ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ..။ မင်းက ပွေးလိုကောင်ပါကွာ။
ဒီလိုကွ။ တို့ရွာက ကျီးတောအရပ်မှာ ပဒတ်၊ ပွေးတွေ ပေါတယ်။ ပဒတ်ဆိုတဲ့အကောင်ကတော့ အန္တရာယ်နဲ့ကြုံတွေ့ရင် ထွက်ပြေးနိုင်အောင် ဂယ်ပေါက်ဆိုတာ ထားရှိတယ်ကွ။ ပွေးကတော့ ကျင်းနက်နက်တူး၊ လှည့်ဖျားတဲ့အပေါက်တွေထားပြီး အောင်းနေတတ်တယ်။ ဂယ်ပေါက်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ပွေးတွင်းတူးရင် ဇွဲကောင်းဖို့တော့ လိုတယ်။ သူလှည့်ဖျားထားတဲ့ တွင်းတွေကိုလည်း တူးကြရတော့ ပင်ပန်းလွန်းလို့ လက်လျှော့သွားတတ်ကြတယ်။ အဲဒီမှာ ပွေးက သူ့လုပ်ရပ်သူ အားရကျေနပ်နေမှာပေါ့လေ။
မင်းအာဏာသိမ်းခဲ့တာ ၃ နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ PDF တွေဟာ ဇွဲကောင်းလိုက်ကြတာ။ ခဏခဏလဲကျပေမဲ့ ဒူးမထောက်ခဲ့ကြပါဘူး။ ဒီတော့ ထွက်ပေါက်မရှိ၊ တွင်းအောင်းချင်တဲ့မင်းအဖို့ သေလမ်းတစ်လမ်းသာ ရှိတော့တယ်။
အေး၊ ဇွဲကောင်းတဲ့သူနဲ့ တွေ့ရင်တော့ ပွေးဟာ ထွက်ပေါက်မရှိ သေဖို့လမ်းသာရှိတော့တာ။ ခုလည်း မင်းအာဏာသိမ်းခဲ့တာ ၃ နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ PDF တွေဟာ ဇွဲကောင်းလိုက်ကြတာ။ ခဏခဏလဲကျပေမဲ့ ဒူးမထောက်ခဲ့ကြပါဘူး။ ဒီတော့ ထွက်ပေါက်မရှိ၊ တွင်းအောင်းချင်တဲ့မင်းအဖို့ သေလမ်းတစ်လမ်းသာ ရှိတော့တယ်။ ဒါကြောင့် မင်းကို ပွေးလိုကောင်လို့ ပြောလိုက်ခြင်းပဲ။ ဟုတ်ပြီလား။
တကယ်တော့ မင်းတို့အာဏာသိမ်းလိုက်တာဟာ မင်းတို့စစ်အာဏာရှင်လူတစ်စု အကျိုးစီးပွားအတွက်ပါပဲ။ မဲမသမာမှုပြုလုပ်ခဲ့လို့ဆိုတာ အကြောင်းပြချက်သက်သက်ပါ။ အာဏာသိမ်းရင် ဆန္ဒထုတ်ဖော်မှုတွေ ရှိလာလိမ့်မယ်။ ငြိမ်ဝပ်ပိပြားသွားအောင် ပြည်သူရာဂဏန်းလောက်ကိုတော့ ပစ်သတ်ရမှာပေါ့။ တောခိုသွားကြရင်လည်း ၈၈၈၈ အရေးတော်ပုံတုန်းကလို အချိန်တန်ရင် ချုပ်ငြိမ်းသွားကြလိမ့်မယ်ပေါ့။ မြောက်ပိုင်းက KIA, TNLA, MNDAA နဲ့ AA တို့ကိုတော့ တရုတ်ကြီးကို စီးပွားရေးမက်လုံးပေးပြီး ထိန်းချုပ်ခိုင်းရင် ရမှာပါ။ KNUကိုတော့ NCAစာချုပ်နဲ့ ချွေးသိပ် မက်လုံးပေးရမှာပဲ။
