ရှမ်းမြောက်ဒေသမှာ အကြမ်းဖက်စစ်တပ်စခန်းကြီး၊ ငယ် ၂၅၀ ကျော်ကို TNLA နဲ့ MNDAA တို့က ပြန်လမ်းမဲ့ သိမ်းပိုက်လိုက်ပြီးနောက် ဒီဇင်ဘာ ၄ ရက်နေ့မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေချိုသွေးကာ နိုင်ငံရေးအရ ဖြေရှင်းကြဖို့ ပြောလာပါတော့တယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်ပြီးမကြာ မြသွဲ့သွဲ့ခိုင်က စလို့ စိတ်ကျန်းမာရေးချို့တဲ့သူနဲ့ မသန်စွမ်းတွေပါ မရှောင် သတ်ချင်တိုင်းသတ်နေတဲ့ စစ်ခေါင်းဆောင်က အခုတော့လည်း နိုင်ငံရေးအရ ဖြေရှင်းရေးလို့တောင် ပြောတတ်လာပြီပဲ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းထားတဲ့ စစ်တပ်က အခြေခံဥပဒေအောက်ကနေ တွေ့ဆုံဆွေးနွေးကြမယ်လို့ အတည်ပေါက်ကြီးကို လေသံပစ်လာတော့ မင်းအောင်လှိုင်က လူသတ်တတ်ရုံတင်မက ဟာသလည်း ပြောတတ်လာပြီလို့ပဲ မှတ်ချက်ပေးရပါတော့မယ်။
မင်းအောင်လှိုင်က နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ မပြော။ ဒုတိယအာဏာရှင် သန်းရွှေလက်ထက်ကတည်းက ထုတ်သုံးလာတဲ့ တို့တာဝန်အရေး ၃ ပါးကို မထိနဲ့။ အခြေခံဥပဒေကိုလည်း လက်လွှတ်မှာမဟုတ်ဘူးလို့တော့ ဆိုရဲ့။ အခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းထားတဲ့ စစ်တပ်က အခြေခံဥပဒေအောက်ကနေ တွေ့ဆုံဆွေးနွေးကြမယ်လို့ အတည်ပေါက်ကြီးကို လေသံပစ်လာတော့ မင်းအောင်လှိုင်က လူသတ်တတ်ရုံတင်မက ဟာသလည်း ပြောတတ်လာပြီလို့ပဲ မှတ်ချက်ပေးရပါတော့မယ်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဦးတည်တဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပြီး နောက်တစ်ရက် ဧပြီ ၂၅ ရက်ကစလို့ မြန်မာ့အရေးဆွေးနွေးအဖြေရှာရေးကို အပြတ်သားဆုံး ငြင်းဆိုကာ နေ့စဉ် ပြည်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်သတ်ဖြတ်ခဲ့သူက အခုကျမှပဲ နိုင်ငံရေးအရ ဖြေရှင်းကြမယ်တဲ့ဗျာ။
မင်းအောင်လှိုင် နိုင်ငံရေးလေချဉ်တက်ပြတဲ့ ဒီဇင်ဘာ ၄ ရက်မှာ ရှမ်းမြောက်တခွင် TNLA နဲ့ PDF သိမ်းထားတဲ့မြို့ ၅ မြို့အပြင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း တော်လှန်ရေးအင်အားစုက မြို့တချို့ကို သိမ်းထားပြီး ဖြစ်သလို ဒီဇင်ဘာ ၄ ရက်ညနေမှာ ပဲခူးတိုင်းအတွင်း ပွဲဦးထွက် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ လုံခြုံရေးအထပ်ထပ်နဲ့ အဲကွန်းခန်းထဲကနေ ညွှန်ကြားချက်တွေ ထုတ်နေတဲ့ စစ်ဗိုလ်ချုပ်တွေက စခန်းမကျရေးနဲ့ အသက်တွေပေးလိုက်ကြဖို့သာ မညှာမတာတောင်းဆိုတတ်ပြီး ပိတ်မိနေတဲ့ ကိုယ့်စစ်သားတွေရဲ့အသက်ကို ဘယ်လို ကယ်တင်မလဲဆိုတာ ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးပုံ မပေါ်ပါဘူး။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲဖြစ်ပြီးမကြာ အထိနာတာနဲ့ ပြေးမယ်၊ အလံဖြူထောင် လက်နက်ချမယ်ဆိုတာနဲ့ တစ်ဦးချင်းစီရော အင်နဲ့အားနဲ့ပါ အလင်းဝင်တာတွေကလည်း များ။ အစုလိုက် အပြုံလိုက်အနေနဲ့ ဦးစွာပထမ အလင်းဝင်လာမှုမှာ ခလရ-၁၄၃ က ဒုတပ်ရင်းမှူးအပါအဝင် စုစုပေါင်း ၄၁ ဦး။ နို ဝင်ဘာ ၁၂ ရက်မှာ ကိုးကန့်အထူး ဒေသ(၁) ရှိ ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံးရော မိသားစုဝင် အားလုံးပါ စုစုပေါင်း ၂၆၂ ဦး။ နိုဝင် ဘာ ၂၈ ရက်မှာလည်း ကုန်းကြမ်း ဒေသအခြေစိုက် ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက် ချ စုစုပေါင်း ၂၇၂ ဦး။
ဘာ့ကြောင့် ဒီလောက်တောင် လက်နက်ချနေတာလဲဆိုတော့ လက်နက်မချတော့ရော ဘယ်သူက လာကယ်ပေးမှာလဲလို့ပဲ မေးခွန်းထုတ်ရပါတော့မယ်။ နေပြည်တော်မှာ လုံခြုံရေးအထပ်ထပ်နဲ့ အဲကွန်းခန်းထဲကနေ ညွှန်ကြားချက်တွေ ထုတ်နေတဲ့ စစ်ဗိုလ်ချုပ်တွေက စခန်းမကျရေးနဲ့ အသက်တွေပေးလိုက်ကြဖို့သာ မညှာမတာတောင်းဆိုတတ်ပြီး ပိတ်မိနေတဲ့ ကိုယ့်စစ်သားတွေရဲ့အသက်ကို ဘယ်လို ကယ်တင်မလဲဆိုတာ ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးပုံ မပေါ်ပါဘူး။ ဒါ့ကြောင့် လက်နက်မချရင် အသေခံရတော့မှာမို့ ကိုယ့်အသက် ကိုယ် ရွေးချယ်ကာ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ကျောခိုင်းခဲ့ကြခြင်း ဖြစ်ပါတယ်။
အခုတော့ မရှက်တတ်တဲ့ မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့တွေနဲ့ မဆွေးနွေးဘူးလို့ ကြုံးဝါးခဲ့တာတွေကိုတောင် မေ့ကာ တွေ့ဆုံဆွေးနွေးဖို့ စကားခေါ်လာတာပါ။
၁၉၆၂ ခုနှစ်က တရားဝင်စတင်ခဲ့တဲ့ စစ်အာဏာရှင်တပ် ရာဇဝင်မှာ အခုလိုသောက်သောက်လဲ စခန်းသိမ်း၊ မြို့သိမ်းခံရတာတွေနဲ့ အခုလို အစုလိုက်အပြုံလိုက် လက်နက်ချတာဟာ မင်းအောင်လှိုင်လက်ထက် ရောက်မှပဲ ရှိလာ တာဖြစ်လို့ ရှက်တတ်မယ်ဆို မင်းအောင်လှိုင် သတ်သေဖို့တောင် ကောင်းနေပါပြီ။
အခုတော့ မရှက်တတ်တဲ့ မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့တွေနဲ့ မဆွေးနွေးဘူးလို့ ကြုံးဝါးခဲ့တာတွေကိုတောင် မေ့ကာ တွေ့ဆုံဆွေးနွေးဖို့ စကားခေါ်လာတာပါ။ အခုအချိန်လောက်ဆို ကြားခံပွဲစားတွေ ကနေတစ်ဆင့် စကားလမ်းကြောင်းခင်းနေလောက်ပြီလို့ ထင်ရပါတယ်။
