Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိဌိတံ အသေတတ်ဖို့ (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..။ အခုတော့ မင်းက မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံပေးဖို့ တရုတ်ကို ခယတိုးလျှိုးနေရပြီ မဟုတ်လား။ အဲဒီအချက်က မင်းရှုံးနိမ့်နေပြီဆိုတာ ဖွင့်ဟလိုက်သလိုပါပဲ။ အဲဒီမှာ ဘူမသိ၊ ကိုးမသိ မင်းရဲ့ဘောမတသိုက်ကတော့ အောက်ကျို့ပြီးတွေ့ဆုံရမလားဆိုပြီး ဒေါပွနေကြလေရဲ့။ ဘာပဲဖြစ်ဖြစ်တို့အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးခြင်းကို မူအရ လက်ခံထားပြီးသားပါ။ ဒါပေမဲ့ စစ်ဆင်ရေးအရှိန်မြင့်မားနေတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့သာ တွေ့ဆုံဆွေးနွေးတာကတော့ ဘဝင်မကျဘူးပေါ့ကွာ။ တော်လှန်ရေးဖြစ်စဥ်က နိုင်ငံနဲ့အဝှမ်း ဖြစ်နေတာမဟုတ်လား။ ဒီတော့ တွေ့ဆုံဆွေးနွေးပွဲက အပစ်အခတ်ရပ်စဲရေးလောက်သာ ဆောင်ကျဥ်းနိုင်ပေလိမ့်မယ်။

 

တိုင်းရင်းသားဒေသတွေက ပြည်မနဲ့နှိုင်းစာရင် စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ရက်စက်ယုတ်မာမှုတွေကို နှစ်ရှည်လများ ခံစားနေရတာပါကွာ။ အဲဒီမှာ ဗမာတိုင်းရင်းသားတွေလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်ရေးကြီးထဲကို အားမာန်အပြည့်ပါဝင်လာတဲ့အခါ မုချမသွေအောင်မြင်မယ်ဆိုတာလည်း ခန့်မှန်းတွက်ချက်ပြီးသားပါ။ 


အဲဒီမှာ ပြည်သူတွေကလည်း အခိုက်အတန့်အားဖြင့်တော့ တော်လှန်ရေးအရှိန်အဟုန်လျော့နည်းသွားလေမလားလို့ စိတ်ပူပန်မှုဖြစ်ကြတာပေါ့။ ပြောရသေးတယ်။ တိုင်းရင်းသားဒေသတွေက ပြည်မနဲ့နှိုင်းစာရင် စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ရက်စက်ယုတ်မာမှုတွေကို နှစ်ရှည်လများ ခံစားနေရတာပါကွာ။ အဲဒီမှာ ဗမာတိုင်းရင်းသားတွေလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်ရေးကြီးထဲကို အားမာန်အပြည့်ပါဝင်လာတဲ့အခါ မုချမသွေအောင်မြင်မယ်ဆိုတာလည်း ခန့်မှန်းတွက်ချက်ပြီးသားပါ။ စိတ်ချ။ သပ်လျှိုသွေးခွဲရုံနဲ့တော့ တိုင်းရင်းသားအားလုံးရဲ့ ပြည်ထောင်စုစိတ်ဓာတ်က ယိုင်လဲမသွားပါဘူးလို့။ ရပ်တန့်မသွားပါဘူး လို့။


အေး၊ တွေ့ဆုံပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ MNDAAရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မရှိသလောက်ဖြစ်သွားတာတော့ အမှန်ပဲ။ ဝေဖန်အပြစ်တင်တာတွေ တရားလက်လွတ်မဖြစ်ပါစေနဲ့။ ထောင်ချောက်ထဲ တန်းဝင်မိသလို ဖြစ်သွားလိမ့်မယ်။ အကြောင်းတရားတွေ ရှိနေပါလိမ့်မယ်။ လကုန်၊ နှစ်ကုန်လောက်ထိ စောင့်ကြည့်ဖို့ လိုပါတယ်။ စိတ်ရှည်တည်ငြိမ်ကြဖို့ပါ။

 

လေကြောင်းပစ်ကူဆိုတာ အဖျက်စွမ်းအားသာ ထောက်ကူနိုင်တာပါ။ ခြေလျင်ထိုးစစ်မရှိတော့ စခန်းကို ပြန်လည်မသိမ်းပိုက်နိုင်ပါဘူး။ ငွေကုန်ရုံသာ ရှိတာပေါ့။ မင်းတို့စစ်အာဏာရှင်တွေလည်း သိကြပါတယ်။ ဒါပေမဲ့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘောပေါ့။ စိတ်ဓာတ်တွေ အင်မတန်ယုတ်ညံ့ပါဘိ။


