Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သန်းခေါင်ရဲ့ ဟိုဘက်... မနက် (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..။ မင်းက အခုတော့ "လက်နက်နဲ့မဖြေရှင်းကြဘဲ နိုင်ငံရေးနည်းလမ်စနဲ့ ဖြေရှင်းသင့်ကြတယ်"လို့ ပြောလာပြီနော်။ ပြောဆို မင်းအနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဖက်ဖက်က ကျရှုံးတော့မယ်မဟုတ်ပါလား။

 

NCA လမ်းကြောင်းအတိုင်းသွားရအောင် မင်းတို့အကြမ်းဖက်အဖွဲ့အစည်းက တရားဝင်အစိုးရတစ်ရပ်မို့လား။ မင်းတို့က လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ကောင်တွေလေ။

 

ဒီမှာ၊ မင်းက "အခုမှမဟုတ်ပါဘူး။ NCA စာချုပ်နှစ်ပတ်လည်တုန်းကလည်း ခေါ်ခဲ့ပါတယ်ဗျ။ လက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့အဖွဲ့တွေက တစ်ဖွဲ့မှမလာကြတော့ မတတ်နိုင်ဘူး" ဟုတ်စ။ နေပါဦးကွ။ NCA လမ်းကြောင်းအတိုင်းသွားရအောင် မင်းတို့အကြမ်းဖက်အဖွဲ့အစည်းက တရားဝင်အစိုးရတစ်ရပ်မို့လား။ မင်းတို့က လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ကောင်တွေလေ။ ဒါကို မင်းတို့က မင်းတို့ကိုယ်မင်းတို့ တရားဝင်အစိုးရလို့ ထင်မှတ်ယူဆနေတော့လည်း အခက်သား။

 

ဒီမယ်၊ မင်းအနေနဲ့ နိုင်ငံနဲ့ ပြည်ထောင်စုသားတွေအပေါ် အမှန်တကယ်စေတနာထားပြီး ငြိမ်းချမ်းစေချင်ရင်တော့ မင်းကိုယ်တိုင် ကာချုပ်ရာထူးကနေ စွန့်လွှတ်လိုက်ဖို့ပဲ။ ပြီးတော့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် မတရားသဖြင့်ဖမ်းဆီး၊ မတရားတရားမဝင်အမိန့်တွေချမှတ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရမယ်။ ဒါ့ပြင် မင်းတို့အနေနဲ့ နိုင်ငံရေးမှာ ဦးဆောင်မှုမလုပ်တော့ဘဲ လက်နက်ကိုင်ဝန်ထမ်းအဖွဲ့အစည်းအဖြစ် ရပ်တည်ဖို့ လိုအပ်တယ်။

 

အခု ဖမ်းဆီးခြင်းခံထားရတဲ့သူတွေဟာ ဘယ်ဥပဒေမှ အကာအကွယ်မရရှိကြဘဲ မတရားချုပ်နှောင်ခံရသူတွေ မဟုတ်ပါလား။ ပြီးတော့ မင်းတို့စစ်တပ်ဆိုတာ မူအရ လက်နက်ကိုင်ဝန်ထမ်း အဖွဲ့အစည်းသက်သက်ပဲလေ။ 

 

ဒီတောင်းဆိုမှုတွေကလည်း တစ်ဖက်သတ်တောင်းဆိုမှုတွေတော့ မဟုတ်ဘူးနော်။ ဥပဒေအရ မင်းက ၂၀၂၁ ခုနှစ်မှာ ကာချုပ်ရာထူးကနေ အနားယူရတော့မယ် မဟုတ်လား။ အခု ဖမ်းဆီးခြင်းခံထားရတဲ့သူတွေဟာ ဘယ်ဥပဒေမှ အကာအကွယ်မရရှိကြဘဲ မတရားချုပ်နှောင်ခံရသူတွေ မဟုတ်ပါလား။ ပြီးတော့ မင်းတို့စစ်တပ်ဆိုတာ မူအရ လက်နက်ကိုင်ဝန်ထမ်း အဖွဲ့အစည်းသက်သက်ပဲလေ။ ထာဝရ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍက ရှိနေရမယ်ဆိုတာ မင်းတို့စစ်အာဏာရှင်တွေ ဖန်တီးပုံဖော်ထားကြတာ။ ဒီတော့ ဒို့တောင်းဆိုမှုဟာ တစ်ဖက်စောင်းနင်းတောင်းဆိုမှု မဟုတ်ပေဘူး။

 