ပြည်သူတွေကို ကိုယ်စားမပြုတဲ့၊ ပြည်သူနဲ့ ကင်းကွာတဲ့မည်သည့်အဖွဲ့အစည်းမဆို တည်ရှိနေတဲ့အနေအထားအရ ယာယီအခိုက်အတန့်မှာတော့ ထိန်းချုပ်နိုင်သလို ဖြစ်နေပေလိမ့်မယ်။ ဒါပေမဲ့ ကာလရှည်စွာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မုချ ကျဆုံးရလိမ့်မယ်ဆိုတာ မှတ်ပါ။
အဲဒီလို ဗျူဟာတွေခင်းပြီး အာဏာသိမ်းခဲ့ကြတာမဟုတ်လား။ အာဏာသိမ်းမှု မအောင်မြင်စရာအကြောင်းမရှိ။ ရာနှုန်းပြည့် အောင်မြင်လိမ့်မယ်။ အဲဒီမှာ မင်းတို့က ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာနေထိုင်တဲ့ ဗမာတိုင်းရင်းသားတွေရဲ့ အနေအထားကို လုံးဝ ထည့်သွင်းမစဥ်းစားခဲ့ကြဘူးမဟုတ်လား။ အဲဒီအချက်က မင်းတို့စစ်အာဏာရှင်တွေနဲ့ ပြည်သူတွေ ဘယ်လောက်ထိ ကင်းကွာကြသလဲဆိုတဲ့ ပြယုဂ်ပေါ့ကွာ။ မှတ်ထားလိုက် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ ရေ။ ပြည်သူတွေကို ကိုယ်စားမပြုတဲ့၊ ပြည်သူနဲ့ ကင်းကွာတဲ့မည်သည့်အဖွဲ့အစည်းမဆို တည်ရှိနေတဲ့အနေအထားအရ ယာယီအခိုက်အတန့်မှာတော့ ထိန်းချုပ်နိုင်သလို ဖြစ်နေပေလိမ့်မယ်။ ဒါပေမဲ့ ကာလရှည်စွာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မုချ ကျဆုံးရလိမ့်မယ်ဆိုတာ မှတ်ပါ။
တကယ်တော့ မင်းတို့ချမှတ်ထားတဲ့ ဗျူဟာတွေဟာ လက်တွေ့ဖြစ်စဥ်မှာတော့ တလွဲတချော်တွေ ဖြစ်ကုန်ကြတယ်မဟုတ်လား။ အဲဒါလည်း မင်းတို့က သာလွန်အင်အားရှိနေပါလျှက် ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်၊ တရားလွန် ဖိနှိပ်ခဲ့ကြတာကိုး။ ဆက်သွယ်ရေးတာဝါတိုင်တွေ ဖြိုလှဲကြတော့ မင်းပဲပြောခဲ့တာလေ။ စစ်ရေးဆိုင်ရာနေရာတွေမဟုတ်ဘဲ ဖျက်ဆီးကြတယ်လို့။ အဲဒီမှာ ချင်းပြည်နယ် ထန်တလန်မြို့ကို အကြောင်းမဲ့ မီးရှို့ခဲ့တာရော စစ်ရေးဆိုင်ရာမို့လား။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ သစ္စာပြုထားကြတဲ့မင်းတို့က ပြည်သူကိုသတ်၊ အိုးအိမ်တွေကို မီးရှို့၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ခံယူခဲ့ကြတာလေ။
ခေတ်အဆက်ဆက်ရော၊ ပါတီစုံ ဒီမိုကရေစီခေတ်မှာရော မင်းတို့စစ်အာဏာရှင်တွေကို ပါဝါအပျော့နဲ့ ဆက်ဆံစည်းရုံးခဲ့ကြတယ်လေ။ ဒါပေမဲ့ မင်းတို့က မင်းတို့ကိုယ်မင်းတို့ အုပ်ချုပ်သူလူတန်းစားလို့ ထင်မှတ်ခဲ့ကြတာကိုး။
