၁၀၂၇ စစ်ဆင်ရေး စလိုက်ကတည်းက အံ့သြဘနန်း အဖြစ်အပျက် အပြောင်းအလဲတွေကတော့ မြန်မာပြည်သူများ သိကြတဲ့အတိုင်းပါပဲ။ စစ်တပ်ရဲ့ အင်မတန် ခိုင်ခံ့လှပါတယ်ဆိုတဲ့ စခန်းတွေ ဟောတခု ဟောတခု ကျဆုံးစွန့်လွှတ်လိုက်ရတာကလည်း စခန်းပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါးရှိလာပါပြီ။
သေလိုက်ကြတဲ့ စစ်ခွေးတွေကလည်း သောက်သောက်လဲ။ တပ်မမှူးအဆင့်တွေပါ ပါဝင်လာပြီး ဗျူဟာမှူး၊ တပ်ရင်းမှူးဆိုတာတွေက မရေမတွက် နိုင်လောက်အောင် များပြားလာပါပြီ။
စခန်းဆိုရာမှာ ရိုးရိုး စခန်းတွေ သာမက ဗျူဟာကုန်းတွေ တပ်မဌာနချုပ်တွေ မဆုတ်တန်း ခံစစ်စခန်း ဆိုတာတွေပါ ပါဝင်နေတာပါ။ သေလိုက်ကြတဲ့ စစ်ခွေးတွေကလည်း သောက်သောက်လဲ။ တပ်မမှူးအဆင့်တွေပါ ပါဝင်လာပြီး ဗျူဟာမှူး၊ တပ်ရင်းမှူးဆိုတာတွေက မရေမတွက် နိုင်လောက်အောင် များပြားလာပါပြီ။
TNLA က နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုန်၊ နမ္မတူ စတဲ့မြို့တွေကိုပါ သိမ်းပိုက်လိုက်ပြီဆိုတော့ တအောင်းပလောင် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အားလုံးလောက်ကို သိမ်းပိုက်နိုင်လိုက်တာပါ။ ကိုးကန့်ကလည်း လောက်ကိုင်ကို ရလိုက်ရင် ကိုးကန့်နယ်မြေအားလုံး ပြန်ရပြီ ဆိုတဲ့သဘောပါပဲ။
အမှန်ကတော့ နွေဦး တော်လှန်ရေးနဲ့ပါတ်သက်လို့ မသေချာ မရေရာသေးသလို၊ အောင်မြင်မယ်လို့ ပြောဖို့ စောလွန်းသေးသလို၊ စစ်တပ်က ဒီလို အခက်အခဲတွေကို ကျော်လွှားခဲ့တဲ့ အတွေ့အကြုံမျိုးတွေ ရှိထားတယ် ဆိုတာမျိုးတွေက အနောက်နိုင်ငံတွေက စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ တယောက်တလေကပဲ ရေးတာပါ။
ဒီစစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေက နိုင်ငံခြား ဂျာနယ်လစ်များဘက်ကရော၊ စကစ ဘောမတွေ ဘက်ကပါ အသံစုံ ထွက်လာစေတော့တာပါပဲ။ အမှန်ကတော့ နွေဦး တော်လှန်ရေးနဲ့ပါတ်သက်လို့ မသေချာ မရေရာသေးသလို၊ အောင်မြင်မယ်လို့ ပြောဖို့ စောလွန်းသေးသလို၊ စစ်တပ်က ဒီလို အခက်အခဲတွေကို ကျော်လွှားခဲ့တဲ့ အတွေ့အကြုံမျိုးတွေ ရှိထားတယ် ဆိုတာမျိုးတွေက အနောက်နိုင်ငံတွေက စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ တယောက်တလေကပဲ ရေးတာပါ။
