Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တော်လှန်ရေးအမူအရာ (OPINION)

ရှေ့မှာ တော်လှန်ရေးအမြင်နဲ့ပတ်သက်ပြီး ရေးထားတာ ရှိနှင့်ပါတယ်။ ဆက်စပ်ပြီးသိချင်သူများ ဖတ်ကြည့်လို့ရပါတယ်။ အခုက တော်လှန်ရေးအမူအရာလို့ ပြောပြော၊ တော်လှန်ရေးစွမ်းဆောင်မှုလို့ပဲ ဆိုဆို စပ်ဆိုင်တာလေးတွေကို ပြောချင်ပါတယ်။


အာဏာသိမ်းဖက်ဆစ်အုပ်စုဟာ အခုအခါမှာ တစ်သက်လုံးဖုံးခဲ့သမျှ ဘူးပေါ်သလိုပေါလော ကြီးပေါ်နေတဲ့အဖြစ်နဲ့ ဒက်ထိရင်ဆိုင်နေရတဲ့အဖြစ်ပါ။ ဆရာကြီးပီမိုးနင်း ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ရဲ့ အမည်ဖြစ်တဲ့ "တစ်သက်လုံးဖုံးသမျှ ကုန်း‌တော့မှပေါ်" လို့ ပြောရင်လည်း ရပါတယ်။ သူလုပ်တတ်တာက သူ့ကို လက်နက်ကိုင်ကာတော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ရနိုင်သမျှ သပ်လျှို​သွေးခွဲပြီး အားနည်းအောင်လုပ်တာပါပဲ။ တစ်ဖက်က အားနည်းနေမှ သူ့ကို အားကြီးတယ်လို့ အထင်ရောက်စေကြမှာ မဟုတ်ပါလား။

 

အရေးတော်ပုံမှာပါခဲ့တဲ့ ကျောင်းသား လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်ဖို့ KNU ဆီကို အများစုရောက်ခဲ့တယ်။ ဒီတော့ စစ်အာဏာရှင်အုပ်စုက KNU ကို ဖိတိုက်ခဲ့တယ်။ KNU ရဲ့ မဲသဝေါကျခဲ့တယ်။ 


ရှစ်လေးလုံးအရေးတော်ပုံပြီးစ မဝေးသေးတဲ့ အတိတ်ကာလတုန်းကလည်း ကချင်နဲ့ ရှမ်းပြည်တစ်ခွင်ကို ငြိမ်းချမ်းရေးယူထားပြီး KNU ကို ဖြိုခွဲခဲ့တယ်။ အရေးတော်ပုံမှာ ပါခဲ့တဲ့ ကျောင်းသား လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်ဖို့ KNU ဆီကို အများစုရောက်ခဲ့တယ်။ ဒီတော့ စစ်အာဏာရှင်အုပ်စုက KNU ကို ဖိတိုက်ခဲ့တယ်။ KNU ရဲ့ မဲသဝေါကျခဲ့တယ်။ နောက်မကြာခင် မှာ ၁၉၉၄ ခုနှစ်မှာ KNU ကနေ DKBA ခွဲထွက်သွားခဲ့တယ်။ DKBA ခွဲထွက်အောင် စစ်ထောက်လှမ်းရေးရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ခေါတောဘုန်းကြီးလို့ ခေါ်တဲ့ မြိုင်ကြီးငူဆရာတော်နဲ့ သပ်လျှိုနိုင်ခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ KNU ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလော ကျသွားခဲ့တယ်။ ခွဲထွက် DKBA ရဲ့ အားသာမပါရင် မာနယ်ပလောကို စစ်တပ်က မရနိုင်ကြောင်းကို ထိုစဉ်က တာ၀န်ထမ်းဆောင်ခဲ့သူတွေရဲ့ ပြောကြားချက် သမိုင်းသက်သေတွေ ရှိပါတယ်။ ဒါက ဥပမာအနေနဲ့ ပုံဆောင်ပြတာ ဖြစ်ပါတယ်။


တကယ်တမ်းက စစ်အုပ်စုဟာ အာဏာကို မက်လို့သာ သိမ်းခဲ့တာဖြစ်ပေမဲ့ လက်နက်ကိုင်တိုက်နိုင်တဲ့ စွမ်းဆောင်ရည်က မရှိပါဘူး။ ဗိုလ်ချုပ်တွေပဲ ချေးပေါသေးပေါ ပေါနေတာပါ။ သူတို့ တတ်တာက စစ်စွမ်းရည်မဟုတ်ပါဘူး။ သူတို့ကိုယ်ကျိုးအတ္တစီးပွားပဲ ရှာတတ်ကြတာပါ။ စစ်ဆင်ရေးတစ်ခါဘူးမျှမကြုံဖူးတဲ့ ဗိုလ်ချုပ်တွေက တပ်မမှူးတို့ ဗျူဟာမှူးတို့ ဖြစ်နေကြတာပါ။ ဒါကြောင့်မို့ ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်တဲ့ ရှမ်းမြောက်ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ သိုသိပ်ကျစ်လျစ်စွာ ဖော်ဆောင်နိုင်မှုအောက်မှာ ပြားပြားမှောက်ရတော့တာ ဖြစ်တယ်။ ဒီအချက်ပေးလိုက်တဲ့ ၁၀၂၇ ခေါင်းလောင်းသံဟာ စစ်အာဏာရှင်ဖက်ဆစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တစ်ပြည်လုံးက တိုင်းရင်းသားအဖွဲ့တွေကော၊ နွေဦးတော်လှန်ရေးအဖွဲ့တွေကောကို လှန့်နှိုးလိုက်ပါတယ်။