ဒီတော့ ပြည်သူတွေမှာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ ရရာလက်နက် စွဲကိုင်ရတော့တာ့။ PDF လို့ခေါ်တဲ့ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီး အင်နဲ့အားနဲ့ ပေါ်ထွန်းလာခဲ့တော့တယ်။ EAO တွေဆီသွားရောက်ပြီး စစ်ပညာသင်ကြားကြတဲ့အကျိုးဆက်က ကချင်၊ ကိုးကန့်၊ တအောင်း၊ ကရင်၊ ကရင်နီတိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေ တစ်ခရီးတည်းလျှောက်ကြမယ့်လမ်းကြောင်းကို ဖောက်လုပ်ခဲ့ကြတာပဲ။ ပြီးတော့ ခေတ်အဆက်ဆက်ရော၊ ပါတီစုံ ဒီမိုကရေစီခေတ်မှာရော မင်းတို့စစ်အာဏာရှင်တွေကို ပါဝါအပျော့နဲ့ ဆက်ဆံစည်းရုံးခဲ့ကြတယ်လေ။ ဒါပေမဲ့ မင်းတို့က မင်းတို့ကိုယ်မင်းတို့ အုပ်ချုပ်သူလူတန်းစားလို့ ထင်မှတ်ခဲ့ကြတာကိုး။
မင်းတို့ကြွားလုံးထုတ်ခဲ့သလို ကမ္ဘာမှာ အဆင့် ၃၅ ရှိတဲ့ Std ARMY ဆိုတာကြီးကလည်း အသံသာမြည်ပြီး အဆံမပါတဲ့ သင်္ကြန်အမြောက်ကြီးဖြစ်နေမှန်း သိရှိလိုက်ရတော့တယ်။
မျိုးဆက်သစ်တွေက မင်းတို့စစ်အာဏာရှင်တွေကို ဒုတ်ဒုတ်ချင်း၊ လှံလှံချင်းဆိုတဲ့ ပါဝါအမာနဲ့ တုန့်ပြန်ဆက်ဆံမှ ရရှိတော့မယ်ဆိုတာကို လက်တွေ့သမိုင်းသင်ခန်းစာအရ နားလည်လာကြတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ ကြွေးကြော်သံဟာ ဘဝဂ်ညံသွားပေါ့။ အဲဒီမှာ မခံချင်စိတ်တစ်ခုတည်းနဲ့ အုတ်နံရံကို ခေါင်းနဲ့ဖြတ်တိုက်ချင်ကြတဲ့သူတွေဆိုပြီး အကဲဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၀၂၇ လှိုင်းလုံးကြီး၊ ၁၁၂၇ လှိုင်းလုံးကြီးတွေဖြစ်ပေါ်လာတော့ အဲဒီလို ခေါင်းနဲ့ဖြတ်တိုက်ကြတဲ့သူတွေဆိုပြီး အကဲဖြတ်ခဲ့ကြသူတွေခမျာ အံ့သြမင်သက်သွားကြတော့တယ်။ ဒါ့ပြင် မင်းတို့ကြွားလုံးထုတ်ခဲ့သလို ကမ္ဘာမှာ အဆင့် ၃၅ ရှိတဲ့ Std ARMY ဆိုတာကြီးကလည်း အသံသာမြည်ပြီး အဆံမပါတဲ့ သင်္ကြန်အမြောက်ကြီးဖြစ်နေမှန်း သိရှိလိုက်ရတော့တယ်။
ကိုယ့်အချင်းချင်းအပေါ် မှားယွင်းချမိတာ၊ ပစ်မှတ်မထိရောက်တာတွေကတော့ မင်းတို့ရဲ့ အရည်အချင်းပါပဲ။ ခုချိန်ထိ မြို့ပြနေ ပြည်သူတွေရဲ့ အဆောက်အဦတွေမှန်း သိရှိပါလျှက် လေကြောင်းနဲ့ ဗုံးကြဲချနေတာတွေဟာ မင်းအနေနဲ့ နိုင်ငံကို နလံမထူအောင်၊ အလုံးစုံပျက်စီးအောင် လုပ်ဆောင်နေတာမဟုတ်လား။
