မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ စစ်ရေးပစ်မှတ် ၃ နေရာကို PDF တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်၊ မနက် ၈ နာရီလောက်က စစ်တပ်အထိုင်ချထားတဲ့ အမှတ်(၃)စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ကျောင်းဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၃)စာသင်ကျောင်းနဲ့ ဘူတာရုံက စစ်သားတွေ မြိုင်မြို့မရဲစခန်းဘက် ဆုတ်ပြေးသွားကြောင်း Earthquake People's Defence Force က သတင်းထုတ်ပြန်ပါတယ်။
“ဘူတာကို PDF တွေ မီးရှို့တယ်။ မြိုင်ဆေးရုံပေါ် စစ်သား ၁၀ ယောက်ကျော်တယ်။ ရောက်လာတာ။အဲအထဲက ၃ ယောက်သေတယ်လို့ ပြောကြတယ်။ကျန်တာ ဒဏ်ရာရပေါ့။ ဒဏ်ရာရတဲ့ထဲမှာ အသဲအသန်ကောင် ၂ ကောင်လောက်ပါသေးတယ်လို့ ကြားတယ်”လို့ မြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့တွင်းတိုက်ပွဲမှာ ၄၅ မိနစ်လောက်ကြာပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိကြောင်း စစ်သားတွေ သေဆုံးထိခိုက်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း Earthquake People's Defence Force ကဆိုပါတယ်။
တိုက်ပွဲပြီးဆုံးပြီး ၁ နာရီလောက် အကြာမှာ မြိုင်မြို့ NLD ရုံးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဝန်းကျင်က ပြည်သူ့နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)၊ မြိုင်ပကဖ တပ်ရင်း(၂) နဲ့ Earthquake People's Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။