Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မင်းအောင်လှိုင်ရူးသလို လိုက်မရူးကြနဲ့ (OPINION)

၁၀၂၇ စစ်ဆင်ရေးကစလို့  နွေဦးတော်လှန်ရေးကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တယ်။ ဘယ်လောက်ထိအောင်ပြောင်းလဲစေသလဲဆို အစစအရာရာ။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က ချိန်ခွင်ဟာ သူတင်ကိုယ်တင် ဟိုဘက် ဒီဘက် လျှာမထွက်၊ နိုင်တော့နိုင်မယ်၊ကြာတော့ ကြာမယ်ဆိုတာမျိုး လေးကန်နေရာကနေ အခုတော့ စခန်း သိမ်းတိုက်ပွဲအလီလီ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်တပ်ကို မျက်ဖြူဆိုက်စေတာ ဘယ်လိုမှ ငြင်းမရပါဘူး။

 

စစ်သားတွေ တိုက်တိုင်းရှုံးနေတယ်။ အထိနာပြီဆိုတာနဲ့ ခေါင်းငိုက်စိုက်ချ အလံဖြူထောင် လက်နက်ချကြတဲ့ စစ်သားတွေ များလာတယ်။

 

၁၀၂၇စစ်ဆင်ရေးစတင်ပြီး တစ်ပတ်၊ ၁၀ရက်လောက်အကြာမှာပဲ နွေဦးရောင်နီကို လှမ်းမြင်လာရပြီ လို့ ပြည်သူတို့ကြား အပြောအဆိုများလာပါတယ်။ စစ်သားတွေ တိုက်တိုင်းရှုံးနေတယ်။ အထိနာပြီဆိုတာနဲ့ ခေါင်းငိုက်စိုက်ချ အလံဖြူထောင် လက်နက်ချကြတဲ့ စစ်သားတွေ များလာတယ်။ ပိတ်မိနေတဲ့ စစ်သားတွေ တင်မက တပ်မိသားစုဝင်တွေကိုပါ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တို့က ကယ်တင်ဖို့ မစဉ်းစား၊ အသက်များစွာ ကို လွှင့်ပစ်ရဲခဲ့တာကြောင့် တပ်ရင်းနဲ့ချီ အလင်းဝင်လာကြတယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ နေပြည်တော်က အာဏာရဲ့ဗဟိုချက်ဆီ မလှမ်းနိုင်တဲ့ အရာရှိ၊ အရာခံ၊ စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကြား ယုံကြည်မှု ပြိုဆင်းလာခြင်းပါပဲ။

 

အဖြစ်အပျက်တွေကို တစ်လုံးမကျန် ပြန်ပြောနေတဲ့ ဒီနေ့ခေတ် နက်ကမ္ဘာကြီးထဲမှာ အရှုံးကြီးရှုံးနေတဲ့ စစ်တပ်ရဲ့ ဖရိုဖရဲအခြေအနေနဲ့ တပ်ရင်းနဲ့ချီ အလင်းဝင်နေတာကို မင်းအောင်လှိုင်လက်ရုံး ဇော်မင်းထွန်းက ဘယ်လိုပဲ လိမ်ညာနေပါစေ၊ စစ်တပ်အခြေအနေမဟန်တော့ဘူးဆိုတာကို အင်မတန်တုံးတဲ့ စစ်သားတွေ ကလွဲလို့ စစ်တပ်တွင်း သိရှိနေကြပြီဖြစ်တယ်။ ပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေအပေါ်လည်း ယုံ ကြည်မှု ပျက်ယွင်းနေကြပြီဖြစ်ကာ အဲဒါဟာ စစ်တပ်တွင်း အရေးပါတဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်ပါတယ်။

 

စစ်အာဏာရှင်စနစ်အောက်မှာ ပွပေါက်တိုးခဲ့ပြီး ပြည်သူအပေါ် ငါးပြားတစ်စေ့တောင် စေတနာမရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မင်းအောင်လှိုင် အာဏာသိမ်းခဲ့စဉ်က သိပ်ပျော်ရွှင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

 