ဒီအတောအတွင်းမှာ မူဆယ်မြို့အနီးက ၁၀၅ မိုင်စခန်းကုန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီမှာ MNDAAအလံကို လွှင့်ထူလိုက်ကြတယ်။ စိတ်ဝင်စားဖွယ်ရာပါ။ ညီနောင်သုံးဖွဲ့ လက်တွဲမပျက် အတူတကွ ရှိနေကြတယ်ဆိုတဲ့သဘောပ။ သိကြတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းကတော့ လေကြောင်းပစ်ကူကို အဆမတန် သုံးစွဲလာတယ်။ လေကြောင်းပစ်ကူဆိုတာ အဖျက်စွမ်းအားသာ ထောက်ကူနိုင်တာပါ။ ခြေလျင်ထိုးစစ်မရှိတော့ စခန်းကို ပြန်လည်မသိမ်းပိုက်နိုင်ပါဘူး။ ငွေကုန်ရုံသာ ရှိတာပေါ့။ မင်းတို့စစ်အာဏာရှင်တွေလည်း သိကြပါတယ်။ ဒါပေမဲ့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘောပေါ့။ စိတ်ဓာတ်တွေ အင်မတန်ယုတ်ညံ့ပါဘိ။


နမ့်ဆမ်ကတော့ ဗျူဟာကုန်းကိုထိန်းချုပ်နိုင်ရုံမက မြို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီလို့ဆိုတယ်။ လက်နက်ခဲယမ်းတွေလည်း မနည်းမနောကြီး ရရှိလိုက်ကြတယ်။ အလှူကြီးပေးနေသလားလို့တောင် ထင်မှတ်ဖွယ်ရာပါ။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သူ့အရိုးနဲ့သူ အထိုးခံရတော့မယ့်ကိန်း။ အဲဒီတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တစ်ကောင်ကိုလည်း အရှင်လတ်လတ်ဖမ်းမိလိုက်ကြသတဲ့။ သူတို့ဘက်ကတော့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြောတာပေါ့ကွာ။ မကြာခင် ဓာတ်ပုံတွေနဲ့ ကိုယ်ထင်ပြလာလိမ့်မယ်လို့ ယူဆရတာပါပဲ။

 

ရခိုင်ဘက်မှာလည်း ကုလားတန်စီမံကိန်းကို ထိန်းချုပ်ထားတဲ့ ထရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ မြစ်ဝဗျူဟာကုန်းတို့ကို ရရှိလိုက်ကြပြီ။ ပလက်ဝဗျူဟာကုန်းကို ထိန်းချုပ်နိုင်ရင်တော့ အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းကို တော်လှန်ရေးအဖွဲ့တွေက အလုံးစုံထိန်းချုပ်နိုင်တော့မယ်။


စစ်ကိုင်းတိုင်းထဲမှာလည်း မော်လူးမြို့ကို ရရှိလိုက်ပြန်ပြီ။ ဆက်သွယ်ရေးလမ်းကြောင်းကျတဲ့ ခမ်းပက်ကို ပြန်လည်ရရှိဖို့ကြိုးစားရာမှာတော့ အသက်တွေသာ ပေးဆပ်လိုက်ရတဲ့အဖြစ်နဲ့သာ ကြုံတွေ့ခဲ့ရတယ်ဆိုပဲ။ လေကြောင်းပစ်ကူလည်း မထိရောက်တော့။


ဟော ချင်းပြည်နယ်ကတော့ အနာဂတ်အရေးတွေတောင် ပန္နက်ချနေကြပြီ။ အနာဂတ်အလားအလာတွေလည်း ထင်သာမြင်သာ မြင်တွေ့နေရပြီကိုး။ ရခိုင်ဘက်မှာလည်း ကုလားတန်စီမံကိန်းကို ထိန်းချုပ်ထားတဲ့ ထရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ မြစ်ဝဗျူဟာကုန်းတို့ကို ရရှိလိုက်ကြပြီ။ ပလက်ဝဗျူဟာကုန်းကို ထိန်းချုပ်နိုင်ရင်တော့ အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းကို တော်လှန်ရေးအဖွဲ့တွေက အလုံးစုံထိန်းချုပ်နိုင်တော့မယ်။ ချင်းပြည်နယ်က ရိဒ်မြို့၊ စစ်ကိုင်းတိုင်းက ခမ်းပက်မြို့တို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီမဟုတ်လား။ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့ကလည်း တရုတ်နိုင်ငံနဲ့ စီးပွားကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်လိုက်ပြီလေ။