ပြည်တွင်း ဘောမ အများစုကတော့ အင်မတန် အဆင့်နိမ့်တဲ့ နည်းတွေ၊ အပြောအဆိုတွေနဲ့ စစ်တပ်ကို ကာကွယ် ပြောဆိုနေကြတာပါ။ ဒေါက်တာ အမည်ခံထားတဲ့သူ တစ်ယောက်ကတော့ ကျန်သူများထက် အနည်းငယ်သာပါတယ်။ သူက စစ်တပ်ကို ကာကွယ်တဲ့အပြင် ရှေ့ကြောင်း နောက်ကြောင်းတွေနဲ့ ထောက်ပြီး ဒီအခြေအနေကို ဘယ်လို ကျော်လွှားလို့ရမလဲ ဆိုတာတောင် အကြံပြုနေသေးတာပါ။
သူပြောတဲ့အထဲမှာ အမှားဆုံးနဲ့ အန္တရာယ်အများဆုံး အချက်ကတော့ မြန်မာ့ လွတ်လပ်ရေးကို တပ်မတော်က ဦးဆောင်ပြီး ရယူခဲ့တယ်ဆိုတာပါပဲ။
အမှန်ကတော့ သူပြောတာတွေ မဖြစ်နိုင်ဘူး၊ ယုတ္တိ မရှိဘူးဆိုတာက တော်လှန်ရေးဘက်က ပြည်သူတွေ အားလုံးက အလွယ်နဲ့ သိမြင်ကြပြီးသား ဖြစ်တဲ့အတွက် ပြန်လှန်ချေပ နေဖို့တောင် မလိုပါဘူး။ ဒါပေမယ့် စစ်တပ်ထဲမှာနဲ့ စကစ လိုလားသူ ထိပ်ပိုင်း အရပ်ဖက်အရာရှိတွေထဲ မှာ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အချက်တွေပါနေလို့ နည်းနည်းတော့ ရှင်းပြပါမယ်။
သူပြောတဲ့အထဲမှာ အမှားဆုံးနဲ့ အန္တရာယ်အများဆုံး အချက်ကတော့ မြန်မာ့ လွတ်လပ်ရေးကို တပ်မတော်က ဦးဆောင်ပြီး ရယူခဲ့တယ်ဆိုတာပါပဲ။ ဒီအချက်က တပ်ထဲကလူ အတော်များများ မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်လည်း ဖြစ်တယ်။
တကယ်တော့ ဒါက သမိုင်းလိမ်ကြီးပါ။ စစ်တပ်ဟာ ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့တယ် ဆိုတာမျိုးလည်း ပြောတာရှိသေးတယ်။ အဲဒါကလည်း အလိမ်အညာပါပဲ။
တပ်မတော်သမိုင်း ဆိုတဲ့စာအုပ်ရဲ့ နိဒါန်းမှာတောင် အဲဒီစာအုပ်ထုတ်ချိန်က စစ်တပ် မော်ကွန်းတိုက်မှူး ဗိုလ်မှူးကြီး ရဲထွတ်က အဲဒီအတိုင်း ရေးထားခဲ့တာပါ။ ဒေါ်စိန်အေးကျောင်းမှာလည်း အဲသလိုပဲ ရိုက်သွင်းခဲ့ပုံ ရပါတယ်။ ဒါကြောင့် တပ်မတော်ဟာ လွတ်လပ်ရေးကို ရယူပေးခဲ့တယ်ဆိုတဲ့ သမိုင်းကို သိတဲ့ တပ်မတော်သားတွေ ရှိတဲ့အတွက် ဒီစစ်တပ်ဟာ မရှုံးနိုင်ဘူးလို့ ဒီဒေါက်တာစုတ်က အင်တာဗျူးမှာ ထည့်ပြောသွားတာပါ။ တကယ်တော့ ဒါက သမိုင်းလိမ်ကြီးပါ။ စစ်တပ်ဟာ ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့တယ် ဆိုတာမျိုးလည်း ပြောတာရှိသေးတယ်။ အဲဒါကလည်း အလိမ်အညာပါပဲ။
တကယ်တော့ ၁၉၄၄ နှစ်လယ်လောက်မှာ ဖက်ဆစ် ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို အားချင်း ဖွဲ့ဖို့ ဆုံးဖြတ် အကောင်အထည် ဖော်ခဲ့ကြတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်က နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အကြောင်းကတော့ အဲဒီအချိန်မှာ အင်္ဂလိပ်က မြစ်ကြီးနားကို