Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နမ့်ခမ်း ရွာ ၂ ရွာကို ဂျက်လေယာဉ်နဲ့ စစ်တပ် ဗုံးကြဲ၊ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၅ ဦးစလုံး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြိုနယ်အတွင်းရှိ ရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၅ ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။


နမ့်ခမ်းမြို့နယ်၊ ပန်လော်ကျေးရွာနဲ့ ဟိုနား(ကောင်းကပ်)ကျေးရွာကို ဒီဇင်ဘာလ ၇ ရက်၊ မနက် ၁၂ နာရီခွဲလောက်မှာ စစ်တပ်က ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၄ ဦးလည်း ဒဏ်ရာရကြောင်း သိရပါတယ်။


သေဆုံးသွားသူတွေက လွေးအို (၅နှစ်)၊ မိုင်းယိုင်လေး (၃၅နှစ်)၊ တာဆွေ (၄၆နှစ်)၊ မာခမ်းလီး (အသက် ၅၀)နဲ့ ယားဘာ (၅၆နှစ်) တို့ ဖြစ်ပြီး ဒဏ်ရာရသူတွေထဲ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါဝင်ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။


ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်လက်ပြီး ဒီဇင်ဘာ ၇ ရက်၊ ည ၁၂ နာရီ လောက်မှာလည်း ပန်လော်ရွာကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း သိရပါတယ်။


ဒီဇင်ဘာလ ၆ ရက်၊ မနက် ၆ နာရီလောက်မှာလည်း ကျောက်မဲမြိုနယ်အတွင်းရှိ ခမရ-၅၀၁ နဲ့ ၅၀၂ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကျောက်မဲမြို့၊ အောင်မြေသာယာရပ်ကွက် (ငြိမ်းချမ်းရေးကုန်း)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က ပြည်သူကိုပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၄ ဦးအပါအဝင် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။