 

 

တော်လှန်ရေးအဖွဲ့တွေက အကြမ်းဖက်အဖွဲ့အစည်းကို စစ်ရေးဗျူဟာပါမက စီးပွားရေးဗျူဟာကိုပါ တပြိုင်နက် ရိုက်ချိုးဖြိုလှဲလိုက်ကြတဲ့သဘောပါ။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ရှမ်းမြောက်၊ ရခိုင်မြောက်ပိုင်းတို့ကို ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့။ 


တစ်ခါ ကရင်ပြည်နယ်ဘက်မှာလည်း အာရှလမ်းမကြီးကို ထိန်းချုပ်ထားလိုက်ပြီ။ တော်လှန်ရေးအဖွဲ့တွေက အကြမ်းဖက်အဖွဲ့အစည်းကို စစ်ရေးဗျူဟာပါမက စီးပွားရေးဗျူဟာကိုပါ တပြိုင်နက် ရိုက်ချိုးဖြိုလှဲလိုက်ကြတဲ့သဘောပါ။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ရှမ်းမြောက်၊ ရခိုင်မြောက်ပိုင်းတို့ကို ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့။ မကြာခင်ကပဲ မုန်းမြို့ကို လက်လွှတ်လိုက်ရပြီ။ ရန်ကုန်မန္တလေး လမ်းဟောင်းပေါ်က ညောင်ပင်သာရဲစခန်း ချေမှုန်းခံလိုက်ရပြန်တယ်။ တကယ်ကို အကြမ်းဖက်အဖွဲ့အစည်းအတွက် အရူးမီးဝိုင်းခံရတဲ့အနေအထား ရောက်နေပါပြီ။

 

ပြောချင်တာကတော့ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ သတ္တိရှိရင်ပေါ့လေ။ မြောက်ပိုင်းညီတောင်သုံးဖွဲ့နဲ့တင်မက ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်တော်လှန်ရေးအဖွဲ့တွေရယ်၊ မင်းတို့က ပြောင်းပြန် အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားတဲ့ CRPH, NUG နဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းတို့က PDF တွေအပါအဝင် အားလုံးကို နိုင်ငံတကာသက်သေတည်ပြီး အလံဖြူထောင် ဆွေးနွေးသင့်ပြီပေါ့ကွာ။ မင်းအနေနဲ့တော့ အလံဖြူမထောင်လည်း သေမိန့်ပါပဲ။ အလံဖြူထောင်လည်း ကြိုးမိန့်ပါပဲ။ မင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အသက်နဲ့ရင်း ပေးဆပ်ရမှာပါပဲ။

 

မင်းက ဘာမဆိုလုပ်ရဲတဲ့ကောင်လို့ ကြုံးဝါးထားတော့ သတ္တိရှိရှိ အလံဖြူထောင်လိုက်စမ်းပါ။ အေး ကျုပ်က ယုတ်မာတဲ့နေရာမှာသာ အကုန်လုပ်ရဲတာဗျ။ မှားကြောင်းဝန်ခံရာမှာတော့ မဝံ့ရဲဘူးးဆိုလည်း မင်းရဲ့အကြောင်းတရားပါပဲ။


ဒါပေမဲ့ သိက္ခာရှိရှိပေးဆပ်ခြင်းနဲ့ သိက္ခာမရှိပေးဆပ်ခြင်းဆိုတာတော့ ကွာခြားတာပေါ့ကွာ။ တာဝန်ရှိလို့ တာဝန်သိမှုအပြည့်နဲ့ အသက်ပေးဆပ်သွားတယ်ဆိုတော့ သမိုင်းကြောင်းလေး သနပ်ခါးလိမ်းကျံထားသလို ဖြစ်သွားတာပေါ့ကွာ။ မင်းက ဘာမဆိုလုပ်ရဲတဲ့ကောင်လို့ ကြုံးဝါးထားတော့ သတ္တိရှိရှိ အလံဖြူထောင်လိုက်စမ်းပါ။ အေး ကျုပ်က ယုတ်မာတဲ့နေရာမှာသာ အကုန်လုပ်ရဲတာဗျ။ မှားကြောင်းဝန်ခံရာမှာတော့ မဝံ့ရဲဘူးးဆိုလည်း မင်းရဲ့အကြောင်းတရားပါပဲ။