ဆိုတော့ မင်းအောင်လှိုင်နဲ့စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်တို့ ဒီနေ့ မျက်ဖြူဆိုက်နေတဲ့ အကျပ်အတည်းက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအသာစီးရနေမှုတင်မက စစ်တပ်တွင်း မနိုင်တော့ဘူးဆိုတဲ့အသိ နက်ရှိုင်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အတွင်းကြိတ်ဒေါသတွေကိုလည်း မင်းအောင်လှိုင် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ပြောရရင် ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်အထိ မင်းအောင်လှိုင်နဲ့ နီးဖို့ ကြိုးစားခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ မှောင်ခိုစီးပွားရေးသမားကြီးတွေဟာ အခုတော့ မင်းအောင်လှိုင် နဲ့ ဝေးရာသို့ ပြန်ဆုတ်ခွာနေကြပြီဖြစ်ပါတယ်။ ဘာ့ကြောင့် ပြန်ဆုတ်ခွာနေကြတာလဲဆိုတော့ မင်းအောင်လှိုင်နဲ့ အမှုတွဲဖြစ်မှာ ကြောက်ရွံ့နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

 

စစ်အာဏာရှင်စနစ်အောက်မှာ ပွပေါက်တိုးခဲ့ပြီး ပြည်သူအပေါ် ငါးပြားတစ်စေ့တောင် စေတနာမရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မင်းအောင်လှိုင် အာဏာသိမ်းခဲ့စဉ်က သိပ်ပျော်ရွှင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ၂၀၁၅-၂၀၂၀ ခုနှစ် NLD အစိုးရ အာဏာရလာကတည်းက ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်ရောက်သွားမှာကို လုံးဝလက်မခံနိုင်ခြင်းကြောင့်ပါပဲ။

 

ပြောရရင် စစ်အုပ်စုအာဏာ အဓွန့်ရှည်ရေးအတွက် ဒုတိယအာဏာရှင် သန်းရွှေ ဖော်စပ်ခဲ့တဲ့  စစ်တစ်ပိုင်းဒီမိုကရေစီဟာ ပြည်သူ့လက်ထဲ အာဏာထိုးအပ်လိုက်သလို ဖြစ်နေတဲ့အပေါ် အာဏာနဲ့သိုက်တူးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းများစွာက မနာလိုစိတ်ကြီးစွာနဲ့ အနံ့တထောင်းထောင်း ထခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က စုတ်ပြတ်သတ်နေအောင် ရှုံးတော့ မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတချို့က အာဏာသိမ်းဖို့ရာ တိုးတိုးတိတ်တိတ် ဘေးတီးပေးခဲ့ပုံပါပဲ။

 

ရွေးကောက်ပွဲနည်းနဲ့ အာဏာမရရင် အာဏာသိမ်းဖို့ ရဲဆေးတင်ပေးခဲ့ကြသလို အဲဒီနေ့ တွေ့ဆုံပွဲမှာပဲ “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ နာမည်ကျော် လူမိုက်စကားလည်း ထွက်ပေါ်ခဲ့ပါတယ်။

 

ပါးနပ်မှုမရှိတဲ့ နိုင်ငံရေးပါတီ ၃၄ ခုကတော့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၄ ရက်မှာ မင်းအောင်လှိုင်ကို သွားရောက်ခယကာ ရွေးကောက်ပွဲနည်းနဲ့ အာဏာမရရင် အာဏာသိမ်းဖို့ ရဲဆေးတင်ပေးခဲ့ကြသလို အဲဒီနေ့ တွေ့ဆုံပွဲမှာပဲ “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ နာမည်ကျော် လူမိုက်စကားလည်း ထွက်ပေါ်ခဲ့ပါတယ်။

 

ပြောရရင် အဲဒီလို ဗြောင်ကျကျ ရဲဆေးတင်ပေးမှုတွေနဲ့ တိုးတိုးတိတ်တိတ် မြှောက်ပေးမှုတွေက မင်း အောင်လှိုင် အာဏာသိမ်းရဲဖို့ရာ သက်ရောက်မှု ကြီးခဲ့ပုံရပါတယ်။ အာဏာသိမ်းဖို့ရာ သန်းရွှေဆီ မင်းအောင်လှိုင် သွားတိုင်ပင်ခဲ့သေးသလား။ သွား အသိပေးခဲ့တာမျိုးလား။ သန်းရွှေက အာဏာသိမ်းဖို့ရာ ထောက်ခံခဲ့သလား။ တခြား စစ်ဗိုလ်ချုပ်ဟောင်း ဘယ်သူတွေက အာဏာသိမ်းဖို့ရာ လက်သီးလက်မောင်းတန်း ထောက်ခံခဲ့ပါသလဲ။ နွေဦးတော်လှန်ရေး အောင်ပွဲဆင်ပြီးနောက် တစ်လမပြည့်ခင်မှာ စစ်တပ်သုံးနေကျနည်း ရိုက်စစ်စရာ မလိုဘဲ အဖြေတွေ တန်းစီထွက်လာပါလိမ့်မယ်။

