စစ်ကိုင်းမြိုနယ်၊ ကြွယ်ပုံရွာကနေ ထွက်လာတဲ့ ပျူစောထီးတွေကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်က ကြွယ်ပုံပျူစောထီးရွာကနေ ကင်းထိုးဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြွယ်ပုံရွာကပျူစောထီး ဇော်ဦးဆိုသူ သေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း စစ်ကူလာတဲ့ စစ်သားနဲ့ ပျူစောထီးတို့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။
ဇော်ဦး ကိုင်ဆောင်တဲ့ ဂျီသရီးသေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၁၇ တောင့် သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကို PHOENIX (SGG)၊ စစ်ကိုင်းမြိုနယ် ပကဖ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Young People Defence Force၊ Fight For Federal ၊Royal Falcon Guerrilla Force၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) နဲ့ တော်လှန်ရေး အင်အားစု တို့ ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။