Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျားဖြန်နဲ့ လောက်ကိုင်မှာ ရပ်နေတဲ့ တရုတ်အတွေး (OPINION)

ကျားဖြန်လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း မြန်မာနားထဲသို့ ရောက်လာတာ သိပ်တော့မကြာသေးပါဘူး။ ပြောရရင် ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် ကျားဖြန်ဆိုတဲ့ ဝေါဟာရလည်း တွင်ကျယ်လာခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွက်တော့ ကျားဖြန်ဆိုတဲ့ တရုတ်ပြည်သူတွေရဲ့ လူမှုဘဝထဲ ငွေကြေးနစ်နာဆုံးရှုံးမှုများစွာ နဲ့ ဘဝပျက်ခဲ့သူတွေတောင် မနည်းလှပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်လို ဒီဂျစ်တယ် ဘားရှင်း အစုံသုံးနေပြီးဖွံ့ဖြိုးတဲ့နိုင်ငံက ပြည်သူတွေကို ပစ်မှတ်ထား ငွေလိမ်နေကြတယ်လို့ သိမှတ်ရပါတယ်။


အဲဒီကျားဖြန်လုပ်ငန်းရဲ့ ဗဟိုချက်တွေကို ဖော်ထုတ်ကြတော့ လောက်ကိုင်ကို သွားတွေ့ပါတယ်။ လောက်ကိုင်ဆိုတာက မြန်မာနိုင်ငံအပိုင် တရုတ်နယ်စပ်။ လောက်ကိုင်ကနေ တရုတ်နိုင်ငံထဲ အွန်လိုင်းလိမ်လည်မှုတွေကို အဓိကပြုလုပ်နေကြတယ်တဲ့။

 

လောက်ကိုင်က ကျားဖြန်တွေဟာ မြန်မာနိုင်ငံသားမှတ်ပုံတင်ကို ငွေလေးနည်းနည်းပစ်ပေါက်လိုက်ရုံနဲ့ အလွယ်တကူရတာမို့ ၂ နိုင်ငံ မှတ်ပုံတင်ကိုင်ဆောင်သူတွေလည်း များကြမယ်ထင်ပါတယ်။ 

 

လောက်ကိုင်မှာ ကျားဖြန်လုပ်ငန်းကို ဘယ်သူတွေက လုပ်ဆောင်နေသလဲဆိုတော့ တရုတ်နိုင်ငံသားတွေလည်း တော်တော်ပါပုံပါပဲ။ ဒါပေမယ့် လောက်ကိုင်က ကျားဖြန်တွေဟာ မြန်မာနိုင်ငံသားမှတ်ပုံတင်ကို ငွေလေးနည်းနည်းပစ်ပေါက်လိုက်ရုံနဲ့ အလွယ်တကူရတာမို့ ၂ နိုင်ငံ မှတ်ပုံတင်ကိုင်ဆောင်သူတွေလည်း များကြမယ်ထင်ပါတယ်။ ဆိုတော့ လောက်ကိုင်က ကျားဖြန် ကီးပလေယာတွေဟာ တရုတ်နိုင်ငံသားလား၊ မြန်မာနိုင်ငံသားလား လတ်တလောခွဲခြားရခက်တဲ့သူတွေလို့ ယေဘုယျ ဆိုနိုင်ပါတယ်။

 

လောက်ကိုင်ဟာ ကျားဖြန်လုပ်ငန်းရဲ့ အရေးပါတဲ့ ဗဟိုချက်တစ်နေရာ ဘာ့ကြောင့်ဖြစ်နေရတာပါလဲ။ မြန်မာစစ်အုပ်စုခန့် လောက်ကိုင်အာဏာပိုင်တွေ ကိုယ်တိုင်က လောက်ကိုင်ကျားဖြန်လုပ်ငန်းရဲ့ အဓိကကျသူတွေ ဖြစ်နေတာကြောင့်ပါပဲ။

 

ကျားဖြန်အမှုနဲ့ပဲ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တဲ့ ပယ်ရှောင်ချိန်မိသားစုဆိုတာကလည်း စစ်အုပ်စုရဲ့အမာခံသစ္စာခံ၊ ကိုးကန့်နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်တွေအပေါ် ဩဇာကြီးသူတွေ။