တကယ်တော့ နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာရတာ၊ တို့ပြည်သူတွေအနေနဲ့ ဘဝတွေ၊ အသက်တွေပေးရပြီး အတိဒုက္ခရောက်ကြရတာ၊ လူငယ်တွေ အနာဂတ်ပျောက်ကုန်ကြတာ၊ စီးပွားရေးပျက်၊ တပ်မတော်ပါ ပျက်ရတာ၊ မင်းရဲ့ အဆင်အခြင်မဲ့ အမြော်အမြင်မဲ့ အာဏာသိမ်းခဲ့လို့ ဖြစ်ပေါ်လာရတာကွ။ အဓိကတာဝန်အရှိဆုံးက မင်းပဲ။

 

ဆန္ဒဖော်ထုတ်ကြတဲ့သူတွေကတော့ ၁၀၀ လောက်သတ်ပြလိုက်ရင် ငြိမ်သက်သွားကြမှာပါ။ တောခိုသွားကြရင်လည်း ၁၉၈၈ တုန်းကလို ပျောက်ကွယ်သွားကြလိမ့်မယ်။


ကချင်နဲ့ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့ကို တရုတ်ကြီးက ထိန်းသိမ်းပေးထားပါလို့ ပြောဆိုမယ်။ ထိုက်တန်တဲ့ပေးဆပ်မှုလည်း ပေးဆပ်မယ်ပေါ့။ ကရင်ကိုတော့ NCA နဲ့ မက်လုံးပေးထားလိုက်မယ်။ ဆန္ဒဖော်ထုတ်ကြတဲ့သူတွေကတော့ ၁၀၀ လောက်သတ်ပြလိုက်ရင် ငြိမ်သက်သွားကြမှာပါ။ တောခိုသွားကြရင်လည်း ၁၉၈၈ တုန်းကလို ပျောက်ကွယ်သွားကြလိမ့်မယ်။ ချင်း၊ ကရင်နီနဲ့ တိုင်းဒေသတွေက ထည့်သွင်းလို့တောင် စဥ်းစားစရာမလိုခဲ့ဘူး။ အာဏာမသိမ်းရင် ၂၀၂၁-၂၀၂၅ ခု လွှတ်တော်သက်တမ်းမှာ မင်းက ကာကွယ်ရေးဦးစီးချုပ်နေရာကနေ အနားယူရမယ်။ အာဏာသိမ်းပြီး နိုင်ငံတည်ငြိမ်တာနဲ့ ရွေးကောက်ပွဲလုပ်ရင် သမ္မတဖြစ်လာနိုင်သေးတယ်။


ဒါနဲ့ အထောက်အထားပြသနိုင်ခြင်းမရှိဘဲ မဲမသမာမှုတွေရှိလို့ဆိုပြီး မင်းကိုယ်ကျိုးချင့်တွက်ပြီး အာဏာသိမ်းလိုက်တာမဟုတ်လား။ တကယ်တော့ မင်းရဲ့ အမြော်အမြင်နည်းပါးမှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုတွေပါပဲ။ ခုတော့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ မင်းရဲ့စကားတွေဟာ သဲထဲရေသွန်တာကမှ အရာထင်ကျန်ရစ်ခဲ့ဦးမယ်။ ရေပေါ်အရုပ်ရေးသလို ဖြစ်သွားပြီမဟုတ်လား။ သုံးနှစ်နီးပါးကြာလာသည့်တိုင် နိုင်ငံကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်ဖို့ နေနေသာသာ မင်းရဲ့အကြမ်းဖက်အဖွဲ့အစည်း ပြိုလဲမသွားအောင် ရပ်တည်နိုင်ဖို့ကိုတောင်မှ မစွမ်းသာတော့ဘူး မဟုတ်ပါလား။

 

မင်းတို့ရက်စက်ယုတ်မာလေ တို့ပြည်သူတွေက ဒူးမထောက်ကြတဲ့အပြင် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးစိတ်ဓာတ်တွေ ပိုမိုခိုင်မြဲလာကြလေပါကွာ။ 


ဒါပေမဲ့ မင်းတို့က ငြိမ်းမယ့်မီး တစ်ချက်ထတောက်ဆိုတာလို တိုက်ပွဲတွေမရှိလည်း လေကြောင်းနဲ့ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ အသားလွတ်လျှောက်ပစ်ပြီး ရက်စက်ယုတ်မာနေကြတာ မဟုတ်လား။ ဒီမှာ၊ မင်းတို့ရက်စက်ယုတ်မာလေ တို့ပြည်သူတွေက ဒူးမထောက်ကြတဲ့အပြင် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးစိတ်ဓာတ်တွေ ပိုမိုခိုင်မြဲလာကြလေပါကွာ။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း လုံးဝ တည်တံ့စရာအကြောင်း မရှိတော့ပါဘူး။ တို့ပြည်သူတွေရဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး မုချမသွေ အောင်မြင်တော့မယ်။
~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။