ဒီမှာ တို့များပြည်သူတွေဘက်ကလည်း မင်းတို့ပြဌာန်းထားတဲ့ ၂၀၀၈ ခုခြေဥဟာ မင်း အာဏာသိမ်းလိုက်ချိန်ကတည်းက အလိုအလျောက်ဖျက်သိမ်းသလိုဖြစ်နေတာမို့ ၂၀၀၈ ခုခြေဥအရကျင်းပခဲ့တဲ့ ၂၀၂၀ ခု ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပေးမယ်၊ ဟုတ်ပြီလား။

 

 ရာဇဝတ်မြောက်တဲ့ ရာဇဝတ်မှုတွေကိုတော့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ရမှာပေါ့။ မင်းလည်းပြောဖူးပါတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတာလေ။

                 

ဒါပေမင့် မင်းတို့အုပ်ချုပ်စဥ်ဆောင်ရွက်ခဲ့တဲ့ အကြောင်းခြင်းရာအားလုံးကို ခွင့်လွှတ်ပေးရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ရာဇဝတ်မြောက်တဲ့ ရာဇဝတ်မှုတွေကိုတော့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ရမှာပေါ့။ မင်းလည်းပြောဖူးပါတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတာလေ။ ဒီတော့ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ ဘာမှ အားငယ်မနေနဲ့။ မင်းအနေနဲ့ ကျခံရနိုင်တဲ့ပြစ်ဒဏ်ကတော့ အလျှော့ပေါ့ဆုံး ကြိုးပေးပြစ်ဒဏ်နဲ့ ပိုင်ဆိုင်မှုစည်းစိမ်တွေအားလုံး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ရုံပါပဲ။ ပါးပါးလေးပုတ်မှာပါ။


အေးကွာ၊ မင်းက ခွေးပါးစပ်က နတ်စကားထွက်ဆိုတာလို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်ပြောလာလို့ မြင်မိသလောက် ယေဘုယျသဘော ပြန်လည်ပြောလိုက်မိတာပါ။ တကယ်တော့ မင်းတို့စစ်အာဏာရှင်တွေဟာ အစဥ်အမြဲ လက်နက်အားကိုး၊ လက်နက်နဲ့ လွှမ်းမိုးထားချင်တဲ့ စစ်မိစ္ဆာဝါဒီသမားတွေပါကွာ။ ငြိမ်းချမ်းရေးတို့၊ နိုင်ငံရေးတို့ဆိုတာ တို့ပြည်သူတွေအပေါ် လှည့်စားချက်သက်သက် ပရိယာယ်နည်းလမ်းတွေပါပဲ။ မင်းတို့စစ်အာဏာရှင်တွေက အပြုတ်တိုက်ရေးလမ်းစဥ်သမားတွေ။ ၁၉၆၂ ကနေ အခအချိန်အထိ အနှစ်ခြောက်ဆယ်လောက် အဲဒီမူကို ကိုင်ဆွဲခဲ့ကြတယ်မဟုတ်လား။

 

မင်းတို့က ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ ဘုရားပွင့်တာထက်ခက်ခဲသယောင် ဖန်တီးပြနေကြတာ။ ကြည့်ထား၊ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ရေး တော်လှန်ရေး အောင်မြင်ပြီးဆုံးသွားရင် တို့ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ခုနစ်လအတွင်း တည်ဆောက်ပြမယ်။ 


ဒါကြောင့်လည်း တို့ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို မရရှိ မခံစားရတာပေါ့။ ဟုတ်တယ်လေ။ ငြိမ်းချမ်းရေးနဲ့ စစ်ဝါဒီဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း။ ငြိမ်းချမ်းရေးဖြစ်စဥ်ပေါ်ထွန်းရင် စစ်ဝါဒီတွေ ငုပ်လျှိုးသွားတော့မယ်မဟုတ်လား။ ဒီတော့ မင်းတို့က ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ ဘုရားပွင့်တာထက်ခက်ခဲသယောင် ဖန်တီးပြနေကြတာ။ ကြည့်ထား၊ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ရေး တော်လှန်ရေး အောင်မြင်ပြီးဆုံးသွားရင် တို့ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ခုနစ်လအတွင်း တည်ဆောက်ပြမယ်။ တကယ် မင်းတို့စစ်အာဏာရှင်တွေဟာ တို့နိုင်ငံအတွက် အမှိုက်။

 