မကြာသေးမီက တရုတ်ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတဲ့ မြင်ရှောင်ချန်းဆိုရင် ကိုးကန့်ဒေသ ကြံ့ခိုင်ရေးအမတ်ဟောင်းနဲ့သိန်းစိန်လက်ထက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ။ စစ်အုပ်စုက မြင်ရှောင်ချန်း သူ့ကိုယ်သူ သတ်သေပါတယ်ဆိုပြီး တရုတ်ထံ အလောင်းသာ ပြန်အပ်ခဲ့ကာ သေတော့မှသာ တရုတ်နိုင်ငံသား ဖြစ်တယ်လို့ သိရတော့တယ်။အခု ကျားဖြန်အမှုနဲ့ပဲ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တဲ့ ပယ်ရှောင်ချိန်မိသားစုဆိုတာကလည်း စစ်အုပ်စုရဲ့အမာခံသစ္စာခံ၊ ကိုးကန့်နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်တွေအပေါ် ဩဇာကြီးသူတွေ။

 

ဆိုတော့ လောက်ကိုင်က ကျားဖြန် ကီးပလေယာ အားလုံးနီးပါးဟာ စစ်အုပ်စုသစ္စာခံတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းဆိုတော့ တရားမဝင်ငွေကြေးရယူဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ကျားဖြန်လုပ်ငန်းကလည်း ဆက်နွှယ်နေမယ်လို့ ခပ်ပြတ်ပြတ်ပြောရင် သိပ်များများ မှားမယ်လို့ မထင်ပါဘူး။

 

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ တရုတ်အစိုးရက ဘာဆိုဘာမှမသိသလိုနဲ့ မသိချင်ယောင်ဆောင်နေခြင်းဟာ ကျားဖြန်ပြဿနာ ရူးချင်ယောင်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်လိုက်ခြင်းလို့ ထင်ရပါတယ်။

 

အဲဒီလို စစ်အုပ်စု အကျိုးစီးပွားဆက်နွှယ်နေတဲ့သူကို ကျားဖြန်လုပ်ငန်းကြောင့် အရေးယူပေးဖို့ တရုတ်အစိုးရက ဖိအားပေးလာတော့ စစ်ခေါင်းဆောင်တို့ ထုံးစံအတိုင်း အချိန်အတော် ကြာ လှည့်ပတ်ဝေ့ဝိုက် နေပုံရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ တရုတ်အစိုးရက ဘာဆိုဘာမှမသိသလိုနဲ့ မသိချင်ယောင်ဆောင်နေခြင်းဟာ ကျားဖြန်ပြဿနာ ရူးချင်ယောင်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်လိုက်ခြင်းလို့ ထင်ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်အစိုးရ မီးစိမ်းပြလိုက်လို့ ဖြစ်ပေါ်လာတာ လုံးဝမဟုတ်ပေမဲ့ တရုတ်အစိုးရက စစ်ဆင်ရေးလုပ်တော့မယ်ဆိုတာ သိပြီး မသိချင်ယောင်ဆောင်လိုက်တာတော့ ဖြစ်နိုင်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁၀ ရက်လောက်အကြာ အကြမ်းဖက်စစ်တပ်ဟာ အံ့မခန်းအရှုံးတွေနဲ့ ချည်းရင်ဆိုင်လာရတဲ့အချိန်မှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ထုံးစံအတိုင်း ကိုယ့်ခေါင်းဆောင်မှုနဲ့ ကိုယ့်စစ်တပ် ဖျင်းလွန်းတာကြောင့် ရှုံးတာမဟုတ်ကြောင်း ခေါင်းရှောင်ဖို့ တရုတ်ကို လက်ညှိုးထိုးပါတော့တယ်။

 

စစ်ဗိုလ်ချုပ်တို့ရဲ့ လမ်းဘေးစပီကာ စစ်ကျွန်မျိုးချစ်တို့ကို ဆန္ဒပြခိုင်းကာ တရုတ်အစိုးရက ညီနောင် ၃ ဖွဲ့နဲ့PDF တွေကို လက်နက်ထောက်ပံ့နေတယ်လို့ စွပ်စွဲရုံတင်မက ငါတို့သံဃာနဲ့ပြည်သူက တရုတ်ကိုတိုက်ခိုက်မယ်လို့တောင်  အော်ဟစ်ခဲ့ပါသေးတယ်။