သိမ်းပိုက်လိုက်ပြီး တစ်ကမ္ဘာလုံးမှာ မဟာမိတ်တပ်တွေ အသာစီး ရလာတဲ့အချိန် ဂျပန်စစ်ရှုံးဖို့ ဖြစ်လာတဲ့အချိန်နဲ့ စစ်ပြီးချိန်မှာ နိုင်ငံရေးအရ အရေးဆိုနိုင်ဖို့ ခိုင်မာတဲ့ အဖွဲ့တစ်ခုလိုအပ်တဲ့အတွက် အလျင်အမြန် ဖွဲ့စည်းလိုက်ရတာပါ။ မတ်လထဲမှာ ဂျပန်ကို တော်လှန်ဖို့ လုပ်ခဲ့ရတဲ့ အချိန်က အင်္ဂလိပ်တပ်တွေ မိထ္ထီလာကို သိမ်းပြီးနေပါပြီ။
အဲဒီအချိန်မှာ သခင်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်က ဂျပန်မှာပဲ ရှိပါသေးတယ်။ နိုင်ငံရေးအမြင် ရင့်သန်လှတဲ့ သခင်အောင်ဆန်းက ဗမာပြည် ပြန်ရောက်တာနဲ့ ဒီအမြင်ကို လက်ခံခဲ့တာဖြစ်တယ်။
မဟာမိတ်နဲ့ ပေါင်းပြီး ဖက်ဆစ်ဂျပန်ကို တိုက်ရမယ်ဆိုတဲ့ နိုင်ငံရေးစစ်တမ်းတွေကို သခင်စိုးက ၁၉၄၂ ခုနှစ် အစောပိုင်းကတည်းက ရေးသားဖြန့်ချိပြီး လူစုနေခဲ့တာပါ။ အဲဒီအချိန်မှာ သခင်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်က ဂျပန်မှာပဲ ရှိပါသေးတယ်။ နိုင်ငံရေးအမြင် ရင့်သန်လှတဲ့ သခင်အောင်ဆန်းက ဗမာပြည် ပြန်ရောက်တာနဲ့ ဒီအမြင်ကို လက်ခံခဲ့တာဖြစ်တယ်။
ဒါကြောင့် ဂျပန်ကို ခုခံတွန်းလှန်ဖို့ တပ်ပေါင်းစု ဖွဲ့ရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်မတော်ရယ်၊ ကွန်မြူနစ်တွေရယ်နဲ့ သခင်မြ ဦးဆောင်တဲ့ ပြည်သူ့အရေးတော်ပုံ ပါတီ က အင်အားတွေ အချိုးကျ ပါဝင်ဖွဲ့စည်းခဲ့တာပါ။ စစ်တိုင်းတွေ ဖွဲ့ရာမှာ နိုင်ငံရေးမှူးတွေ အားလုံးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ချည်းပါပဲ။
နောက်ပိုင်း တပ်ကို မောင်ပိုင်စီးသွားကြတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ဟာ အဲဒီအချိန်က ဒုတိယတန်း အဆင့်မှာပဲ ရှိပါသေးတယ်။ ကြီးမားတဲ့ နိုင်ငံရေး၊ စစ်ရေး အဆုံးအဖြတ်တွေနဲ့ အတော်ဝေးဝေး နေရာမှာ ရှိခဲ့ကြသူတွေပါ။
ဂျပန်တော်လှန်ရေးရဲ့ ထိပ်ဆုံးခေါင်းဆောင် သုံးယောက်က သခင်စိုး၊ သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ဖြစ်ပါတယ်။ နောက်ပိုင်း တပ်ကို မောင်ပိုင်စီးသွားကြတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ဟာ အဲဒီအချိန်က ဒုတိယတန်း အဆင့်မှာပဲ ရှိပါသေးတယ်။ ကြီးမားတဲ့ နိုင်ငံရေး၊ စစ်ရေး အဆုံးအဖြတ်တွေနဲ့ အတော်ဝေးဝေး နေရာမှာ ရှိခဲ့ကြသူတွေပါ။
