မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force မှာတာဝန်ထမ်းလိုတဲ့ အမျိုးသမီးရဲဘော်တွေ အလိုရှိကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။
မုံရွာခရိုင် အမှတ်-၅ တပ်ရင်းရဲ့ ဆေးတပ်စိတ်၊ ရိက္ခာနဲ့ ဘတ်ဂျက် ထောက်ပို့တပ်စိတ်နဲ့ လူထုစည်းရုံးရေး တပ်စိတ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ အမျိုးသမီး ရဲဘော်တွေ အလိုရှိကြောင်း ဆိုပါတယ်။
တာဝန်ထမ်းဆောင်လိုတဲ့ အမျိုးသမီးတွေအနေနဲ့ ပြင်းပြစွာ စိတ်အားထက်သန်မှု ရှိရမှာဖြစ်ပြီး အနည်းဆုံး (၁)နှစ် တာဝန်ထမ်းရမှာဖြစ်သလို အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရပါမယ်။
ဒါ့အပြင် နီးစပ်ရာ ရပ်ရွာ ပအဖ၊ ပကဖ သို့မဟုတ် ရပ်မိရပ်ဖ ထောက်ခံချက် ၊အလယ်တန်း ပညာရေး အဆင့် အောင်မြင်ပြီးသူ၊ အခြေခံ စစ်သင်တန်းဆင်းနိုင်သူဖြစ်ရမှာဖြစ်ပြီး ပင်ပန်းမှုဒဏ်၊ စိတ်မွန်းကျပ်မှုဒဏ်၊ စည်းကမ်း တင်းကျပ်မှု ဒဏ်တွေကို တော်လှန်ရေး ယုံကြည်ချက်နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်သူ ဖြစ်ရမယ်လို့လည်း မုံရွာခရိုင် အမှတ်-၅ တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။