မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာ အခြေစိုက်စစ်တပ်ကို ဒရုန်းနဲ့ (၂)ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ စစ်သား (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ (၂၆)ရက်နဲ့ (၂၇)ရက်တို့မှာ မင်းရွာအခြေစိုက် စစ်တပ်ကို ဗုံးအလုံး (၂၀)ကြဲချခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရ စစ်သားတွေလည်း များကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်ကနေ သတင်းရရှိတယ်လို့ စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်း-MSPDF က သတင်းထုတ်ပြန်ပါတယ်။
“မင်းရွာဆိုတာ ပျူရွာပါ။ အဲမှာ စစ်သားတွေက ဘုန်းကြီးကျောင်းမှာ စခန်းချထားတာ။ ဗုံးချတာက ဘုန်းကြီးကျောင်းထဲရော သူတို့ကင်းစခန်း ၂နေရာရောပဲ” လို့ ရေစကြိုပလဖ ရဲဘော်တစ်ဦးက ပြောပါတယ်။
မင်းရွာမှာ စစ်သား၊ရဲနဲ့ ပျူစောထီး စုစုပေါင်း (၅၀)ကျော် ရှိကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF/MSDF၊Anyar Federal Task Force(A F T F)၊ Super Fighter Pdf (ရေစကြို)၊ ရေစကြိုမြိုနယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ (ပလဖ)၊ Independence Army –IA၊ ညောင်ဦးခရိုင်၊ တပ်ရင်း (၅)၊ တပ်ခွဲ-၂ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်းနဲ့ Chauk PDF တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။