ သွားတာကိုပဲ လက်မခံကြတာပါ။ ပြောရရင် ပြည်နယ်အချို့ကတိုင်းရင်းသား ခေါင်းဆောင်တချို့ကလည်း ဒီအချက်ကို လက်မခံကြပါဘူး။ ဒါကလည်း အကြောင်းရှိပါတယ်။

 

အဲဒီခေတ်က အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် အစိုးရနဲ့ ပါတီအသီးသီးက ခေါင်းဆောင်တွေဟာ ပြည်နယ်နဲ့ ပြည်မကြားမှာ ပြဿနာတချို့ ရှိတာကို လက်ခံပြီး ပြေလည်အောင် ဖြေရှင်းဖို့ကိုလည်း သေသေချာချာ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

 

ဒီပြဿနာတွေကို ဖြေရှင်းရာမှာ ရှစ်ပြည်နယ်မူနဲ့ သွားတာကိုပဲ လက်မခံကြတာပါ။ ပြောရရင် ပြည်နယ်အချို့ကတိုင်းရင်းသား ခေါင်းဆောင်တချို့ကလည်း ဒီအချက်ကို လက်မခံကြပါဘူး။ ဒါကလည်း အကြောင်းရှိပါတယ်။ အပေါ်မှာ ပြောခဲ့သလို ရှစ်ပြည်နယ်မူဟာ ပြည်ထောင်စု အတွင်းက တိုင်းရင်းသားတွေ အားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိခံစားနိုင်ဖို့အတွက် ပြဿနာတွေကို ပြေလည်သွားစေတဲ့ အဖြေ မဟုတ်တဲ့အပြင် ပြည်ထောင်စုကြီးအတွက် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဘက်ပေါင်းစုံမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။

 

စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်နိုင်မှသာ 

အခုအချိန်အထိ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကမူကိုပဲ ဆက်လက် စွဲကိုင်ပြီး ပြောဆိုနေတာ တွေ့နေရပါတယ်။ နှစ်ပေါင်း ၆၀ အတွင်းမှာ လူမှုစီးပွါး အခြေအနေ ဘာတွေ ပြောင်းလဲသွားပြီလဲ၊ အခုအချိန်မှာ လူမျိုးငယ်တိုင်းက နိုင်ငံရေး အသိအမြင်တွေ မြင့်မား လာချိန်မှာ ရှမ်းတိုင်းရင်းသားတစ်စုတည်းက အရင်လို နိုင်ငံရေးရေချိန် ပိုမြင့်နေတာ ဟုတ်သေးရဲ့လား၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေတွေ အပါအဝင် တခြား ထည့်သွင်း စဉ်းစားစရာ အချက်ပေါင်း များစွာကိုရော ပြည့်စုံအောင် စဉ်းစားပြီး ကြပြီလား ဆိုတာတွေကို လေးလေးနက်နက် အချိန်ယူ တွေးဆပြီး ချင့်ချိန် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ 

 

ဒီအခြေအနေကို ရောက်ဖို့အတွက် ဆယ်စုနှစ်ပေါင်း များစွာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်သူ လူထုကြီးအပေါ်  ဗိုလ်ကျ ဖိနှိပ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရူးတွေကို အရင်ဆုံး ဖယ်ရှား ရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ်။ 

 

အမှန်ကတော့ ပြည်ထောင်စုအရေး တိုင်းရင်းသားအရေးကိစ္စတွေကို စဉ်းစားတဲ့အခါ လူများစု ဗမာလူမျိုးတွေရဲ့ ကိုယ်စားပြုမှုဟာ မြန်မာစစ်တပ်ရဲ့သဘောထားအမြင်တွေ မဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ လိုပါတယ်။ အဲ့ဒီလို စစ်တပ် မဟုတ်တဲ့ လူများစု ဗမာလူမျိုးတွေရဲ့ကိုယ်စားပြုမှု အစစ်အမှန်ကိုသာ အခြေခံပြီး တိုင်းရင်းသားအရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းခွင့် ရမယ်ဆိုရင် လက်ရှိ ပြဿနာအများစုက ဖြေရှင်းလို့ လွယ်ကူတဲ့ လမ်းကြောင်းပေါ် ရောက်သွားမှာ ဖြစ်ပါတယ်။ 

 

ဒီအခြေအနေကို ရောက်ဖို့အတွက် ဆယ်စုနှစ်ပေါင်း များစွာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်သူ လူထုကြီးအပေါ်  ဗိုလ်ကျ ဖိနှိပ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရူးတွေကို အရင်ဆုံး ဖယ်ရှား ရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ စစ်အာဏာရှင်တွေကို ဖယ်ရှားရှင်းလင်းရမယ့် လမ်းကြောင်းပေါ်ကို တိုင်းရင်းသား လူမျိုးစုတွေ အားလုံး ခိုင်ခိုင်မာမာ လျှောက်လှမ်းကြဖို့ လိုပါတယ်။ ဒီလိုသာ စစ်အာဏာရှင်တွေကို ဖယ်ရှားရေးကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ကြိုးပမ်းကြမယ်ဆိုရင်  လူမျိုးပေါင်းစုံ ကြားမှာလည်း နားလည်မှုတွေ အရင်ကထက် ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ 

 

ဒီလမ်းကြောင်းကသာ ငြိမ်းချမ်းတဲ့ အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အများဆန္ဒနဲ့အညီ တရားနည်းလမ်း ကျကျ လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ တိုင်းရင်းသား လူမျိုးအားလုံးက စစ်အာဏာရှင် တော်လှန်ရေး ကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ပေးကြဖို့ လိုအပ်နေပါကြောင်း တိုက်တွန်း လိုက်ရပါတယ်။ 

~~~~

ဇွဲထွန်းသစ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။