Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အလောင်းချင်းထပ်နေတဲ့ မင်းအောင်လှိုင်တပ် (OPINION)

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးရက်၊ People Spring ကတင်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရတယ်။ သတင်းခေါင်းစဉ်က ‘ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ချင်နေကြတယ်’တဲ့။ တပ်မိသားစုဝင်တစ်ဦးရဲ့ ရင်ခေါင်းထဲက ကုတ်ခြစ်ထွက်လာတဲ့ အသံက အဲဒီလို။

 

အရင့်အရင် ဖတ်ခဲ့မှတ်ခဲ့ကြားခဲ့ဖူးတဲ့ စစ်တပ်တွင်း ယုတ်မာပက်စက်ချက်တွေနဲ့ ဆက်စပ် ကြည့်လိုက်တော့ အဲဒီစစ်သားဟာ တိုက်ပွဲတစ်ခုမှာ အမှန်တကယ်သေဆုံးသွားပြီဖြစ်ပေမဲ့ သူ့တပ်ရင်းထဲက တရားဝင်စာရင်းဇယားထဲမှာတော့ သေစာရင်းမထည့်သေးတဲ့သဘော။

 


တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားရဲ့ သတင်း သူ့မိသားစုဝင်ကို လုံးဝမပြော။ PDF ရဲဘော်တွေက သေဆုံးစစ်သားရဲ့ ဖုန်းကို ရလို့ ဖုန်းဆက်အကြောင်းကြားတော့မှ ကိုယ့်လင်ကိုယ့်သား သေဆုံးကြောင်းသိရ။ ဒါနဲ့ စစ်တပ်ထဲက တာဝန်ရှိသူကို သွားမေးကြည့်တော့ ဘာမှပြန်မပြော။ဒါပေမဲ့ လကုန်တော့ နောက်တန်းက မိသားစု ပုံမှန်ရနေကျ အဲဒီစစ်သားရဲ့ လစာကိုတော့ လုံးဝရပ်ဆိုင်းလိုက်တယ်တဲ့။


ဆိုတော့ အရင့်အရင် ဖတ်ခဲ့မှတ်ခဲ့ကြားခဲ့ဖူးတဲ့ စစ်တပ်တွင်း ယုတ်မာပက်စက်ချက်တွေနဲ့ ဆက်စပ် ကြည့်လိုက်တော့ အဲဒီစစ်သားဟာ တိုက်ပွဲတစ်ခုမှာ အမှန်တကယ်သေဆုံးသွားပြီဖြစ်ပေမဲ့ သူ့တပ်ရင်းထဲက တရားဝင်စာရင်းဇယားထဲမှာတော့ သေစာရင်းမထည့်သေးတဲ့သဘော။

 

စစ်သားလစာကို တပ်ရင်းထဲကျန်ခဲ့တဲ့ သူ့မိသားစုထံလည်း ဗြောင်ကျကျ မပေးတော့တာကြောင့် အဲဒီတပ်ရင်းက တပ်ရင်းမှူးနဲ့တပ်ရေးဗိုလ်ကြီးတို့က ဖြတ်စားလိုက်တဲ့သဘော။ စစ်တပ်တွင်း ရဲဘော်ရဲဘက်စိတ် ဘယ်လောက်ရှိကြလေသလဲ။


အခုလို နိုင်ငံတစ်ဝန်း နေ့စဉ်တိုက်ပွဲဖြစ်နေတဲ့ကာလမှာ တပ်ရင်း၊ တပ်ဖွဲ့တွေ ရှေ့တန်းတစ်ခါထွက်ရင် အနည်းဆုံး ၆ လလောက်ကြာလေ့ရှိတာကြောင့် ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့ တပ်ရင်းပြန်မရောက်မချင်း တရားဝင်သေစာရင်းထဲ ထည့်ဟန်မတူ။ သေစာရင်းမထည့်မချင်း စစ်ကောင်စီက ပေးနေကျလစာက တပ်ရင်းလစာ ငွေစာရင်းထဲ ရောက်ရှိနေမှာက အသေအချာ။


