၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက် ထွက်ပေါ်ခဲ့စဉ်ကအာဆီယံ နည်းနည်းဖြစ် ရှေ့တစ်လှမ်းတိုးလာနိုင်မလားလို့ မျှော်လင့်ခဲ့ကြဖူးတယ်။
၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဌဟာ မြန်မာအရေး မြန်မာပြည်သူတွေဘက်က မာမာထန်ထန် ရပ်တည်ပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်ကလည်း မူ ၅ ရပ်ဖော်ဆောင်ရေး စစ်အုပ်စုကို အချိန်ကန့်သတ် ဖိအားပေးမယ်ဆိုတော့ မျှော်လင့်ချင်စရာပါပဲ။
အဲဒီဆုံးဖြတ်ချက်တွေထဲ ထူးခြားချက်အနေနဲ့ အာဆီယံမူ ၅ ရပ်ဟာ အချိန်အကန့်အသတ်ပြဌာန်း ဖော်ဆောင် မယ်လို့ဆိုထားပြီး အချိန်ကန့်သတ်မှုဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ၂၀၂၃ ခုနှစ်ကျရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲအတည်ပြုကြမယ်လို့လည်း ဆိုတယ်။
၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဌဟာ မြန်မာအရေး မြန်မာပြည်သူတွေဘက်က မာမာထန်ထန် ရပ်တည်ပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်ကလည်း မူ ၅ ရပ်ဖော်ဆောင်ရေး စစ်အုပ်စုကို အချိန်ကန့်သတ် ဖိအားပေးမယ်ဆိုတော့ မျှော်လင့်ချင်စရာပါပဲ။
၂၀၂၃ ခုနှစ်မှာ အာဆီယံကလည်း စစ်အုပ်စုအပေါ် ရှေ့တစ်လှမ်းတိုးဖိအားတွေ ပေးလာနိုင်။ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ငိုက်မြည်းနေတဲ့ လုံခြုံရေးကောင်စီ စလှမ်းလိုက်ပြီဖြစ်တဲ့ ခြေလှမ်းမို့ ၂၀၂၃ မှာ နောက်ထပ်လှမ်းလာနိုင်ခြေ ခြေလှမ်းများ။
ပြီးတော့ ဒီဇင်ဘာ ၂၁ ရက်၊ မြန်မာ့အရေးလုံခြုံရေးကောင်စီအစည်းအဝေးမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ အာဆီယံမူ ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် - ၂၆၆၉ ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြန်တော့ အားတက်ကြရပြန်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ Burma Act လို့ခေါ်တဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရေးအစီအမံတွေပါဝင်တဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းတဲ့ ဥပဒေကြမ်း (National Defense Authorization Act -NDAA)ကို သမ္မတဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ထိုးလိုက်ပြန်တော့ ၂၀၂၃ ခု နှစ်အတွက် ကျနော်တို့ မျှော်လင့်ချက်ကြီး ရပြန်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အာဆီယံကလည်း စစ်အုပ်စုအပေါ် ရှေ့တစ်လှမ်းတိုးဖိအားတွေ ပေးလာနိုင်။ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ငိုက်မြည်းနေတဲ့ လုံခြုံရေးကောင်စီ စလှမ်းလိုက်ပြီဖြစ်တဲ့ ခြေလှမ်းမို့ ၂၀၂၃ မှာ နောက်ထပ်လှမ်းလာနိုင်ခြေ ခြေလှမ်းများ။ ပြီးတော့ အမေရိကန်ရဲ့ အထောက်အပံ့နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ဖိအား။ ကျနော်တို့ အပေါ်လေမိကာ စိတ်ကူးယဉ်ခဲ့ကြတယ်။