တကယ်တော့ ဂျပန်ကို တိုက်ခဲ့ကြတာဟာ နိုင်ငံရေး အင်အားစု ပေါင်းစုံနဲ့ ပြည်သူတစ်ရပ်လုံး ဖြစ်ပါတယ်။ ဗမာစစ်သမိုင်းမှာ ထည်မပြောခဲ့ကြတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ အဲဒါက အင်္ဂလိပ် စစ်တပ်နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ ကချင်ရိမ်းဂျား စစ်သည်တွေ အကြောင်းပါ။
သူတို့ဟာ ၁၉၄၄ ခုနှစ်အတွင်း ၃ လလောက် အသည်းအသန် တိုက်ခဲ့ရတဲ့ မြစ်ကြီးနား တိုက်ပွဲမှာ အဓိက နေရာက ပါဝင်ခဲ့ကြသူတွေပါ။ သူတို့ဟာ မိထ္ထီလာတိုက်ပွဲအထိ ပါဝင်ခဲ့ကြပြီးမှ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ်ပြန် သွားကြတာပါ။ ရှမ်းပြည်နယ်မှာလည်း လာရှိုး မြို့သိမ်းတိုက်ပွဲကနေ တောင်ပိုင်း လွိုင်လင်တိုက်ပွဲအထိ ပါဝင်ခဲ့ကြပါတယ်။ အဲဒီတုန်းက မှတ်တမ်းတွေအရ ကချင် (ချင်းဒစ်)တပ်နဲ့ (ရိမ်းဂျား)တပ်က စစ်သည် စုစုပေါင်း ၁၂၀၀၀ လောက် ပါဝင်ခဲ့ကြတာပါ။
ဒီအကြောင်းတွေကို တပ်မတော်သမိုင်း၊ ဖက်ဆစ် ဆန့်ကျင်ရေး သမိုင်းတွေမှာ စစ်တပ်က ယောင်လို့တောင် ထည့်မပြောခဲ့ပါဘူး။ ဂျပန်တော်လှန်ရေးဟာ မတ်လ ၂၇ ရက်နေ့မှာ စတင်တာပါ။ အဲဒီမတ်လ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့ ရန်ကုန်ကို အင်္ဂလိပ်တပ်တွေ ဝင်နိုင်တဲ့အထိ စုစုပေါင်းအချိန် တလစွန်းစွန်းပဲ ကြာပါတယ်။
စစ်ပြီးချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတပ်က ထွက်ပြီး သခင်အောင်ဆန်း အဖြစ်နဲ့ ဖဆပလ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပါတယ်။ အဲဒီနောက်ပိုင်း ဗမာ့နိုင်ငံရေးကို ခေါင်းဆောင်သူတွေဟာ နာမည်ကြီး အရပ်သား နိုင်ငံရေးသမားများသာ ဖြစ်ကြပါတယ်။
အဲဒီအချိန်က ဗမာ ဖက်ဆစ် ဆန့်ကျင်ရေး အင်အားစုတွေဟာ ပြောက်ကျားစစ်ပဲ တိုက်ခဲ့ကြတာပါ။ မေလ ၁ ရက်နေ့ နောက်ပိုင်းကနေ ဂျပန် လက်နက်ချခဲ့တဲ့ သြဂုတ်လ ၈ ရက်အထိ စစ်တောင်းမြစ်ဝှမ်းကနေ ကရင်နယ်ထဲအထိ လိုက်တိုက်ခဲ့ရတာက ဗိုလ်ချုပ်ကျော်ဇော ခေါင်းဆောင်တဲ့ တိုင်း(၄) တပ်တွေပါပဲ။
အခုတပ်မတော်ရဲ့ ဒုတိယ ဖခင်ကြီးတို့၊ မောင်မောင်တို့၊ အောင်ကြီးတို့ မပါခဲ့ပါဘူး။ နောက် စစ်ပြီးချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတပ်က ထွက်ပြီး သခင်အောင်ဆန်း အဖြစ်နဲ့ ဖဆပလ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပါတယ်။ အဲဒီနောက်ပိုင်း ဗမာ့နိုင်ငံရေးကို ခေါင်းဆောင်သူတွေဟာ နာမည်ကြီး အရပ်သား နိုင်ငံရေးသမားများသာ ဖြစ်ကြပါတယ်။