စစ်သားလစာကို တပ်ရင်းထဲကျန်ခဲ့တဲ့ သူ့မိသားစုထံလည်း ဗြောင်ကျကျ မပေးတော့တာကြောင့် အဲဒီတပ်ရင်းက တပ်ရင်းမှူးနဲ့တပ်ရေးဗိုလ်ကြီးတို့က ဖြတ်စားလိုက်တဲ့သဘော။ စစ်တပ်တွင်း ရဲဘော်ရဲဘက်စိတ် ဘယ်လောက်ရှိကြလေသလဲ။ ရှေ့တန်းထွက်ပြီး တိုက်ပွဲမှာသေသွားခဲ့တဲ့ ကိုယ့်လက်အောက်ငယ်သားနဲ့ လင်သေ သားဆုံး ဘဝမှာ ပူဆွေးသောကရောက်နေတဲ့ ကျန်ရစ်သူ မိသားစုအပေါ် တစ်စုံတစ်ရာဖေးမ ဝိုင်းကူကြရမယ့်အစား ပါးစပ်ထဲ ကူးတို့ခကို ဖြဲရဲဆွဲထုတ်ကာ စားရဲကြ၊ စားရက်ကြတဲ့ အဖြစ်က လက်ချင်းချိတ် ကျောချင်း ကပ်ရပ်ကြရတဲ့ စစ်တပ်ထဲမှာ အောင်လံတလူလူလွှင့်လို့။

 

ကိုယ့်လင်ကိုယ့်သားနဲ့ အဆက်အသွယ်ပြတ်နေတာ အမှန်တကယ် ဆက်သွယ်လို့ မရတာကြောင့်လား၊ တိုက်ပွဲမှာ သေသွားတာကို တပ်ရင်းက ပြန်မပြောတာလား။ ဖေ့စ်ဘွတ်ခ်ပေါ် တက်ကြည့်လိုက်ရင် နေ့စဉ်စစ်သားတွေ သေဆုံးဒဏ်ရာရစာရင်းကို တွေ့နေရတယ် မဟုတ်လား။ 


ဆိုတော့ အဲဒီသတင်းကိုဖတ်မိပြီး ကိုယ့်လင်ကိုယ့်သားနဲ့ အဆက်အသွယ်ပြတ်နေတဲ့ စစ်သားမိသားစုတွေ ဘယ်လောက်ထိအောင် တုန်လှုပ်ခြောက်ခြားကြလေမလဲ။ ကိုယ့်လင်ကိုယ့်သားနဲ့ အဆက်အသွယ်ပြတ်နေတာ အမှန်တကယ် ဆက်သွယ်လို့ မရတာကြောင့်လား၊ တိုက်ပွဲမှာ သေသွားတာကို တပ်ရင်းက ပြန်မပြောတာလား။ ဖေ့စ်ဘွတ်ခ်ပေါ် တက်ကြည့်လိုက်ရင် နေ့စဉ်စစ်သားတွေ သေဆုံးဒဏ်ရာရစာရင်းကို တွေ့နေရတယ် မဟုတ်လား။ ပြီးတော့ တပ်ရင်းကနေ ဓာတ်မီးတိုင်တစ်တိုင်လောက် ထွက်လိုက်ရင်ကို ရှေ့တန်းစစ်မြေပြင်ရောက်ပြီလို့ မှတ်ယူနေရ။ ရန်သူဆိုတာ လမ်းမတွေပေါ်မြင်နေရတဲ့ ပြည်သူတွေဆိုတာလည်း သေချာနေပြီ မဟုတ်လား။


People Spring ရဲ့ အဲဒီသတင်းကနေ ဆင့်ပွားထပ်တွေးနိုင်တာတွေလည်း ရှိသေးတယ်။ အဲဒါကတော့ စစ်သားတွေရဲ့ သေစာရင်းနဲ့ သေနတ်ထပ်မကိုင်နိုင်တော့တဲ့ ဒဏ်ရာရစာရင်းကို တရားဝင်စာရင်းမတင်ဘဲ လစာထုတ်စားနေလေတော့ နေပြည်တော် အာဏာရဲ့ ဗဟိုချက်က စစ်ဗိုလ်ချုပ်တွေ စာရင်းဇယား အမှန်သိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။

 

သေစာရင်း၊ ဒဏ်ရာရစာရင်းနဲ့ ထွက်ပြေးစာရင်းကို အထက်သို့မတင်ဘဲ သူတို့ရဲ့လစာနဲ့ ရိက္ခာကို ဖြတ်စားနေတာက စစ်တပ်တွင်း အစဉ်အလာ။