 

စိတ်မှတ်မရှိတဲ့ တရုတ်က တိုက်တိုင်းရှုံးနေတဲ့ မင်းအောင်လှိုင်တပ် ဂယ်ပေါက်ရရေးအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ညီနောင် ၃ ဖွဲ့နဲ့စစ်အုပ်စုကို မျက်နှာချင်းဆိုင်ခိုင်းလိုက်ပုံရပါတယ်။

 

နိုဝင်ဘာ ၁၉ ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမနဲ့ တရုတ်သံရုံးရှေ့တို့မှာ အဲဒီလို အော်ဟစ်ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်အခြေစိုက် စစ်တပ်ရဲ့ နောက်ဆုံးတောင်ကုန်းကို သိမ်းပိုက်လိုက်ပြီး MNDAA တပ်ဖွဲ့တွေ လောက်ကိုင်မြို့သို့ ဦးတည်လာနေပြီဖြစ်ကြောင်း ထုတ်ပြန်။ နိုဝင်ဘာ ၂၅ ရက်၊တရုတ်စစ်တပ်က မြန်မာနဲ့ကပ်လျက် တရုတ်နယ်စပ်မှာ စစ်ရေးလေ့ကျင့်။ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့  မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ ဘေဂျင်းမှာ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံစဉ် ညီနောင် ၃ ဖွဲ့ကို စစ်ပွဲရပ်ရေး ဖိအားပေးဖို့ မျက်ရည်ခံထိုး ခြေသလုံးဖက်လိုက်ကြောင်း သတင်းဖော်ပြချက်တွေ ထွက်ပေါ်လာပါတော့တယ်။

 

စိတ်မှတ်မရှိတဲ့ တရုတ်က တိုက်တိုင်းရှုံးနေတဲ့ မင်းအောင်လှိုင်တပ် ဂယ်ပေါက်ရရေးအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ညီနောင် ၃ ဖွဲ့နဲ့စစ်အုပ်စုကို မျက်နှာချင်းဆိုင်ခိုင်းလိုက်ပုံရပါတယ်။ ပြောရရင် ကူမင်းဆွေးနွေးပွဲဆိုတာ ညီနောင် ၃ ဖွဲ့ အပစ်ရပ်ဖို့ တရုတ်က စစ်အုပ်စုဘက်ရပ်ကာ ဖိအားပေးခြင်းပဲ ဖြစ်နိုင်ပါတယ်။

 

တရုတ်က အလွတ်ကြီး ဖိအားပေးတာတော့ မဟုတ်ပါဘူး။ အပြန်အလှန်အပေးအယူတွေနဲ့ အပစ်ရပ်ကြဖို့ ညှိနှိုင်းစေခြင်း ဖြစ်ပါတယ်။ တရုတ်က လောက်ကိုင်ဒေသမှာ စစ်အုပ်စုသစ္စာခံတွေ ရှိနေရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ရှင်သန်မယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုသစ္စာခံ ကိုးကန့် အာဏာပိုင်တွေကို လုံးဝအပြတ်ရှင်းပစ်ကာ ညီနောင် ၃ ဖွဲ့ထဲက MNDAA လက်ထဲ ထိုးအပ်ဖို့ ရည်ရွယ်ပုံရပါတယ်။

 

MNDAA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်ဆိုတာ အသက်တွေ ငွေတွေပုံအော တိုက်ခဲ့ပြီးမှ ရရှိခဲ့ခြင်းဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးကနေ တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးတဲ့ မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးထောက်ခံမှု ရရှိခဲ့ပါတယ်။ 

 

MNDAA အနေနဲ့  လောက်ကိုင်ဒေသကိုယူပြီး အပစ်ရပ်၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မပတ်သက်နဲ့။ စစ်အုပ်စုအနေနဲ့ တရုတ်ဖမ်းဝရမ်းထုတ်ထားတဲ့ ပယ်ရှောင်ချိန်မိသားစုကို တရုတ်လက်အပ်ကာ လောက်ကိုင်ကို MNDAA လက်အပ်ဆိုတဲ့ အပေးအယူပုံစံမျိုးကနေ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေးကို ရှေ့ဆက်လိုဟန်ရှိပါတယ်။