၁၉၄၅ ကနေ ၁၉၄၈ အထိ ကာလအတွင်း သူတို့ရဲ့ နိုင်ငံရေး အမြော်အမြင်နဲ့ နှလုံးရည် တိုက်ပွဲတွေကြောင့်သာ လွတ်လပ်ရေးကို သွေးမြေမကျ မပေးဆပ်ရဘဲ ရယူနိုင်ခဲ့တာပါ။ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ် ၊ လကျ်ာ-ဖရီးမင်းစာချုပ် ၊ မြ-ခရွန်ဘီစာချုပ်တွေနဲ့ လွတ်လပ်ရေး ရခဲ့တာပါ။ စစ်တပ်ကို မောင်ပိုင်စီးခဲ့သူတွေရဲ့ နာမည်နဲ့ စာချုပ် တစ်ခုတစ်လေ တောင် မရှိခဲ့ပါဘူး။ ခုလို ရှည်ရှည်ဝေးဝေး ရှင်းပြနေရပေမယ့် ပြည်သူတွေက ဒီအကြောင်းအရာတွေကို သိသင့်သလောက်တော့ သိပြီးသားပါ။
ဒေါက်တာ အမည်ခံထားတဲ့ စကစဘောမဆိုသူ ပြောတဲ့အထဲမှာ မှန်တာ တစ်ခုတော့ ရှိတယ်။ အဲဒါက ဗိုလ်သန်းရွှေ လက်ထက်မှာ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုပြီး လုပ်ခဲ့လို့ စစ်တပ်ဟာ ပြည်သူနဲ့ ဝေးကွာ ခဲ့ရတယ်ဆိုတာပါပဲ
အခုဟာက တပ်မတော် ဦးဆောင်မှုနဲ့ တိုင်းပြည် လွတ်လပ်ရေး ရယူခဲ့တယ်ဆိုတဲ့ လိမ်ဆင်ကြီးကို အဟုတ်မှတ် မှိုင်းမိပြီး ယုံနေကြတဲ့၊ စစ်တပ်ထဲမှာ ရှိတဲ့ ခုချိန်ထိ ရိုးသားသေးတယ်လို့ ယူဆရသူ အနည်းငယ်အတွက် ရေးပြနေရတာ ဖြစ်ပါတယ်။
ဒေါက်တာ အမည်ခံထားတဲ့ စကစဘောမဆိုသူ ပြောတဲ့အထဲမှာ မှန်တာ တစ်ခုတော့ ရှိတယ်။ အဲဒါက ဗိုလ်သန်းရွှေ လက်ထက်မှာ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုပြီး လုပ်ခဲ့လို့ စစ်တပ်ဟာ ပြည်သူနဲ့ ဝေးကွာ ခဲ့ရတယ်ဆိုတာပါပဲ။ ဒါပေမယ့် သူ ပြောတာ မပြည့်စုံပါဘူး။
တကယ်တော့ ဗိုလ်သန်းရွှေက တပ်ရင်း ၃၀၀ လောက်ရှိတဲ့ တပ်ကို ၅၀၀ လောက်အထိ ခွဲထုတ် ပစ်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူက ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ အဆင့်ကို ခံယူလို့ ရသွားတယ်။ နောက်ပြီး မြို့နယ်တိုင်းမှာ တပ်ရင်းဌာနချုပ်တွေ ထားနိုင်ပြီး မြို့ငယ်လေးတွေအထိ စစ်စခန်းတွေ တည်ဆောက်လို့ ရသွားစေတာ ဖြစ်တယ်။ ဒီအစီအစဥ်ကို လုပ်ရတဲ့အကြောင်းက ရှစ်လေးလုံး အရေးတော်ပုံကို တန်ပြန်တာပါ။
ရှစ်လေးလုံးကာလ တစ်နိုင်ငံလုံး အုံကြွလာချိန်မှာ သူ့တပ်က ဒါကို နှိမ်နင်းဖို့ နေရာအနှံ့မှာ ရှိမနေပါဘူး။ တပ်တွေကို ခွဲဖြန့်ပစ်လိုက်တော့ သူလည်း ဗိုလ်ချုပ်မှူးကြီး ဖြစ်၊ လူထု အုံကြွမှုတွေကိုလည်း ပိုက်စိတ်တိုက် နှိမ်နင်းလို့ ရ ဆိုတာမျိုး ဖြစ်သွားတော့တာပါ။ ဒါပေမယ့် တပ်ရင်းတရင်းမှာ ရှိရမယ့် လူအင်အားကတော့ တဝက်လောက် လျော့ကျ သွားရပါတယ်။