တပ်ရင်းတစ်ရင်းမှာ စစ်သားအင်အားဘယ်လောက်ရှိသလဲဆိုတာ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီး သာ မှန်မှန်ကန်ကန်သိတယ်လို့ တပ်စာရင်းကိုင်တစ်ဦး အရင်က ပြောပြဖူးတာ အမှတ်ရမိတယ်။ တပ်ရင်းတစ်ရင်းမှာ အရာရှိဘယ်နှစ်ဦးရှိသလဲဆိုတာ သိဖို့မခက်ပေမဲ့ စစ်သားဘယ်လောက်ရှိသလဲဆိုတာ အရင့်အရင်ကတည်းက သိဖို့ မလွယ်။ သေစာရင်း၊ ဒဏ်ရာရစာရင်းနဲ့ ထွက်ပြေးစာရင်းကို အထက်သို့မတင်ဘဲ သူတို့ရဲ့လစာနဲ့ ရိက္ခာကို ဖြတ်စားနေတာက စစ်တပ်တွင်း အစဉ်အလာ။


အခုလို နေ့စဉ် သေတာ၊ ထိတာ၊ ထွက်ပြေးတာ ဝီခေါ်နေတဲ့ကာလမှာ စာရင်းတွေ ဘယ်လောက်လိမ်ပြီး ဖြတ်စားလိုက်လေမလဲ။ စစ်သား ၁ ယောက်သေတာ၊ စစ်သား ၁ ယောက် ပျောက်ဆုံးနေတာကို ဘယ်စစ်ဗိုလ်ချုပ်ကမှလည်း အဖက်လုပ်မနေတော့ အလိမ်အညာစာရင်းတွေနဲ့သာ စစ်တပ်မပြိုမချင်း ဆက်စခန်းသွားဖို့ကလွဲ အခြားရှိမည်မထင်။


အကြမ်းဖက်စစ်အုပ်စုက စစ်သားတွေ သေစာရင်းတင် လိမ်နေတာမဟုတ်။ ရှမ်းမြောက်မှာ တာဝန်ထမ်းနေတဲ့ စကခ-၁၂ (အမှတ်၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)ကတပ်မမှူးအောင်ဇော်လင်း သေဆုံးသွားတဲ့ ကိစ္စ မျက်နှာပြောင်ပြောင်နဲ့ စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ဗြောင်လိမ်ခဲ့သေးတယ်။ ကိုးကန့်တပ်မတော် MNDAA က တပ်မမှူးအောင်ဇော်လင်း သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ဇော်မင်းထွန်းက လုံးဝမသေ၊ ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေကြောင်းပါတဲ့။ ဒါနဲ့ MNDAA က အောင်ဇော်လင်းအလောင်းကိုပြန်ပေးလိုကြောင်း ပြောကြားကာ အောင်ဇော်လင်းရဲ့ လက်မောင်တံဆိပ်နဲ့ အဆောင်အယောင်တချို့ကိုပါ ဓာတ်ပုံနဲ့တကွ ထပ်ထုတ်ပြန်ပြလိုက်တော့မှပဲ ဇော်မင်းထွန်းလည်း ဆက်လက်မျက်နှာမပြောင်ရဲဘဲ အသံတိတ်သွားတော့တယ်။

 

ဘာ့ကြောင့် တပ်မမှူးတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသွားတာကို ဇော်မင်းထွန်းလိမ်လည်ရပါသလဲ။ ရှမ်းမြောက်ဒေသမှာ သာမန်စစ်သား၊ စစ်ဗိုလ်မပြောနဲ့။ တပ်မမှူးလို အရာရှိကြီးတွေတောင် သေနေပြီဖြစ်ကြောင်း စစ်တပ်တွင်း သိရှိကာ ကျနေတဲ့စိတ်ဓာတ် ကုန်းကောက်စရာမရှိ ဖြစ်သွားမှာ စိုးတာကြောင့်ပါပဲ။


အောင်ဇော်လင်းရဲ့ ကျန်ရစ်သူ မိသားစုခမျာ ကိုယ့်လင်ကိုယ့်သားသေတာကိုတောင် တော်လှန်ရေးတပ်ဖွဲ့ကပြောပြမှ သိရတဲ့ဘဝ။ ဘာ့ကြောင့် တပ်မမှူးတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသွားတာကို ဇော်မင်းထွန်းလိမ်လည်ရပါသလဲ။ ရှမ်းမြောက်ဒေသမှာ သာမန်စစ်သား၊ စစ်ဗိုလ်မပြောနဲ့။ တပ်မမှူးလို အရာရှိကြီးတွေတောင် သေနေပြီဖြစ်ကြောင်း စစ်တပ်တွင်း သိရှိကာ ကျနေတဲ့စိတ်ဓာတ် ကုန်းကောက်စရာမရှိ ဖြစ်သွားမှာ စိုးတာကြောင့်ပါပဲ။