အင်ဒိုနီးရှားက မြန်မာ့အရေး အသံတိတ်ဒီပလိုမေစီလို့ဆိုကာ ကြောင်တစ်ကောင်ရဲ့ ခြေလှမ်းမျိုးနဲ့ မြန်မာ့အရေး ဘက်အသီးသီးနဲ့ တွေ့ဆုံခဲ့တာ အကြိမ်ရေ ဘယ်နည်းလိမ့်မလဲ။
တကယ့်တကယ် ၂၀၂၃ ခုနှစ်ကို ရောက်ရှိတဲ့အခါမှာတော့ အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက် အာဆီယံမူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ရေးဆိုတာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ အပြင်ဘက်ကို တစ်စွန်းတစ်စတောင် ထွက်မလာတာ အခု ၂၀၂၃ ခုနှစ် နှစ်ကုန်တဲ့အထိပါပဲ။
အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး အားထည့် အလုပ်လုပ်ခဲ့တာ သေချာပါတယ်။ အင်ဒိုနီးရှားက မြန်မာ့အရေး အသံတိတ်ဒီပလိုမေစီလို့ဆိုကာ ကြောင်တစ်ကောင်ရဲ့ ခြေလှမ်းမျိုးနဲ့ မြန်မာ့အရေး ဘက်အသီးသီးနဲ့ တွေ့ဆုံခဲ့တာ အကြိမ်ရေ ဘယ်နည်းလိမ့်မလဲ။ ဒါပေမဲ့၊ အားလုံးမြင်ကြတဲ့အတိုင်း တွေ့ဆုံမှုတွေက ဘာအလုပ်မှမဖြစ်။ ဘာ့ကြောင့်အလုပ်မဖြစ်ရတာလဲဆိုတော့ အကြမ်းဖက်စစ်အုပ်စုက အာဆီံမူ ၅ ရပ်ကို လက်နှီးစုတ်ပမာ သဘောထားတာကြောင့်ပါပဲ။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ့အရေး အာဆီယံစွမ်းဆောင်နိုင်ခဲ့တာဆိုလို့ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ချိန်မှာ မြန်မာ့အရေးကို တစ်ကိုယ်တော်ဆန္ဒအတိုင်း သွားလို့မရအောင် ကန့်သတ်လိုက်နိုင်တာပဲဖြစ်ပါတယ်။
အဲဒီအတွက် အာဆီယံက ဘာတတ်နိုင်သလဲဆိုတော့ ဘာဆိုဘာမှ မတတ်နိုင်။ အာဆီယံအနေနဲ့ စစ်အုပ်စုခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားတာကလွဲလို့ ထပ်တိုးဖိအားပေးနိုင်ခြင်းမရှိ။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ့အရေး အာဆီယံစွမ်းဆောင်နိုင်ခဲ့တာဆိုလို့ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ချိန်မှာ မြန်မာ့အရေးကို တစ်ကိုယ်တော်ဆန္ဒအတိုင်း သွားလို့မရအောင် ကန့်သတ်လိုက်နိုင်တာပဲဖြစ်ပါတယ်။ မြန်မာ့အရေး ပြီးခဲ့တဲ့အလှည့်ကျဥက္ကဌ၊ လက်ရှိဥက္ကဌနဲ့ လာမယ့်ဥက္ကဌ စုပေါင်းကိုင် တွယ်မှုစနစ်။ ဒါကို နောက်တစ်နည်းပြောရရင် မြန်မာ့အရေးကို လက်ရှိရောက်နေတဲ့ နေရာကနေ နောက်ပြန်မဆုတ်သွားအောင် ဘရိတ်အုပ်ထားနိုင်ခြင်းပါပဲ။
အကြမ်းဖက်စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချခြင်းသည် ကုလသမဂ္ဂရဲ့ အပြင်းထန်ဆုံးတုံ့ပြန်မှုနဲ့ မြန်မာပြည်သူတွေအပေါ် ကြီးကျယ်ခမ်းနားသော စာနာမှု ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အာဆီယံဟာ မြန်မာ့အရေး ရှေ့လည်းမတိုးနိုင်သလို နောက်လည်းဆုတ်မသွားဘဲ ငူငူကြီး ရပ်နေကာ ၂၀၂၄ ခုနှစ်မှာလည်း