Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို ပေပါမိုင်းကြီးနဲ့တိုက်ခိုက်၊စစ်သားအနည်းဆုံး ၆ဦး သေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာသို့ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပေပါမိုင်းကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအနည်းဆုံး (၆)ဦး သေဆုံးကြောင်း သိရပါတယ်။


ဒီဇင်ဘာ (၁၉)ရက် ညနေပိုင်းက မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်ကြောင်း နှမ်းဆီကန်ရွာသို့ရောက်ရှိပြီး ပြည်သူ့ရိက္ခာတွေ စားသောက်နေခိုက် ကင်းတိုထွက်လာစဉ် မြိုင်ပကဖထောင်ထားတဲ့ ပေပါမိုင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


စစ်သားအနည်းဆုံး (၆)ဦး သေဆုံးမှုနဲ့ (၁၀)ဦးကျော် ပြင်းထန်ဒဏ်ရာရတာကို ဒရုန်း မှတ်တမ်းအရ သိရတယ်လို့ ဆိုပါတယ်။


မြိုင်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေဆီ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းဟာ ရှေ့ဆက် မတက်နိုင်ဘဲ ဖြစ်နေရာ ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ယူခြင်း၊ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပြီး ၊ လေယာဉ်ပစ်ကူခေါ်ကာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူနေထိုင်ရာ ကျေးရွာတွေဆီ ရမ်းသန်းပစ်ခတ်နေကြောင်း မြိုင်ပကဖ ကဆိုပါတယ်။


ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို အမြဲနားစွန့်နေပြီး အန္တရာယ်ကင်းအောင် နေကြဖို့ မြိုင်-ပကဖက ထပ်မံတိုက်တွန်းပါတယ်။


အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ တပ်ရင်း(၂/၆/၇/၁၇)၊ မြိုင်ပကဖ အဖွဲဝင်တွေဖြစ်တဲ့ တပ်ရင်း(၁)- တပ်ခွဲ-၁ ၊ တပ်ခွဲ-၂ ၊ Myaing Warriors တပ်ဖွဲ့ ၊  အလင်းတန်းပြောက်ကျား တပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့ နဲ့  KMDF -ကမ္မကာကွယ်ရေးတပ်ဖွဲ (ကမ္မတပ်ပေါင်းစု)တို့  ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။