ပြီးတော့ နေပြည်တော်ကျည်ကာမှန်လုံခန်းထဲက စစ်ဗိုလ်ချုပ်တွေဟာ သာမန်စစ်သားတွေ၊ အရာရှိတွေ မပြောနဲ့၊တပ်မမှူးလိုအရာရှိကြီးတစ်ယောက်ကိုတောင် ကယ်ထုတ်ခြင်းမရှိဘဲ အသေခံခိုင်းနေတာပေါ် လွင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

စစ်တပ်လေယာဉ်တွေဟာ အထိနာနေတဲ့ တိုက်ပွဲတိုင်းနီးပါးဆီ ရောက်ရှိကြပေမဲ့ အဲဒီတိုက်ပွဲတွေထဲက အရာရှိကြီးတစ်ဦးတလေကိုတောင် ကယ်ထုတ်ခဲ့တယ်လို့ မကြားမိ။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အဲဒီလို ငါတို့အာဏာရရှိရေးအတွက် မင်းတို့အသေခံလိုက်ကြဆိုတဲ့ ထုံးကိုသာ ရင့်ရင့်သီးသီး နှလုံးဆက်မူနေကြောင်း ပေါ်လွင်နေပါတယ်။


စစ်သားဆိုတာ နောက်မဆုတ်စတမ်း အသေခံတိုက်ရမှာ ဖြစ်ပေမဲ့ တိုက်လည်းသေတာပဲ အဖတ်တင်မယ်ဆိုတဲ့ တိုက်ပွဲမျိုးကျတော့ ခေါင်းဆောင်ဆိုသူတွေက ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အသက်ကို ကိုယ့်အသက်လို နှမြောတတ်ကာ ကိုယ့်ရဲဘော်ကိုယ် ကယ်ထုတ်နိုင်ဖို့ သို့မဟုတ် ကယ်ထုတ်နိုင်တဲ့လမ်းကြောင်း ညွှန်ပေးရဲ့တဲ့သတ္တိရှိဖို့လည်း လိုအပ်ပါမယ်။ အခု နိုင်ငံတစ်ဝန်းတိုက်နေတဲ့ တိုက်ပွဲတွေကိုကြည့်လိုက်ရင် မြေပြင်တိုက်ပွဲတွေမှာ သူတင်ကိုယ်တင် ယှဉ်နိုင်စွမ်းမရှိလို့ လေကြောင်းပစ်ကူတွေနဲ့ မင်းအောင်လှိုင်တပ် ရုန်းကန်နေရတာ အားလုံးမျက်မြင်ပါပဲ။ စစ်တပ်လေယာဉ်တွေဟာ အထိနာနေတဲ့ တိုက်ပွဲတိုင်းနီးပါးဆီ ရောက်ရှိကြပေမဲ့ အဲဒီတိုက်ပွဲတွေထဲက အရာရှိကြီးတစ်ဦးတလေကိုတောင် ကယ်ထုတ်ခဲ့တယ်လို့ မကြားမိ။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အဲဒီလို ငါတို့အာဏာရရှိရေးအတွက် မင်းတို့အသေခံလိုက်ကြဆိုတဲ့ ထုံးကိုသာ ရင့်ရင့်သီးသီး နှလုံးဆက်မူနေကြောင်း ပေါ်လွင်နေပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ အဲဒီလို အသေခံခိုင်းရုံတင်မက လိမ်လည်လှည့်ဖျားကာ အသေခံခိုင်းတဲ့ဖြစ်ရပ်မျိုးလည်း ရှိနေတယ်တွေ့ရပါသေးတယ်။ အဲဒါကတော့ မြိုင်မြို့နယ်၊တွင်းမပျူစောထီးရွာကနေ ဒီဇင်ဘာ၂၄ ရက်ညပိုင်းက သေနတ်မပါဘဲ ကင်းထွက်လာရင်း PDF တွေ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရဲ ၃ ဦးရဲ့ ထွက်ဆိုချက် ဖြစ်ပါတယ်။