 

အာဏာသိမ်းဖို့ရာ ထောက်ခံခဲ့သူမှန်သမျှရော မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုယန္တရားအတွက် စိတ်ပါလက်ပါ ထမ်းရွက်ခဲ့သူမှန်သမျှဟာ ဥပဒေနဲ့အညီ အရေးယူခံရရုံ တင်မက သူတို့ အာဏာနဲ့ သိုက်တူးခဲ့တဲ့ မတရားစည်းစိမ်တွေပါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါတယ်။

 

မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်ခဲ့စဉ်က စစ်အုပ်စုအသိုင်းအဝိုင်းကြား သူရဲကောင်းကြီးပမာ မြှောက်ပင့်ခံခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ အခုတော့ စစ်အာဏာရှင် အဟောင်း၊ အသစ် အားလုံးကို ဒုက္ခရောက်စေသူအဖြစ် လက်ညှိုးထိုးခံနေရပြီ ဖြစ်ပါတယ်။

 

အဲဒီလို ဖြစ်နိုင်ခြေတွေကို သိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက အခု မင်းအောင်လှိုင်နဲ့ ဝေးရာကို မသိ မသာဆုတ်ခွာလာရုံတင်မက မင်းအောင်လှိုင်ကိုပါ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်စေသူအဖြစ် တိုးတိုးတိတ်တိတ် ပြစ်တင်ရှုတ်ချလာပြီပဲ ဖြစ်ပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်ခဲ့စဉ်က စစ်အုပ်စုအသိုင်းအဝိုင်းကြား သူရဲကောင်းကြီးပမာ မြှောက်ပင့်ခံခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ အခုတော့ စစ်အာဏာရှင် အဟောင်း၊ အသစ် အားလုံးကို ဒုက္ခရောက်စေသူအဖြစ် လက်ညှိုးထိုးခံနေရပြီ ဖြစ်ပါတယ်။

 

ပြဿနာက မင်းအောင်လှိုင်လုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီးကို ဘယ်သူက ခေါင်းခံ ယူရဲမလဲပဲ ဖြစ်ပါတယ်။ ဒီ အရှုပ်ထုပ်ကြီးကို လက်လွှဲယူပြီးကာမှ တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းမှု အဆင်မပြေခဲ့ရင် ဘယ်လိုရှေ့ ဆက်မလဲဆိုတာကလည်း ကြောက်မက်ဖွယ်လေးပင်လှပါတယ်။

 

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ရသလောက် အသက်ဆက်လိုသူတွေနဲ့ ရှုံးပေမဲ့ အထိမနာစေရေးအတွက် စစ်ဗိုလ်ချုပ်တွေကြား ကြိတ်ဝိုင်းဆွေးနွေးနေတာတွေလည်း အခုလောက်ဆိုရှိနေလောက်ပါပြီ။ အဲဒီ ကြိတ်ဝိုင်းတွေက မင်းအောင်လှိုင် တရားမဝင်သိမ်းထားတဲ့ အာဏာကို မင်းအောင်လှိုင် ကိုယ်တိုင်  တစ်ယောက်ယောက်ကို တရားမဝင်လွှဲပြောင်းစေကာ တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းစေပြီး ၂၀၂၀ ရွေး ကောက်ပွဲရလဒ်ဆီ ပြန်သွားရေးပဲ ဖြစ် ပါ တယ်။

 

ပြဿနာက မင်းအောင်လှိုင်လုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီးကို ဘယ်သူက ခေါင်းခံ ယူရဲမလဲပဲ ဖြစ်ပါတယ်။ ဒီ အရှုပ်ထုပ်ကြီးကို လက်လွှဲယူပြီးကာမှ တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းမှု အဆင်မပြေခဲ့ရင် ဘယ်လိုရှေ့ ဆက်မလဲဆိုတာကလည်း ကြောက်မက်ဖွယ်လေးပင်လှပါတယ်။

 