 

လက်နက်ကိုင်မှ ဖြစ်တော့မယ်လို့ ယုံကြည်ခဲ့ကြပြီး လက်လုပ်တူမီးလေးတွေနဲ့ စတင်ခဲ့တဲ့ ချင်း၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်မှာ မြင်သာထင်သာတဲ့ အောင်မြင်မှုတွေ ရရှိလာပါတယ်။ ဒါဟာ ပြည်နယ်တွေမှာ ရှိတဲ့ ဒေသခံ တိုင်းရင်းသားအဖွဲ့တွေရဲ့ အတွေ့အကြုံအားကြောင့် ဖြစ်လာတာပါ။ ဒီနမူနာကောင်းကို ဗမာအများစုနေထိုင်ကြရာ တိုင်းဒေသကြီးအများစုရာ ပြည်မက ဥပမာယူကိုင်စွဲအသုံးပြုကြရမှာ ဖြစ်ပါ တယ်။

 

စစ်ဆင်​ရေးဟာ ​ပြောင်းပြန်ဖြစ်သွားပြီလို့​တောင် ဆိုနိုင်ပါတယ်။ ဒါကို လက်တွေ့ကျတဲ့ တစ်တိုင်းပြည်လုံးကို ခေါင်းလောင်းထိုးလိုက်တဲ့ စစ်ဆင်ရေးဖြစ်တယ်ဆိုတာကိုတော့ လက်ခံပြီးသ​ဘော​ပေါက်ကြရမှာ ဖြစ်ပါတယ်။


၁၀၂၇ စစ်ဆင်ရေးစလိုက်ခြင်းဟာ NUG MoD ရဲ့ စိတ်ကူးဖော်ဆောင်လိုမှုနဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။ စစ်ဆင်​ရေးဟာ ​ပြောင်းပြန်ဖြစ်သွားပြီလို့​တောင် ဆိုနိုင်ပါတယ်။ ဒါကို လက်တွေ့ကျတဲ့ တစ်တိုင်းပြည်လုံးကို ခေါင်းလောင်းထိုးလိုက်တဲ့ စစ်ဆင်ရေးဖြစ်တယ်ဆိုတာကိုတော့ လက်ခံပြီးသ​ဘော​ပေါက်ကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗမာတိုင်းရင်း သားအများစုနေထိုင်ရာ ပြည်မကို အဓိကခြေကုတ်ယူထားတဲ့ ဖက်ဆစ်တပ်ရဲ့ တည်ဆောက်ထားမှုကိုလည်း တွေ့လိုက်ကြမယ်လို့ ထင်ပါတယ်။ မြန်မာပြည်မြေပုံကို ပြန်လှန်ကြည့်လိုက်ရင် တိုင်းရင်းသား ပြည်နယ်တွေ ဝိုင်းရံထားတဲ့ ပြည်မလို့ ခေါ်ဝေါ်ကြတဲ့ ရကောက်ပုံသဏ္ဌာန်ထဲက အတွင်းသားစုစုလေးကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီပြည်မမှာ နေထိုင်ရှင်သန်ကြတဲ့ ပြည်သူတွေကော၊ တော်လှန်ရေးလုပ်နေ ကြသူတွေပါ အားလုံး စဉ်းစားထားကြရမယ့်ကိစ္စ ဖြစ်ပါတယ်။


ERO တွေဖြစ်တဲ့ KIA, AA, MNDAA, TNLA အပါအဝင် ကရင်နီ၊ ကရင်၊ မွန်တွေက သူတို့ပိုင် နယ်မြေထဲကနေ ဖက်ဆစ်တပ်ကို အပြီးတိုင်မောင်းထုတ်ပြီးသွားရင် ဖြစ်လာမယ့် ပုံကို မြင်ယောင်ကြည့်ကြစေချင်ပါတယ်။ ဖက်ဒရယ်အိပ်မက်ဟာ လူမျိုးကို အခြေခံလို့မရပါဘူး။ ဒေသကိုပဲ အခြေခံရမှာ ဖြစ်ပါတယ်။ ဒေသတိုင်းမှာ တိုင်းရင်းသားလူမျိုးစုံ ရှိပါတယ်။ ဒါကြောင့်မို့ ဒေသအသီးသီးဟာ လူနည်းစုအခွင့်အရေးတွေကို ယခုကတည်းက လေးစားလိုက်နာအပ်တယ်လို့ ဆိုချင်ပါတယ်။ NUG စီမံမှုအောက်က ပသုံးလုံးတွေ (ပအဖ၊ ပလဖ၊ ပကဖ)နဲ့ ဒေသခံ LPDF တွေရဲ့ ပွတ်တိုက်မှုပြဿနာတွေရှိနေလို့ ပြောရတာဖြစ်ပါတယ်။ အပြန်အလှန် စွပ်စွဲပုတ်ခတ်သံတွေ ကျယ်လောင်လာမှုဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အသက်နဲ့ဒုက္ခမျိုးစုံကို အရင်းတည်ထားရတဲ့ ပြည်သူလူထုအတွက် အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်။