အဲဒီရဲ ၃ ဦးက သရက်မြို့မရဲစခန်းကဖြစ်ပြီး သူတို့အပါအဝင် သရက်မြို့နယ်ရဲစခန်းအသီးသီးက ရဲအ ယောက် ၄၀ လောက်ကို သင်တန်းတက်ရမယ်ဆိုပြီး လိမ်လည်ကာ ပခုက္ကူအခြေစိုက် တပ်မ-၁၀၁ သို့ပို့ဆောင်၊ တပ်မ-၁၀၁ ကနေ မြိုင်မြို့နယ် စစ်တပ်စခန်းတွေဆီ ရိက္ခာပို့တဲ့စစ်ကြောင်းနဲ့ ထည့်လွှတ်လိုက်လို့ တွင်းမပျူရွာ ထဲရောက်ရှိနေခြင်း ဖြစ်ပါတယ်။ မြိုင်နယ်ဆိုတာ မြိုင်မြို့ပေါ်ကျဉ်းကျဉ်းကွက်ကွက်ကလွဲလို့ ကျန်နေရာများစွာကို PDF တွေစိုးမိုးထားတာကြောင့် ရိက္ခာပို့စစ်ကြောင်းနဲ့ထည့်လိုက်တာဟာ ရှေ့တန်းကို လိမ်ထည့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

 

အဲဒီရဲတွေဟာ ရှေ့တန်းကိုလိမ်ပြီး အပို့ခံရသေး။ စစ်သားတွေရဲ့ ခိုင်းဖက်လည်းဖြစ်သေး။ ရဲတွေကို အထုပ်ထမ်းခိုင်း၊ အလောင်းထမ်းခိုင်း၊ စစ်သားတွေရဲ့ စားကြွင်းစားကျန်သာကျွေး။ ကင်းထွက်ခိုင်းရင်တောင် ထွက်ပြေးမှာစိုးလို့ သေနတ်မပေးလေတော့ ကင်းထွက်ရင်းနဲ့ သေချင်လည်းသေကြလို့ အသံမဲ့ မှာလိုက်တာနဲ့ မခြား။ 


အဲဒီရိက္ခာပို့စစ်ကြောင်းကိုလည်း ဒေသခံ PDF တွေက တောက်လျှောက်ဆိုသလို တိုက်နေတာ စစ်သားတွေအလဲလဲအကွဲကွဲခံနေရတာချည်းဆိုတော့ ရဲ ၄၀ စလုံး အသက်အန္တရာယ်ကင်းဖို့တောင် မလွယ်ပါဘူး။ ပြီးတော့ အဲဒီရဲတွေဟာ ရှေ့တန်းကိုလိမ်ပြီး အပို့ခံရသေး။ စစ်သားတွေရဲ့ ခိုင်းဖက်လည်းဖြစ်သေး။ ရဲတွေကို အထုပ်ထမ်းခိုင်း၊ အလောင်းထမ်းခိုင်း၊ စစ်သားတွေရဲ့ စားကြွင်းစားကျန်သာကျွေး။ ကင်းထွက်ခိုင်းရင်တောင် ထွက်ပြေးမှာစိုးလို့ သေနတ်မပေးလေတော့ ကင်းထွက်ရင်းနဲ့ သေချင်လည်းသေကြလို့ အသံမဲ့ မှာလိုက်တာနဲ့ မခြား။ အဲဒီလို အလိမ်ခံ အနှိမ်ခံဘဝနဲ့ ရှေ့တန်းရောက်ပြီး သေသွားတဲ့ ရဲတွေ ဘယ်လောက် တောင်များနေပြီ လဲဆိုတာ မြိုင်ဖြစ်ရပ်က ဆက်လက် အတွေးပွားဖွယ်ရာပါ။


နေပြည်တော်စစ်ဗိုလ်ချုပ်တွေက သူတို့ အာဏာရရှိရေးအတွက် စစ်သားတွေ အသေခံကြဖို့ တောင်းဆိုတယ်။တပ်ရင်းမှူးနဲ့ တပ်ရင်းအဆင့်လုပ်ပိုင်ခွင့်ရှိသူတွေက ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ကြတယ်။ အလိမ်ခံ အနှိမ်ခံ ရဲတွေလည်း ရှေ့တန်းအပို့ခံရ။အဲဒီလို ကြီးနိုင်ငယ်ညှင်း ကိုယ့်အတွက်ကိုယ်ပဲကြည့်ကြတဲ့ စစ်တပ်က တိုက်တိုင်းရှုံးနေတာ အဆန်းတကြယ်ကိစ္စတော့ ဘယ်ဟုတ်ပါ့မလဲ။


စစ်တပ်က ဆက်ရှုံးဖို့ပဲရှိတယ်။အရှုံးပေါ်နေတဲ့စစ်တပ်မှာ ကိုယ့်ဘဝကိုယ် အဆုံးမခံကြဖို့ လိုပါမယ်။
~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။