Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သမိုင်းလမ်းဆုံ စစ်တပ်ဘန်ကာ ဖောက်ခွဲခံရ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဘန်ကာကို ဖောက်ခွဲခဲ့ကြောင်း Myanmar People Revolutionary Army က သတင်းထုတ်ပြန်ပါတယ်။


ဒီဇင်ဘာ (၂၄)ရက်၊ ည (၈)နာရီ၊ (၁၆)မိနစ်လောက်မှာ သမိုင်းလမ်းဆုံဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားတွေရဲ့ သေဆုံး ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။


“သမိုင်းလမ်းဆုံစီးတီးမတ်ရှေ့က ဘန်ကာကို ခွဲတာ။ ပေါက်ကွဲချက်က လန်ထွက်နေတယ်။ အဲနားဝန်းကျင်က ကျနော့်အသိအိမ်တွေ အကုန်ခါ ထွက်ကုန်တယ်။ စခတွေလည်း သေမယ်လို့ပြောကြတယ်” လို့ လှိုင်မြို့နယ်၊အင်းစိန်လမ်းမပေါ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။


ဗုံးပေါက်ကွဲပြီး မကြာမီ စစ်ကားတွေနဲ့ လူနာတင်ကားပါ ရောက်လာတယ်လို့ သိရကြောင်း သူက ပြောပါတယ်။


“စစ်ကားတွေသာ ရောက်လာတာ ဘန်ကာနား ချက်ချင်းမကပ်ရဲဘူး၊ (၁၅)မိနစ်လောက် စောင့်ကြည့်နေ သေးတာတဲ့။ ဗုံးထပ်ကွဲမှာ ကြောက်လို့နဲ့တူတယ်” လို့ သူက ဆက်ပြောပါတယ်။


အဲဒီတိုက်ခိုက်မှုကို Myanmar People Revolutionary Army နဲ့ Yangon UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~~ 

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။