ဒါ့ကြောင့် လက်လွှဲခေါင်းခံရဲသူ ရှားမှာသေချာသလို ခေါင်းခံရဲသူ ရှိတယ်ဆိုဦးတော့ မင်းအောင်လှိုင်က လက်လွှဲပေးရဲပါ့မလားဆိုတဲ့ ပြဿနာက ရှိနေပြန်ပါတယ်။ မင်းအောင်လှိုင်က သူစိတ်ချယုံကြည်ရတဲ့ တပည့်ရင်းတစ်ယောက်ကို လွှဲပေးမယ်ဆိုရင်လည်း နေပြည်တော် စစ်ဗိုလ်ချုပ်တွေရဲ့ကြား မထီမဲ့မြင်လုပ်မှု ပြဿနာကို ရင်ဆိုင်ရနိုင်ကာ စစ်တပ်တွင်း အက်ကြောင်းပိုကြီးသွားနိုင်ပါတယ်။ပြီးတော့ မင်းအောင်လှိုင် ဆက်တွေးနေမှာက သူ လွှဲအပ်လိုက်တဲ့သူက တော်လှန်ရေးအင်အားစုနဲ့ ပေါင်းသွားခဲ့ရင် ထွက်ပြေးချိန်တောင်မရဘဲ သူတို့မိသားစု တစ်သက်တာ သိုက်တူးခဲ့သမျှ စည်းစိမ်တွေ အသိမ်းခံရရုံတင်မက နှစ်တော်တော်ကြာ ထောင်အရသာခံစားသွားရနိုင်တာကြောင့် မင်းအောင်လှိုင်သဘောတူဖို့ ခက်မှာ အသေအချာပါပဲ။

 

မင်းအောင်လှိုင် တရားမဝင်သိမ်းထားတဲ့ အာဏာကို အာဏာထပ်သိမ်းမလားဆိုတဲ့ စဉ်းစား ချက်မျိုးလည်း စစ်ဗိုလ်ချုပ်တချို့ရဲ့ ကြိတ်ဝိုင်းမှာ ရှိနိုင်ပါတယ်။

 

ဆိုတော့ မင်းအောင်လှိုင် တရားမဝင်သိမ်းထားတဲ့ အာဏာကို အာဏာထပ်သိမ်းမလားဆိုတဲ့ စဉ်းစား ချက်မျိုးလည်း စစ်ဗိုလ်ချုပ်တချို့ရဲ့ ကြိတ်ဝိုင်းမှာ ရှိနိုင်ပါတယ်။ အာဏာထပ်သိမ်းမယ်ဆိုလည်း သိမ်း၊ အာဏာ ထပ်သိမ်းတာဟာ စစ်အုပ်စုတွင်း ပိုမိုကြီးမားတဲ့ အက်ကြောင်းကြီး ဖြစ်စေသလို တော်လှန်ရေးအင်အားစုအတွက် အလကားနေရင်းရလိုက်တဲ့ အမြတ်မို့ ကောင်းမွန်ခြင်းပါပဲ။

 

ဒါပေမဲ့၊ အာဏာထပ်သိမ်းပြီးနောက် နိုင်ငံရေးဈေးဆစ်လို့တော့ မရပါဘူး။၂၀၀၈ အခြေခံဥပဒေအောက်ကိုပြန်သွားမယ်။ သန်းရွှေဖော်စပ်ခဲ့တဲ့ စစ်တစ်ပိုင်းဒီမိုကရေစီဆီ ပြန်သွားမယ်ဆိုတာမျိုးကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာ မဟုတ်ပါဘူး။

 

အာဏာထပ်သိမ်းခဲ့မယ်ဆိုရင်တောင် အာဏာထပ်သိမ်းတဲ့အုပ်စုက ရွေးချယ်စရာတစ်ခုပဲ ရှိပါတယ်။ အဲဒါက သိမ်းလိုက်တဲ့ အာဏာကို ပြည်သူ့ထံ ပြန်အပ်ကာပြည်သူ့မေတ္တာခံယူဖို့ပဲ ဖြစ်ပါတယ်။

 

အခုထိ မြင်နေရတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တစ်စုရဲ့ ဖြစ်နိုင်ခြေကတော့ စစ်သားတွေအားလုံးကို အသေခံ ဆက်တိုက်ခိုင်းကာ မနိုင်တော့တာ လုံးဝသေချာပြီဆိုမှ ကိုယ်လွတ်ရုန်းထွက်ပြေးကြဖို့ပဲ ဖြစ်ပါတယ်။ ပြောချင်တာက စစ်အုပ်စုဝင်တွေအနေနဲ့ ကိုယ့်အနာဂတ်ကိုယ် ထောင်ထဲမပို့ကြဖို့နဲ့ ကိုယ့်သေတွင်းကိုယ်မတူးကြဖို့ ပဲဖြစ်ပါတယ်။ 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။