မင်းကတော့ ပြည်ပ ပညာရှင် ၆၅၀၀ လောက်နဲ့ ဗုံးသီးတွေ အကြိမ် ၂၅၀၀၀ လောက်ကြဲချပြီး သာလွန်အင်အားနဲ့တိုက်ခိုက်လို့ပါဆိုတဲ့ သေသာသေ ဝမ်းသွားမရပ်တဲ့လေသံနဲ့ ဝန်ခံပြောကြားခဲ့တယ်။ မင်းတို့ကရော လေကြောင်းပစ်ကူ အကြိမ် ၁၀၀၀၀ နဲ့ ပြန်လည်တုန့်ပြန်ခဲ့တယ်ဆိုတာလည်း ပြောဦးလေကွာ။ ကိုယ့်အချင်းချင်းအပေါ် မှားယွင်းချမိတာ၊ ပစ်မှတ်မထိရောက်တာတွေကတော့ မင်းတို့ရဲ့ အရည်အချင်းပါပဲ။ ခုချိန်ထိ မြို့ပြနေ ပြည်သူတွေရဲ့ အဆောက်အဦတွေမှန်း သိရှိပါလျှက် လေကြောင်းနဲ့ ဗုံးကြဲချနေတာတွေဟာ မင်းအနေနဲ့ နိုင်ငံကို နလံမထူအောင်၊ အလုံးစုံပျက်စီးအောင် လုပ်ဆောင်နေတာမဟုတ်လား။ မင်းလောက် ယုတ်မာညံ့ဖျင်းတဲ့ကောင် တို့နိုင်ငံသမိုင်းမှာ ပထမဆုံးနဲ့ နောက်ဆုံးအဖြစ် မှတ်တမ်းကမ္ဗည်းထိုးရတော့မယ် ထင်ပါရဲ့။
ခုတော့ဖြင့် ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့က မင်းတို့ရဲ့ တပ်စခန်းတွေတင်မက မြို့တချို့ကိုတောင် သိမ်းပိုက်လိုက်ကြပြီ။ မင်းတို့အနေနဲ့ လက်လွှတ်လိုက်ရပြီမဟုတ်လား။ ပြန်လည်သိမ်းပိုက်ယူဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရရှိနိုင်တော့တဲ့ အနေအထားပါ။ ကရင်နီပြည်နယ်ကိုလည်း လက်လွှတ်ဆုံးရှုံးရတော့မယ်လေ။ မြို့တော်လွိုင်ကော်ကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘူ းမဟုတ်လား။ ချင်းပြည်နယ်လည်း လက်လွှတ်ရမယ့်အနေအထား ရောက်နေပြီ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာလည်း အခြေမလှ ဖြစ်နေပြီမဟုတ်လား။ ဒီမှာတင် ရခိုင်က တကျော့ပြန်ထတီးလိုက်တော့ မင်းတို့တတွေ လိပ်ပက်လက်လန် ဖြစ်ကရော။ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ ပွေးလိုဖြစ်တော့မယ့်ကိန်း ဆိုက်တော့မယ်ဆိုတာ နားလည်ထားပေရော့။
မင်းက ကာချုပ်ရာထူးစွန့်လွှတ်ရတော့မှာမို့ မင်းရဲ့ကိုယ်ကျိုးအတွက်နဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး အာဏာသိမ်းခဲ့တာမဟုတ်လား။ နိုင်ငံနဲ့ ပြည်သူအားလုံးရဲ့အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တာလေ။ ဒါကြောင့်လည်း နိုင်ငံချစ်တဲ့ပြည်သူအပေါင်းက ဘဝတွေအသက်တွေပေးပြီး မဆုတ်မနစ် တော်လှန်ခဲ့ကြတာပေါ့။