မှတ်မိသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲကနေ NLD ပါတီ အစိုးရဖြစ်တည်လာတော့ ၃ လခံအစိုးရလို့ မင်းတို့ပြောခဲ့တာလေ။ အရင် ကြံ့ဖွတ်အစိုးရကလည်း အခက်အခဲဖြစ်အောင် ဖန်တီးထားခဲ့တာကိုး။ ဒါပေမဲ့ နိုင်ငံအကျိုး တကယ်လိုလားတဲ့အစိုးရတရပ်ဆိုတော့ ပြည်သူတွေဝိုင်းဝန်းမှုနဲ့ ငါးနှစ်ကာလကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဲဒါကို မင်းက အာဏာသိမ်းပြီးတော့ "သူမလည်း တတ်သလောက်မှတ်သလောက် ဆောင်ရွက်ခဲ့တာပါပဲ။ ဒါပေမဲ့ နိုင်ငံစီးပွားရေးက မတိုးတက်ခဲ့ဘူး" တဲ့လေ။ ဟော မင်းလည်းအာဏာသိမ်းလိုက်ရော ၃ နှစ်မှမပြည့်သေးဘူး။ နိုင်ငံရဲ့စီးပွားရေးက မတိုးတက်ရုံမဟုတ်ဘူး။ နလံမထူနိုင်လောက်အောင် ပျက်စီးသွားပါရောလားဟ။

 

 ရှမ်းမြောက်ကို ပြန်လည်စိုးမိုးနိုင်ဖို့မပြောနဲ့၊ ပြန်လည်ထိုးစစ်ဆင်ဖို့တောင်မှ စိတ်ကူးမရအောင် ဖြစ်နေပြီမဟုတ်လား။ လေကြောင်းပစ်ကူလောက်သာ စွမ်းဆောင်နိုင်ကြတော့တာလေ။ စစ်ရေးအဆုံးအဖြတ်ဟာ လေကြောင်းပစ်ကူမဟုတ်ဘူး။ ခြေလျင်ထိုးစစ်ဆိုတာလောက်တော့ စစ်ရေးအမြင်ရှိသူတွေ နားလည်နိုင်ကြမှာပါ။


ပြိုလဲဆို စစ်စရိတ်တွေ အလွန်အကျွံသုံးစွဲနေရတာကိုး။ စစ်ရေးအမြင်ရှိကြတယ်လို့ဆိုတဲ့လူတွေက တူမီးနဲ့စခဲ့တဲ့ နွေဦးတော်လှန်ရေးကို မနှိမ်နင်းနိုင်ခဲ့ဘူး။ ရွာတွေမီးရှို့၊ တွေ့တဲ့လူ သတ်ပြတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သာ ကျဆင်းသွားတယ်။ ဟော ရှမ်းမြောက်က ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရင်ဆိုင်လိုက်ရတော့ ပန်လန်လက် ပက်လက်လန်သွားရှာပါပေါ့လား။ ရှမ်းမြောက်ကို ပြန်လည်စိုးမိုးနိုင်ဖို့မပြောနဲ့၊ ပြန်လည်ထိုးစစ်ဆင်ဖို့တောင်မှ စိတ်ကူးမရအောင် ဖြစ်နေပြီမဟုတ်လား။ လေကြောင်းပစ်ကူလောက်သာ စွမ်းဆောင်နိုင်ကြတော့တာလေ။ စစ်ရေးအဆုံးအဖြတ်ဟာ လေကြောင်းပစ်ကူမဟုတ်ဘူး။ ခြေလျင်ထိုးစစ်ဆိုတာလောက်တော့ စစ်ရေးအမြင်ရှိသူတွေ နားလည်နိုင်ကြမှာပါ။


မင်းတို့ ဘယ်လိုပင် စစ်စရိတ်တွေ သုံးစွဲသုံးစွဲ အရည်အချင်းက ပေမမီ ဒေါက်မမီတဲ့သူတွေဆိုတော့ မင်းတို့ဗျူဟာအခင်းအကျင်းထဲ ထည့်သွင်းမစဥ်းစားခဲ့တဲ့ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်က လက်လွှတ်ရမယ့်အခြေအနေဖြစ်နေပြီ။ မင်းတို့ရဲ့ စစ်ရေးအရှိန်အဟုန်က ပြည်သူရဲ့အားကို မယှဥ်၊ မတုနိုင်ဘူး။ အဲဒီမှာ အရည်အချင်းက မရှိပြန်တော့ မအောင်မမြင်ဖြစ်တာလည်း အံ့အားသင့်စရာ မဟုတ်ပေဘူး။ အဲဒီမှာ အမေရိကန်နိုင်ငံက သွေးထိုးလှုံ့ဆော်နေလို့၊ တရုတ်က ဒုံးတွေ ရောင်းချနေလို့ဆိုပြီး ပုတ်ခတ်တာတွေ၊ ဆန္ဒပြတာတွေ ပြုလုပ်နေသေးတယ်။ လမင်းကို ခွေးက ရန်မူပြီး ထိုးဟောင်နေသလို ဖြစ်နေတာပေါ့ကွာ။ ပြီးတော့လည်း အရှက်သိက္ခာမရှိ တရုတ်ဆီသွားပြီး ဒူးထောက်တောင်းပန်ရပြန်ပြီမဟုတ်လား။