ပြီးဆုံးသွားပြီဖြစ်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ကျစ်ကျစ်ပါ ဆုပ်လျက် ငူငူကြီး ဆက်ရပ်နိုင်ပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကရော ဘယ်လိုတွေ ရွေ့ခဲ့ပါသလဲ။ အကြမ်းဖက်စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချခြင်းသည် ကုလသမဂ္ဂရဲ့ အပြင်းထန်ဆုံးတုံ့ပြန်မှုနဲ့ မြန်မာပြည်သူတွေအပေါ် ကြီးကျယ်ခမ်းနားသော စာနာမှု ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က ကန့်ကွက်သူမရှိ ချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုးမရှိ၊ မလိုက်နာလည်း အရေးယူမှာမဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် စစ်အုပ်စုအပေါ် သံတမန်ရေးဖိအား တိုးသွားစေတာကလွဲ ဘာမှဖြစ်မလာပါဘူး။ ၂၀၂၄ ခုနှစ်အတွင်း လုံခြုံရေးကောင်စီ လမ်းကြောင်းကနေ စစ်အုပ်စုအပေါ် ထိရောက်တဲ့အရေးယူမှုမျိုးဖြစ်လာဖို့ဆိုတာ စိတ်ကူးယဉ်မိရင်ကို ရူးနေတယ်လို့ အထင်ခံရနိုင်ပါတယ်။ ဒါကြောင့် ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် စစ်အုပ်စုမပြုတ်မချင်း ဆက်လက်ခန့် အပ်ခဲ့ရင်ကိုပဲ မြန်မာပြည်သူတွေ ကျေးဇူးတင်ရပါမယ်။
သူတို့ရဲ့ ပိတ်ဆို့မှုတွေက စစ်အုပ်စုအတွက် တဖြည်းဖြည်း လည်မျိုအစ်လာပြီလို့ ထင်ရသလို ရှေ့ဆက်ပြီးလည်း နိုင်ငံခြားဝင်ငွေမရှိခြင်း ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ မြန်မာ့အရေး စွမ်းဆောင်နိုင်စွမ်းကတော့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်အုပ်စုအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ စိုက်လိုက်မတ်တပ်လုပ်နေတာ တွေ့ရပါတယ်။ သူတို့ရဲ့ ပိတ်ဆို့မှုတွေက စစ်အုပ်စုအတွက် တဖြည်းဖြည်း လည်မျိုအစ်လာပြီလို့ ထင်ရသလို ရှေ့ဆက်ပြီးလည်း နိုင်ငံခြားဝင်ငွေမရှိခြင်း ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း စီးပွားရေးပိတ်ဆို့ခြင်းကိုသာ ဆက်လက်အား ပြုဆောင်ရွက်ဖွယ်ရှိပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ့အရေးဟာ ဟိုလိုလိုဒီလိုလိုနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်ကာ ဖြည်းဖြည်း ချင်း အီလည်လည်ရွေ့နေရာကနေ အောက်တိုဘာ၂၇ ရက်၊ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်ချိန်မှာ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးက နွေဦးတော်လှန်ရေးကို မထင်မှတ်ဘဲ ဂငယ်ကွေ့ ကွေ့ချလိုက်ပါတယ်။
နိုင်ငံတစ်ဝန်းက စစ်ဆင်ရေးတွေကလည်း စစ်အုပ်စုရဲ့ မေးရိုးကို တခွပ်ခွပ်မြည်အောင် ထိုးခွဲနေသလို အာဏာရှင်မေးရိုး ဘယ်လောက်ထိမာနိုင်မှာလဲလို့ မေးခွန်းထုတ်သံတွေလည်း တက်တက်ကြွကြွ ထွက်ပေါ်နေပါတယ်။