ဘယ်သူက ကြားပွဲစားအဖြစ် တာဝန်ယူမှာလဲ။ တရုတ်က အပစ်ရပ်ပြီး ဆွေးနွေးကြဖို့တောက် လျှောက်ပြောနေပေမဲ့ ပြောနေကျစကားကို ပြောနေတာထက် ပိုဟန်မတူပါဘူး။ ညီနောင် ၃ ဖွဲ့နဲ့ PDF တွေကို တရုတ်က လက်နက်ထောက်ပံ့နေတယ်လို့ စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့ စွပ်စွဲချက်အပေါ် တရုတ်အနေနဲ့ ဘယ်ကြည်ပါ့မလဲ။ ပြီးတော့ ဒီလိုအချိန် အသာစီးရနေပြီဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ပြောဖို့ဆိုဖို့ မလွယ်ဘူးဆိုတာလည်း သိနေတော့ တရုတ်က စားပွဲဝိုင်းပေါ်တက်ဖို့ ဇွတ်ဖိအားပေးကာ မျက်နှာအပျက်ခံမယ့် ဟန်မတူပါဘူး။
အာဆီယံရဲ့အားနည်းချက်က မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဘုရားဟောပမာ ဒါမှဒါ ကိုးကွယ်နေခြင်း ဖြစ်ပါတယ်။
ဆိုတော့ အရင်ကအဖက်မလုပ်ခဲ့တဲ့ အာဆီယံအသင်းကိုပဲ ကမ္ဘောဒီးယားတို့လို၊ မကြာမီ ၂၀၂၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်လာတော့မှ လာအိုနိုင်ငံကနေတစ်ဆင့် တွေ့ကြဆုံကြစကားပြောကြဖို့ ကူပါ၊ ကယ်ပါ သနားကြပါလို့ စစ်အုပ်စုက အတွင်းကြိတ်မျက်ရည်ခံထိုးတော့မယ် ထင်ပါတယ်။
အာဆီယံရဲ့အားနည်းချက်က မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဘုရားဟောပမာ ဒါမှဒါ ကိုးကွယ်နေခြင်း ဖြစ်ပါတယ်။ ပြောရရင် အာဆီယံဟာ ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ငါသိပ်ချောနေပါလားလို့ လူအများကြားအောင်အော်ပြောကာ ကျေနပ်နေခြင်းပါပဲ။
အာဆီယံဟာ မူ ၅ ရပ်ကို မလိုက်နာတဲ့ စစ်အုပ်စုကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ဒဏ်ခတ်တာနဲ့ စစ်အုပ်စုကို လူရာပြန်သွင်းလိုတဲ့ အာဆီယံနိုင်ငံတွေထဲက အာဏာရှင်တစ်ပိုင်းနိုင်ငံတွေရဲ့ သဘောထားကို ကန့်ထားနိုင်ပေမဲ့ စစ်အုပ်စုအပေါ် ဒါ့ထက်ပိုတဲ့အရေးယူမှုမျိုးလည်း မလုပ်နိုင်ဘဲ ရှေ့မတိုး နောက်မဆုတ်အခြေအနေမှာ မျောနေခြင်း ဖြစ်ပါတယ်။
မူ ၅ ရပ်ဖော်ဆောင်ရေးမှာ စစ်အုပ်စု သဘောတူဖို့ရာ နံပါတ်တစ်ဆိုတဲ့အမြင်ကို အခိုင်အမာဆုပ်ကိုင်ထားလေတော့ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပိတ်တာကလွဲလို့ နောက်ထပ် စစ်အုပ်စု ငြိုငြင်မှာကို သတိကြီးကြီးထား ရှောင်ပါတယ်။
အာဆီယံရဲ့ အဆိုးရွားဆုံးအားနည်းချက်ကတော့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေးမှာ စစ်အုပ်စုကို ဗဟိုပြုစဉ်းစားခြင်းပဲ ဖြစ်ပါတယ်။ မူ ၅ ရပ်ဖော်ဆောင်ရေးမှာ စစ်အုပ်စု သဘောတူဖို့ရာ နံပါတ်တစ်ဆိုတဲ့အမြင်ကို အခိုင်အမာဆုပ်ကိုင်ထားလေတော့ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပိတ်တာကလွဲလို့ နောက်ထပ် စစ်အုပ်စု ငြိုငြင်မှာကို သတိကြီးကြီးထား ရှောင်ပါတယ်။ အဲဒါကြောင့်လည်း NUG အစိုးရကို စစ်အုပ်စုနဲ့ တစ်တန်းတည်းထား မဆက်ဆံသလို NUG အစိုးရနဲ့လည်း ဒီနေ့ထိတိုင် တရားဝင်ဆက်ဆံရေး မလုပ်ရဲခဲ့ပါဘူး။