 

မင်းတို့ကတော့ အာဏာသိမ်းထားတဲ့အကြမ်းဖက်အဖွဲ့ဖြစ်နေလို့ အာဏာကို ဆုပ်ကိုင်ထားကြဦးမှာပါပဲ။ တို့ပြည်သူတွေအနေနဲ့လည်း သန်းခေါင်ထက် ညမနက်တော့ပါဘူးကွာ။ သန်းခေါင်ရဲ့ဟိုဘက်မှာ မနက်ခင်းသာ ရှိတော့တယ်မဟုတ်လား။ ဒီတော့ မင်းတို့စစ်အာဏာရှင်တွေကို အမြစ်ပြတ်သည်ထိ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်။

 


ဟော အခု လာပြန်ပြီ။ ပြည်ဖျက်မီဒီယာတွေတဲ့။ မီဒီယာတွေက တပ်မတော်ကြီးပြိုကွဲအောင် သွေးထိုးလှုံ့ဆော်နေကြပြန်သတဲ့။ မင်းတို့လည်း မင်းတို့မောင်ပိုင်စီးထားတဲ့ နိုင်ငံပိုင်မီဒီယာတွေ ရှိနေတာပဲမဟုတ်လား။ မီဒီယာ၊ မီဒီယာချင်း စီးချင်းထိုးပေါ့ကွ။ ဒါပေမဲ့ မင်းတို့က ဂျပိုးကို လိပ်၊ လိပ်ကို ဂျပိုး ပြော၊ ရေးနေပြန်တော့ မင်းတို့စကားနဲ့ပြန်ပြောရရင် မိုးလုံးပြည့်မုသာဝါဒတွေဆိုတော့လည်း ပြည်သူတွေက မင်းတို့ရဲ့မီဒီယာတွေကိုစိတ်လည်းမဝင်စားဘူး။ ယုံကြည်မှုလည်း မရှိကြဘူးလေ။ ပြီးတော့ ပြည်သူတွေက မီဒီယာနဲ့ လှည့်ဖျားလို့ရအောင်ထိ မအကြတော့ဘူးရယ်။ မင်းတို့ တစ်ဖက်ပိတ်တွေတော့ မပြောတတ်ဘူး။


ခုဆို မင်းတို့အနေနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး အလံဖြူတင်လိုက်ရပြီမဟုတ်လား။ နိုင်ငံခြားဒေါ်လာငွေကို ထိန်းချုပ်သတ်မှတ်မထားတော့ဘူး။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ကြတော့တဲ့လား။ ဒီလိုအခြေအနေမျိုးရောက်မှတော့ တရားဝင်အစိုးရတရပ်ဆိုရင် ပြုတ်ကျသွားပြီပေါ့ကွာ။ မင်းတို့ကတော့ အာဏာသိမ်းထားတဲ့အကြမ်းဖက်အဖွဲ့ဖြစ်နေလို့ အာဏာကို ဆုပ်ကိုင်ထားကြဦးမှာပါပဲ။ တို့ပြည်သူတွေအနေနဲ့လည်း သန်းခေါင်ထက် ညမနက်တော့ပါဘူးကွာ။ သန်းခေါင်ရဲ့ဟိုဘက်မှာ မနက်ခင်းသာ ရှိတော့တယ်မဟုတ်လား။ ဒီတော့ မင်းတို့စစ်အာဏာရှင်တွေကို အမြစ်ပြတ်သည်ထိ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်။


ခုမှ နိုင်ငံရေးနဲ့ဖြေရှင်းသင့်ကြတဟ်ဆိုတဲ့စကားကတော့ အများကြီး နောက်ကျသွားပါပြီကွာ။ ဒါပေမဲ့လည်း အထက်ကပြောခဲ့တဲ့ လိုက်လျောမှုတွေကို လိုက်လျောမယ်ဆိုရင်တော့ ပြည်သူတွေကို တွေ့ဆုံခွင့်ပေးလိုက်ကြပါဗျာလို့ မေတ္တာရပ်ခံကြည့်ရမှာပဲ။ ပြည်သူတွေရဲ့ဆုံးဖြတ်မှုကို ခံယူကြရမှာပေါ့။ တကယ်တော့ ပြည်သူသာ သမိုင်းကို ပြောင်းလဲခွင့်ရှိတာပါကွာ။ မင်းက ဇွတ်အတင်း ပြောင်းချင်တော့လည်း သမိုင်းကျိန်စာစူး၊ ရူးပြီပေါ့။ သေလမ်းကလွဲလို့ အခြားမရှိတော့ဘူး။ 

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။