၂၀၀၈ အခြေခံ ဥပဒေ အပါအဝင် အားလုံးဟာ စစ်တပ်က တိုင်းပြည်ကို ရာသက်ပန် အုပ်စိုးရေး အတွက်ပဲ ဖြစ်ပါတယ်။ ဒအရင်အစိုးရ လက်ထက် အင်တာဗျူးတစ်ခုမှာ ဒေါက်တာဆိုတဲ့သူက “စစ်တပ်ဟာ နောက်အနှစ် ၅၀ လောက်အထိ အုပ်စိုးထားတာမျိုးလည်း ဖြစ်နိုင်တယ်”လို့တောင် ပြောခဲ့ဖူးတာပါ။
ဒါကြောင့် အခု စကစတပ်တွေ ရှေ့တန်းထွက်ရင် လူအင်အား ၇၀ ကျော်ပဲ ပါတော့တာပေါ့။ ပြောရရင် ဗိုလ်သန်းရွှေခေတ် တလျှောက်လုံး လုပ်ဆောင်ချက်တွေ အားလုံးလောက်ဟာ ရှစ်လေးလုံးလို အုံကြွမှု ဖြစ်လာရင် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေ အပါအဝင် အားလုံးဟာ စစ်တပ်က တိုင်းပြည်ကို ရာသက်ပန် အုပ်စိုးရေး အတွက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်အစိုးရ လက်ထက် အင်တာဗျူးတစ်ခုမှာ ဒေါက်တာဆိုတဲ့သူက “စစ်တပ်ဟာ နောက်အနှစ် ၅၀ လောက်အထိ အုပ်စိုးထားတာမျိုးလည်း ဖြစ်နိုင်တယ်”လို့တောင် ပြောခဲ့ဖူးတာပါ။
စစ်ရေးနဲ့ ပါတ်သက်ရင်တော့ စစ်တပ်မှာ အင်အားက ထုထည်နဲ့ ရှိပြီးသားပါ။ နေရာတွေ ခွဲဖြန့်ထားလို့ ထုကို မတည်ဆောက်နိုင်တာလို့ သူက ပြောပါတယ်။ ဒါကလည်း စစ်ရေး၊ နိုင်ငံရေး အထူအပါး နားမလည်တဲ့ သူတစ်ယောက်ရဲ့ ပြောနည်းမျိုးပါပဲ။ စစ်တပ်အင်အား ဘယ်လောက် ရှိတယ်ဆိုတာ တပ်ချုပ် လုပ်တဲ့သူတောင် သေသေချာချာ မသိနိုင်တော့ သူကလည်း ထုနဲ့ထည်နဲ့ ရှိနေသေးတယ်လို့ ထင်နေတာပေါ့လေ။
တပ်တချို့ကို ဆွဲထုတ်လိုက်တာနဲ့ အဲဒီနေရာကို အနီးအနားက တော်လှန်ရေးတပ်တွေက ဝင်သိမ်းတာ ခံရမှာ ဖြစ်လို့ တပ်စိတ် တစိတ်လောက်တောင် ဆွဲမထုတ်ရဲပါဘူး။ ဒါ့ကြောင့်ပဲ အခုအချိန်မှာ တပ်ပြေးတွေ၊ ပြစ်ဒဏ်ကျ စစ်သားတွေကို ထောင်တွေထဲက ဆွဲထုတ်ပြီး ပြန်သုံးနေရတာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ချောင်ကလောင်တွေအထိ ချုပ်ကိုင်ထားဖို့ လုပ်ထားတဲ့ စစ်တပ်ဟာ တစ်နိုင်ငံလုံး ချောင်ကလောင်တွေထဲမှာအထိ ဆန့်ကျင် တိုက်ခိုက်ခံနေရတယ်ဆိုတာ သူတွေးမိပုံ မရဘူး။ ကယားနဲ့ စစ်ကိုင်း၊ မကွေးကို တိုက်ဖို့ ရှမ်းမြောက်က တပ်ရင်း ၃၀ လောက် ထုတ်လိုက်လို့ ညီနောင် မဟာမိတ်တွေ တိုက်ရလွယ်သွားတာလည်း သိပုံမရပါဘူး။ သူ မသိပေမယ့် သူ့အဘတွေက သိပါတယ်။ တပ်တချို့ကို ဆွဲထုတ်လိုက်တာနဲ့ အဲဒီနေရာကို အနီးအနားက တော်လှန်ရေးတပ်တွေက ဝင်သိမ်းတာ ခံရမှာ ဖြစ်လို့ တပ်စိတ် တစိတ်လောက်တောင် ဆွဲမထုတ်ရဲပါဘူး။ ဒါ့ကြောင့်ပဲ အခုအချိန်မှာ တပ်ပြေးတွေ၊ ပြစ်ဒဏ်ကျ စစ်သားတွေကို ထောင်တွေထဲက ဆွဲထုတ်ပြီး ပြန်သုံးနေရတာ ဖြစ်ပါတယ်။
