Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက်စစ်တပ် အခိုင်အမာတပ်စွဲထားတဲ့ ထီးထစခန်းကို တော်လှန်ရေးအင်အားစု သိမ်း

ကရင်ပြည်နယ် တပ်မဟာ (၅) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်တပ် အခိုင်အမာ တပ်စွဲထားတဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။


ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်ရှိ ထီးထ/ဖဲထာ (မို့လို့ကျိုး) စခန်းဟာ အကြမ်းဖက် စစ်တပ်က နှစ်ပေါင်း (၃၀)လောက်ကြာ အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားတဲ့ စခန်းကြီးဖြစ်ပြီး ဒီဇင်ဘာ (၁၇)ရက်၊ မွန်းလွဲ (၁)နာရီလောက်မှာ  KNU/KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FFD (Force for Federal Democracy) က သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က ရဟတ်ယာဉ်တွေနဲ့  စစ်လက်နက်ပစ္စည်းတွေ လာချပေးခြင်းနဲ့ တိုက်လေယာဉ်တွေနဲ့  ပစ်ခတ်တိုက်ခိုက်ခြင်းတို့  အကြိမ်ကြိမ်ပြုလုပ်နေတဲ့ ကြားက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


အဲဒီစခန်းသိမ်းတိုက်ပွဲမှာ FFD တပ်ဖွဲ့က Missile တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းနဲ့ ဒရုန်း အမြောက်အမြားနဲ့ တိုက်ခိုက်ကာ ရန်သူ ခံစစ်ကျိုးပျက်အောင် အကောင်းဆုံး ထိုးနှက်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။


ထီးထစခန်းမှာ ရန်သူအင်အား (၁၂၀)လောက်ရှိပြီး  ကွန်ကရစ် ကတုတ်ကျင်း ကြီး၊ ငယ် (၃၀)လောက်နဲ့  အခိုင်အမာတပ်စွဲထားပါတယ်။


~~~~~~~~~~~

ကိုလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။