ဟားခါး-ဂန့်ဂေါလမ်းပေါ်က အရေးပါတဲ့ စစ်တပ်စခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင်စစ်သား (၆)ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
ဘုံဇုံးရွာ စေတီပေါ်နဲ့ စေတီအောက်ဘက်ရှိ ဘုံဇုံးတပ်စခန်းကို ချင်းအမျိုးသား တပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ (၁၈)ရက် မနက် (၁၁)နာရီကျော်မှာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာချင်းဂျာနယ်က ဖော်ပြပါတယ်။
ချင်းပူးပေါင်းတပ်က ဘုံဇုံးတပ်စခန်းကို ဒီဇင်ဘာ (၁၇)ရက် ညနေပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား (၆)ဦး သေဆုံးခဲ့ကြောင်း CDF-Hakha ထံက သိရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဘုံဇုံးရွာထဲကို (၂)ကြိမ်လာရောက် တိုက်ခိုက်ခဲ့ရာ ဗုံး (၁)လုံး ဘုရားကျောင်းနား ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ဘုံဇုံးတပ်စခန်းဟာ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်အစပ်မှာရှိတဲ့ အချက်အချာကျသော နယ်စပ်စစ်တပ်စခန်းတစ်ခုဖြစ်ကာ CNA၊ CDF-Hakha၊ CDF-Thantlang နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲဒီစခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ပြည်သူတွေ ခရီးသွားလာရေး၊ ကုန်သွယ်ရေးနဲ့ မြို့သိမ်းတိုက်ပွဲအတွက်ပါ အထောက်အကူဖြစ်မယ်လို့ သိရပါတယ်။
~~~~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။