 

 သွားနေတဲ့ တော်လှန်ရေးက ပြည်သူ့ခေတ်ပြောင်းတော်လှန်ရေးပါ။ နေရာဒေသ အသီးသီးက တော်လှန်ရေးနယ်မြေတွေကနေ လူထုထောက်ခံတဲ့ လူငယ်ခေါင်းဆောင်သစ်တွေရှိနေကြပါတယ်။ သူတို့တွေကို အလေးဂရုမပြုဘဲ အပေါ်ကနေ ပုံစံခွက်နဲ့ ချပေးလိုက်ရုံနဲ့ အော်တိုအံကျ ဖြစ်စေသတည်းလုပ်လို့ မရပါဘူး။ နွေဦးတော်လှန်ရေးက လူတစ်ဦးချင်းစီတိုင်းရဲ့ အစ္ဇျတ္တတွေကိုပါ ပြောင်းလဲ​ပေးရမယ့် တော်လှန်ရေးဖြစ်တာကို မမေ့အပ်ပါဘူး။


တော်တည့်မှန်ကန်တဲ့ တော်လှန်ရေးအမူအရာကောင်းဖြစ်ဖို့ အတ္တအစွဲတွေကို ချွတ်ကြစေချင်ပါတယ်။ အထူးသဖြင့်ကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ လျှော့ချထားသင့်ပါတယ်။ စစ်အာဏာရှင်ကို ခေတ်အဆက်ဆက်တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးရေစီးဟာ အဆက်အစပ်ရှိတယ်ဆိုပေမဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်က "အသစ်" ဖြစ်ပါတယ်။ နဂိုက ရှိနှင့်ထားတဲ့၊ လူမျိုးဘာသာ ဓလေ့ ထုံးတမ်းတွေကအစ ပယ်သင့်ပယ်ထိုက်တာတွေကို ပြောင်းပြန်လှန်ကာ အသစ် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အထက်ကနေ အောက်ကို ဖိအားပေးပုံစံသွင်းချင်တဲ့ ကိစ္စမျိုးတွေကို သတိထားဆောင်ရွက်သင့်လှပါတယ်။ သွားနေတဲ့ တော်လှန်ရေးက ပြည်သူ့ခေတ်ပြောင်းတော်လှန်ရေးပါ။ နေရာဒေသ အသီးသီးက တော်လှန်ရေးနယ်မြေတွေကနေ လူထုထောက်ခံတဲ့ လူငယ်ခေါင်းဆောင်သစ်တွေရှိနေကြပါတယ်။ သူတို့တွေကို အလေးဂရုမပြုဘဲ အပေါ်ကနေ ပုံစံခွက်နဲ့ ချပေးလိုက်ရုံနဲ့ အော်တိုအံကျ ဖြစ်စေသတည်းလုပ်လို့ မရပါဘူး။ နွေဦးတော်လှန်ရေးက လူတစ်ဦးချင်းစီတိုင်းရဲ့ အစ္ဇျတ္တတွေကိုပါ ပြောင်းလဲ​ပေးရမယ့် တော်လှန်ရေးဖြစ်တာကို မမေ့အပ်ပါဘူး။


ဗမာပြည်မှာ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံရေးအပြောင်းအရွေ့တွေတိုင်းရဲ့ ကျဆုံးခန်းကိုဖြစ်စေခဲ့တာဟာ "နိုင်ငံရေးဆိုတာ အကျိုးစီးပွားကိစ္စ" လို့ ပါတီနိုင်ငံရေးအစွဲအလမ်းတွေနဲ့ လွဲမှားစွာပြောဆိုကြလို့ပါ။ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေအဖို့တော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ ပါတီတစ်ခုခုအာဏာရရေး နိုင်ငံရေးလမ်းကို မနှစ်သက်တဲ့ တိုင်းပြည်ကောင်းစားစေလိုစိတ်အရင်းခံစိတ်နဲ့ တော်လှန်ရေးသမားတွေကတော့ နိုင်ငံရေးဆိုတာကို တိုင်းပြည်ကောင်းစားရေးလို့ပဲ မှတ်ယူကြပါတယ်။ ဒီလိုကောင်းမွန်တဲ့ စိတ်သန္တာန်တွေကို အမည်းစက် မစွန်းပေသင့်တာကလည်း တော်လှန်ရေးအမူအရာကောင်းတစ်ခုဖြစ်ပါကြောင်း အကြံပြု​ရေးသားလိုက်ရပါတယ်။
~~~~

နွေဦးစင်ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။