အာဆီယံရဲ့ နောက်ထပ် ပြဿနာတစ်ခုက အာဆီယံမူ ၅ ရပ်ကို လက်မခံကြရင် ဘာဆက်လုပ်မလဲဆို တဲ့စဉ်းစားချက် မရှိခြင်းပါပဲ။ ဒါ့ကြောင့် အာဆီယံမူ ၅ ရပ်အလုပ်ဖြစ်ရေးကို မဖြစ်နိုင်မှန်းသိလျက် ဖြစ်ကိုဖြစ်ရမယ်လို့ ဆီမန်းမန်းကာ စုံမှိတ်ဆုပ်ကိုင်ထားခြင်းပါပဲ။
NUG အစိုးရအပါအဝင် အဖွဲ့အစည်းတချို့နဲ့ အာဆီယံတို့ သီးခြားဆီ တွေ့ဆုံဆွေးနွေး ခြင်းသာဖြစ်ပြီး တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မျှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံခြင်း လုံးဝ မရှိဘူးလို့ NUGအစိုးရက တုံ့ပြန်ထုတ်ပြန် လိုက်တော့မှ အာဆီယံ ငြိမ်ကုပ်သွားရပါတော့တယ်။
အဲဒါကြောင့်လည်း မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အရေးထုတ်ပြန်ချက်ထဲမှာ NUG အစိုးရ၊ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်အုပ်စုရဲ့ ကြားခံတစ်ဆင့်လူ တွေ တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သယောင်နဲ့ အဲဒီဆွေးနွေးပွဲကနေ တွေ့ဆုံဆွေးနွေးရေးအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်သယောင် လုပ်ဇာတ်ခင်းတာတွေ ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။
တကယ်တော့ NUG အစိုးရအပါအဝင် အဖွဲ့အစည်းတချို့နဲ့ အာဆီယံတို့ သီးခြားဆီ တွေ့ဆုံဆွေးနွေး ခြင်းသာဖြစ်ပြီး တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မျှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံခြင်း လုံးဝ မရှိဘူးလို့ NUGအစိုးရက တုံ့ပြန်ထုတ်ပြန် လိုက်တော့မှ အာဆီယံ ငြိမ်ကုပ်သွားရပါတော့တယ်။
အာဆီယံက အာဆီယံမူအတိုင်း ခြေသံလုံလုံနဲ့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေးအတွက် ပွဲစားကြီးတာဝန် ဆက်ထမ်းရွက်နေဦးမှာ သေချာပါတယ်။
ဒါပေမဲ့ အာဆီယံက အာဆီယံမူအတိုင်း ခြေသံလုံလုံနဲ့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေးအတွက် ပွဲစားကြီးတာဝန် ဆက်ထမ်းရွက်နေဦးမှာ သေချာပါတယ်။ မြန်မာအရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာက အရပ်ဘက်အဖွဲ့ပေါင်း ၆ဝဝ ကျော်က အာဆီယံကြိုးပမ်းနေတဲ့ စစ်အုပ်စုနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အာဆီယံကို စာပေးပို့တောင်းဆိုလိုက်တာဟာ ဒီနေ့ မြန်မာ့နွေဦးရဲ့ ပြင်းပြတဲ့ ဆန္ဒအမှန်လည်းဖြစ်ပါတယ်။
ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ ခြွင်းချက်မရှိ ရပ်တည် ချက်က စစ်အာဏာရှင်စနစ် လက်နက်ချရေး ပဲဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။