အရင်က စစ်တပ် စခန်းကုန်းတစ်ခုကို သိမ်းနိုင်ခဲ့ရင်တောင် သိမ်းပြီး မီးရှို့ ပြန်ဆုတ်ဆိုတာ သီအိုရီတစ်ရပ်လို ဖြစ်နေရာကနေ ၁၀၂၇ စစ်ဆင်ရေးက စခန်းတွေတစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန်နဲ့ အပိုင်သိမ်းလိုက်နိုင်တာဟာ ဒီမိုကရေစီ ပြည်သူတွေအပေါ် အရေးပါတဲ့ စိတ်ခွန်အားတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကနေတစ်ဆင့် ဆက်လက်ချွန်းဖွင့်လာတဲ့ နိုင်ငံတစ်ဝန်းက စစ်ဆင်ရေးတွေကလည်း စစ်အုပ်စုရဲ့ မေးရိုးကို တခွပ်ခွပ်မြည်အောင် ထိုးခွဲနေသလို အာဏာရှင်မေးရိုး ဘယ်လောက်ထိမာနိုင်မှာလဲလို့ မေးခွန်းထုတ်သံတွေလည်း တက်တက်ကြွကြွ ထွက်ပေါ်နေပါတယ်။
အခုဆိုရင် မြို့ပေါင်း ၂၀ ကျော်နဲ့ စစ်တပ်စခန်းပေါင်း ၃၀၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး ဘယ်သူမှ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ရပ်ဆီသို့ ရောက်ရှိလာတာ နိုင်ငံရေးသုခမိန်တွေလည်း လက်ခံထားရပြီ ဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ လျော့ကျသွားခြင်း မရှိသေးသလို ဒီဇင်ဘာ ၂၆ ရက်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ဆိုးအောက်ဆိုတဲ့အသံ လူမှုကွန်ရက်ပေါ် ဆူညံခဲ့ပါသေးတယ်။
ဒီနေ့အချိန်ထိ ပြည်သူတွေသွေးနေတဲ့ မြန်မာ့အရေး စစ်ဆင်ရေးတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက မသိချင်ယောင်ဆောင်နေကြဆဲဖြစ်ပြီး တရုတ်ကတော့ စစ်အုပ်စုအထိုင်ဘက်ကနေ ထင်သာမြင်သာ ရပ်တည်ပြလာ တာတွေ့နေရပြီဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကစပြီး တလူလူလွှင့်လာတဲ့ စစ်ဆင်ရေးတွေဟာ ဘယ်နိုင်ငံတကာအကူအညီမှ မပါဘဲ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်ပြည်သူတွေရဲ့ ထမ်းရွက်မှုအားတွေနဲ့ ရွပ်ရွပ်ချွံခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ပြည်သူတွေသွေးနေတဲ့ မြန်မာ့အရေး စစ်ဆင်ရေးတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက မသိချင်ယောင်ဆောင်နေကြဆဲဖြစ်ပြီး တရုတ်ကတော့ စစ်အုပ်စုအထိုင်ဘက်ကနေ ထင်သာမြင်သာ ရပ်တည်ပြလာ တာတွေ့နေရပြီဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထိရောက်တဲ့အကူအညီမရတဲ့အတွက် ရွေးစရာ မရှိတဲ့ မြန်မာပြည်သူတွေက ၂၀၂၄ ခုနှစ်မှာလည်း ဒီစစ်ကိုသာ နိုင်အောင်တိုက်ဖို့ပဲ ရှိပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဆက်လက်မျှော်လင့်စရာက လက်တွေ့ကျတဲ့ ကိုယ့်အားကိုယ့်ကိုးစိတ်နဲ့ ဆက်လက်ဆင်နွှဲကြမယ့် စစ်ဆင်ရေး အောင်လံတွေပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဒီစစ်မီးကိုသာ ပြည်သူတွေဆက်လှုံကြရဦးမှာဖြစ်လို့ ပြည်သူတွေ ဆက်ပင်ပန်းကြဦးမှာ သေချာပါတယ်။ ဒီစစ်မီးလျှံကိုသာ ဖိဖိစီးစီး ဆက်လက်တောက်လောင်နိုင်မယ်ဆိုရင် ၂၀၂၄ ခုနှစ်မှာပဲ ပြည်သူတွေ ပင်ပန်းရကျိုးနပ်လာနိုင်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။