 

ပြဿနာက လတ်တလော ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA သိမ်းထားတဲ့ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကြူကုတ်၊သိန္နီ စတဲ့ ဒေသတွေကို စစ်အုပ်စုက ဘယ်လိုသဘောထားမလဲဆိုတာ ရှိပါတယ်။ MNDAA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်ဆိုတာ အသက်တွေ ငွေတွေပုံအော တိုက်ခဲ့ပြီးမှ ရရှိခဲ့ခြင်းဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးကနေ တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးတဲ့ မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးထောက်ခံမှု ရရှိခဲ့ပါတယ်။ ဆိုတော့ သိမ်းထားတဲ့စ ခန်းတွေရဲ့ တချို့တစ်ဝက်ကိုတောင် ပြန်စွန့်လွှတ်ဖို့ ခက်ခဲမှာ အသေအချာပါပဲ။

 

နောက်ပြဿနာတစ်ရပ်က ဒီနေ့ထိတိုင် တရုတ်ဖမ်းဝရမ်းထုတ်ထားတဲ့ ပယ်ရှောင်ချိန်မိသားစုကို စစ်ခေါင်းဆောင်တွေက တရုတ်လက်ထဲ မအပ်သေးပါဘူး။ စစ်ခေါင်းဆောင်တွေက သူတို့သက်ဆိုးရှည်ရေးနဲ့ ပယ်ရှောင်ချိန်မိသားစုကို အလဲအထပ်လုပ်ရမှာဖြစ်သလို ပယ်ရှောင်ချိန်ကို တရုတ်လက် ထိုးအပ်လိုက်ရင်လည်း လောက်ကိုင် ကျားဖြန်ဇယားမှာ စစ်အုပ်စုဝင်တွေရဲ့ ပါဝင်ပတ်သက်နေမှုတွေ ပေါ်သွားမှာလည်း စိုးရိမ်ရပြန်ပါတယ်။

 

ကူမင်းဆွေးနွေးပွဲအပြီး ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက် မြန်မာပြည်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ဘူးဆိုတာကလည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ အနာဂတ်ကို ဖော်ပြနေပါတယ်။

 

လတ်တလောမျက်မြင်တွေအရ ပြောရရင် ကူမင်းဆွေးနွေးပွဲပြီးနောက် MNDAA ရဲ့ထို းစစ်တွေ ရပ်နေတာတွေ့ရပေမဲ့ TNLA နဲ့ AA ကတော့ ဒီနေ့ထိတိုင် တိုက်ပွဲဝင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကူမင်းဆွေးနွေးပွဲအပြီး ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက် မြန်မာပြည်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဘယ်တော့မှ လျစ်လျူ ရှုမှာ မဟုတ်ဘူးဆိုတာကလည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ အနာဂတ်ကို ဖော်ပြနေပါတယ်။

 

ဆိုတော့ တရုတ်နဲ့ ကပ်လျက် တရုတ်နယ်စပ်မှာ ရပ်တည်နေတဲ့ MNDAA က တရုတ်အလိုကျ ခဏတဖြုတ်အပစ်ရပ်ခြင်းနဲ့ စစ်အုပ်စုနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပေမဲ့ လောက်ကိုင်ကိုပြန်ရရင် ပြီးပြီဆိုတာမျိုး မဟုတ်ကြောင်း နားလည်မိပါတယ်။ ဒါ့အပြင် စစ်အုပ်စုနဲ့ ညှိနှိုင်းမှု အပေးအယူ အဆင်ပြေဖို့ ခက်ခဲသလို ရေရှည်အပစ်ရပ်ဖို့ဆိုတာလည်း ပိုလို့တောင် ခက်ခဲပါလိမ့်မယ်။


ပြောရရင် လောက်ကိုင်မှာ ကျားဖြန် ကင်းစင်၊နယ်စပ်ဒေသလည်း တည်ငြိမ်၊ညီနောင် ၃ ဖွဲ့နဲ့ နွေဦးတော်လှန်ရေး မပတ်သက်စေဘဲ စစ်အုပ်စုလည်း အသက်ရှူချောင်စေဆိုတဲ့ တရုတ်ရဲ့ ချဉ်းကပ်မှုဟာ တရုတ်နည်း တရုတ်ဟန်နဲ့ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။