ခုဆို ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံကြီးမီဒီယာတွေက သူတို့ရဲ့ သက်ဆိုင်ရာအစိုးရတွေကို စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးပြီးတဲ့နောက် အကူအညီတွေပေးကြဖို့၊ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ထားကြဖို့ တိုက်တွန်းတောင်းဆိုနေကြပြီ။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း မုချကျဆုံးတော့မယ်ဆိုတဲ့ သဘောပေါ့ကွာ။ နားလည်နိုင်ရဲ့မဟုတ်လား။ ခုမှ ဇော်မဲလုံးကလည်း နေ့တဓူဝ ပြည်သူတွေကို ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုနေတာ တွေ့လာရတယ်။ အချိန်တွေက အလွန့်အလွန်ကို နောက်ကျသွားပါပြီကွာ။ အောင်ကျော်ခေါ်မှ ဗျာထူးသလိုဖြစ်နေပြီပေါ့။ ကိုယ်စိုက်ပျိုးခဲ့တဲ့သီးနှံကို ကိုယ်တိုင်ရိတ်သိမ်းကြရုံ ရှိတော့တာပ။
အာဏာရှင်တွေဆိုတာ ကိုယ့်အလှည့်ရောက်ရင်တော့ သတ္တိကြောင်လှသကွ။ ဒီတော့ မင်းအနေနဲ့ ပြေးစရာမြေရှိရင်တော့ ပြေးဖို့သာ စိတ်ကူးပေရော့။
ဟုတ်တယ်လေကွာ။ မင်းက ကာချုပ်ရာထူးစွန့်လွှတ်ရတော့မှာမို့ မင်းရဲ့ကိုယ်ကျိုးအတွက်နဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး အာဏာသိမ်းခဲ့တာမဟုတ်လား။ နိုင်ငံနဲ့ ပြည်သူအားလုံးရဲ့အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တာလေ။ ဒါကြောင့်လည်း နိုင်ငံချစ်တဲ့ပြည်သူအပေါင်းက ဘဝတွေအသက်တွေပေးပြီး မဆုတ်မနစ် တော်လှန်ခဲ့ကြတာပေါ့။ သံဃာအား ဘုရားတောင် လွန်ဆန်နိုင်တာမှ မဟုတ်တာပဲကွာ။ ဘာမဟုတ်တဲ့မင်းလိုကောင်က ပြည်သူရဲ့အားကို ဘယ်လိုလွန်ဆန်နိုင်မှာလဲ။ ခုတော့ လက်တွေ့သဘောပေါက်နားလည်ပြီမဟုတ်လား။ အေး သဘောမပေါက်လည်း ကျောပေါက်ရုံ ရှိတော့တာပ။
ဒီမှာ။ မင်းအနေနဲ့ အာဏာကို အသက်နဲ့လဲပြီး ဖက်တွယ်ထားဝံ့သလား။ အာဏာရှင်တွေဆိုတာ ကိုယ့်အလှည့်ရောက်ရင်တော့ သတ္တိကြောင်လှသကွ။ ဒီတော့ မင်းအနေနဲ့ ပြေးစရာမြေရှိရင်တော့ ပြေးဖို့သာ စိတ်ကူးပေရော့။ ဒါပေမဲ့ မင်းလို တစ်ဘို့တည်းသာထားတတ်တဲ့ လူယုတ်မာတစ်ယောက်ကို ဘယ်မြေကမှ ကြိုဆိုကြလိမ့်မယ်မထင်ဘူး။ ပြေးစရာလည်း မြေမရှိ။
နွေဦးတော်လှန်ရေး မုချအောင်တော့မယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။