အမှန်တော့ သူ့အဘတွေတောင် ဒီအခြေအနေက ရုန်းထွက်ဖို့ မတတ်နိုင်တာ သူ့လို့ နဝေတိမ်တောင် ဦးနှောက်နဲ့ စဉ်းစားသမျှ ဟာတွေကလည်း အလွဲတွေပဲ ဖြစ်နေမှာပါ။ စစ်တပ်ကသူတွေ သိသိကြီးနဲ့ ဘယ်တော့မှ ထည့်မတွက်တဲ့အရာက ပြည်သူလူထုဆိုတဲ့ ဘက်ကြီးတဘက်ပါ။
သူပြောတာ အချက် နှစ်ချက်ပဲ၊ တစ်ခုက စခန်းတွေမှာ လူ မရှိတာ၊ တပ်အင်အား ရှိသင့်တာထက် အဆမတန် လျော့နေတာ၊ ထပ်ပီးတော့လည်း မဖြည့်နိုင်တာ၊ နောက်တစ်ချက်က လူထုဆီက ဘာသတင်းမှ မရတာ၊ အရင်က သူတို့ တပ်တွေကို လူထုက ချစ်တယ်။ သတင်းလေး ဘာလေးရတယ်ပေါ့။
ပြည်သူလူထုဆိုတာ အကြောက်တရားနဲ့ ဖိထားရင် ရတယ်လို့ပဲ တလျောက်လုံး သူတို့ ယူဆလာခဲ့ကြတာပါ။ ခုအချိန်မှာ လူထုက အကြောက်တရားကို လွန်ဆန်နိုင်လာပြီ ဖြစ်တာကြောင့် သူတို့ အတွက် ဆေး မမီတော့ပါဘူး။ အရှင်းဆုံး အခြေအနေ တစ်ခုကို ဟိုတနေ့က မွန်ပြည်နယ် အစပ်က ချောင်းနှစ်ခွ တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ဗိုလ်တစ်ယောက် ပြောတဲ့ အင်တာဗျူးမှာ တွေ့နိုင်ပါတယ်။
သူပြောတာ အချက် နှစ်ချက်ပဲ၊ တစ်ခုက စခန်းတွေမှာ လူ မရှိတာ၊ တပ်အင်အား ရှိသင့်တာထက် အဆမတန် လျော့နေတာ၊ ထပ်ပီးတော့လည်း မဖြည့်နိုင်တာ၊ နောက်တစ်ချက်က လူထုဆီက ဘာသတင်းမှ မရတာ၊ အရင်က သူတို့ တပ်တွေကို လူထုက ချစ်တယ်။ သတင်းလေး ဘာလေးရတယ်ပေါ့။
အခုတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူလူထုရဲ့ မုန်းတီးမှုကို သူတို့ ခံနေရပြီ။ လူထုဆီက ဘာသတင်းမှကို မရတော့တာပါ။ ကဲ ဒီနှစ်ချက်နဲ့တင် သူတို့ ရှုံးဖို့ လုံလောက်သွားပါပြီ။ အင်အားလည်း မရှိ၊ ဘာသတင်းမှလည်း မရတဲ့ စစ်တပ်ဟာ ဘယ်လိုများ ပြည်သူတစ်ရပ်လုံးကို ရင်ဆိုင် တိုက်ခိုက်နိုင်မလဲ။ နိုင်ငံတကာ စစ်ရေး အကဲခတ်ဆိုသူများ မမြင်တာ ကျော်လွှား သွားကြတာ ဒီအချက်တွေ ပါပဲ၊ မလွှဲသာတဲ့ အကြောင်းကြောင်းတွေကြောင့် တပ်ထဲမှာ ဆက်ရှိနေရသော်လည်း ဒီအခြေအနေတွေကို နားလည်မယ်လို့ ယူဆရသူ အနည်းငယ်လောက်တော့ လက်ရှိတပ်ထဲမှာ ရှိကောင်း ရှိနိုင်ပါတယ်၊ သူတို့တွေ အချိန်မီ အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူ့ဘက်တော်သားတွေအဖြစ် ကူးပြောင်း နိုင်ကြပါစေ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။